This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းမ်ား အပိုင္း (၁၇)

၂၀၀၂ ကမၻာ႔ဖလားၿပိဳင္ပြဲ

အာရွတိုက္မွာ ပထမဆံုးအႀကိမ္ က်င္းပျပဳလုပ္ခဲ့တဲ့ ၿပိဳင္ပြဲျဖစ္သလို ပထမဆံုးအႀကိမ္ (၂)ႏိုင္ငံ ပူးတြဲက်င္းပခဲ့တဲ့ ၿပိဳင္ပြဲလည္းျဖစ္တယ္။ အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ကို ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ႏိုင္ငံတို႔က ရရွိခဲ့ၿပီး ေျခစစ္ပြဲ ၀င္ေရာက္ယွဥ္ၿပိဳင္တဲ့ ႏိုင္ငံေပါင္း (၁၉၉)ႏိုင္ငံအထိ ရွိခဲ့တယ္။ လက္ရွိခ်န္ပီယံျပင္သစ္အသင္း အုပ္စုအဖြင့္ပြဲမွာတင္ ပထမဆံုးအႀကိမ္ ေျခစစ္ပြဲေအာင္လာတဲ့ အာဖရိကတိုက္က ဆီနီေဂါအသင္းကို (၁-၀)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ၿပီး အုပ္စုပြဲစဥ္ေတြ အကုန္လံုး ကစားၿပီးမွာေတာ့ ရမွတ္ (၁)မွတ္သာ ရရွိကာ အုပ္စုအဆင့္ကေန အရွက္တကြဲ ထြက္ခြာခဲ့ရတယ္။ ျပင္သစ္အသင္းအေနနဲ႔ အုပ္စုအဆင့္ကေန ပထမဆံုးထြက္ခြာခဲ့ရတဲ့ လက္ရွိခ်န္ပီယံအသင္းဆိုတဲ့ မွတ္တမ္းဆိုးကိုရရွိခဲ့တယ္။

France-Vs-Senegal-Match

France-Vs-Senegal-Match

ပူးတြဲအိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့တဲ့ ႏိုင္ငံ (၂)ႏိုင္ငံမွာ ဂ်ပန္အသင္းရဲ႕ ပြဲစဥ္ေတြဟာ မွ်တခဲ့ေပမယ့္ ေတာင္ကိုရီးယားအသင္းရဲ႕ ပြဲစဥ္ေတြကေတာ့ အျငင္းပြားဖြယ္ ဆံုးျဖတ္ခ်က္ေတြနဲ႔ ျပည့္ႏွက္ေနခဲ့တယ္။ နာမည္ႀကီး အီတလီအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္ကို ကိုင္တြယ္ခဲ့တဲ့ အီေကြေဒါကြင္းလယ္ဒိုင္ ေမာ္ရီႏိုရဲ႕ အျငင္းပြားဖြယ္ ဆံုးျဖတ္ခ်က္ေတြေၾကာင့္ ေတာင္ကိုရီးယားအသင္း ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့သလို ကြာတားဖိုင္နယ္အဆင့္မွာလည္း အျငင္းပြားဖြယ္ဆံုးျဖတ္ခ်က္တခ်ိဳ႕နဲ႔ စပိန္အသင္းကို ပယ္နယ္တီအဆံုးအျဖတ္မွာ အႏိုင္ယူႏိုင္ခဲ့တယ္။ ကြာတားဖိုင္နယ္အဆင့္မွာ နာမည္ႀကီး အဂၤလန္အသင္းနဲ႔ ဘရာဇီးလ္အသင္းတို႔ ထိပ္တိုက္ေတြ႔ဆံုခဲ့ၿပီး ေရာ္နယ္လ္ဒင္ဟိုရဲ႕ နာမည္ေက်ာ္ ဖရီးကစ္ကန္ခ်က္ေၾကာင့္ အဂၤလန္တို႔ အိမ္ျပန္ခဲ့ရတယ္။ ဆီမီးဖိုင္နယ္အဆင့္ကိုေတာ့ ေတာင္ကိုရီးယား၊ ဂ်ာမနီ၊ ဘရာဇီးလ္နဲ႔ တူရကီအသင္းေတြ တက္ေရာက္ႏိုင္ခဲ့ၿပီး ေတာင္ကိုရီးယားနဲ႔ ဂ်ာမနီ၊ ဘရာဇီးလ္နဲ႔ တူရကီတို႔ ေတြ႔ဆံုခဲ့တယ္။ ဒီတစ္ႀကိမ္မွာေတာ့ ဂ်ာမနီအသင္းကို ေတာင္ကိုရီးယားတို႔ မေက်ာ္ျဖတ္ႏိုင္ခဲ့လို႔ တတိယလုပြဲနဲ႔ပဲ ေက်နပ္ခဲ့ရတယ္။ ဘရာဇီးလ္အသင္းနဲ႔ တူရကီအသင္းတို႔ရဲ႕ ပြဲစဥ္မွာေတာ့ ဘရာဇီးလ္အသင္းက (၁-၀)ဂိုးနဲ႔ အႏိုင္ရၿပီး ေနာက္ဆံုးဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တယ္။

