This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းမ်ား အပိုင္း (၁၆)

၁၉၉၈ ကမၻာ႔ဖလားၿပိဳင္ပြဲ

ၿပိဳင္ပြဲ၀င္ အသင္းအေရအတြက္ (၃၂)သင္းကို စတင္ေျပာင္းလဲခဲ့တဲ့ ၿပိဳင္ပြဲျဖစ္ၿပီး ျပင္သစ္ႏိုင္ငံက ဒုတိယအႀကိမ္ေျမာက္ အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ကို ရရွိခဲ့တယ္။ ၿပိဳင္ပြဲက်င္းပပံုအဆင့္ဆင့္ကိုလည္း လက္ရွိက်င္းပေနတဲ့ ပံုစံအတိုင္း ေျပာင္းလဲက်င္းပခဲ့ၿပီး ေရႊဂိုးစနစ္ကို စတင္အသံုးျပဳခဲ့တဲ့ ၿပိဳင္ပြဲျဖစ္တယ္။ ေျခစစ္ပြဲကို ႏိုင္ငံေပါင္း (၁၇၄)ႏိုင္ငံမွ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ၿပိဳင္ပြဲကို ပထမဆံုးအႀကိမ္ ေျခစစ္ပြဲေအာင္ျမင္ကာ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့တဲ့ ခရိုေအးရွားအသင္း ေျခစြမ္းျပခဲ့တဲ့ ၿပိဳင္ပြဲျဖစ္တယ္။ နာမည္ေက်ာ္ တိုက္စစ္မွဴး ေဒဗာဆူကာရဲ႕ ဦးေဆာင္မႈနဲ႔အတူ ခရုိေအးရွားအသင္းဟာ ကြာတားဖိုင္နယ္အဆင့္မွာ နာမည္ႀကီး ဂ်ာမနီအသင္းကို (၃-၀)ဂိုးနဲ႔ ဂိုးျပတ္အႏိုင္ယူခဲ့ၿပီး ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ေပမယ့္ ဆီမီးဖိုင္နယ္မွာေတာ့ အိမ္ရွင္ျပင္သစ္အသင္းကို ရႈံးနိမ့္ခဲ့လို႔ တတိယေနရာလုပြဲနဲ႔ ေက်နပ္ခဲ့ရတယ္။ တတိယေနရာလုပြဲမွာလည္း နယ္သာလန္အသင္းကို (၂-၁)ဂိုးနဲ႔ အႏိုင္ယူကာ ခရိုေအးရွားအသင္း တတိယဆုကို ရရွိခဲ့ပါတယ္။

Robert-Jarni-Davor-Suker-and-Zvonimir-Boban-of-Croatia-celebrate

Robert-Jarni-Davor-Suker-and-Zvonimir-Boban-of-Croatia-celebrate

ဗိုလ္လုပြဲမွာေတာ့ အိမ္ရွင္ျပင္သစ္အသင္းနဲ႔ လက္ရွိခ်န္ပီယံ ဘရာဇီးလ္အသင္းတို႔ ေတြ႕ဆံုခဲ့ၿပီး ျပင္သစ္အသင္းက (၃-၀)ဂိုးနဲ႔ အႏိုင္ယူကာ ကမၻာ႔ဖလားကို ပထမဆံုးအႀကိမ္ ရယူႏိုင္ခဲ့တယ္။ အိမ္ရွင္ျပင္သစ္အသင္းဟာ ဗိုလ္လုပြဲအဆင့္ေရာက္မွ လက္ရွိခ်န္ပီယံ ဘရာဇီးလ္အသင္းနဲ႔ ေတြ႔ဆံုဖို႔အတြက္ ပြဲစဥ္ေရးဆြဲရာမွာ မသမာမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့တဲ့ ၿပိဳင္ပြဲလည္း ျဖစ္ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းေတြကို ၿပိဳင္ပြဲက်င္းပခဲ့တဲ့ ႏွစ္အလိုက္ အပိုင္းျဖင့္ ေန႔စဥ္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။ အပိုင္း (၁၇)ကို ေနာက္ရက္မွာ ဆက္လက္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္ . . .

