[ZawGyi]

Gucci ၾကိဳက္သူေတြသိထားသင္႔တဲ႔ Gucci ရဲ႕သမိုင္းေၾကာင္း

ခမ္းနားတန္ဖိုးထားခံရျခင္းေတြရွိတဲ႔ ကမၻာ႔နာမည္ၾကီး Brand ေတြထဲမွာ Gucci ဟာလည္းတစ္ခုအပါအဝင္ျဖစ္ပါတယ္။ ဘာေၾကာင္႔ လူေတြဟာ Gucci မွ Gucci ျဖစ္ေနရတာလဲ။ ေအာင္ျမင္တဲ႔ Brand ေတြရဲ႕ သမိုင္းေၾကာင္းဟာ ႏွစ္ေပါင္းမ်ားစြာကတည္းက စတင္ခဲ႔တာခ်ည္းပါပဲ။ ကမၻာ႔ထိပ္သီး Brand ၁၀၀ ထဲမွာႏွစ္မ်ားစြာေနရာယူထားႏိုင္တဲ႔ Gucci ရယ္လုိ႔ျဖစ္လာဖုိ႔ဘယ္လုိျဖတ္သန္းခဲ႔ရတာပါလဲ။ ဒါေတြကေတာ႔ Gucci Crazy ေတြ မသိမျဖစ္ပါ။

၁) Gucci ကို ၁၉၂၁ မွာ အီတလီႏိုင္ငံမွာ စတင္တည္ေထာင္ခဲ႔တာျဖစ္ပါတယ္။ ကုမၸဏီက Kering ျဖစ္ျပီးေတာ႔ အီတလီႏိုင္ငံသား Guccio Gucci (၁၈၈၁-၁၉၅၃) ကတည္ေထာင္ခဲ႔တာျဖစ္ပါတယ္။ Guccio Gucci ဟာလန္ဒန္ Savoy Hotel မွာဓာတ္ေလွကားေမာင္းတဲ႔သူ အျဖစ္တာဝန္ထမ္းေဆာင္ရင္း သူ႔ဘဝကိုေျပာင္းလဲေစမယ္႔ စိတ္ကူးကိုရခဲ႔တာပါ။ သူဟာ ရည္ေမြေဖာ္ေရြတဲ႔အထက္တန္းလႊာက ဧည္႔သည္ေတြယူလာတတ္တဲ႔ ခရီးေဆာင္အိတ္အေကာင္းစားၾကီးေတြကို သေဘာအက်ၾကီးက်ရင္း ငါဒီလုိအိတ္မ်ိဳးေတြ ထုတ္ခ်င္လိုက္တာလုိ႔ ေတြးမိခဲ႔တာျဖစ္ပါတယ္။

၂) သူ႔ရဲ႕ေမြးရပ္ေျမ Florence ကိုျပန္ေရာက္ခ်ိန္မွာသူဟာျမိဳ႕မွာရွိတဲ႔ ကၽြမ္းက်င္တဲ႔လက္မႈပညာသည္ေတြနဲ႔ေပါင္းပါတယ္။ သူတုိ႔ဆီမွာ လယ္သာကိုင္တြယ္မႈနဲ႔ပတ္သက္ရင္ ကၽြမ္းက်င္တဲ႔ပညာရွင္ေတြရွိေပမယ္႔ အဲဒီတုန္းကပစၥည္းေတြကို စက္ရံုနဲ႔ေသေသခ်ာခ်ာထုတ္လုပ္တာမ်ိဳးမရွိပါဘူး။ Guccio Gucci ကေတာ႔ နည္းေဟာင္းေတြကိုစြန္႔ပယ္ျပီး လယ္သာထုတ္ကုန္ေတြကိုစက္ရံုကေနသပ္ရပ္တိက်စြာ ထုတ္လုပ္ေစတာျဖစ္ပါတယ္။ အဲဒီတုန္းကသူက အသက္ ၄၀ ရွိျပီ။ တစ္ခုအားသာတာကသူ႔မွာ အားကိုးရတဲ႔ သား ၃ ေယာက္ရွိပါတယ္။