Korea-Vs-Italy-Match

Korea-Vs-Italy-Match

ေနာက္ဆံုးဗိုလ္လုပြဲအျဖစ္ ကစားခဲ့တဲ့ ဂ်ာမနီအသင္းနဲ႔ ဘရာဇီးလ္အသင္းတို႔ရဲ႕ ပြဲစဥ္မွာေတာ့ ဘရာဇီးလ္အသင္းက တိုက္စစ္မွဴး ေရာ္နယ္လ္ဒိုရဲ႕ သြင္းဂိုး (၂)ဂိုးနဲ႔ အႏုိင္ရရွိခဲ့ၿပီး (၅)ႀကိမ္ေျမာက္ ကမၻာ႔ဖလားခ်န္ပီယံဆုကို ရယူႏိုင္ခဲ့တယ္။ တတိယေနရာလုပြဲအျဖစ္ ကစားခဲ့တဲ့ အိမ္ရွင္ေတာင္ကိုရီးယားအသင္းနဲ႔ တူရကီအသင္းတို႔ရဲ႕ ပြဲစဥ္မွာေတာ့ တူရကီအသင္းက (၃-၂)ဂိုးနဲ႔ အႏုိင္ရၿပီး တတိယေနရာကို ရယူႏိုင္ခဲ့တယ္။ ေတာင္ကိုရီးယားအသင္းဟာ အာရွကိုယ္စားျပဳအသင္းေတြထဲမွာ ဆီမီးဖိုင္နယ္အဆင့္ကို ပထမဆံုး တက္ေရာက္ႏိုင္ခဲ့တဲ့ အသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့သလို ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ အေအာင္ျမင္ဆံုး အာရွကိုယ္စားျပဳအသင္းလည္း ျဖစ္ခဲ့တယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းေတြကို ၿပိဳင္ပြဲက်င္းပခဲ့တဲ့ ႏွစ္အလိုက္ အပိုင္းျဖင့္ ေန႔စဥ္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။ အပိုင္း (၁၈)ကို ေနာက္ရက္မွာ ဆက္လက္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္ . . .

Ronaldo-scores

Ronaldo-scores

၂၀၀၂ ကမၻာ႔ဖလားၿပိဳင္ပြဲ အက်ဥ္းခ်ဳပ္

Host Countries – Japan, South Korea
Dates – 31 May – 30 June
Teams – 32 (from 5 confederations)
Venue(s) – 20 (in 20 host cities)
Champions – Brazil (5th title)
Runners-Up – Germany
Third Place – Turkey
Fourth Place – South Korea
Matches Played – 64
Goals Scored – 161 (2.52 per match)
Attendance – 2,705,197 (42,269 per match)
Top Scorer(s) – Brazil Ronaldo (8 goals)
Best Player – Oliver Kahn (Germany)
Best Young Player – Landon Donovan (United States)
Best Goalkeeper – Oliver Kahn (Germany)
Fair Play Award – Belgium

REF:Wikipedia
Photo:ESPN, Bleacher Report, ChimpSports, Seafoodnet
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းများ အပိုင်း (၁၇)

၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲ

အာရှတိုက်မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲဖြစ်သလို ပထမဆုံးအကြိမ် (၂)နိုင်ငံ ပူးတွဲကျင်းပခဲ့တဲ့ ပြိုင်ပွဲလည်းဖြစ်တယ်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က ရရှိခဲ့ပြီး ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံပေါင်း (၁၉၉)နိုင်ငံအထိ ရှိခဲ့တယ်။ လက်ရှိချန်ပီယံပြင်သစ်အသင်း အုပ်စုအဖွင့်ပွဲမှာတင် ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်လာတဲ့ အာဖရိကတိုက်က ဆီနီဂေါအသင်းကို (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အုပ်စုပွဲစဉ်တွေ အကုန်လုံး ကစားပြီးမှာတော့ ရမှတ် (၁)မှတ်သာ ရရှိကာ အုပ်စုအဆင့်ကနေ အရှက်တကွဲ ထွက်ခွာခဲ့ရတယ်။ ပြင်သစ်အသင်းအနေနဲ့ အုပ်စုအဆင့်ကနေ ပထမဆုံးထွက်ခွာခဲ့ရတဲ့ လက်ရှိချန်ပီယံအသင်းဆိုတဲ့ မှတ်တမ်းဆိုးကိုရရှိခဲ့တယ်။

