This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းမ်ား အပိုင္း (၁၁)

၁၉၇၈ ကမၻာ႔ဖလားၿပိဳင္ပြဲ

ေတာင္အေမရိကတိုက္မွာရွိတဲ့ အာဂ်င္တီးနားႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ရရွိခဲ့ၿပီး ႏိုင္ငံေပါင္း (၁၀၇)ႏိုင္ငံအထိ ေျခစစ္ပြဲ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ၿပိဳင္ပြဲျဖစ္ခဲ့တယ္။ ၁၉၇၄ ၿပိဳင္ပြဲ ပံုစံအတိုင္း အုပ္စုအဆင့္ကို (၂)ဆင့္ ယွဥ္ၿပိဳင္ခဲ့ရပါတယ္။ ၿပိဳင္ပြဲကို အုပ္စုအဆင့္ (၂)ဆင့္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရၿပီး အုပ္စုဒုတိယအဆင့္မွာ အုပ္စု ပထမေနရာကို ရယူႏိုင္ခဲ့တဲ့ အာဂ်င္တီးနားနဲ႔ နယ္သာလန္အသင္းတို႔ ဗိုလ္လုပြဲအဆင့္ကို ယွဥ္ၿပိဳင္ကစားခဲ့ရပါတယ္။ အုပ္စုဒုတိယေနရာကို ရခဲ့တဲ့ ဘရာဇီးလ္အသင္းနဲ႔ အီတလီအသင္းတို႔ကေတာ့ တတိယေနရာလုပြဲအျဖစ္ ကစားခဲ့ရၿပီး ဘရာဇီးလ္အသင္းက တတိယေနရာကို ရယူႏိုင္ခဲ့တယ္။

Mario-Kempes-runs-off-to-celebrate-his-game-clinching-goal-in-extra-time

Mario-Kempes-runs-off-to-celebrate-his-game-clinching-goal-in-extra-time

ဗိုလ္လုပြဲအျဖစ္ ကစားခဲ့တဲ့ အိမ္ရွင္ အာဂ်င္တီးနားအသင္းနဲ႔ နယ္သာလန္အသင္းတို႔ ပြဲစဥ္မွာ မိနစ္ (၉၀)အတြင္း (၁-၁)ဂိုးစီ သေရက်ေနခဲ့လို႔ အခ်ိန္ပို ဆက္ကစားခဲ့ရၿပီး အခ်ိန္ပိုအေရာက္မွာေတာ့ အာဂ်င္တီးနားအသင္းက အႏိုင္ဂိုး (၂)ဂိုး ထပ္မံသြင္းယူကာ (၃-၁)ဂိုးနဲ႔ အႏိုင္ရၿပီး ခ်န္ပီယံဆုဖလားကို ပထမဆံုးအႀကိမ္ ရယူႏိုင္ခဲ့ပါတယ္။ နယ္သာလန္အသင္းကေတာ့ ဗိုလ္လုပြဲ (၂)ႀကိမ္ဆက္ တက္ေရာက္ႏိုင္ေပမယ့္ အိမ္ရွင္အသင္းေတြကို ရံႈးနိမ့္ၿပီး ဒုတိယေနရာနဲ႔ ေက်နပ္ခဲ့ရတဲ့ အသင္းအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ အာဂ်င္တီးနားအသင္းဟာ ခ်န္ပီယံဆုကို ရယူႏိုင္ခဲ့သလို အသန္႔ရွင္းဆံုးအသင္းဆုကိုလည္း ရရွိခဲ့ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းေတြကို ၿပိဳင္ပြဲက်င္းပခဲ့တဲ့ ႏွစ္အလိုက္ အပိုင္းျဖင့္ ေန႔စဥ္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။ အပိုင္း (၁၂)ကို ေနာက္ရက္မွာ ဆက္လက္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္ . . .

