[ZawGyi]

အမ်ိဳးသမီးတိုင္းရဲ႕ စိန္စီေသာအိပ္မက္လွလွ (သို႔) Jimmy Choo ရဲ႕ ေအာင္ၿမင္မႈအစ

Jimmy Choo လို႔ဆိုလိုက္တာနဲ႔ ေက်ာ့ရွင္းသပ္ရပ္တဲ့ အျပင္အဆင္ေတြနဲ႔ တလက္လက္လင္းလက္ေနတဲ့ ကမ႓ာေက်ာ္ဖိနပ္ေတြ၊ ဂုဏ္သေရရွိလူခ်မ္းသာအသိုင္းအဝိုင္းရဲ႕ အဆင့္အတန္းကို ပိုျမႇင့္ေပးတဲ့ ထိပ္တန္း Fashion ပစၥည္းေတြနဲ႔ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ အလႊမ္းမိုးႏိုင္ဆံုး Fashion Brand တစ္ခုဆိုရင္ မမွားပါဘူး။

Jimmy Choo most famous Cinderella Shoes

ေဝလမင္းသမီးဒိုင္ယာနာရဲ႕ ပင္တိုင္ဖိနပ္ေပါင္း ၁၀၀ ေက်ာ္ထုတ္လုပ္ေပးခဲ့ရတာေတြ၊ Fashion ေလာကတစ္ခုလံုးကို လႈပ္ခတ္ေစခဲ့တဲ့ Cinderella ဖိနပ္ေတြအျပင္ Celebrity ေတြေရာ၊ တစ္ကမ႓ာလံုးက ေတာ္ဝင္ ထိပ္တန္းအမ်ိဳးသား၊ အမ်ိဳးသမီးတိုင္းရဲ႕ ပင္တိုင္လက္စြဲ Brand ျဖစ္ခဲ့တဲ့ Jimmy Choo ဟာ ဒီေန႔ေခတ္မွာေတာ့ နာမည္အႀကီးဆံုး အလွတရားဂုဏ္ေဆာင္တစ္ခုအျဖစ္ ထင္ရွားလို႔လာခဲ့ပါၿပီ။

Royal Women wearing Jimmy Choo

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

Jimmy Choo ကုမၸဏီကို စတင္ခဲ့တာကေတာ့ ကုမၸဏီရဲ႕ နာမည္ပိုင္ရွင္ မေလးရွားလူမ်ိဳး Shoe Designer Jimmy Choo ကိုယ္တိုင္ျဖစ္ၿပီး သူနဲ႔အတူ Vogue Magazine ရဲ႕ Accessories Editor Tamara Mellon တို႔ ၂ဦး အတူ ၁၉၉၆ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။

Jimmy Choo

စစခ်င္းမွာေတာ့ Shoe Designer Jimmy Choo ရဲ႕ ကိုယ္ပိုင္လက္ရာဒီဇိုင္းေတြနဲ႔ ဖိနပ္ေတြကိုသာ စတင္ထုတ္လုပ္ခဲ့ၿပီး ၁၉၉၇ မွာေတာ့ London ၿမိဳ႕ Moscomb Street မွာ ပထမဆံုး Jimmy Choo Store ကို စတင္ဖြင့္ခဲ့ပါတယ္။

Jimmy Choo Store

အဲ့ဒီ ၁၉၉၇ မွာပဲ ေဝလမင္းသမီး Diana က Jimmy Choo ဖိနပ္ေတြကို သေဘာက်ႏွစ္ၿခိဳက္ခဲ့ရာမွ Choo ကိုယ္တိုင္ မင္းသမီး Diana အတြက္ ဖိနပ္အရံေပါင္း ၁၀၀ ေက်ာ္ကို ခ်ဳပ္လုပ္ေပးခဲ့ရပါတယ္တဲ့။

Jimmy Choo Store

အဲ့ဒီေနာက္မွာေတာ့ Jimmy Choo ရဲ႕ သမိုင္းေၾကာင္းဟာလည္း တစ္ဆစ္ခ်ိဳးေျပာင္းလဲၿပီး ထင္ေပၚေက်ာ္ၾကားမႈလမ္းေၾကာင္းေပၚကို စတင္ေရာက္ရွိခဲ့ပါေတာ့တယ္။