France-Vs-Senegal-Match

France-Vs-Senegal-Match

ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ နိုင်ငံ (၂)နိုင်ငံမှာ ဂျပန်အသင်းရဲ့ ပွဲစဉ်တွေဟာ မျှတခဲ့ပေမယ့် တောင်ကိုရီးယားအသင်းရဲ့ ပွဲစဉ်တွေကတော့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ နာမည်ကြီး အီတလီအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကို ကိုင်တွယ်ခဲ့တဲ့ အီကွေဒေါကွင်းလယ်ဒိုင် မော်ရီနိုရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကြောင့် တောင်ကိုရီးယားအသင်း ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့သလို ကွာတားဖိုင်နယ်အဆင့်မှာလည်း အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တချို့နဲ့ စပိန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူနိုင်ခဲ့တယ်။ ကွာတားဖိုင်နယ်အဆင့်မှာ နာမည်ကြီး အင်္ဂလန်အသင်းနဲ့ ဘရာဇီးလ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ရော်နယ်လ်ဒင်ဟိုရဲ့ နာမည်ကျော် ဖရီးကစ်ကန်ချက်ကြောင့် အင်္ဂလန်တို့ အိမ်ပြန်ခဲ့ရတယ်။ ဆီမီးဖိုင်နယ်အဆင့်ကိုတော့ တောင်ကိုရီးယား၊ ဂျာမနီ၊ ဘရာဇီးလ်နဲ့ တူရကီအသင်းတွေ တက်ရောက်နိုင်ခဲ့ပြီး တောင်ကိုရီးယားနဲ့ ဂျာမနီ၊ ဘရာဇီးလ်နဲ့ တူရကီတို့ တွေ့ဆုံခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ဂျာမနီအသင်းကို တောင်ကိုရီးယားတို့ မကျော်ဖြတ်နိုင်ခဲ့လို့ တတိယလုပွဲနဲ့ပဲ ကျေနပ်ခဲ့ရတယ်။ ဘရာဇီးလ်အသင်းနဲ့ တူရကီအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဘရာဇီးလ်အသင်းက (၁-ဝ)ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တယ်။

Korea-Vs-Italy-Match

Korea-Vs-Italy-Match

နောက်ဆုံးဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ ဂျာမနီအသင်းနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဘရာဇီးလ်အသင်းက တိုက်စစ်မှူး ရော်နယ်လ်ဒိုရဲ့ သွင်းဂိုး (၂)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး (၅)ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့တယ်။ တတိယနေရာလုပွဲအဖြစ် ကစားခဲ့တဲ့ အိမ်ရှင်တောင်ကိုရီးယားအသင်းနဲ့ တူရကီအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ တူရကီအသင်းက (၃-၂)ဂိုးနဲ့ အနိုင်ရပြီး တတိယနေရာကို ရယူနိုင်ခဲ့တယ်။ တောင်ကိုရီးယားအသင်းဟာ အာရှကိုယ်စားပြုအသင်းတွေထဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အာရှကိုယ်စားပြုအသင်းလည်း ဖြစ်ခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတွေကို ပြိုင်ပွဲကျင်းပခဲ့တဲ့ နှစ်အလိုက် အပိုင်းဖြင့် နေ့စဉ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁၈)ကို နောက်ရက်မှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် . . .

Ronaldo-scores

Ronaldo-scores

၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အကျဉ်းချုပ်

Host Countries – Japan, South Korea
Dates – 31 May – 30 June
Teams – 32 (from 5 confederations)
Venue(s) – 20 (in 20 host cities)
Champions – Brazil (5th title)
Runners-Up – Germany
Third Place – Turkey
Fourth Place – South Korea
Matches Played – 64
Goals Scored – 161 (2.52 per match)
Attendance – 2,705,197 (42,269 per match)
Top Scorer(s) – Brazil Ronaldo (8 goals)
Best Player – Oliver Kahn (Germany)
Best Young Player – Landon Donovan (United States)
Best Goalkeeper – Oliver Kahn (Germany)
Fair Play Award – Belgium

REF:Wikipedia
Photo:ESPN, Bleacher Report, ChimpSports, Seafoodnet
Aung Kyaw Wai (Akhayar)
www.akhayar.com