Mario-Kempes-celebrates-after-scoring-extra-time-in-final

Mario-Kempes-celebrates-after-scoring-extra-time-in-final

၁၉၇၈ ကမၻာ႔ဖလားၿပိဳင္ပြဲ မွတ္တမ္းအက်ဥ္း

Host Country – Argentina
Dates – 1–25 June (25 days)
Teams – 16 (from 5 confederations)
Venue(s) – 6 (in 5 host cities)
Champions – Argentina (1st title)
Runners-Up – Netherlands
Third Place – Brazil
Fourth Place – Italy
Matches Played – 38
Goals Scored – 102 (2.68 per match)
Attendance – 1,545,791 (40,679 per match)
Top Scorer(s) – Mario Kempes – Argentina (6 goals)
Best Young Player – Antonio Cabrini (Italy)

REF:Wikipedia
Photo:The Movie Database, Wall Street Journal, Liverpool Echo
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းများ အပိုင်း (၁၁)

၁၉၇၈ ကမ္ဘာ့ဖလားပြိုင်ပွဲ

တောင်အမေရိကတိုက်မှာရှိတဲ့ အာဂျင်တီးနားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့ပြီး နိုင်ငံပေါင်း (၁၀၇)နိုင်ငံအထိ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဖြစ်ခဲ့တယ်။ ၁၉၇၄ ပြိုင်ပွဲ ပုံစံအတိုင်း အုပ်စုအဆင့်ကို (၂)ဆင့် ယှဉ်ပြိုင်ခဲ့ရပါတယ်။ ပြိုင်ပွဲကို အုပ်စုအဆင့် (၂)ဆင့်နဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး အုပ်စုဒုတိယအဆင့်မှာ အုပ်စု ပထမနေရာကို ရယူနိုင်ခဲ့တဲ့ အာဂျင်တီးနားနဲ့ နယ်သာလန်အသင်းတို့ ဗိုလ်လုပွဲအဆင့်ကို ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ အုပ်စုဒုတိယနေရာကို ရခဲ့တဲ့ ဘရာဇီးလ်အသင်းနဲ့ အီတလီအသင်းတို့ကတော့ တတိယနေရာလုပွဲအဖြစ် ကစားခဲ့ရပြီး ဘရာဇီးလ်အသင်းက တတိယနေရာကို ရယူနိုင်ခဲ့တယ်။

Mario-Kempes-runs-off-to-celebrate-his-game-clinching-goal-in-extra-time

Mario-Kempes-runs-off-to-celebrate-his-game-clinching-goal-in-extra-time

ဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ အိမ်ရှင် အာဂျင်တီးနားအသင်းနဲ့ နယ်သာလန်အသင်းတို့ ပွဲစဉ်မှာ မိနစ် (၉၀)အတွင်း (၁-၁)ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရပြီး အချိန်ပိုအရောက်မှာတော့ အာဂျင်တီးနားအသင်းက အနိုင်ဂိုး (၂)ဂိုး ထပ်မံသွင်းယူကာ (၃-၁)ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ပါတယ်။ နယ်သာလန်အသင်းကတော့ ဗိုလ်လုပွဲ (၂)ကြိမ်ဆက် တက်ရောက်နိုင်ပေမယ့် အိမ်ရှင်အသင်းတွေကို ရှုံးနိမ့်ပြီး ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို အသန့်ရှင်းဆုံးအသင်းဆုကိုလည်း ရရှိခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတွေကို ပြိုင်ပွဲကျင်းပခဲ့တဲ့ နှစ်အလိုက် အပိုင်းဖြင့် နေ့စဉ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁၂)ကို နောက်ရက်မှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် . . .

Mario-Kempes-celebrates-after-scoring-extra-time-in-final

Mario-Kempes-celebrates-after-scoring-extra-time-in-final

၁၉၇၈ ကမ္ဘာ့ဖလားပြိုင်ပွဲ မှတ်တမ်းအကျဉ်း

Host Country – Argentina
Dates – 1–25 June (25 days)
Teams – 16 (from 5 confederations)
Venue(s) – 6 (in 5 host cities)
Champions – Argentina (1st title)
Runners-Up – Netherlands
Third Place – Brazil
Fourth Place – Italy
Matches Played – 38
Goals Scored – 102 (2.68 per match)
Attendance – 1,545,791 (40,679 per match)
Top Scorer(s) – Mario Kempes – Argentina (6 goals)
Best Young Player – Antonio Cabrini (Italy)

REF:Wikipedia
Photo:The Movie Database, Wall Street Journal, Liverpool Echo
Aung Kyaw Wai (Akhayar)
www.akhayar.com