[ZawGyi]

စက္ဘီးျဖစ္ေပၚလာပံု၊ စက္ဘီးယဥ္ေက်းမႈ

“ဘီးကေလးကိုစီး.. အခ်စ္ကေလးကိုတင္ျပီး ကိုယ္သြားရတာေလ အင္မတန္ေပ်ာ္.. စၾကဝဠာအဆံုးထိနင္းရမလား”

ဦးထီးရဲ႕ဒီသီခ်င္းေလးၾကားတိုင္း ခ်စ္သူႏွစ္ဦးရဲ႕ခ်စ္ျခင္းတရားနဲ႔အတူ စက္ဘီးေလးကိုခ်စ္တဲ႔စိတ္ပါေပၚလာမယ္လုိ႔ထင္ပါတယ္။

လူေတြအတြက္အေရးပါလာခဲ႔တဲ႔ စက္ပစၥည္းေလးတစ္ခုကိုဂုဏ္ျပဳေသာအားျဖင္႔ ဧျပီလ ၁၉ ရက္ေန႔ကို World Bicycle Day လုိ႔အရင္ကသတ္မွတ္ခဲ႔ၾကပါတယ္။ လက္ရွိအခ်ိန္မွာေတာ႔ UN က ဇြန္ ၃ ရက္ေန႔ကို World Bicycle Day လို႔ သတ္မွတ္လုိက္ျပီလုိ႔သိရပါတယ္။

စက္ဘီးစတင္ျဖစ္ေပၚလာပံုကိုေျပာရမယ္ဆုိရင္ေတာ႔ တိက်တဲ႔သမိုင္းအမွတ္အသားရယ္လုိ႔မေတြ႔ႏိုင္ေသးပါဘူး။ ျဖစ္ႏိုင္ေျခရွိတာကေတာ႔ ဒီဖန္တီးမႈဟာလူတစ္ေယာက္တည္းေတာ႔မျဖစ္ႏိုင္ဘူးလုိ႔ဆုိၾကပါတယ္။ ခုခ်ိန္မွာ စက္ဘီးရယ္လို႔ျဖစ္လာမယ္႔အရာကို လြန္ခဲ႔တဲ႔ႏွစ္ေပါင္း ၁၈၀၀ တည္းက စတင္တီထြင္ခဲ႔ၾကတာျဖစ္ပါတယ္။ တခ်ိဳ႕သမိုင္းစာအုပ္ေတြမွာေတာ႔ ျပင္သစ္လူမ်ိဳးတစ္ဦးက သူ႔သားေတြနဲ႔အတူ ဝန္စည္စလယ္ေတြသယ္ႏိုင္မယ္႔ ပစၥည္းတစ္ခုကိုတီထြင္ရာကေန စက္ဘီးဆုိတဲ႔အရာပထမဆံုးျဖစ္ေပၚလာခဲ႔တယ္လို႔ သိရပါတယ္။ အဲဒီအခ်ိန္ကာလဟာ ၁၈၆၀ ခုနစ္ပါ။

Ernest Michaux

Ernest Michaux

စက္ဘီးစေပၚခဲ႔တာဟာ ၁၈၆၀ ထက္အရင္လို႔ဆုိၾကျပန္တာေၾကာင္႔ ဒီသမိုင္းကလံုးဝမွန္ကန္တယ္လုိ႔ေတာ႔မဆုိႏိုင္ျပန္ပါဘူး။ ဒါေပမဲ႔ သမိုင္းပညာရွင္ေတြကေတာ႔ Ernest Michaux ဆုိတဲ႔သူဟာ ပထမဆံုးေသာစက္ဘီးတီထြင္သူလုိ႔ ေရးမွတ္ခဲ႔ၾကပါတယ္။

Baron Karl Drais von Sauerbronn

Baron Karl Drais von Sauerbronn

အဲဒီေနာက္မွာေတာ႔ ဂ်ာမန္လူမ်ိဳး Karl Drais ဆုိသူက စက္ဘီးရဲ႕ေရွ႕ေျပးလို႔ဆိုႏိုင္တဲ႔ “Running Machine” ကိုတီထြင္ခဲ႔ျပန္ပါတယ္။ အဲဒီတုန္းကေတာ႔ စက္ဘီးလုိ႔ဆုိႏိုင္တဲ႔အရာကို သစ္သားနဲ႔ဖန္တီးထားတာျဖစ္ျပီး ခ်ိန္းၾကိဳးေတြဘာေတြမပါေသးပါဘူး။ လူတစ္ေယာက္ကေျခေထာက္ကိုေျမၾကီးေထာက္ျပီး အားယူလုိက္ဘီးနဲ႔ေရွ႕ေျပးသြားလိုက္ဆုိတဲ႔အေနအထားပဲရွိခဲ႔တာပါ။ ၁၈၇၁ ခုနစ္မွာမွ ျဗိတိန္အင္ဂ်င္နီယာ James Starley ကစက္ဘီးရယ္လုိ႔ရုပ္လံုးေပၚလာမယ္႔အရာကို ဆက္ဖန္တီးႏိုင္ခဲ႔တာပါ။

