ဂျပန်နိုင်ငံသမိုင်းထဲက Ninja တွေဆိုတာ

မျက်နှာကို အဝတ်နဲ့ကွယ်ဝှက်ထားပြီး တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားတဲ့ Ninja တွေကို ကျွန်တော်တို့ကလေးဘဝကတည်းက မြင်တွေ့ခဲ့ဖူးပါတယ်။ အများအားဖြင့်က ရုပ်ရှင်ထဲမှာတွေ့ရတာဆိုတော့ အပြင်မှာ ဒါမျိုးတွေတကယ်ရှိနိုင်ပါ့မလားဆိုတာ စိတ်ထဲမှာတော့ နည်းနည်းသံသယဝင်ဖို့ကောင်းတာပေါ့။ ဒါပေမယ့် ဒီ Ninjaတွေဟာ ဂျပန်နိုင်ငံရဲ့သမိုင်းကြောင်းတစ်လျှောက်မှာ ထင်ထင်ရှားရှားရှိခဲ့ကြပါတယ်။ အဲ့ဒီခေတ်တုန်းက Ninja တွေကို Shinobi လို့လည်းခေါ်ဝေါ်ခဲ့ကြပြီး သူတို့အဓိကလုပ်ဆောင်တဲ့တာဝန်တွေက ချောင်းမြောင်းလုပ်ကြံချောင်း၊ သူလျှိုလုပ်၍စုံစမ်းထောက်လှမ်းခြင်း နဲ့ တစ်ဖက်စစ်တပ်တွေ စစ်ချီရခက်အောင်အဖျက်အမှောင့် လုပ်ငန်းတွေလုပ်ဆောင်ခြင်းတို့ဖြစ်ပါတယ်။ အခုအချိန်မှာတော့ သက်ရှိထင်ရှားရှိနေသေးပြီး ရှေးဟောင်း Ninjutsu ပညာရပ်တွေကို ပို့ချနေတဲ့သူတွေထဲမှာ Jinichi Kawakami တစ်ဦးကတော့ ထင်ရှားပါတယ်။ သူဟာIga နဲ့ Koga ဒေသတို့က Ninjutsu ပညာရပ်တွေကို ထိန်းသိမ်းနေတဲ့ Koga Ban မိသားစုရဲ့ အကြီးအကဲတစ်ဦးဖြစ်သလို Iga-ryu Ninja ပြတိုက်ရဲ့ ဂုဏ်ထူးဆောင်နာယကတစ်ဦးလည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ Mie တက္ကသိုလ်မှာ Ninjutsu ပညာရပ်တွေကို သုတေသနလုပ်ဖို့အတွက် သူ့ကို ကထိကရာထူးခန့်အပ်ပေးထားပါတယ်။

ကွယ်လွန်သွားပေမယ့် နာမည်အတိအကျနဲ့ သမိုင်းကြောင်းတစ်လျှောက်ထင်ရှားခဲ့တဲ့ Ninja တွေကတော့

(၁) Momochi Sandayu

(၂) Fuma Kotaro

(၃) Kato Danzo

(၄) Hattori Hanzo တို့ပါ။ (သူတို့အကြောင်းကိုလည်း Akhayar မှ အလျဉ်းသင့်သလို ဖော်ပြပေးပါဦးမယ်။)

ဂျပန်စာပေထဲက Ninja တွေရဲ့ ရှေ့ဆောင်များ

Ninja တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ပထမဆုံးမှတ်တမ်းတင်ခဲ့တာက ၁၈၈၆ ခုနှစ်တုန်းက သစ်သားပြားပေါ် ရေးထွင်းခဲ့တဲ့ Yoshitoshi ရဲ့စာဖြစ်ပြီး စာအရ ၄ ရာစုလောက်က Yamato Takeru မင်းသားဟာ Kumaso ခေါင်းဆောင်တွေကို မိန်းမအစေခံယောင်ဆောင်ပြီး  သတ်ဖို့ကြိုးစားခဲ့တာနေခဲ့တာက ပထမဆုံးသမိုင်းမှတ်တမ်းပါ။ ဂျပန်ရှေး ဟောင်းကျမ်း Kojiki မှာ လည်း Yamto Takeru ဟာ သူ့ကိုသူ စွဲမက်ဖွယ်ကောင်းတဲ့ အစေခံမလေး အဖြစ်ဟန်ဆောင်ပြီး Kumaso အကြီးအကဲနှစ်ဦးကို လုပ်ကြံခဲ့တယ်လို့ဆိုပါတယ်။ ဒါဟာ ရှေးကျလွန်းတဲ့သမိုင်း ကြောင်းတွေဖြစ်တဲ့အတွက် ပြည့်ပြည့်စုံစုံတော့ မပါရှိပါဘူး။ သူလျှိလုပ်တဲ့မှတ်တမ်းအနေနဲ့ကတော့ ၆ ရာစုမှာ မင်းသား Shotoku ရဲ့လက်အောက်မှာ အမှုထမ်းခဲ့ကြတဲ့ Ninja တွေရှိခဲ့သလို Shomonki  ရဲ့ “Masakado သူပုန်ထခြင်း” သူပုန်ထခြင်းစာအုပ်မှာ Koharumaruဟာ သူ့ရဲ့သူလျှိုလုပ်မှုအတွက် သေဒဏ်ပေးခြင်းခံရတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ၁၄ ရာစုက စစ်ပွဲတွေအကြောင်းမှတ်တမ်းတင်ထားတဲ့ Taiheiki သမိုင်းမှတ်တမ်းစာအုပ်မှာလည်း Shinobi (Ninja) တွေအကြောင်းအများအပြားပါရှိပေမယ့် နာမည်အတိအကျရည်ညွှန်းတာမျိုးတော့ မရှိပါဘူး။

