This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းမ်ား အပိုင္း (၁၈)

၂၀၀၆ ကမၻာ႔ဖလားၿပိဳင္ပြဲ

၂၀၀၆ ကမၻာ႔ဖလားၿပိဳင္ပြဲကို ဥေရာပေဘာလံုးအင္အားႀကီး ဂ်ာမနီႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ရရွိခဲ့ၿပီး သမိုင္းတစ္ေလွ်ာက္ ဒုတိယအႀကိမ္ေျမာက္ လက္ခံက်င္းပခြင့္ကို ရရွိခဲ့တာျဖစ္တယ္။ အခ်ိန္ပို “ေရႊဂိုး”စနစ္ကို ဖ်က္သိမ္းခဲ့ၿပီး မိနစ္ (၃၀)အျပည့္ကစားရတဲ့ “ေငြဂိုး”စနစ္ကို ေျပာင္းလဲက်င့္သံုးခဲ့တဲ့ ၿပိဳင္ပြဲအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။ အုပ္စုပြဲစဥ္တစ္ပဲြျဖစ္တဲ့ ခရိုေအးရွားအသင္းနဲ႔ ၾသစေၾတးလ်အသင္းတို႔ ပြဲစဥ္မွာ ခရိုေအးရွားေနာက္ခံလူ ဆီျမဴနစ္ကို အဝါကတ္ (၃)ႀကိမ္ျပၿပီးမွ အနီကတ္ျပထုတ္ပယ္ခဲ့တဲ့ အဂၤလန္ဒိုင္လူႀကီး ဂေရဟမ္ပူးလ္ရဲ႕ ဟာသဆန္ဆန္ျဖစ္ရပ္ ျဖစ္ပြားခဲ့တဲ့ ၿပိဳင္ပြဲလည္းျဖစ္တယ္။ ရံႈးထြက္ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ေပၚတူဂီအသင္းနဲ႔ နယ္သာလန္အသင္းတို႔ရဲ႕ ပြဲစဥ္ဟာ ၾကမ္းတမ္းတဲ့ ကစားပံုေတြေၾကာင့္ အက်ဥ္းတန္ခဲ့တဲ့ ပြဲစဥ္တစ္ပြဲျဖစ္ခဲ့ၿပီး တစ္ဖက္ကို ကစားသမား (၂)ေယာက္စီ ထုတ္ပယ္ခံရကာ ေပၚတူဂီအသင္းက မန္နစ္ခ်ီရဲ႕ တစ္လံုးတည္းေသာဂိုးနဲ႔ အႏုိင္ရခဲ့တယ္။ ကြာတားဖိုင္နယ္ပြဲစဥ္ေတြမွာ ျပင္သစ္အသင္းက လက္ရွိခ်န္ပီယံ ဘရာဇီးလ္အသင္းကို (၁-၀)ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး အီတလီအသင္းက ယူကရိန္းအသင္းကို (၃-၀)ဂိုးနဲ႔ အႏုိင္ရခဲ့တဲ့ ပြဲစဥ္ေတြသာ မိနစ္ (၉၀)အတြင္း အေျဖထြက္ခဲ့ၿပီး ဂ်ာမနီနဲ႔ အာဂ်င္တီးနားပြဲစဥ္၊ ေပၚတူဂီနဲ႔ အဂၤလန္ပြဲစဥ္ေတြက ပယ္နယ္တီအဆံုးအျဖတ္အထိ ေရာက္ရွိခဲ့တယ္။ ပယ္နယ္တီအဆံုးအျဖတ္မွာ ဂ်ာမနီအသင္းနဲ႔ ေပၚတူဂီအသင္းတို႔ ၿပိဳင္ဘက္အသင္းေတြကို အႏိုင္ရခဲ့ၿပီး ဆီးမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ခဲ့တယ္။