ေရွ႕ဘီးၾကီးမွာေျခနင္းပါျပီး ထိုင္ခံုေလးပါ ပါလာတာျဖစ္ပါတယ္။

penny-farthing-bridges

penny-farthing-bridges

ဒီလိုနဲ႔စက္ဘီးေလးေတြဟာ လူသားေတြရဲ႕ေန႔စဥ္ဘဝမွာအေရးၾကီးတဲ႔အခန္းက႑ကေန ႏွစ္ေပါင္းမ်ားစြာ အေရးပါလာခဲ႔သလို စက္ဘီးစီးတဲ႔ယဥ္ေက်းမႈဟာလည္း ခ်စ္စရာေကာင္းစြာျဖစ္တည္လာခဲ႔ပါတယ္။ အခုဆိုရင္ျမိဳ႕ေပၚမွာ စက္ဘီးစီးရတာခက္ခဲလာပါတယ္။ ဒါေပမဲ႔စက္ဘီးေလးေတြကိုခ်စ္သူ စက္ဘီးစီးယဥ္ေက်းမႈကိုျမတ္ႏိုးသူေတြကေတာ႔ အခ်င္းခ်င္းေတြ႔ဆံုစုစည္းျပီး အသင္းအဖြဲ႔ေတြဖြဲ႕စည္းကာ အတူ Tour ထြက္ၾကတာမ်ိဳးရွိပါတယ္။

ဘာပဲျဖစ္ျဖစ္ စက္ဘီးေလးေတြေပၚလာလို႔သာ ခရီးတုိေလးေတြသြားရလာရအဆင္ေျပ၊ လူေတြရဲ႕စြမ္းအားကိုေခၽြတာႏိုင္ျပီး သဘာဝပတ္ဝန္းက်င္ကို တစ္ဖက္တစ္လမ္းကထိန္းသိမ္းႏိုင္တာျဖစ္ပါတယ္။ စက္ဘီးေလးေတြျဖစ္တည္ေနျခင္းကိုေက်းဇူးတင္ရင္း Bike Tour သြားခ်င္သူေတြအတြက္ ရန္ကုန္မွာရွိတဲ႔ Bike Rental ေနရာေကာင္းေကာင္းေတြကိုညႊန္ျပေပးလိုက္ပါတယ္။

Bike World Myanmar

10 F ၊ ခေပါင္းလမ္း၊ ၆ မိုင္ခြဲ ၊ ျပည္လမ္း ၊ အစၥေရးသံရံုးအနီး ၊ လိႈင္ျမိဳ႕နယ္ ၊ ရန္ကုန္။
ဖုန္း – 09 259 297 475

Yangon Bike Rental

အမွတ္(၄၃၃)၊ ပုစြန္ေတာင္ေအာက္လမ္း၊ ပုစြန္ေတာင္ျမိဳ႕နယ္။ ဖုန္း – ၀၉၇၉၃ ၈၁၉၂၃၃

Myanmar Bike Service

အခန္း(၃၀၀၁) ၊ ၃ လႊာ ၊ ယုဇနပလာဇာ ၊ ဗညားဒလလမ္း၊ မဂၤလာေတာင္ညြန္႔ ၊ ရန္ကုန္။
ဖုန္း – 09 259630875 ၊ 09 4210 61668 ၊ 09 43031478

Jack Bike Rental

ဖုန္း – 09 776151073

myanmarbicycletour.com ၊ www.citybikeyangon.com လိုမ်ိဳး ဝက္ဘ္ဆိုက္ေတြကေနတဆင္႔လည္းငွားရမ္းႏိုင္သလုိ ဝါသနာရွင္စက္ဘီးအသင္းအဖြဲ႔ေတြစုစည္းရာ Bicycle Network Myanmar ဆုိတဲ႔ Facebook Group ကေနလည္း ဝါသနာတူသူေတြခ်င္းေတြ႔ဆံုးက Bike Tour ေတြသြားလုိ႔ရပါတယ္။

Bike Rental Service ေတြဟာ ခရီးစဥ္အနီးအေဝးအလုိက္ ေစ်းႏႈန္းကြာျခားမႈေတြရွိပါတယ္။ ရန္ကုန္ပတ္ပတ္လည္ဆုိရင္ေတာ႔ တစ္ေယာက္ကို $ 25 ဝန္းက်င္ရွိျပီးနယ္အထိဆုိရင္ေတာ႔ ေစ်းႏႈန္းပိုမွာပါ။ Service အေနနဲ႔ Tour Guide,Bike Guide ၊ ေရ၊ ပဝါ တို႔ပါဝင္ေလ႔ရွိတာေတြ႔ရပါတယ္။ တခ်ိဳ႕က အသက္အာမခံပါရွိပါတယ္။