Jimmy Choo Collection

၁၉၉၈ မွာေတာ့ Vogue Magazine ရဲ႕ Shoe ေၾကာ္ျငာအျဖစ္ Jimmy Shoe ရဲ႕ ဖိနပ္ေတြကို ပထမဆံုး မဂၢဇင္းစာမ်က္ႏွာထက္ေတြေပၚတင္ခဲ့ပါတယ္။ ၁၉၉၉ ခုႏွစ္ေတြမွာေတာ့ Jimmy Choo ဟာ Celebrity ေတြရဲ႕ ေျခဖ်ားေပၚ ေရာက္ရွိလာၿပီး Red Carpet ေတြေပၚထိကို ေနရာဝင္ဆံ့လာခဲ့ပါတယ္။

၂၀၀၀ ခုႏွစ္မွာေတာ့ နာမည္ႀကီး ႐ုပ္သံဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ “Sex and the City” ႐ုပ္သံဇာတ္လမ္းတြဲမွာပါ Jimmy Choo ဖိနပ္ေတြ ေျခဆန္႔လာခဲ့ပါတယ္။ ၂၀၀၁ မွာေတာ့ Pumps ေတြပဲ ထုတ္လုပ္ရာကေန Boots ေတြပါ ထုတ္လုပ္ၿပီး ေစ်းကြက္ခ်ဲ႕ခဲ့ပါတယ္။ အဲ့အခ်ိန္မွာပဲ Jimmy Choo ရဲ႕ Founder Choo ကိုယ္တိုင္ဟာလည္း သူပိုင္ဆိုင္တဲ့ ရွယ္ယာ ၅၀ ရာခိုင္ႏႈန္းတိတိကို Equinox Luxury Holdings Limited ဆီသို႔ စတာလင္ေပါင္ ဆယ္သိန္း နဲ႔ အားလံုးအၿပီးအပိုင္ေရာင္းခ်ခဲ့ပါေတာ့တယ္။ ၂၀၀၃ မွာေတာ့ ပထမဆံုး Jimmy Choo ရဲ႕ အိတ္ေတြကိုပါ စတင္ထုတ္လုပ္လာခဲ့ပါတယ္။

Most Popular Jimmy Choo Shoes

အဲ့ဒီေနာက္ပိုင္းကေန တစ္စထက္တစ္စ အရွိန္အဟုန္ႀကီးမားလာတဲ့ Jimmy Choo ဟာ မင္းသမီးေတြရဲ႕ Oscar ေလွ်ာက္လမ္းေပၚနဲ႔ မဂၢဇင္းေတြ၊ Photo Campaigne ေတြမွာ ဘုရင္တစ္ဆူျဖစ္လာတဲ့အထိ မပါမျဖစ္ပါဝင္လာခဲ့ပါၿပီ။

Celebrities wearing Jimmy Choo on Red Carpet

Official Website ကိုေတာ့ ၂၀၀၆ခုႏွစ္မွာ စတင္ခဲ့ၿပီး အဲ့ဒီေနာက္ တျဖည္းျဖည္းတိုးရင္းခ်ဲ႕ရင္း ၂၀၁၁ အေရာက္မွာေတာ့ Jimmy Choo ရဲ႕ ကိုယ္ပိုင္အမွတ္တံဆိပ္နဲ႔ Eye Wears ေတြ၊ Men wear shoes ေတြနဲ႔ ေရေမႊးေတြကိုပါ စံုစံုလင္လင္ထုတ္လုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

Jimmy Choo Mean Wears

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္ 

တစ္ဖက္မွာလည္း တစ္ႏွစ္တာလံုး ရဲ႕ အေတာ္ဆံုး Designer Brand ဆုအပါအဝင္ ဆုေတြဆက္တိုက္ဆြတ္ခူးလာခဲ့ၿပီး 21 ရာစုအစ မွာေတာ့ Jimmy Choo ဟာ ေတာ္ဝင္ဘုရင့္အမ်ိဳးအႏြယ္ေတြနဲ႔ အရွိန္အဝါဂုဏ္သိကၡာႀကီးမားသူတို႔ရဲ႕ ဂုဏ္ယူဖြယ္ ဝတ္ဆင္ဖြယ္ရာတစ္ခုျဖစ္လာခဲ့ပါတယ္။

