This Football update is proudly sponsored by Telenor Myanmar.

[Zawgyi]










Host Country – Mexico
Third Place – France
Fourth Place – Belgium
Matches Played – 52

REF:Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com

အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းများ အပိုင်း (၁၃)

၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲ

ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ် မက္ကဆီကိုနိုင်ငံက လက်ခံကျင်းပခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတဲ့ ပထမဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ဖောက်ကလန်စစ်ပွဲကြောင့် တင်းမာမှုတွေရှိခဲ့တဲ့ မဟာပြိုင်ဘက် အသင်းတွေဖြစ်တဲ့ အာဂျင်တီးနားနဲ့ အင်္ဂလန်အသင်းတို့ ကွာတားဖိုင်နယ်မှာ တွေ့ဆုံခဲ့ပြီး အာဂျင်တီးနား ဂန္ထဝင်တိုက်စစ်မှူး မာရာဒိုနာ Maradona (၇၅)ကိုက် အကွာကနေ အင်္ဂလန်နောက်ခံလူတွေနဲ့ ဂိုးသမားကိုပါ အလိမ်အခေါက်စွမ်းရည်တွေနဲ့ တောက်လျှောက် ကျော်ဖြတ်သွင်းယူခဲ့တဲ့ ဂိုးအပြင်၊ “ဘုရားပေးသောလက်” လို့ နာမည်ကျော်ခဲ့တဲ့ လက်နဲ့ ပုတ်ပြီး သွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ပြိုင်ပွဲဖြစ်တယ်။

Maradonas-Hand-of-God-goal

Maradonas-Hand-of-God-goal

နောက်ဆုံးဗိုလ်လုပွဲကို အာဂျင်တီးနားအသင်းနဲ့ အနောက်ဂျာမနီအသင်းတို့ တက်ရောက်နိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းက (၃-၂)ဂိုးနဲ့ အနိုင်ယူကာ ဒုတိယအကြိမ်မြောက် ချန်ပီယံဆုကို ရယူနိုင်ခဲ့တယ်။ အနောက်ဂျာမနီအသင်းကတော့ နယ်သာလန်အသင်းအပြီး ဗိုလ်လုပွဲအဆင့်ကို ပြိုင်ပွဲ (၂)ကြိမ်ဆက် တက်ရောက်နိုင်ခဲ့ပေမယ့် ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ အာဂျင်တီးနား တိုက်စစ်မှူး မာရာဒိုနာကတော့ ခြေစွမ်းပြသမှုနဲ့အတူ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး နာမည်ကျော် ကစားသမားတစ်ဦး ဖြစ်လာခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတွေကို ပြိုင်ပွဲကျင်းပခဲ့တဲ့ နှစ်အလိုက် အပိုင်းဖြင့် နေ့စဉ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁၄)ကို နောက်ရက်မှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် . . .

Italy-Vs-Germany-Final-Match1

Italy-Vs-Germany-Final-Match1

၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မှတ်တမ်းအကျဉ်း

Host Country – Mexico
Dates – 31 May – 29 June (30 days)
Teams – 24 (from 5 confederations)
Venue(s) – 12 (in 9 host cities)
Champions – Argentina (2nd title)
Runners-Up – West Germany
Third Place – France
Fourth Place – Belgium
Matches Played – 52
Goals Scored – 132 (2.54 per match)
Attendance – 2,394,031 (46,039 per match)
Top Scorer(s) – Gary Lineker (England) – 6 goals
Best Player – Diego Maradona (Argentina)
Best Young Player – Enzo Scifo (Belgium)

REF:Wikipedia
Photo:Pinterest, Thewinin, Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com