This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းမ်ား အပိုင္း (၁၉)

၂၀၁၀ ကမၻာ႔ဖလားၿပိဳင္ပြဲ

ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ အာဖရိကေျမေပၚမွာ ပထမဆံုးအႀကိမ္ က်င္းပျပဳလုပ္ခဲ့တဲ့ ၿပိဳင္ပြဲျဖစ္ၿပီး ေတာင္အာဖရိကႏိုင္ငံက လက္ခံက်င္းပခြင့္ရရွိခဲ့တာျဖစ္ပါတယ္။ ကမၻာ႔ဖလားသမိုင္းမွာ အြန္လိုင္းကေန ရုပ္သံၾကည့္ရႈသူ အမ်ားဆံုးၿပိဳင္ပြဲျဖစ္ၿပီး စံခ်ိန္တင္ (၉၄၂)သန္းေက်ာ္ ၾကည့္ရႈခဲ့ၾကတယ္။ ၂၀၁၀ ကမၻာ႔ဖလားၿပိဳင္ပြဲအတြက္ သက္ဆိုင္ရာဇုန္အလိုက္ က်င္းပျပဳလုပ္ခဲ့တဲ့ ေျခစစ္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ႏိုင္ငံလက္ေရြးစင္အသင္းေပါင္း (၁၉၇)သင္းအထိ ရွိခဲ့ပါတယ္။ ၁၉၈၂ ၿပိဳင္ပြဲေနာက္ပိုင္း တိုက္ႀကီး (၆)တိုက္က အသင္းေတြ ပါဝင္ခဲ့တဲ့ ၿပိဳင္ပြဲျဖစ္ၿပီး သမုဒၵရာပိုင္းဇုန္က နယူးဇီလန္အသင္း ေျခစစ္ပြဲေအာင္ျမင္ခဲ့လို႔ ၿပိဳင္ပြဲေနာက္ဆံုးအဆင့္ကို ပါဝင္ခြင့္ရခဲ့ပါတယ္။ အိမ္ရွင္ျဖစ္တဲ့ ေတာင္အာဖရိကအသင္း တိုက္ရိုက္ယွဥ္ၿပိဳင္ခြင့္ရခဲ့လို႔ ဝင္ခြင့္ခြဲတမ္း (၅)ေနရာသာရရွိထားတဲ့ အာဖရိကဇုန္က အသင္းေပါင္း (၆)သင္းအထိ ပါဝင္လာခဲ့ၿပီး ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အာဖရိကကိုယ္စားျပဳအသင္း အမ်ားဆံုးပါဝင္ခဲ့တဲ့ ၿပိဳင္ပြဲအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

Suarez-controversially-handled-the-ball-on-the-line

Suarez-controversially-handled-the-ball-on-the-line

အိမ္ရွင္ေတာင္အာဖရိကအသင္း အုပ္စုအဆင့္ကေန ထြက္ခဲ့ရလို႔ အိမ္ရွင္အသင္းေတြထဲမွာ ပထမဆံုးအုပ္စုကထြက္ရတဲ့ အသင္းျဖစ္ခဲ့ပါတယ္။ ကြာတားဖိုင္နယ္ပြဲစဥ္ေတြထဲမွာ ဥရုေဂြးတိုက္စစ္မွဴး ဆြာရက္ဇ္ ဂါနာအသင္း ေသခ်ာေပါက္ဂိုးရမယ့္ အခြင့္အေရးကို လက္နဲ႔ပုတ္ထုတ္ခဲ့လို႔ တိုက္ရိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတဲ့ျဖစ္ရပ္က ဟာသဆန္ဆန္ျဖစ္ခဲ့ၿပီး ပယ္နယ္တီအဆံုးအျဖတ္မွာ ဥရုေဂြးအသင္းက အႏိုင္ရရွိခဲ့လို႔ ဆြာရက္ဇ္ဟာ ႏိုင္ငံလက္ေရြးစင္အသင္းအတြက္ သူရဲေကာင္းတစ္ဦးျဖစ္ခဲ့ပါတယ္။ ဆီမီးဖိုင္နယ္အဆင့္မွာ Tiki-Taka ကစားဟန္နဲ႔ ေခတ္တစ္ေခတ္ကို ထူေထာင္ခဲ့တဲ့ စပိန္အသင္းဟာ ၿပိဳင္ပြဲရဲ႕ေရပန္းအစားဆံုး ဂ်ာမနီအသင္းနဲ႔ ထိပ္တိုက္ေတြ႔ဆံုခဲ့ၿပီး စပိန္အသင္းက (၁-၀)ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ အျခားဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ နယ္သာလန္အသင္းနဲ႔ ဥရုေဂြးအသင္းတို႔ ပြဲစဥ္မွာေတာ့ အျပန္အလွန္သြင္းဂိုးေတြနဲ႔ နယ္သာလန္အသင္းက အႏိုင္ရရွိခဲ့ၿပီး ဗိုလ္လုပြဲကို တက္လွမ္းႏိုင္ခဲ့တယ္။