Aldo Gucci ၊ Vasco Gucci နဲ႔ Rodolfo Gucci တုိ႔ရဲ႕အားေတြနဲ႔ ဒီလုပ္ငန္းကိုေအာင္ေအာင္ျမင္ျမင္လည္ပတ္ခဲ႔တာပါ။ တျဖည္းျဖည္းအဆင္ေျပေအာင္ျမင္လာခ်ိန္မွာေတာ႔ မီလန္နဲ႔ ေရာမမွာပါ ဆိုင္ေလးေတြထပ္ဖြင္႔ခဲ႔ပါတယ္။ သူ႔ဆိုင္မွာ လယ္သာပစၥည္းေတြ၊လက္ကိုင္အိတ္၊ ဖိနပ္ေတြနဲ႔ သူတို႔ရဲ႕ Icon လုိ႔ဆုိႏိုင္တဲ႔ Ornamented loafer ရွဴးဖိနပ္ေတြ၊ စက္ထိုးဆြယ္တာေတြကိုပါေရာင္းခ်ပါတယ္။

၃) Gucci Brand ကို အီတလီမွာစတင္ခဲ႔ေပမယ္႔ ဖက္ရွင္နဲ႔ပတ္သက္ရင္ပိုေပါက္ေျမာက္တဲ႔ လန္ဒန္၊ အဂၤလန္ဘက္ကေနထိုင္မႈပံုစံေတြကို Inspire ယူထားတာျဖစ္ပါတယ္။ ဒုတိယကမၻာစစ္ျဖစ္ပြားခ်ိန္သားေရကုန္ၾကမ္းေတြျပတ္လပ္သြားခ်ိန္မွာေတာင္ ခ်ည္ၾကမ္းနဲ႔ခ်ဳပ္လုပ္ထားတဲ႔ လက္ကိုင္အိတ္ေတြက အေရာင္းသြက္ဆဲပါ။ ဒုတိယကမၻာစစ္ၾကီးျပီးတဲ႔အခ်ိန္မွာေတာ႔ Gucci ဟာ Florence ျမိဳ႕ဂုဏ္ေဆာင္ျဖစ္လာခဲ႔ပါတယ္။

ဒိုင္းေပၚမွာသူတုိ႔ရဲ႕နာမည္ကို ဂုဏ္ျပဳေရးထြင္းခဲ႔တဲ႔အထိပါပဲ။အသက္ ၄၀ အရြယ္ Guccio Gucci။

ဒိုင္းေပၚမွာသူတုိ႔ရဲ႕နာမည္ကို ဂုဏ္ျပဳေရးထြင္းခဲ႔တဲ႔အထိပါပဲ။အသက္ ၄၀ အရြယ္ Guccio Gucci။

၄) အႏုပညာရွင္ေတြေတာ္ေတာ္မ်ားမ်ားဟာ Gucci ရဲ႕ Fan စစ္စစ္ၾကီးေတြပါ။ အယ္လိဇဘက္ေတလာမွသည္ ခုေခတ္အႏုပညာရွင္ေတြထိပါပဲ။ ေဟာလိဝုဒ္အႏုပညာရွင္ေတြကလည္း Gucci ကိုအသည္းစြဲပါ။ ဆယ္လီေတြက Gucci ထုတ္ကုန္ေတြကို ဝတ္ဆင္ျပီးကမၻာတစ္လႊားက မဂၢဇင္းမ်က္ႏွာဖံုးေတြထက္မွာ ေဝေဝဆာဆာပါလာတဲ႔အခါ Gucci ဟာ ေအာင္ျမင္သထက္ေအာင္ျမင္လာပါေတာ႔တယ္။ Rapper 2 Chainz ကဆုိရင္ “ငါေသရင္ Gucci ဆိုင္ထဲမွာ စ်ာပနလုပ္ေပးပါကြာ” လို႔ေတာင္ေျပာတဲ႔အထိပါပဲ။ Gucci ရဲ႕ Signature အနီနဲ႔အစိမ္းေရာင္အစင္းဟာ ျမင္းစီးျခင္းအားကစားကို ကိုယ္စားျပဳတာျဖစ္ပါတယ္။

Gucci နဲ႔ Vogue Cover

Gucci နဲ႔ Vogue Cover

၅) ၁၉၅၃ ခုနစ္ Guccio Gucci ဆံုးပါးသြားတဲ႔အခ်ိန္မွာေတာ႔Rodolfo Gucci ကလုပ္ငန္းကိုဆက္လက္လည္ပတ္ေစခဲ႔ပါတယ္။ သူတုိ႔ရဲ႕ Logo GG ဟာ Guccio Gucci ကိုဂုဏ္ျပဳရည္ညႊန္းတာျဖစ္ပါတယ္။