ျမန္မာႏိုင္ငံမွာ စက္ဘီးယဥ္ေက်းမႈေလးေတြျပန္လည္ထြန္းကားလာပါေစေၾကာင္း ဆုေတာင္းလုိက္ရပါတယ္ေနာ္။

history of bicycle

history of bicycle

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

စက်ဘီးဖြစ်ပေါ်လာပုံ၊ စက်ဘီးယဉ်ကျေးမှု

“ဘီးကလေးကိုစီး.. အချစ်ကလေးကိုတင်ပြီး ကိုယ်သွားရတာလေ အင်မတန်ပျော်.. စကြဝဠာအဆုံးထိနင်းရမလား”

ဦးထီးရဲ့ဒီသီချင်းလေးကြားတိုင်း ချစ်သူနှစ်ဦးရဲ့ချစ်ခြင်းတရားနဲ့အတူ စက်ဘီးလေးကိုချစ်တဲ့စိတ်ပါပေါ်လာမယ်လို့ထင်ပါတယ်။

လူတွေအတွက်အရေးပါလာခဲ့တဲ့ စက်ပစ္စည်းလေးတစ်ခုကိုဂုဏ်ပြုသောအားဖြင့် ဧပြီလ ၁၉ ရက်နေ့ကို World Bicycle Day လို့အရင်ကသတ်မှတ်ခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ UN က ဇွန် ၃ ရက်နေ့ကို World Bicycle Day လို့ သတ်မှတ်လိုက်ပြီလို့သိရပါတယ်။

စက်ဘီးစတင်ဖြစ်ပေါ်လာပုံကိုပြောရမယ်ဆိုရင်တော့ တိကျတဲ့သမိုင်းအမှတ်အသားရယ်လို့မတွေ့နိုင်သေးပါဘူး။ ဖြစ်နိုင်ခြေရှိတာကတော့ ဒီဖန်တီးမှုဟာလူတစ်ယောက်တည်းတော့မဖြစ်နိုင်ဘူးလို့ဆိုကြပါတယ်။ ခုချိန်မှာ စက်ဘီးရယ်လို့ဖြစ်လာမယ့်အရာကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀၀ တည်းက စတင်တီထွင်ခဲ့ကြတာဖြစ်ပါတယ်။ တချို့သမိုင်းစာအုပ်တွေမှာတော့ ပြင်သစ်လူမျိုးတစ်ဦးက သူ့သားတွေနဲ့အတူ ဝန်စည်စလယ်တွေသယ်နိုင်မယ့် ပစ္စည်းတစ်ခုကိုတီထွင်ရာကနေ စက်ဘီးဆိုတဲ့အရာပထမဆုံးဖြစ်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်ကာလဟာ ၁၈၆၀ ခုနစ်ပါ။

Ernest Michaux

Ernest Michaux

စက်ဘီးစပေါ်ခဲ့တာဟာ ၁၈၆၀ ထက်အရင်လို့ဆိုကြပြန်တာကြောင့် ဒီသမိုင်းကလုံးဝမှန်ကန်တယ်လို့တော့မဆိုနိုင်ပြန်ပါဘူး။ ဒါပေမဲ့ သမိုင်းပညာရှင်တွေကတော့ Ernest Michaux ဆိုတဲ့သူဟာ ပထမဆုံးသောစက်ဘီးတီထွင်သူလို့ ရေးမှတ်ခဲ့ကြပါတယ်။

Baron Karl Drais von Sauerbronn

Baron Karl Drais von Sauerbronn

အဲဒီနောက်မှာတော့ ဂျာမန်လူမျိုး Karl Drais ဆိုသူက စက်ဘီးရဲ့ရှေ့ပြေးလို့ဆိုနိုင်တဲ့ “Running Machine” ကိုတီထွင်ခဲ့ပြန်ပါတယ်။ အဲဒီတုန်းကတော့ စက်ဘီးလို့ဆိုနိုင်တဲ့အရာကို သစ်သားနဲ့ဖန်တီးထားတာဖြစ်ပြီး ချိန်းကြိုးတွေဘာတွေမပါသေးပါဘူး။ လူတစ်ယောက်ကခြေထောက်ကိုမြေကြီးထောက်ပြီး အားယူလိုက်ဘီးနဲ့ရှေ့ပြေးသွားလိုက်ဆိုတဲ့အနေအထားပဲရှိခဲ့တာပါ။ ၁၈၇၁ ခုနစ်မှာမှ ဗြိတိန်အင်ဂျင်နီယာ James Starley ကစက်ဘီးရယ်လို့ရုပ်လုံးပေါ်လာမယ့်အရာကို ဆက်ဖန်တီးနိုင်ခဲ့တာပါ။