De-Jong-Kung-Fu-Kick

De-Jong-Kung-Fu-Kick

ဗိုလ္လုပြဲအျဖစ္ ကစားခဲ့တဲ့ စပိန္အသင္းနဲ႔ နယ္သာလန္အသင္းတို႔ပြဲစဥ္ဟာ ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့ၿပီး စပိန္ကြင္းလယ္လူ အလြန္ဆိုရင္ဘတ္ကို ကန္ခဲ့တဲ့ နယ္သာလန္ကြင္းလယ္လူ ဒီေဂ်ာင္းကို မထုတ္ပယ္ခဲ့လို႔ ကြင္းလယ္ဒိုင္အေပၚ အျပင္းအထန္ ေဝဖန္ခဲ့ၾကပါတယ္။ မိနစ္ (၉၀)အတြင္း သေရက်ေနခဲ့လို႔ အခ်ိန္ပို ဆက္လက္ ကစားခဲ့ရၿပီး အခ်ိန္ပို (၁၁၆)မိနစ္အေရာက္မွာ အင္နီေယစတာရဲ႕ သြင္းဂိုးေၾကာင့္ ကမၻာ႔ဖလားခ်န္ပီယံဆုဖလားကို စပိန္တို႔ ပထမဆံုးအႀကိမ္ ကိုင္ေျမာက္ခြင့္ရရွိခဲ့တယ္။ နယ္သာလန္အသင္းကေတာ့ ကမၻာ႔ဖလားဗိုလ္လုပြဲကို (၃)ႀကိမ္ေျမာက္ တက္ေရာက္ႏုိင္ခဲ့တာျဖစ္ၿပီး (၃)ႀကိမ္စလံုး ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ စပိန္တို႔ရဲ႕ ေခတ္တစ္ေခတ္ျဖစ္ခဲ့တဲ့ ကာလအပိုင္းအျခားျဖစ္ၿပီး ယူရို-၂၀၀၈ ၿပိဳင္ပြဲ၊ ၂၀၁၀ ကမၻာ႔ဖလားၿပိဳင္ပြဲနဲ႔ ယူရို-၂၀၁၂ ၿပိဳင္ေတြမွာ ဗိုလ္စြဲခဲ့လို႔ ၿပိဳင္ပြဲႀကီး (၃)ခုကို ဆက္တိုက္ဗိုလ္စြဲခဲ့တဲ့ ပထမဆံုးအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းေတြကို ၿပိဳင္ပြဲက်င္းပခဲ့တဲ့ ႏွစ္အလိုက္ အပိုင္းျဖင့္ ေန႔စဥ္ေဖာ္ျပေပးသြားမွာျဖစ္ၿပီး အပိုင္း (၂၀)ကို ေနာက္ရက္မွာ ဆက္လက္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္ . . .

Inesta-scores

Inesta-scores

၂၀၁၀ ကမၻာ႔ဖလားၿပိဳင္ပြဲ အက်ဥ္းခ်ဳပ္

Host Country – South Africa
Dates – 11 June – 11 July
Teams – 32 (from 6 confederations)
Venue(s) – 10 (in 9 host cities)
Champions – Spain (1st title)
Runners-Up – Netherlands
Third Place – Germany
Fourth Place – Uruguay
Matches Played – 64
Goals Scored – 145 (2.27 per match)
Attendance – 3,178,856 (49,670 per match)
Top Scorer(s) – Diego Forlán (Uruguay), Thomas Müller (Germany), Sneijder (Netherlands), David Villa (Spain) – (5 goals each)
Best Player – Diego Forlán (Uruguay)
Best Young Player – Thomas Müller (Germany)
Best Goalkeeper – Iker Casillas (Spain)
Fair Play Award – Spain

REF:Wikipedia
Photo:SI, Reuters, Pinterest, Scoopnest
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းများ အပိုင်း (၁၉)

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ

ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အာဖရိကမြေပေါ်မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲဖြစ်ပြီး တောင်အာဖရိကနိုင်ငံက လက်ခံကျင်းပခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားသမိုင်းမှာ အွန်လိုင်းကနေ ရုပ်သံကြည့်ရှုသူ အများဆုံးပြိုင်ပွဲဖြစ်ပြီး စံချိန်တင် (၉၄၂)သန်းကျော် ကြည့်ရှုခဲ့ကြတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သက်ဆိုင်ရာဇုန်အလိုက် ကျင်းပပြုလုပ်ခဲ့တဲ့ ခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံလက်ရွေးစင်အသင်းပေါင်း (၁၉၇)သင်းအထိ ရှိခဲ့ပါတယ်။ ၁၉၈၂ ပြိုင်ပွဲနောက်ပိုင်း တိုက်ကြီး (၆)တိုက်က အသင်းတွေ ပါဝင်ခဲ့တဲ့ ပြိုင်ပွဲဖြစ်ပြီး သမုဒ္ဒရာပိုင်းဇုန်က နယူးဇီလန်အသင်း ခြေစစ်ပွဲအောင်မြင်ခဲ့လို့ ပြိုင်ပွဲနောက်ဆုံးအဆင့်ကို ပါဝင်ခွင့်ရခဲ့ပါတယ်။ အိမ်ရှင်ဖြစ်တဲ့ တောင်အာဖရိကအသင်း တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရခဲ့လို့ ဝင်ခွင့်ခွဲတမ်း (၅)နေရာသာရရှိထားတဲ့ အာဖရိကဇုန်က အသင်းပေါင်း (၆)သင်းအထိ ပါဝင်လာခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အာဖရိကကိုယ်စားပြုအသင်း အများဆုံးပါဝင်ခဲ့တဲ့ ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Suarez-controversially-handled-the-ball-on-the-line

