This Football update is proudly sponsored by Telenor Myanmar.

[Zawgyi]










Host Country – Italy
Runners-Up – Argentina
Third Place – Italy
Fourth Place – England
Matches Played – 52

REF:Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com

အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းများ အပိုင်း (၁၄)

၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲ

မက္ကဆီကိုနိုင်ငံအပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို အီတလီနိုင်ငံက ရရှိခဲ့တယ်။ ဇုန်ပေါင်းစုံက နိုင်ငံပေါင်း (၁၁၆)နိုင်ငံအထိ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်လာတဲ့ အသင်းတွေထဲက ဥရောပကိုယ်စားပြု အသင်းတစ်သင်းဖြစ်တဲ့ အိုင်ယာလန်အသင်း ခြေစွမ်းကောင်းတွေ ပြသကာ ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့တယ်။ ဆီမီးဖိုင်နယ်အဆင့်မှာ အိမ်ရှင် အီတလီနဲ့ အာဂျင်တီးနား၊ အနောက်ဂျာမနီနဲ့ အင်္ဂလန်တို့ ထပ်တိုက်တွေ့ဆုံခဲ့ကြပြီး (၂)ပွဲစလုံး အချိန်ပိုပြီးဆုံးချိန်အထိ (၁-၁)ဂိုးစီ သရေကျနေခဲ့လို့ ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ကြရတယ်။

1980-World-Cup-Final-Match

1980-World-Cup-Final-Match

ပယ်နယ်တီ အဆုံးအဖြတ်မှာ အာဂျင်တီးနားအသင်းနဲ့ အနောက်ဂျာမနီအသင်းတို့ ပြိုင်ဘက်အသင်းတွေကို အနိုင်ရခဲ့ပြီး ပြီးခဲ့တဲ့ ၁၉၈၆ ဗိုလ်လုပွဲအတိုင်း တစ်ကျော့ပြန် တွေ့ဆုံခဲ့ကြတယ်။ ဒီတစ်ကြိမ်မှာတော့ အနောက်ဂျာမနီအသင်းက နောက်ခံလူ ဘရာမီ Breme ရဲ့ တစ်လုံးတည်းသော ပယ်နယ်တီသွင်းဂိုးနဲ့ အနိုင်ယူပြီး အာဂျင်တီးနာအသင်းကို ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့သလို တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတွေကို ပြိုင်ပွဲကျင်းပခဲ့တဲ့ နှစ်အလိုက် အပိုင်းဖြင့် နေ့စဉ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁၅)ကို နောက်ရက်မှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် . . .

Germany-Defender-Brehmi-panelty-shot

Germany-Defender-Brehmi-panelty-shot

၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အကျဉ်းချုပ်

Host Country – Italy
Dates – 8 June – 8 July (31 days)
Teams – 24 (from 5 confederations)
Venue(s) – 12 (in 12 host cities)
Champions – West Germany (3rd title)
Runners-Up – Argentina
Third Place – Italy
Fourth Place – England
Matches Played – 52
Goals Scored – 115 (2.21 per match)
Attendance – 2,516,215 (48,389 per match)
Top Scorer(s) – Salvatore Schillaci (Italy) – 6 goals
Best Player – Salvatore Schillaci (Italy)
Best Young Player – Robert Prosinečki (Yugoslavia)
Fair Play Award – England

REF:Wikipedia
Photo:Pinsdaddy, thesefootballtimes, SI
Aung Kyaw Wai (Akhayar)
www.akhayar.com