၆) ၁၉၉၄ ခုနစ္မွာေတာ႔ Tom Ford ဟာ Gucci မွာ Creative Director အျဖစ္နဲ႔စတင္လုပ္ေဆာင္ခဲ႔ျပီး Gucci မွာရွိစဥ္ကေတာ႔ သူကရွယ္ယာအမ်ားဆံုးပိုင္ဆိုင္သူလုိ႔သိရပါတယ္။

၇) ခုလက္ရွိ Gucci ရဲ႕ Creative Director က Alessandro Michele ျဖစ္ပါတယ္။

alessandro-michele

alessandro-michele

သူဟာအီတလီဖက္ရွင္ဒီဇိုင္နာျဖစ္ျပီး Gucci နဲ႔ရွည္လ်ားတဲ႔သမိုင္းေၾကာင္းရွိခဲ႔သူပါ။ Gucci မွာ သူဟာ ၁၂ ႏွစ္ေလာက္ၾကာေအာင္ လယ္သာဖန္တီးမႈဒီဇိုင္နာအျဖစ္ရွိခဲ႔ျပီး ၂၀၁၁ မွာေတာ႔ Creative Director Frida Giannini နဲ႔ဖန္တီးမႈပိုင္းကိုတြဲဖက္လုပ္ေဆာင္ခဲ႔ပါတယ္။ သူ႔လက္ထက္မွာေတာ႔ လူငယ္ဆန္တဲ႔ဖက္ရွင္ေတြကို ေျပာင္းလဲထုိးေဖာက္ခဲ႔ျပီး Gucci ကိုလူငယ္ေတြပါ သဲသဲလႈပ္ျဖစ္ေစဖုိ႔ ေျပာင္းလဲႏိုင္ခဲ႔ပါတယ္။ သူဟာ ဖက္ရွင္ရပ္ဝန္းမွာရွိတဲ႔ Influential people ၁၀၀ ထဲမွာ တစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။

သူ႔ဖန္တီးမႈေတြ

သူ႔ဖန္တီးမႈေတြ

ကဲ…ဒါေတြကေတာ႔ Gucci ရဲ႕ရွည္လ်ားတဲ႔ သမိုင္းေၾကာင္းထဲကတခ်ိဳ႕တဝက္ကိုေဖာ္ျပခဲ႔တာပါ။ သက္တမ္း ၉၁ ႏွစ္တုိင္ေအာင္ေအာင္ျမင္ျမင္ရပ္တည္ႏိုင္ဆဲ၊ လူသားေတြကိုလႊမ္းမုိးထားႏိုင္ဆဲ Gucci ရဲ႕ ဖန္တီးမႈေတြဘယ္လုိ ေျပာင္းလဲဆန္းသစ္လာမလဲဆုိတာ ဆက္လက္ေစာင္႔ၾကည္႔ရေအာင္လား။

www.akhayar.com

[Unicode]

Gucci ကြိုက်သူတွေသိထားသင့်တဲ့ Gucci ရဲ့သမိုင်းကြောင်း

ခမ်းနားတန်ဖိုးထားခံရခြင်းတွေရှိတဲ့ ကမ္ဘာ့နာမည်ကြီး Brand တွေထဲမှာ Gucci ဟာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဘာကြောင့် လူတွေဟာ Gucci မှ Gucci ဖြစ်နေရတာလဲ။ အောင်မြင်တဲ့ Brand တွေရဲ့ သမိုင်းကြောင်းဟာ နှစ်ပေါင်းများစွာကတည်းက စတင်ခဲ့တာချည်းပါပဲ။ ကမ္ဘာ့ထိပ်သီး Brand ၁၀၀ ထဲမှာနှစ်များစွာနေရာယူထားနိုင်တဲ့ Gucci ရယ်လို့ဖြစ်လာဖို့ဘယ်လိုဖြတ်သန်းခဲ့ရတာပါလဲ။ ဒါတွေကတော့ Gucci Crazy တွေ မသိမဖြစ်ပါ။

