This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းမ်ား အပိုင္း (၂၀)

၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပြဲ

၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပြဲကို ဘရာဇီးလ္ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ရရွိခဲ့ၿပီး ၁၉၅၀ ၿပိဳင္ပြဲအၿပီး ဒုတိယအႀကိမ္ေျမာက္ လက္ခံက်င္းပခြင့္ရရွိခဲ့တာျဖစ္တယ္။ အိမ္ရွင္ ဘရာဇီးလ္အသင္း တိုက္စစ္မွဴး ေနမာရဲ႕ ေျခစြမ္းျပမႈေတြနဲ႔ အုပ္စုအဆင့္ကို အခက္အခဲမရွိေက်ာ္ျဖတ္ႏိုင္ခဲ့တယ္။ Group of Death အျဖစ္ သတ္မွတ္ထားတဲ့ အုပ္စု (D) မွာ ေကာ္စတာရီကာအသင္းက နာမည္ႀကီး အဂၤလန္၊ အီတလီအသင္းေတြကို ေက်ာ္ျဖတ္ၿပီး ဥရုေဂြးသင္းနဲ႔အတူ ေနာက္တစ္ဆင့္ကို အံ့အားသင့္ဖြယ္ တက္ေရာက္ႏိုင္ခဲ့တယ္။ လက္ရွိခ်န္ပီယံ စပိန္အသင္း အုပ္စုဖြင့္ပြဲမွာတင္ နယ္သာလန္အသင္းကို (၅-၁)ဂိုးနဲ႔ ရံႈးနိမ့္ခဲ့ၿပီး အုပ္စုအဆင့္က လွည့္ျပန္ခဲ့ရတဲ့ ခ်န္ပီယံအသင္းေတြထဲက တစ္သင္းျဖစ္ခဲ့တယ္။ နာမည္ႀကီး အသင္းေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ ေကာ္စတာရီကာအသင္း ရံႈးထြက္ပြဲစဥ္မွာလည္း ဂရိအသင္းကို ထပ္မံေက်ာ္ျဖတ္ကာ ကြာတားဖိုင္နယ္အဆင့္အထိ အံ့အားသင့္ဖြယ္တက္ေရာက္ႏိုင္ခဲ့တယ္။ ကြာတားဖိုင္နယ္အဆင့္မွာ နယ္သာလန္အသင္းကို ပယ္နယ္တီအဆံုးအျဖတ္နဲ႔ ရံႈးနိမ့္ခဲ့လို႔သာ ၿပိဳင္ပြဲက ထြက္ခြာခဲ့ရတယ္။