သမိုင်းမှာ ထင်ရှားခဲ့တဲ့ နှစ်ဖွဲ့ (သို့) Iga နဲ့ Koga

ဂျပန်နိုင်ငံရဲ့ Iga ဒေသဟာ တောင်တန်းတွေနဲ့သီးခြားဖြစ်တည်နေတဲ့ နေရာဖြစ်တဲ့အတွက် အဲ့ဒီအနားပတ်ဝန်းကျင်က ရွာတွေဟာ Ninja တွေလေ့ကျင့်ဖို့ နေရာကောင်းဖြစ်ခဲ့ပါတယ်။ Iga (ယခုအခေါ် Mie) ဒေသနဲ့သူနဲ့ကပ်လျက် Koka (ယခုအခေါ် Koga) တို့ကိုအစွဲပြုရာကနေ အဲ့ဒီ Ninja ဂိုဏ်းတွေကို Iga နဲ့ Koga ဂိုဏ်းတွေရယ်လို့ ခေါ်ဝေါ်ခဲ့ကြတာပါ။ ဒီအဖွဲ့ဝင်တိုင်းဟာ Ninja ပညာရပ်တွေကို စနစ်တကျသင်ကြားရပြီး နောက်ပိုင်းမှာတော့ Ninja တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုရပါတယ်။

ဒါပေမယ့် ခေတ်တွေတဖြည်းဖြည်းပြောင်းလာတဲ့အခါ Ninja တွေကွယ်ပျောက်သွားသလို Ninjutsu ပညာတွေလည်း တိမ်ကောတော့မလိုဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ ဂျပန်နိုင်ငံရဲ့ Iga နဲ့ Koga ဒေသဟာ သူတို့ရဲ့ Ninjutsu ကြောင့် နိုင်ငံခြားခရီးသွားတွေ ခရီးသွားတွေ အထူးစိတ်ဝင်စားမှုကိုခံခဲ့ရပါတယ်။ သက်ရှိထင်ရှား Ninja ကြီးတစ်ဦးဖြစ်တဲ့ Jinichi Kawakami ကတော့ BBC နဲ့အင်တာဗျူးမှာ

“Edo ခေတ်တုန်းကလို ပြည်တွင်းစစ်တွေဖြစ်နေတဲ့အချိန်တုန်းကတော့ Ninja တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ၊ သူလျှိုလုပ်တာတွေ၊ အဆိပ်ဖော်စပ်တာတွေကတော့ တော်တော်ကြီးအသုံးဝင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ကျွန်တော်တို့မှာ သေနတ်နဲ့အင်တာနက်ရှိနေသလို ပိုမိုကောင်းမွန်တဲ့ဆေးဝါးတွေလည်း ရှိနေပါပြီ။ ဒီဖက်ခေတ်မှာ Ninjutsu ပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်းမှုကတော့ တကယ့်ကိုခက်ခဲသွားပါပြီ။” လို့ပြောကြားခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လာမယ့်အပတ်မှာတော့ မြန်မာနိုင်ငံက လူတွေအတွက်  Ninja တွေကို နဖူးတွေ့၊ ဒူးတွေ့ဖို့အခွင့်အရေးရှိနေပါပြီ။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး နဲ့ Japan Culture House တို့ပူးပေါင်းပြီး RAI FU JIN နင်ဂျာအဖွဲ့ကို ဂျပန်နိုင်ငံမှ ဖိတ်ခေါ်ကာ နင်ဂျာ ဖျော်ဖြေပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပသွားမှာမို့လို့ပါ။ ဝင်ကြေးက အခမဲ့ပါ။ စိတ်ဝင်စားတဲ့ဘော်ဒါတွေရှိရင်လည်း အချင်းချင်းလက်တို့လိုက်ကြပါဦး။

Photo: Embassy of Japan in Myanmar

Photo: Embassy of Japan in Myanmar

၁။ နေ့ရက်၊ အချိန်

ရန်ကုန်
မေလ ၂၁ရက်နေ့ ၊၂၀၁၇ခုနှစ် (တနင်္ဂနွေနေ့) နံနက် ၁၀နာရီခွဲမှ
MICT Park

မန္တလေး
မေလ၂၃ရက်နေ့၊၂၀၁၇ခုနှစ် (အင်္ဂါနေ့)
ပထမပွဲစဉ်ကို နံနက် ၁၀နာရီမှလည်းကောင်း၊ ဒုတိယပွဲစဉ်ကို နေ့လည် ၂နာရီမှလည်းကောင်း ကျင်းပရန် လျာထားပါသည်။
မန္တလေးမြို့ မြို့တော်ခန်းမ (Japan Expo ကျင်းပရာနေရာတွင် ဖျော်ဖြေသွားပါမည်။)
※နောက်ဆုံး သတင်း အချက်အလက်များကို ဤနေရာ တွင် ၀င်ရောက် ကြည့်ရှုနိုင်ပါသည်။

၂။ စုံစမ်းမေးမြန်းရန်
Japan Culture House
အခန်း ၃၂၂ ဘီ၊ ဒုတိယထပ်၊ တိုက်အမှတ်(စီ)၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့ နယ်၊ရန်ကုန်
Tel: 09 45914 8405
jch.yangon@gmail.com

http://www.mm.emb-japan.go.jp/profile/myanmar/news/2017/new-23.html

RAI FU JIN နင်ဂျာအဖွဲ့၏ အသေးစိတ်အချက်အလက်များကိုRAI FU JIN နင်ဂျာအဖွဲ့၏ Official Page တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

မင်းသုခ (အခရာ)

(www.akhayar.com)

Ref: Wikipedia.org