France-and-Brazil-match

France-and-Brazil-match

၁၉၉၈ ကမၻာ႔ဖလားၿပိဳင္ပြဲ အက်ဥ္းခ်ဳပ္

Host Country – France
Dates – 10 June – 12 July (33 days)
Teams – 32 (from 5 confederations)
Venue(s) – 10 (in 10 host cities)
Champions – France (1st title)
Runners-Up – Brazil
Third Place – Croatia
Fourth Place – Netherlands
Matches Played – 64
Goals Scored – 171 (2.67 per match)
Attendance – 2,784,687 (43,511 per match)
Top Scorer(s) – Davor Šuker (Croatia) – 6 goals
Best Player – Ronaldo (Brazil)
Best Young Player – Michael Owen (England)
Best Goalkeeper – Fabien Barthez (France)
Fair Play Award – England, France

REF:Wikipedia
Photo:Life Of Madridista, Telegraph, Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းများ အပိုင်း (၁၆)

၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲ

ပြိုင်ပွဲဝင် အသင်းအရေအတွက် (၃၂)သင်းကို စတင်ပြောင်းလဲခဲ့တဲ့ ပြိုင်ပွဲဖြစ်ပြီး ပြင်သစ်နိုင်ငံက ဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ရရှိခဲ့တယ်။ ပြိုင်ပွဲကျင်းပပုံအဆင့်ဆင့်ကိုလည်း လက်ရှိကျင်းပနေတဲ့ ပုံစံအတိုင်း ပြောင်းလဲကျင်းပခဲ့ပြီး ရွှေဂိုးစနစ်ကို စတင်အသုံးပြုခဲ့တဲ့ ပြိုင်ပွဲဖြစ်တယ်။ ခြေစစ်ပွဲကို နိုင်ငံပေါင်း (၁၇၄)နိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်ကာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ခရိုအေးရှားအသင်း ခြေစွမ်းပြခဲ့တဲ့ ပြိုင်ပွဲဖြစ်တယ်။ နာမည်ကျော် တိုက်စစ်မှူး ဒေဗာဆူကာရဲ့ ဦးဆောင်မှုနဲ့အတူ ခရိုအေးရှားအသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ နာမည်ကြီး ဂျာမနီအသင်းကို (၃-ဝ)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် ဆီမီးဖိုင်နယ်မှာတော့ အိမ်ရှင်ပြင်သစ်အသင်းကို ရှုံးနိမ့်ခဲ့လို့ တတိယနေရာလုပွဲနဲ့ ကျေနပ်ခဲ့ရတယ်။ တတိယနေရာလုပွဲမှာလည်း နယ်သာလန်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ယူကာ ခရိုအေးရှားအသင်း တတိယဆုကို ရရှိခဲ့ပါတယ်။

Robert-Jarni-Davor-Suker-and-Zvonimir-Boban-of-Croatia-celebrate

Robert-Jarni-Davor-Suker-and-Zvonimir-Boban-of-Croatia-celebrate

ဗိုလ်လုပွဲမှာတော့ အိမ်ရှင်ပြင်သစ်အသင်းနဲ့ လက်ရှိချန်ပီယံ ဘရာဇီးလ်အသင်းတို့ တွေ့ဆုံခဲ့ပြီး ပြင်သစ်အသင်းက (၃-ဝ)ဂိုးနဲ့ အနိုင်ယူကာ ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တယ်။ အိမ်ရှင်ပြင်သစ်အသင်းဟာ ဗိုလ်လုပွဲအဆင့်ရောက်မှ လက်ရှိချန်ပီယံ ဘရာဇီးလ်အသင်းနဲ့ တွေ့ဆုံဖို့အတွက် ပွဲစဉ်ရေးဆွဲရာမှာ မသမာမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတွေကို ပြိုင်ပွဲကျင်းပခဲ့တဲ့ နှစ်အလိုက် အပိုင်းဖြင့် နေ့စဉ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁၇)ကို နောက်ရက်မှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် . . .

France-and-Brazil-match

France-and-Brazil-match

၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အကျဉ်းချုပ်

Host Country – France
Dates – 10 June – 12 July (33 days)
Teams – 32 (from 5 confederations)
Venue(s) – 10 (in 10 host cities)
Champions – France (1st title)
Runners-Up – Brazil
Third Place – Croatia
Fourth Place – Netherlands
Matches Played – 64
Goals Scored – 171 (2.67 per match)
Attendance – 2,784,687 (43,511 per match)
Top Scorer(s) – Davor Šuker (Croatia) – 6 goals
Best Player – Ronaldo (Brazil)
Best Young Player – Michael Owen (England)
Best Goalkeeper – Fabien Barthez (France)
Fair Play Award – England, France

REF:Wikipedia
Photo:Life Of Madridista, Telegraph, Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com