တစ္ဖက္မွာလည္း Jimmy Choo ကုမၸဏီဟာ သူ႔ရဲ႕ ကိုယ္ပိုင္ဒီဇိုင္း ၄၀၀ ေက်ာ္ မူပိုင္ခြင့္ရခဲ့သလို တျခား မူပိုင္ခြင့္ခ်ိဳးေဖာက္မႈျပႆနာေတြနဲ႔ အျပန္ျပန္အလွန္လွန္ တရားစြဲလိုက္၊ တရားစြဲခံရလိုက္နဲ႔ သံသရာလည္ခဲ့ပါတယ္။

ခုေနာက္ဆံုး ၂၀၁၇၊ ႏိုဝင္ဘာလ တစ္ရက္ေန႔မွာေတာ့ Jimmy Choo ကုမၸဏီဟာ Micheal Kors ကုမၸဏီဆီ အေမရိကန္ေဒၚလာ ၁.၃၅ သန္း နဲ႔ အၿပီးအပိုင္ေရာင္းခ်ခံလိုက္ရပါေတာ့တယ္။

ၿပႆာနာေတြအမ်ိဳးမ်ိဳး၊ မူဝါဒေတြအမ်ိဳးမ်ိဳးနဲ႔ ဖိနပ္ေတြကေန အသံုးအေဆာင္အမ်ိဳးမ်ိဳးထိထုတ္လုပ္ခဲ့တဲ့ Jimmy Choo ဟာ ေနာက္ဆံုးမွာေတာ့ စိတ္မေကာင္းစရာ တျခားၿပိဳင္ဖက္ကုမၸဏီတစ္ခုရဲ႕ လက္ေအာက္ကိုေရာက္ရွိခဲ့ၿပီး Founder ကိုယ္တိုင္ ကိုယ့္ရဲ႕ Brand ကိုလက္လႊတ္ဆံုးရံႈးလိုက္ရတာေတာ့ ၀မ္းနည္းဖြယ္ရာပါပဲ။

ဒါေပမယ့္လည္း ေရစီးေၾကာင္းအသစ္၊ Fashion စည္းမ်ဥ္းအသစ္ေတြၾကားမွာ Jimmy Choo ကေတာ့ သူ႔ရဲ႕႐ိုးရွင္းၿပီး ေႂကြခ်င္ေလာက္စရာ ဆြဲေဆာင္မႈရွိတဲ့ ေနာက္ဆံုးေပၚ Design ေတြနဲ႔ ပရိသတ္အသည္းကို မ႐ိုးတမ္းဆြဲယူထားႏိုင္တာကေတာ့ ဝံ့ႂကြားစရာအေကာင္းဆံုး ဂုဏ္ယူဖြယ္ တစ္ခုျဖစ္ေနပါေတာ့တယ္။

EiEiKhineMinn (Akhayar)

[Unicode]

အမျိုးသမီးတိုင်းရဲ့ စိန်စီသောအိပ်မက်လှလှ (သို့) Jimmy Choo ရဲ့ အောင်မြင်မှုအစ

Jimmy Choo လို့ဆိုလိုက်တာနဲ့ ကျော့ရှင်းသပ်ရပ်တဲ့ အပြင်အဆင်တွေနဲ့ တလက်လက်လင်းလက်နေတဲ့ ကမ္ဘာကျော်ဖိနပ်တွေ၊ ဂုဏ်သရေရှိလူချမ်းသာအသိုင်းအဝိုင်းရဲ့ အဆင့်အတန်းကို ပိုမြှင့်ပေးတဲ့ ထိပ်တန်း Fashion ပစ္စည်းတွေနဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာ အလွှမ်းမိုးနိုင်ဆုံး Fashion Brand တစ်ခုဆိုရင် မမှားပါဘူး။

Jimmy Choo most famous Cinderella Shoes

ဝေလမင်းသမီးဒိုင်ယာနာရဲ့ ပင်တိုင်ဖိနပ်ပေါင်း ၁၀၀ ကျော်ထုတ်လုပ်ပေးခဲ့ရတာတွေ၊ Fashion လောကတစ်ခုလုံးကို လှုပ်ခတ်စေခဲ့တဲ့ Cinderella ဖိနပ်တွေအပြင် Celebrity တွေရော၊ တစ်ကမ္ဘာလုံးက တော်ဝင် ထိပ်တန်းအမျိုးသား၊ အမျိုးသမီးတိုင်းရဲ့ ပင်တိုင်လက်စွဲ Brand ဖြစ်ခဲ့တဲ့ Jimmy Choo ဟာ ဒီနေ့ခေတ်မှာတော့ နာမည်အကြီးဆုံး အလှတရားဂုဏ်ဆောင်တစ်ခုအဖြစ် ထင်ရှားလို့လာခဲ့ပါပြီ။