ရှေ့ဘီးကြီးမှာခြေနင်းပါပြီး ထိုင်ခုံလေးပါ ပါလာတာဖြစ်ပါတယ်။

penny-farthing-bridges

penny-farthing-bridges

ဒီလိုနဲ့စက်ဘီးလေးတွေဟာ လူသားတွေရဲ့နေ့စဉ်ဘဝမှာအရေးကြီးတဲ့အခန်းကဏ္ဍကနေ နှစ်ပေါင်းများစွာ အရေးပါလာခဲ့သလို စက်ဘီးစီးတဲ့ယဉ်ကျေးမှုဟာလည်း ချစ်စရာကောင်းစွာဖြစ်တည်လာခဲ့ပါတယ်။ အခုဆိုရင်မြို့ပေါ်မှာ စက်ဘီးစီးရတာခက်ခဲလာပါတယ်။ ဒါပေမဲ့စက်ဘီးလေးတွေကိုချစ်သူ စက်ဘီးစီးယဉ်ကျေးမှုကိုမြတ်နိုးသူတွေကတော့ အချင်းချင်းတွေ့ဆုံစုစည်းပြီး အသင်းအဖွဲ့တွေဖွဲ့စည်းကာ အတူ Tour ထွက်ကြတာမျိုးရှိပါတယ်။

ဘာပဲဖြစ်ဖြစ် စက်ဘီးလေးတွေပေါ်လာလို့သာ ခရီးတိုလေးတွေသွားရလာရအဆင်ပြေ၊ လူတွေရဲ့စွမ်းအားကိုချွေတာနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းကထိန်းသိမ်းနိုင်တာဖြစ်ပါတယ်။ စက်ဘီးလေးတွေဖြစ်တည်နေခြင်းကိုကျေးဇူးတင်ရင်း Bike Tour သွားချင်သူတွေအတွက် ရန်ကုန်မှာရှိတဲ့ Bike Rental နေရာကောင်းကောင်းတွေကိုညွှန်ပြပေးလိုက်ပါတယ်။

Bike World Myanmar

10 F ၊ ခပေါင်းလမ်း၊ ၆ မိုင်ခွဲ ၊ ပြည်လမ်း ၊ အစ္စရေးသံရုံးအနီး ၊ လှိုင်မြို့နယ် ၊ ရန်ကုန်။
ဖုန်း – 09 259 297 475

Yangon Bike Rental

အမှတ်(၄၃၃)၊ ပုစွန်တောင်အောက်လမ်း၊ ပုစွန်တောင်မြို့နယ်။ ဖုန်း – ၀၉၇၉၃ ၈၁၉၂၃၃

Myanmar Bike Service

အခန်း(၃၀၀၁) ၊ ၃ လွှာ ၊ ယုဇနပလာဇာ ၊ ဗညားဒလလမ်း၊ မင်္ဂလာတောင်ညွန့် ၊ ရန်ကုန်။
ဖုန်း – 09 259630875 ၊ 09 4210 61668 ၊ 09 43031478

Jack Bike Rental

ဖုန်း – 09 776151073

myanmarbicycletour.com ၊ www.citybikeyangon.com လိုမျိုး ဝက်ဘ်ဆိုက်တွေကနေတဆင့်လည်းငှားရမ်းနိုင်သလို ဝါသနာရှင်စက်ဘီးအသင်းအဖွဲ့တွေစုစည်းရာ Bicycle Network Myanmar ဆိုတဲ့ Facebook Group ကနေလည်း ဝါသနာတူသူတွေချင်းတွေ့ဆုံးက Bike Tour တွေသွားလို့ရပါတယ်။

Bike Rental Service တွေဟာ ခရီးစဉ်အနီးအဝေးအလိုက် ဈေးနှုန်းကွာခြားမှုတွေရှိပါတယ်။ ရန်ကုန်ပတ်ပတ်လည်ဆိုရင်တော့ တစ်ယောက်ကို $ 25 ဝန်းကျင်ရှိပြီးနယ်အထိဆိုရင်တော့ ဈေးနှုန်းပိုမှာပါ။ Service အနေနဲ့ Tour Guide,Bike Guide ၊ ရေ၊ ပဝါ တို့ပါဝင်လေ့ရှိတာတွေ့ရပါတယ်။ တချို့က အသက်အာမခံပါရှိပါတယ်။

မြန်မာနိုင်ငံမှာ စက်ဘီးယဉ်ကျေးမှုလေးတွေပြန်လည်ထွန်းကားလာပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်နော်။

history of bicycle

history of bicycle

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။