This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းမ်ား အပိုင္း (၁၅)

၁၉၉၄ ကမၻာ႔ဖလားၿပိဳင္ပြဲ

အေမရိကန္ႏိုင္ငံက ကမၻာ႔ဖလား သမိုင္းတစ္ေလွ်ာက္ ပထမဆံုးအႀကိမ္ အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ကို ရရွိခဲ့ၿပီး တစ္ပြဲ ပွ်မ္းမွ်ပရိသတ္ (၇၀၀၀၀)နီးပါးအထိရွိခဲ့လို႔ ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ပရိသတ္အမ်ားဆံုး ၾကည့္ရႈတဲ့ ၿပိဳင္ပြဲအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။ အခုတစ္ႀကိမ္ၿပိဳင္ပြဲမွာလည္း ေျပာင္းလဲမႈေတြ အေျမာက္အမ်ားရွိခဲ့တယ္။ ႏိုင္ပြဲ (၁)ပြဲကို (၃)မွတ္ စတင္သတ္မွတ္ခဲ့တဲ့ ၿပိဳင္ပြဲျဖစ္ၿပီး ကစားသမားေတြရဲ႕ ဂ်ာစီမွာ နာမည္ေရးထိုးျခင္းကို ပထမဆံုးအႀကိမ္ျပဳလုပ္ခဲ့တဲ့ ၿပိဳင္ပြဲျဖစ္တယ္။ ၿပိဳင္ပြဲတစ္ေလွ်ာက္ ေနရာလိုက္ အေကာင္းဆံုး ကစားသမားေတြကို ေရြးခ်ယ္ကာ အေကာင္းဆံုးအသင္း (All Star)ကို စတင္ေရြးခ်ယ္မႈ ျပဳလုပ္ခဲ့တဲ့ ၿပိဳင္ပြဲလည္းျဖစ္ခဲ့တယ္။

Colombia-defender-Escobar-own-goal

Colombia-defender-Escobar-own-goal

အုပ္စုပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ အိမ္ရွင္အေမရိကန္နဲ႔ ကိုလံဘီယာတို႔ရဲ႕ ပြဲစဥ္မွာ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့ ကိုလံဘီယာေနာက္ခံလူ အက္စ္ကိုးဘား မိခင္ႏိုင္ငံကို ျပန္လည္ေရာက္ရွိၿပီး (၅)ရက္အၾကာမွာပဲ ေသနတ္သမားေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ အသက္ဆံုးရံႈးခဲ့ရၿပီး လက္ရွိအခ်ိန္အထိ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ ၀မ္းနည္းဖြယ္ျဖစ္ရပ္တစ္ခု ျဖစ္ခဲ့တယ္။ ဗိုလ္လုပြဲကို ဘရာဇီးလ္အသင္းနဲ႔ အီတလီအသင္းတို႔ တက္ေရာက္ႏိုင္ခဲ့ၿပီး ပယ္နယ္တီအဆံုးအျဖတ္အထိ ခံယူခဲ့ရကာ ပထမဆံုး ပယ္နယ္တီအဆံုးအျဖတ္ ခံယူခဲ့ရတဲ့ ဗိုလ္လုပြဲအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ ပယ္နယ္တီအဆံုးအျဖတ္ ခံယူရာမွာေတာ့ အီတလီအသင္းရဲ႕ နာမည္ေက်ာ္ တိုက္စစ္မွဴး ဘက္ဂီယုိရဲ႕ ကန္ခ်က္ လြဲေခ်ာ္ခဲ့လို႔ ဘရာဇီးလ္အသင္းက (၃-၂)ဂိုးနဲ႔ အႏိုင္ရကာ (၄)ႀကိမ္ေျမာက္ ကမၻာ႔ခ်န္ပီယံဆုကို ရရွိတဲ့ အသင္းအျဖစ္ မွတ္တမ္း၀င္ႏုိင္ခဲ့တယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းေတြကို ၿပိဳင္ပြဲက်င္းပခဲ့တဲ့ ႏွစ္အလိုက္ အပိုင္းျဖင့္ ေန႔စဥ္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။ အပိုင္း (၁၆)ကို ေနာက္ရက္မွာ ဆက္လက္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္ . . .