Netherland-Stiker-Van-Persi-goal

Netherland-Stiker-Van-Persi-goal

ဆီမီးဖိုင္နယ္အဆင့္ကို အိမ္ရွင္ဘရာဇီးလ္အသင္းနဲ႔အတူ ပံုစံေကာင္းေတြျပေနတဲ့ အသင္းႀကီးေတြျဖစ္တဲ့ ဂ်ာမနီ၊ အာဂ်င္တီးနားနဲ႔ နယ္သာလန္အသင္းတို႔ တက္ေရာက္ႏိုင္ခဲ့တယ္။ ဆီမီးဖိုင္နယ္ပြဲစဥ္ေတြအျဖစ္ အိမ္ရွင္ဘရာဇီးလ္အသင္းနဲ႔ ဂ်ာမနီအသင္းတို႔ ေတြ႔ဆံုခဲ့ၿပီး အာဂ်င္တီးနားအသင္းနဲ႔ နယ္သာလန္အသင္းတို႔ ေတြ႔ဆံုခဲ့တယ္။ အိမ္ရွင္ဘရာဇီးလ္အသင္းနဲ႔ ဂ်ာမနီအသင္းတို႔ရဲ႕ ပြဲစဥ္မွာေတာ့ ဂ်ာမနီအသင္းက (၇-၁)ဂိုးနဲ႔ အ့ံအားသင့္ဖြယ္ ဂိုးျပတ္အႏိုင္ယူခဲ့ၿပီး အိမ္ရွင္အသင္းရဲ႕ (၆)ႀကိမ္ေျမာက္ ကမၻာ႔ဖလားခ်န္ပီယံဆုအတြက္ ေမွ်ာ္လင့္ခ်က္ကို ရိုက္ခ်ိဳးခဲ့တယ္။ အာဂ်င္တီးနားအသင္းနဲ႔ နယ္သာလန္အသင္းတို႔ရဲ႕ ပြဲစဥ္မွာေတာ့ အာဂ်င္တီးနားအသင္းက ပယ္နယ္တီအဆံုးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့တယ္။ အိမ္ရွင္ ဘရာဇီးလ္အသင္းဟာ တတိယေနရာလုပြဲမွာလည္း နယ္သာလန္အသင္းကို (၃-၀)ဂိုးနဲ႔ ထပ္မံ့ရံႈးနိမ့္ခဲ့ၿပီး ပရိသတ္ေတြအတြက္ တတိယ ႏွစ္သိမ့္ဆုေတာင္ ရယူႏိုင္ခဲ့ျခင္းမရွိပါဘူး။ ဗိုလ္လုပြဲမွာေတာ့ ဂ်ာမနီအသင္းက အာဂ်င္တီးနားအသင္းကို လူစားဝင္တိုက္စစ္ကစားသမား ေဂါ့ဇီရဲ႕ အခ်ိန္ပို (၁၁၃)မိနစ္သြင္းဂိုးနဲ႔ အႏိုင္ယူၿပီး ေတာင္အေမရိကေျမေပၚမွာ ကမၻာ႔ဖလားရယူႏိုင္တဲ့ ပထမဆံုး ဥေရာပအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။ ဂ်ာမနီအသင္းရဲ႕ (၄)ႀကိမ္ေျမာက္ ကမၻာ႔ဖလားခ်န္ပီယံဆုကို ရရွိခဲ့တာျဖစ္ၿပီး ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ဒုုတိယအေအာင္ျမင္ဆံုးအသင္း ျဖစ္လာခဲ့တယ္။

Mario-Gotze-score

Mario-Gotze-score

၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပြဲ အက်ဥ္းခ်ဳပ္

Host Country – Brazil
Dates – 12 June – 13 July
Teams – 32 (from 5 confederations)
Venue(s) – 12 (in 12 host cities)
Champions – Germany (4th title)
Runners-Up – Argentina
Third Place – Netherlands
Fourth Place – Brazil
Matches Played – 64
Goals Scored – 171 (2.67 per match)
Attendance – 3,429,873 (53,592 per match)
Top Scorer(s) – James Rodríguez (Colombia) – (6) goals
Best Player – Lionel Messi (Argentina)
Best Young Player – Paul Pogba (France)
Best Goalkeeper – Manuel Neuer (Germany)
Fair Play Award – Colombia

REF:Wikipedia
Photo:You Tube, Wikipedia, Wallpaper
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းများ အပိုင်း (၂၀)

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဘရာဇီးလ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့ပြီး ၁၉၅၀ ပြိုင်ပွဲအပြီး ဒုတိယအကြိမ်မြောက် လက်ခံကျင်းပခွင့်ရရှိခဲ့တာဖြစ်တယ်။ အိမ်ရှင် ဘရာဇီးလ်အသင်း တိုက်စစ်မှူး နေမာရဲ့ ခြေစွမ်းပြမှုတွေနဲ့ အုပ်စုအဆင့်ကို အခက်အခဲမရှိကျော်ဖြတ်နိုင်ခဲ့တယ်။ Group of Death အဖြစ် သတ်မှတ်ထားတဲ့ အုပ်စု (D) မှာ ကော်စတာရီကာအသင်းက နာမည်ကြီး အင်္ဂလန်၊ အီတလီအသင်းတွေကို ကျော်ဖြတ်ပြီး ဥရုဂွေးသင်းနဲ့အတူ နောက်တစ်ဆင့်ကို အံ့အားသင့်ဖွယ် တက်ရောက်နိုင်ခဲ့တယ်။ လက်ရှိချန်ပီယံ စပိန်အသင်း အုပ်စုဖွင့်ပွဲမှာတင် နယ်သာလန်အသင်းကို (၅-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရတဲ့ ချန်ပီယံအသင်းတွေထဲက တစ်သင်းဖြစ်ခဲ့တယ်။ နာမည်ကြီး အသင်းတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ကော်စတာရီကာအသင်း ရှုံးထွက်ပွဲစဉ်မှာလည်း ဂရိအသင်းကို ထပ်မံကျော်ဖြတ်ကာ ကွာတားဖိုင်နယ်အဆင့်အထိ အံ့အားသင့်ဖွယ်တက်ရောက်နိုင်ခဲ့တယ်။ ကွာတားဖိုင်နယ်အဆင့်မှာ နယ်သာလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့လို့သာ ပြိုင်ပွဲက ထွက်ခွာခဲ့ရတယ်။