Royal Women wearing Jimmy Choo

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

Jimmy Choo ကုမ္ပဏီကို စတင်ခဲ့တာကတော့ ကုမ္ပဏီရဲ့ နာမည်ပိုင်ရှင် မလေးရှားလူမျိုး Shoe Designer Jimmy Choo ကိုယ်တိုင်ဖြစ်ပြီး သူနဲ့အတူ Vogue Magazine ရဲ့ Accessories Editor Tamara Mellon တို့ ၂ဦး အတူ ၁၉၉၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

Jimmy Choo

စစချင်းမှာတော့ Shoe Designer Jimmy Choo ရဲ့ ကိုယ်ပိုင်လက်ရာဒီဇိုင်းတွေနဲ့ ဖိနပ်တွေကိုသာ စတင်ထုတ်လုပ်ခဲ့ပြီး ၁၉၉၇ မှာတော့ London မြို့ Moscomb Street မှာ ပထမဆုံး Jimmy Choo Store ကို စတင်ဖွင့်ခဲ့ပါတယ်။

Jimmy Choo Store

အဲ့ဒီ ၁၉၉၇ မှာပဲ ဝေလမင်းသမီး Diana က Jimmy Choo ဖိနပ်တွေကို သဘောကျနှစ်ခြိုက်ခဲ့ရာမှ Choo ကိုယ်တိုင် မင်းသမီး Diana အတွက် ဖိနပ်အရံပေါင်း ၁၀၀ ကျော်ကို ချုပ်လုပ်ပေးခဲ့ရပါတယ်တဲ့။

Jimmy Choo Store

အဲ့ဒီနောက်မှာတော့ Jimmy Choo ရဲ့ သမိုင်းကြောင်းဟာလည်း တစ်ဆစ်ချိုးပြောင်းလဲပြီး ထင်ပေါ်ကျော်ကြားမှုလမ်းကြောင်းပေါ်ကို စတင်ရောက်ရှိခဲ့ပါတော့တယ်။

Jimmy Choo Collection

၁၉၉၈ မှာတော့ Vogue Magazine ရဲ့ Shoe ကြော်ငြာအဖြစ် Jimmy Shoe ရဲ့ ဖိနပ်တွေကို ပထမဆုံး မဂ္ဂဇင်းစာမျက်နှာထက်တွေပေါ်တင်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်တွေမှာတော့ Jimmy Choo ဟာ Celebrity တွေရဲ့ ခြေဖျားပေါ် ရောက်ရှိလာပြီး Red Carpet တွေပေါ်ထိကို နေရာဝင်ဆံ့လာခဲ့ပါတယ်။

၂၀၀၀ ခုနှစ်မှာတော့ နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “Sex and the City” ရုပ်သံဇာတ်လမ်းတွဲမှာပါ Jimmy Choo ဖိနပ်တွေ ခြေဆန့်လာခဲ့ပါတယ်။ ၂၀၀၁ မှာတော့ Pumps တွေပဲ ထုတ်လုပ်ရာကနေ Boots တွေပါ ထုတ်လုပ်ပြီး ဈေးကွက်ချဲ့ခဲ့ပါတယ်။ အဲ့အချိန်မှာပဲ Jimmy Choo ရဲ့ Founder Choo ကိုယ်တိုင်ဟာလည်း သူပိုင်ဆိုင်တဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းတိတိကို Equinox Luxury Holdings Limited ဆီသို့ စတာလင်ပေါင် ဆယ်သိန်း နဲ့ အားလုံးအပြီးအပိုင်ရောင်းချခဲ့ပါတော့တယ်။ ၂၀၀၃ မှာတော့ ပထမဆုံး Jimmy Choo ရဲ့ အိတ်တွေကိုပါ စတင်ထုတ်လုပ်လာခဲ့ပါတယ်။