Suarez-controversially-handled-the-ball-on-the-line

အိမ်ရှင်တောင်အာဖရိကအသင်း အုပ်စုအဆင့်ကနေ ထွက်ခဲ့ရလို့ အိမ်ရှင်အသင်းတွေထဲမှာ ပထမဆုံးအုပ်စုကထွက်ရတဲ့ အသင်းဖြစ်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်တွေထဲမှာ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ် ဂါနာအသင်း သေချာပေါက်ဂိုးရမယ့် အခွင့်အရေးကို လက်နဲ့ပုတ်ထုတ်ခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ဖြစ်ရပ်က ဟာသဆန်ဆန်ဖြစ်ခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်မှာ ဥရုဂွေးအသင်းက အနိုင်ရရှိခဲ့လို့ ဆွာရက်ဇ်ဟာ နိုင်ငံလက်ရွေးစင်အသင်းအတွက် သူရဲကောင်းတစ်ဦးဖြစ်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာ Tiki-Taka ကစားဟန်နဲ့ ခေတ်တစ်ခေတ်ကို ထူထောင်ခဲ့တဲ့ စပိန်အသင်းဟာ ပြိုင်ပွဲရဲ့ရေပန်းအစားဆုံး ဂျာမနီအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး စပိန်အသင်းက (၁-ဝ)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခြားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ နယ်သာလန်အသင်းနဲ့ ဥရုဂွေးအသင်းတို့ ပွဲစဉ်မှာတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ နယ်သာလန်အသင်းက အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တယ်။

De-Jong-Kung-Fu-Kick

De-Jong-Kung-Fu-Kick

ဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ စပိန်အသင်းနဲ့ နယ်သာလန်အသင်းတို့ပွဲစဉ်ဟာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး စပိန်ကွင်းလယ်လူ အလွန်ဆိုရင်ဘတ်ကို ကန်ခဲ့တဲ့ နယ်သာလန်ကွင်းလယ်လူ ဒီဂျောင်းကို မထုတ်ပယ်ခဲ့လို့ ကွင်းလယ်ဒိုင်အပေါ် အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ မိနစ် (၉၀)အတွင်း သရေကျနေခဲ့လို့ အချိန်ပို ဆက်လက် ကစားခဲ့ရပြီး အချိန်ပို (၁၁၆)မိနစ်အရောက်မှာ အင်နီယေစတာရဲ့ သွင်းဂိုးကြောင့် ကမ္ဘာ့ဖလားချန်ပီယံဆုဖလားကို စပိန်တို့ ပထမဆုံးအကြိမ် ကိုင်မြောက်ခွင့်ရရှိခဲ့တယ်။ နယ်သာလန်အသင်းကတော့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို (၃)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး (၃)ကြိမ်စလုံး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ စပိန်တို့ရဲ့ ခေတ်တစ်ခေတ်ဖြစ်ခဲ့တဲ့ ကာလအပိုင်းအခြားဖြစ်ပြီး ယူရို-၂၀၀၈ ပြိုင်ပွဲ၊ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ယူရို-၂၀၁၂ ပြိုင်တွေမှာ ဗိုလ်စွဲခဲ့လို့ ပြိုင်ပွဲကြီး (၃)ခုကို ဆက်တိုက်ဗိုလ်စွဲခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတွေကို ပြိုင်ပွဲကျင်းပခဲ့တဲ့ နှစ်အလိုက် အပိုင်းဖြင့် နေ့စဉ်ဖော်ပြပေးသွားမှာဖြစ်ပြီး အပိုင်း (၂၀)ကို နောက်ရက်မှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် . . .

Inesta-scores

Inesta-scores

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အကျဉ်းချုပ်

Host Country – South Africa
Dates – 11 June – 11 July
Teams – 32 (from 6 confederations)
Venue(s) – 10 (in 9 host cities)
Champions – Spain (1st title)
Runners-Up – Netherlands
Third Place – Germany
Fourth Place – Uruguay
Matches Played – 64
Goals Scored – 145 (2.27 per match)
Attendance – 3,178,856 (49,670 per match)
Top Scorer(s) – Diego Forlán (Uruguay), Thomas Müller (Germany), Sneijder (Netherlands), David Villa (Spain) – (5 goals each)
Best Player – Diego Forlán (Uruguay)
Best Young Player – Thomas Müller (Germany)
Best Goalkeeper – Iker Casillas (Spain)
Fair Play Award – Spain

REF:Wikipedia
Photo:SI, Reuters, Pinterest, Scoopnest
Aung Kyaw Wai (Akhayar)
www.akhayar.com