Netherland-Stiker-Van-Persi-goal

Netherland-Stiker-Van-Persi-goal

ဆီမီးဖိုင်နယ်အဆင့်ကို အိမ်ရှင်ဘရာဇီးလ်အသင်းနဲ့အတူ ပုံစံကောင်းတွေပြနေတဲ့ အသင်းကြီးတွေဖြစ်တဲ့ ဂျာမနီ၊ အာဂျင်တီးနားနဲ့ နယ်သာလန်အသင်းတို့ တက်ရောက်နိုင်ခဲ့တယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်တွေအဖြစ် အိမ်ရှင်ဘရာဇီးလ်အသင်းနဲ့ ဂျာမနီအသင်းတို့ တွေ့ဆုံခဲ့ပြီး အာဂျင်တီးနားအသင်းနဲ့ နယ်သာလန်အသင်းတို့ တွေ့ဆုံခဲ့တယ်။ အိမ်ရှင်ဘရာဇီးလ်အသင်းနဲ့ ဂျာမနီအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဂျာမနီအသင်းက (၇-၁)ဂိုးနဲ့ အံ့အားသင့်ဖွယ် ဂိုးပြတ်အနိုင်ယူခဲ့ပြီး အိမ်ရှင်အသင်းရဲ့ (၆)ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် မျှော်လင့်ချက်ကို ရိုက်ချိုးခဲ့တယ်။ အာဂျင်တီးနားအသင်းနဲ့ နယ်သာလန်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အာဂျင်တီးနားအသင်းက ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တယ်။ အိမ်ရှင် ဘရာဇီးလ်အသင်းဟာ တတိယနေရာလုပွဲမှာလည်း နယ်သာလန်အသင်းကို (၃-ဝ)ဂိုးနဲ့ ထပ်မံ့ရှုံးနိမ့်ခဲ့ပြီး ပရိသတ်တွေအတွက် တတိယ နှစ်သိမ့်ဆုတောင် ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ဗိုလ်လုပွဲမှာတော့ ဂျာမနီအသင်းက အာဂျင်တီးနားအသင်းကို လူစားဝင်တိုက်စစ်ကစားသမား ဂေါ့ဇီရဲ့ အချိန်ပို (၁၁၃)မိနစ်သွင်းဂိုးနဲ့ အနိုင်ယူပြီး တောင်အမေရိကမြေပေါ်မှာ ကမ္ဘာ့ဖလားရယူနိုင်တဲ့ ပထမဆုံး ဥရောပအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ဂျာမနီအသင်းရဲ့ (၄)ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဒုတိယအအောင်မြင်ဆုံးအသင်း ဖြစ်လာခဲ့တယ်။

Mario-Gotze-score

Mario-Gotze-score

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အကျဉ်းချုပ်

Host Country – Brazil
Dates – 12 June – 13 July
Teams – 32 (from 5 confederations)
Venue(s) – 12 (in 12 host cities)
Champions – Germany (4th title)
Runners-Up – Argentina
Third Place – Netherlands
Fourth Place – Brazil
Matches Played – 64
Goals Scored – 171 (2.67 per match)
Attendance – 3,429,873 (53,592 per match)
Top Scorer(s) – James Rodríguez (Colombia) – (6) goals
Best Player – Lionel Messi (Argentina)
Best Young Player – Paul Pogba (France)
Best Goalkeeper – Manuel Neuer (Germany)
Fair Play Award – Colombia

REF:Wikipedia
Photo:You Tube, Wikipedia, Wallpaper
Aung Kyaw Wai (Akhayar)
www.akhayar.com