Most Popular Jimmy Choo Shoes

အဲ့ဒီနောက်ပိုင်းကနေ တစ်စထက်တစ်စ အရှိန်အဟုန်ကြီးမားလာတဲ့ Jimmy Choo ဟာ မင်းသမီးတွေရဲ့ Oscar လျှောက်လမ်းပေါ်နဲ့ မဂ္ဂဇင်းတွေ၊ Photo Campaigne တွေမှာ ဘုရင်တစ်ဆူဖြစ်လာတဲ့အထိ မပါမဖြစ်ပါဝင်လာခဲ့ပါပြီ။

Celebrities wearing Jimmy Choo on Red Carpet

Official Website ကိုတော့ ၂၀၀၆ခုနှစ်မှာ စတင်ခဲ့ပြီး အဲ့ဒီနောက် တဖြည်းဖြည်းတိုးရင်းချဲ့ရင်း ၂၀၁၁ အရောက်မှာတော့ Jimmy Choo ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ Eye Wears တွေ၊ Men wear shoes တွေနဲ့ ရေမွှေးတွေကိုပါ စုံစုံလင်လင်ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Jimmy Choo Mean Wears

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန် 

တစ်ဖက်မှာလည်း တစ်နှစ်တာလုံး ရဲ့ အတော်ဆုံး Designer Brand ဆုအပါအဝင် ဆုတွေဆက်တိုက်ဆွတ်ခူးလာခဲ့ပြီး 21 ရာစုအစ မှာတော့ Jimmy Choo ဟာ တော်ဝင်ဘုရင့်အမျိုးအနွယ်တွေနဲ့ အရှိန်အဝါဂုဏ်သိက္ခာကြီးမားသူတို့ရဲ့ ဂုဏ်ယူဖွယ် ဝတ်ဆင်ဖွယ်ရာတစ်ခုဖြစ်လာခဲ့ပါတယ်။

တစ်ဖက်မှာလည်း Jimmy Choo ကုမ္ပဏီဟာ သူ့ရဲ့ ကိုယ်ပိုင်ဒီဇိုင်း ၄၀၀ ကျော် မူပိုင်ခွင့်ရခဲ့သလို တခြား မူပိုင်ခွင့်ချိုးဖောက်မှုပြဿနာတွေနဲ့ အပြန်ပြန်အလှန်လှန် တရားစွဲလိုက်၊ တရားစွဲခံရလိုက်နဲ့ သံသရာလည်ခဲ့ပါတယ်။

ခုနောက်ဆုံး ၂၀၁၇၊ နိုဝင်ဘာလ တစ်ရက်နေ့မှာတော့ Jimmy Choo ကုမ္ပဏီဟာ Micheal Kors ကုမ္ပဏီဆီ အမေရိကန်ဒေါ်လာ ၁.၃၅ သန်း နဲ့ အပြီးအပိုင်ရောင်းချခံလိုက်ရပါတော့တယ်။

ပြဿာနာတွေအမျိုးမျိုး၊ မူဝါဒတွေအမျိုးမျိုးနဲ့ ဖိနပ်တွေကနေ အသုံးအဆောင်အမျိုးမျိုးထိထုတ်လုပ်ခဲ့တဲ့ Jimmy Choo ဟာ နောက်ဆုံးမှာတော့ စိတ်မကောင်းစရာ တခြားပြိုင်ဖက်ကုမ္ပဏီတစ်ခုရဲ့ လက်အောက်ကိုရောက်ရှိခဲ့ပြီး Founder ကိုယ်တိုင် ကိုယ့်ရဲ့ Brand ကိုလက်လွှတ်ဆုံးရှုံးလိုက်ရတာတော့ ဝမ်းနည်းဖွယ်ရာပါပဲ။

ဒါပေမယ့်လည်း ရေစီးကြောင်းအသစ်၊ Fashion စည်းမျဉ်းအသစ်တွေကြားမှာ Jimmy Choo ကတော့ သူ့ရဲ့ရိုးရှင်းပြီး ကြွေချင်လောက်စရာ ဆွဲဆောင်မှုရှိတဲ့ နောက်ဆုံးပေါ် Design တွေနဲ့ ပရိသတ်အသည်းကို မရိုးတမ်းဆွဲယူထားနိုင်တာကတော့ ဝံ့ကြွားစရာအကောင်းဆုံး ဂုဏ်ယူဖွယ် တစ်ခုဖြစ်နေပါတော့တယ်။

EiEiKhineMinn (Akhayar)