This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းမ်ား အပိုင္း (၁၂)

၁၉၈၂ ကမၻာ႔ဖလားၿပိဳင္ပြဲ
အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ကို စပိန္ႏိုင္ငံက ရရွိခဲ့ၿပီး ႏိုင္ငံတစ္၀ွမ္းရွိ ကြင္းေပါင္း (၁၇)ကြင္းမွာ က်င္းပျပဳလုပ္ခဲ့လို႔ ကမၻာ႔ဖလား သမိုင္းတစ္ေလွ်ာက္ ကြင္းအမ်ားဆံုး က်င္းပျပဳလုပ္တဲ့ ၿပိဳင္ပြဲအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ ေျခစစ္ပြဲကို ႏိုင္ငံေပါင္း (၁၀၉)ႏိုင္ငံ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ၿပိဳင္ပြဲ၀င္ အသင္းအေရအတြက္ကိုလည္း (၁၆)သင္းကေန (၂၄)သင္းကို ေျပာင္းလဲက်င္းပခဲ့တယ္။ အႀကိဳဗိုလ္လုပြဲနဲ႔ ဗိုလ္လုပြဲအဆင့္ေတြမွာ ပယ္နယ္တီစနစ္ စတင္က်င့္သံုးဖို႔ ဆံုးျဖတ္ခဲ့တဲ့ ၿပိဳင္ပြဲျဖစ္ခဲ့ၿပီး အေနာက္ဂ်ာမနီအသင္းနဲ႔ ျပင္သစ္အသင္းတို႔ရဲ႕ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ အခ်ိန္ပို ၿပီးဆံုးခ်ိန္အထိ (၃-၃)ဂိုးစီ သေရက်ေနခဲ့လို႔ ပထမဆံုး ပယ္နယ္တီ အဆံုးအျဖတ္ခံယူခဲ့ရၿပီး အေနာက္ဂ်ာမနီအသင္းက (၅-၄)ဂိုးနဲ႔ အႏိုင္ရရွိခဲ့တယ္။ တျခား ဆီမီးဖိုင္နယ္ပြဲစဥ္မွာေတာ့ အီတလီအသင္းက ပိုလန္အသင္းကို (၂-၀)ဂိုးနဲ႔ အႏိုင္ယူၿပီး ဗိုလ္လုပြဲအဆင့္ကို တက္ေရာက္ႏုိင္ခဲ့တယ္။

Paulo-Rossi

Paulo-Rossi

ဗိုလ္လုပြဲမွာေတာ့ ေပၚလိုေရာ႔စီ ဦးေဆာင္တဲ့ အီတလီတိုက္စစ္ကို အေနာက္ဂ်ာမနီတို႔ မထိန္းခ်ဳပ္ႏိုင္ခဲ့လို႔ (၁-၄)ဂိုးနဲ႔ ဂိုးျပတ္ရံႈးနိမ့္ခဲ့တယ္။ အခုၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ အီတလီအသင္းကေတာ့ ဘရာဇီးလ္အသင္းအၿပီး ကမၻာ႔ဖလားကို (၃)ႀကိမ္ေျမာက္ ရယူႏိုင္တဲ့အသင္းအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းေတြကို ၿပိဳင္ပြဲက်င္းပခဲ့တဲ့ ႏွစ္အလိုက္ အပိုင္းျဖင့္ ေန႔စဥ္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။ အပိုင္း (၁၃)ကို ေနာက္ရက္မွာ ဆက္လက္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္ . . .

Italy-Vs-Germany-Final-Match

Italy-Vs-Germany-Final-Match

၁၉၈၂ ကမၻာ႔ဖလားၿပိဳင္ပြဲ မွတ္တမ္းအက်ဥ္း

Host Country – Spain
Dates – 13 June – 11 July (29 days)
Teams – 24 (from 6 confederations)
Venue(s) – 17 (in 14 host cities)
Champions – Italy (3rd title)
Runners-Up – West Germany
Third Place – Poland
Fourth Place – France
Matches Played – 52
Goals Scored – 146 (2.81 per match)
Attendance – 2,109,723 (40,572 per match)
Top Scorer(s) – Paolo Rossi (Italy) – 6 goals
Best Player – Paolo Rossi (Italy)
Best Young Player – Manuel Amoros (France)

REF:Wikipedia
Photo:Welcome2018, Sportsnet, eurosport.fr
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းများ အပိုင်း (၁၂)

၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲ
အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို စပိန်နိုင်ငံက ရရှိခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ ကွင်းပေါင်း (၁၇)ကွင်းမှာ ကျင်းပပြုလုပ်ခဲ့လို့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ကွင်းအများဆုံး ကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ခြေစစ်ပွဲကို နိုင်ငံပေါင်း (၁၀၉)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင် အသင်းအရေအတွက်ကိုလည်း (၁၆)သင်းကနေ (၂၄)သင်းကို ပြောင်းလဲကျင်းပခဲ့တယ်။ အကြိုဗိုလ်လုပွဲနဲ့ ဗိုလ်လုပွဲအဆင့်တွေမှာ ပယ်နယ်တီစနစ် စတင်ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့တဲ့ ပြိုင်ပွဲဖြစ်ခဲ့ပြီး အနောက်ဂျာမနီအသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အချိန်ပို ပြီးဆုံးချိန်အထိ (၃-၃)ဂိုးစီ သရေကျနေခဲ့လို့ ပထမဆုံး ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပြီး အနောက်ဂျာမနီအသင်းက (၅-၄)ဂိုးနဲ့ အနိုင်ရရှိခဲ့တယ်။ တခြား ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အီတလီအသင်းက ပိုလန်အသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့တယ်။

Paulo-Rossi

Paulo-Rossi

ဗိုလ်လုပွဲမှာတော့ ပေါ်လိုရော့စီ ဦးဆောင်တဲ့ အီတလီတိုက်စစ်ကို အနောက်ဂျာမနီတို့ မထိန်းချုပ်နိုင်ခဲ့လို့ (၁-၄)ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တယ်။ အခုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အီတလီအသင်းကတော့ ဘရာဇီးလ်အသင်းအပြီး ကမ္ဘာ့ဖလားကို (၃)ကြိမ်မြောက် ရယူနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတွေကို ပြိုင်ပွဲကျင်းပခဲ့တဲ့ နှစ်အလိုက် အပိုင်းဖြင့် နေ့စဉ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁၃)ကို နောက်ရက်မှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် . . .

Italy-Vs-Germany-Final-Match

Italy-Vs-Germany-Final-Match

၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲ မှတ်တမ်းအကျဉ်း

Host Country – Spain
Dates – 13 June – 11 July (29 days)
Teams – 24 (from 6 confederations)
Venue(s) – 17 (in 14 host cities)
Champions – Italy (3rd title)
Runners-Up – West Germany
Third Place – Poland
Fourth Place – France
Matches Played – 52
Goals Scored – 146 (2.81 per match)
Attendance – 2,109,723 (40,572 per match)
Top Scorer(s) – Paolo Rossi (Italy) – 6 goals
Best Player – Paolo Rossi (Italy)
Best Young Player – Manuel Amoros (France)

REF:Wikipedia
Photo:Welcome2018, Sportsnet, eurosport.fr
Aung Kyaw Wai (Akhayar)
www.akhayar.com