Baggio-panelty-missed-by-shooting-it-over-the-crossbar

Baggio-panelty-missed-by-shooting-it-over-the-crossbar

၁၉၉၄ ကမၻာ႔ဖလားၿပိဳင္ပြဲ အက်ဥ္းခ်ဳပ္

Host Country – United States
Dates – 17 June – 17 July (31 days)
Teams – 24 (from 5 confederations)
Venue(s) – 9 (in 9 host cities)
Champions – Brazil (4th title)
Runners-Up – Italy
Third Place – Sweden
Fourth Place – Bulgaria
Matches Played – 52
Goals Scored – 141 (2.71 per match)
Attendance – 3,587,538 (68,991 per match)
Top Scorer(s) – Hristo Stoichkov (Bulgaria), Oleg Salenko (Russia) – 6 goals each
Best Player – Romário (Brazil)
Best Young Player – Marc Overmars (Netherlands)
Best Goalkeeper – Michel Preud’homme (Belgium)
Fair Play Award – Brazil

REF:Wikipedia
Photo:isvdb, LA Galaxy, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းများ အပိုင်း (၁၅)

၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲ

အမေရိကန်နိုင်ငံက ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ရရှိခဲ့ပြီး တစ်ပွဲ ပျှမ်းမျှပရိသတ် (၇၀၀၀၀)နီးပါးအထိရှိခဲ့လို့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပရိသတ်အများဆုံး ကြည့်ရှုတဲ့ ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ အခုတစ်ကြိမ်ပြိုင်ပွဲမှာလည်း ပြောင်းလဲမှုတွေ အမြောက်အများရှိခဲ့တယ်။ နိုင်ပွဲ (၁)ပွဲကို (၃)မှတ် စတင်သတ်မှတ်ခဲ့တဲ့ ပြိုင်ပွဲဖြစ်ပြီး ကစားသမားတွေရဲ့ ဂျာစီမှာ နာမည်ရေးထိုးခြင်းကို ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲဖြစ်တယ်။ ပြိုင်ပွဲတစ်လျှောက် နေရာလိုက် အကောင်းဆုံး ကစားသမားတွေကို ရွေးချယ်ကာ အကောင်းဆုံးအသင်း (All Star)ကို စတင်ရွေးချယ်မှု ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲလည်းဖြစ်ခဲ့တယ်။

Colombia-defender-Escobar-own-goal

Colombia-defender-Escobar-own-goal

အုပ်စုပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အိမ်ရှင်အမေရိကန်နဲ့ ကိုလံဘီယာတို့ရဲ့ ပွဲစဉ်မှာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ ကိုလံဘီယာနောက်ခံလူ အက်စ်ကိုးဘား မိခင်နိုင်ငံကို ပြန်လည်ရောက်ရှိပြီး (၅)ရက်အကြာမှာပဲ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး လက်ရှိအချိန်အထိ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်။ ဗိုလ်လုပွဲကို ဘရာဇီးလ်အသင်းနဲ့ အီတလီအသင်းတို့ တက်ရောက်နိုင်ခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်အထိ ခံယူခဲ့ရကာ ပထမဆုံး ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရတဲ့ ဗိုလ်လုပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပယ်နယ်တီအဆုံးအဖြတ် ခံယူရာမှာတော့ အီတလီအသင်းရဲ့ နာမည်ကျော် တိုက်စစ်မှူး ဘက်ဂီယိုရဲ့ ကန်ချက် လွဲချော်ခဲ့လို့ ဘရာဇီးလ်အသင်းက (၃-၂)ဂိုးနဲ့ အနိုင်ရကာ (၄)ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဆုကို ရရှိတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတွေကို ပြိုင်ပွဲကျင်းပခဲ့တဲ့ နှစ်အလိုက် အပိုင်းဖြင့် နေ့စဉ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁၆)ကို နောက်ရက်မှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် . . .

Baggio-panelty-missed-by-shooting-it-over-the-crossbar

Baggio-panelty-missed-by-shooting-it-over-the-crossbar

၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အကျဉ်းချုပ်

Host Country – United States
Dates – 17 June – 17 July (31 days)
Teams – 24 (from 5 confederations)
Venue(s) – 9 (in 9 host cities)
Champions – Brazil (4th title)
Runners-Up – Italy
Third Place – Sweden
Fourth Place – Bulgaria
Matches Played – 52
Goals Scored – 141 (2.71 per match)
Attendance – 3,587,538 (68,991 per match)
Top Scorer(s) – Hristo Stoichkov (Bulgaria), Oleg Salenko (Russia) – 6 goals each
Best Player – Romário (Brazil)
Best Young Player – Marc Overmars (Netherlands)
Best Goalkeeper – Michel Preud’homme (Belgium)
Fair Play Award – Brazil

REF:Wikipedia
Photo:isvdb, LA Galaxy, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com