၁) Gucci ကို ၁၉၂၁ မှာ အီတလီနိုင်ငံမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီက Kering ဖြစ်ပြီးတော့ အီတလီနိုင်ငံသား Guccio Gucci (၁၈၈၁-၁၉၅၃) ကတည်ထောင်ခဲ့တာဖြစ်ပါတယ်။ Guccio Gucci ဟာလန်ဒန် Savoy Hotel မှာဓာတ်လှေကားမောင်းတဲ့သူ အဖြစ်တာဝန်ထမ်းဆောင်ရင်း သူ့ဘဝကိုပြောင်းလဲစေမယ့် စိတ်ကူးကိုရခဲ့တာပါ။ သူဟာ ရည်မွေဖော်ရွေတဲ့အထက်တန်းလွှာက ဧည့်သည်တွေယူလာတတ်တဲ့ ခရီးဆောင်အိတ်အကောင်းစားကြီးတွေကို သဘောအကျကြီးကျရင်း ငါဒီလိုအိတ်မျိုးတွေ ထုတ်ချင်လိုက်တာလို့ တွေးမိခဲ့တာဖြစ်ပါတယ်။

၂) သူ့ရဲ့မွေးရပ်မြေ Florence ကိုပြန်ရောက်ချိန်မှာသူဟာမြို့မှာရှိတဲ့ ကျွမ်းကျင်တဲ့လက်မှုပညာသည်တွေနဲ့ပေါင်းပါတယ်။ သူတို့ဆီမှာ လယ်သာကိုင်တွယ်မှုနဲ့ပတ်သက်ရင် ကျွမ်းကျင်တဲ့ပညာရှင်တွေရှိပေမယ့် အဲဒီတုန်းကပစ္စည်းတွေကို စက်ရုံနဲ့သေသေချာချာထုတ်လုပ်တာမျိုးမရှိပါဘူး။ Guccio Gucci ကတော့ နည်းဟောင်းတွေကိုစွန့်ပယ်ပြီး လယ်သာထုတ်ကုန်တွေကိုစက်ရုံကနေသပ်ရပ်တိကျစွာ ထုတ်လုပ်စေတာဖြစ်ပါတယ်။ အဲဒီတုန်းကသူက အသက် ၄၀ ရှိပြီ။ တစ်ခုအားသာတာကသူ့မှာ အားကိုးရတဲ့ သား ၃ ယောက်ရှိပါတယ်။

Aldo Gucci ၊ Vasco Gucci နဲ့ Rodolfo Gucci တို့ရဲ့အားတွေနဲ့ ဒီလုပ်ငန်းကိုအောင်အောင်မြင်မြင်လည်ပတ်ခဲ့တာပါ။ တဖြည်းဖြည်းအဆင်ပြေအောင်မြင်လာချိန်မှာတော့ မီလန်နဲ့ ရောမမှာပါ ဆိုင်လေးတွေထပ်ဖွင့်ခဲ့ပါတယ်။ သူ့ဆိုင်မှာ လယ်သာပစ္စည်းတွေ၊လက်ကိုင်အိတ်၊ ဖိနပ်တွေနဲ့ သူတို့ရဲ့ Icon လို့ဆိုနိုင်တဲ့ Ornamented loafer ရှူးဖိနပ်တွေ၊ စက်ထိုးဆွယ်တာတွေကိုပါရောင်းချပါတယ်။

၃) Gucci Brand ကို အီတလီမှာစတင်ခဲ့ပေမယ့် ဖက်ရှင်နဲ့ပတ်သက်ရင်ပိုပေါက်မြောက်တဲ့ လန်ဒန်၊ အင်္ဂလန်ဘက်ကနေထိုင်မှုပုံစံတွေကို Inspire ယူထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်သားရေကုန်ကြမ်းတွေပြတ်လပ်သွားချိန်မှာတောင် ချည်ကြမ်းနဲ့ချုပ်လုပ်ထားတဲ့ လက်ကိုင်အိတ်တွေက အရောင်းသွက်ဆဲပါ။ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အချိန်မှာတော့ Gucci ဟာ Florence မြို့ဂုဏ်ဆောင်ဖြစ်လာခဲ့ပါတယ်။

ဒိုင်းပေါ်မှာသူတို့ရဲ့နာမည်ကို ဂုဏ်ပြုရေးထွင်းခဲ့တဲ့အထိပါပဲ။အသက် ၄၀ အရွယ် Guccio Gucci။

ဒိုင်းပေါ်မှာသူတို့ရဲ့နာမည်ကို ဂုဏ်ပြုရေးထွင်းခဲ့တဲ့အထိပါပဲ။အသက် ၄၀ အရွယ် Guccio Gucci။