Portugal-Vs-Netherlands-match

Portugal-Vs-Netherlands-match

ဆီမီးဖိုင္နယ္အဆင့္မွာ အိမ္ရွင္ဂ်ာမနီနဲ႔ အီတလီ၊ ျပင္သစ္နဲ႔ ေပၚတူဂီအသင္းတို႔ ထိပ္တိုက္ေတြ႔ဆံုခဲ့ၿပီး အီတလီအသင္းက အိမ္ရွင္ဂ်ာမနီအသင္းကို အခ်ိန္ပိုသြင္းဂိုးေတြနဲ႔ အႏိုင္ရရွိခဲ့ၿပီး ျပင္သစ္အသင္းက ေပၚတူဂီအသင္းကို (၁-၀)ဂိုးနဲ႔ အႏုိင္ရရွိခဲ့တယ္။ ေနာက္ဆံုးဗိုလ္လုပြဲကို အီတလီအသင္းနဲ႔ ျပင္သစ္အသင္းတို႔ တက္ေရာက္ခဲ့ၿပီး ျပင္သစ္အသင္းရဲ႕ အသင္းေခါင္ေဆာင္ ဇီဒန္းရဲ႕ ဒရမ္မာဆန္ဆန္ျဖစ္ရပ္ေၾကာင့္ နာမည္ေက်ာ္ခဲ့တဲ့ ဗိုလ္လုပြဲတစ္ပြဲျဖစ္ခဲ့တယ္။ အီတလီအသင္းကို ပယ္နယ္တီကတစ္ဆင့္ ဦးေဆာင္ဂိုး သြင္းယူေပးကာ သူရဲေကာင္းတစ္ဦးျဖစ္ခဲ့ေပမယ့္ အီတလီေနာက္ခံလူ မာတာရာဇီကို ေခါင္းနဲ႔ တိုက္ခဲ့လုိ႔ တိုက္ရိုက္အနီကတ္ျပ ထုတ္ပယ္ခံခဲ့ရၿပီး ဗီလိန္ျဖစ္ခဲ့တယ္။ မာတာရာဇီရဲ႕ ေခ်ပဂိုးေၾကာင့္ အခ်ိန္ပိုဆက္လက္ ကစားခဲ့ရၿပီး တစ္ဖက္နဲ႔ တစ္ဖက္ဂိုးထပ္မံမသြင္းယူႏိုင္လို႔ ပယ္နယ္တီအဆံုးအျဖတ္ ခံယူခဲ့ရတယ္။ ပယ္နယ္တီအဆံုးအျဖတ္ ခံယူရာမွာ အီတလီအသင္းက (၅)ဂိုးလံုး ဝင္ေအာင္ကန္သြင္းႏိုင္ခဲ့ၿပီး ျပင္သစ္အသင္းကေတာ့ နာမည္ေက်ာ္ တိုက္စစ္မွဴး ထရာဇီေဂး လြဲေခ်ာ္ခဲ့လို႔ (၅-၃)ဂိုးနဲ႔ ရံႈးနိမ့္ခဲ့တယ္။ အီတလီအသင္းဟာ ကမၻာ႔ဖလားခ်န္ပီယံဆုကို (၄)ႀကိမ္ေျမာက္ ရယူႏိုင္ခဲ့ၿပီး ဘရာဇီးလ္အသင္းအၿပီး ၿပိဳင္ပြဲရဲ႕ အေအာင္ျမင္ဆံုးအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းေတြကို ၿပိဳင္ပြဲက်င္းပခဲ့တဲ့ ႏွစ္အလိုက္ အပိုင္းျဖင့္ ေန႔စဥ္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။ အပိုင္း (၁၉)ကို ေနာက္ရက္မွာ ဆက္လက္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္ . . .

Zidane-and-Materazzi-battle

Zidane-and-Materazzi-battle

၂၀၀၆ ကမၻာ႔ဖလားၿပိဳင္ပြဲ အက်ဥ္းခ်ဳပ္

Host Country – Germany
Dates – 9 June – 9 July
Teams – 32 (from 6 confederations)
Venue(s) – 12 (in 12 host cities)
Champions – Italy (4th title)
Runners-Up – France
Third Place – Germany
Fourth Place – Portugal
Matches Played – 64
Goals Scored – 147 (2.3 per match)
Attendance – 3,359,439 (52,491 per match)
Top Scorer(s) –  Miroslav Klose (Germany) – (5) goals
Best Player – Zinedine Zidane (France)
Best Young Player – Lukas Podolski (Germany)
Best Goalkeeper – Gianluigi Buffon (Italy)
Fair Play Award – Brazil, Spain

REF:Wikipedia
Photo:YouTube, Z103.5, These Football Times, Heywise
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းများ အပိုင်း (၁၈)

၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲ

၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဥရောပဘောလုံးအင်အားကြီး ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့ပြီး သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် လက်ခံကျင်းပခွင့်ကို ရရှိခဲ့တာဖြစ်တယ်။ အချိန်ပို “ရွှေဂိုး”စနစ်ကို ဖျက်သိမ်းခဲ့ပြီး မိနစ် (၃၀)အပြည့်ကစားရတဲ့ “ငွေဂိုး”စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့တဲ့ ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ အုပ်စုပွဲစဉ်တစ်ပွဲဖြစ်တဲ့ ခရိုအေးရှားအသင်းနဲ့ သြစတြေးလျအသင်းတို့ ပွဲစဉ်မှာ ခရိုအေးရှားနောက်ခံလူ ဆီမြူနစ်ကို အဝါကတ် (၃)ကြိမ်ပြပြီးမှ အနီကတ်ပြထုတ်ပယ်ခဲ့တဲ့ အင်္ဂလန်ဒိုင်လူကြီး ဂရေဟမ်ပူးလ်ရဲ့ ဟာသဆန်ဆန်ဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ ပြိုင်ပွဲလည်းဖြစ်တယ်။ ရှုံးထွက်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ နယ်သာလန်အသင်းတို့ရဲ့ ပွဲစဉ်ဟာ ကြမ်းတမ်းတဲ့ ကစားပုံတွေကြောင့် အကျဉ်းတန်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး တစ်ဖက်ကို ကစားသမား (၂)ယောက်စီ ထုတ်ပယ်ခံရကာ ပေါ်တူဂီအသင်းက မန်နစ်ချီရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တယ်။ ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ပြင်သစ်အသင်းက လက်ရှိချန်ပီယံ ဘရာဇီးလ်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပြီး အီတလီအသင်းက ယူကရိန်းအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေသာ မိနစ် (၉၀)အတွင်း အဖြေထွက်ခဲ့ပြီး ဂျာမနီနဲ့ အာဂျင်တီးနားပွဲစဉ်၊ ပေါ်တူဂီနဲ့ အင်္ဂလန်ပွဲစဉ်တွေက ပယ်နယ်တီအဆုံးအဖြတ်အထိ ရောက်ရှိခဲ့တယ်။ ပယ်နယ်တီအဆုံးအဖြတ်မှာ ဂျာမနီအသင်းနဲ့ ပေါ်တူဂီအသင်းတို့ ပြိုင်ဘက်အသင်းတွေကို အနိုင်ရခဲ့ပြီး ဆီးမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တယ်။

Portugal-Vs-Netherlands-match

Portugal-Vs-Netherlands-match

ဆီမီးဖိုင်နယ်အဆင့်မှာ အိမ်ရှင်ဂျာမနီနဲ့ အီတလီ၊ ပြင်သစ်နဲ့ ပေါ်တူဂီအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အီတလီအသင်းက အိမ်ရှင်ဂျာမနီအသင်းကို အချိန်ပိုသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး ပြင်သစ်အသင်းက ပေါ်တူဂီအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရရှိခဲ့တယ်။ နောက်ဆုံးဗိုလ်လုပွဲကို အီတလီအသင်းနဲ့ ပြင်သစ်အသင်းတို့ တက်ရောက်ခဲ့ပြီး ပြင်သစ်အသင်းရဲ့ အသင်းခေါင်ဆောင် ဇီဒန်းရဲ့ ဒရမ်မာဆန်ဆန်ဖြစ်ရပ်ကြောင့် နာမည်ကျော်ခဲ့တဲ့ ဗိုလ်လုပွဲတစ်ပွဲဖြစ်ခဲ့တယ်။ အီတလီအသင်းကို ပယ်နယ်တီကတစ်ဆင့် ဦးဆောင်ဂိုး သွင်းယူပေးကာ သူရဲကောင်းတစ်ဦးဖြစ်ခဲ့ပေမယ့် အီတလီနောက်ခံလူ မာတာရာဇီကို ခေါင်းနဲ့ တိုက်ခဲ့လို့ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး ဗီလိန်ဖြစ်ခဲ့တယ်။ မာတာရာဇီရဲ့ ချေပဂိုးကြောင့် အချိန်ပိုဆက်လက် ကစားခဲ့ရပြီး တစ်ဖက်နဲ့ တစ်ဖက်ဂိုးထပ်မံမသွင်းယူနိုင်လို့ ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရတယ်။ ပယ်နယ်တီအဆုံးအဖြတ် ခံယူရာမှာ အီတလီအသင်းက (၅)ဂိုးလုံး ဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး ပြင်သစ်အသင်းကတော့ နာမည်ကျော် တိုက်စစ်မှူး ထရာဇီဂေး လွဲချော်ခဲ့လို့ (၅-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။ အီတလီအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို (၄)ကြိမ်မြောက် ရယူနိုင်ခဲ့ပြီး ဘရာဇီးလ်အသင်းအပြီး ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတွေကို ပြိုင်ပွဲကျင်းပခဲ့တဲ့ နှစ်အလိုက် အပိုင်းဖြင့် နေ့စဉ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁၉)ကို နောက်ရက်မှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် . . .

Grosso-panelty-kick

Grosso-panelty-kick

၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အကျဉ်းချုပ်

Host Country – Germany
Dates – 9 June – 9 July
Teams – 32 (from 6 confederations)
Venue(s) – 12 (in 12 host cities)
Champions – Italy (4th title)
Runners-Up – France
Third Place – Germany
Fourth Place – Portugal
Matches Played – 64
Goals Scored – 147 (2.3 per match)
Attendance – 3,359,439 (52,491 per match)
Top Scorer(s) –  Miroslav Klose (Germany) – (5) goals
Best Player – Zinedine Zidane (France)
Best Young Player – Lukas Podolski (Germany)
Best Goalkeeper – Gianluigi Buffon (Italy)
Fair Play Award – Brazil, Spain

REF:Wikipedia
Photo:YouTube, Z103.5, These Football Times, Heywise
Aung Kyaw Wai (Akhayar)
www.akhayar.com