၄) အနုပညာရှင်တွေတော်တော်များများဟာ Gucci ရဲ့ Fan စစ်စစ်ကြီးတွေပါ။ အယ်လိဇဘက်တေလာမှသည် ခုခေတ်အနုပညာရှင်တွေထိပါပဲ။ ဟောလိဝုဒ်အနုပညာရှင်တွေကလည်း Gucci ကိုအသည်းစွဲပါ။ ဆယ်လီတွေက Gucci ထုတ်ကုန်တွေကို ဝတ်ဆင်ပြီးကမ္ဘာတစ်လွှားက မဂ္ဂဇင်းမျက်နှာဖုံးတွေထက်မှာ ဝေဝေဆာဆာပါလာတဲ့အခါ Gucci ဟာ အောင်မြင်သထက်အောင်မြင်လာပါတော့တယ်။ Rapper 2 Chainz ကဆိုရင် “ငါသေရင် Gucci ဆိုင်ထဲမှာ ဈာပနလုပ်ပေးပါကွာ” လို့တောင်ပြောတဲ့အထိပါပဲ။ Gucci ရဲ့ Signature အနီနဲ့အစိမ်းရောင်အစင်းဟာ မြင်းစီးခြင်းအားကစားကို ကိုယ်စားပြုတာဖြစ်ပါတယ်။

Gucci နဲ့ Vogue Cover

Gucci နဲ့ Vogue Cover

၅) ၁၉၅၃ ခုနစ် Guccio Gucci ဆုံးပါးသွားတဲ့အချိန်မှာတော့Rodolfo Gucci ကလုပ်ငန်းကိုဆက်လက်လည်ပတ်စေခဲ့ပါတယ်။ သူတို့ရဲ့ Logo GG ဟာ Guccio Gucci ကိုဂုဏ်ပြုရည်ညွှန်းတာဖြစ်ပါတယ်။

၆) ၁၉၉၄ ခုနစ်မှာတော့ Tom Ford ဟာ Gucci မှာ Creative Director အဖြစ်နဲ့စတင်လုပ်ဆောင်ခဲ့ပြီး Gucci မှာရှိစဉ်ကတော့ သူကရှယ်ယာအများဆုံးပိုင်ဆိုင်သူလို့သိရပါတယ်။

၇) ခုလက်ရှိ Gucci ရဲ့ Creative Director က Alessandro Michele ဖြစ်ပါတယ်။

alessandro-michele

alessandro-michele

သူဟာအီတလီဖက်ရှင်ဒီဇိုင်နာဖြစ်ပြီး Gucci နဲ့ရှည်လျားတဲ့သမိုင်းကြောင်းရှိခဲ့သူပါ။ Gucci မှာ သူဟာ ၁၂ နှစ်လောက်ကြာအောင် လယ်သာဖန်တီးမှုဒီဇိုင်နာအဖြစ်ရှိခဲ့ပြီး ၂၀၁၁ မှာတော့ Creative Director Frida Giannini နဲ့ဖန်တီးမှုပိုင်းကိုတွဲဖက်လုပ်ဆောင်ခဲ့ပါတယ်။ သူ့လက်ထက်မှာတော့ လူငယ်ဆန်တဲ့ဖက်ရှင်တွေကို ပြောင်းလဲထိုးဖောက်ခဲ့ပြီး Gucci ကိုလူငယ်တွေပါ သဲသဲလှုပ်ဖြစ်စေဖို့ ပြောင်းလဲနိုင်ခဲ့ပါတယ်။ သူဟာ ဖက်ရှင်ရပ်ဝန်းမှာရှိတဲ့ Influential people ၁၀၀ ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

သူ့ဖန်တီးမှုတွေ

သူ့ဖန်တီးမှုတွေ

ကဲ…ဒါတွေကတော့ Gucci ရဲ့ရှည်လျားတဲ့ သမိုင်းကြောင်းထဲကတချို့တဝက်ကိုဖော်ပြခဲ့တာပါ။ သက်တမ်း ၉၁ နှစ်တိုင်အောင်အောင်မြင်မြင်ရပ်တည်နိုင်ဆဲ၊ လူသားတွေကိုလွှမ်းမိုးထားနိုင်ဆဲ Gucci ရဲ့ ဖန်တီးမှုတွေဘယ်လို ပြောင်းလဲဆန်းသစ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရအောင်လား။

www.akhayar.com