This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းမ်ား အပိုင္း (၁၀)

၁၉၇၄ ကမၻာ႔ဖလားၿပိဳင္ပြဲ

(၃)ႀကိမ္ ခ်န္ပီယံျဖစ္ခဲ့တဲ့ ဘရာဇီးလ္အသင္းကို ဂ်ဴးမက္ရီဆုဖလားကို အပိုင္ေပးအပ္ခဲ့ၿပီး အီတလီ ပန္းပုဆရာ ဆယ္လ္ဘီယိုဂတ္ဇာနီရဲ႕ ဖလားအသစ္နဲ႔ က်င္းပျပဳလုပ္ခဲ့တဲ့ ၿပိဳင္ပြဲ ျဖစ္ပါတယ္။ ဖီဖာကမၻာ႔ဖလားၿပိဳင္ပြဲလို႔ နာမည္ေျပာင္းလဲ က်င္းပခဲ့တဲ့ ၿပိဳင္ပြဲလည္း ျဖစ္ခဲ့ၿပီး အေနာက္ဂ်ာမနီအသင္းက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့ပါတယ္။ ၿပိဳင္ပြဲပံုစံအသစ္နဲ႔ ေျပာင္းလဲက်င္းပခဲ့ၿပီး အုပ္စုအဆင့္ကို ပထမအဆင့္နဲ႔ ဒုတိယအဆင့္ဆိုၿပီး (၂)ဆင့္ ယွဥ္ၿပိဳင္ခဲ့ၾကရပါတယ္။ ေျခစစ္ပြဲေအာင္ အသင္း (၁၆)သင္းကို (၄)သင္း (၄)အုပ္စုခြဲကာ ပထမအဆင့္အျဖစ္ ကစားခဲ့ၾကရပါတယ္။ အုပ္စုတစ္စုခ်င္းစီက အုပ္စုပထမနဲ႔ ဒုတိယေနရာ ရယူႏိုင္ခဲ့တဲ့ အသင္း (၈)သင္းကို (၄)သင္း (၂)အုပ္စုခြဲကာ ဒုတိယအဆင့္အျဖစ္ ဆက္လက္ ကစားခဲ့ရပါတယ္။

Franz-Beckenbauer-Vs-Johan-Cruyff

Franz-Beckenbauer-Vs-Johan-Cruyff

နယ္သာလန္အသင္းရဲ႕ ကမၻာေက်ာ္ ‘Total Football’ ကစားဟန္ကို စတင္မိတ္ဆက္ႏိုင္ခဲ့တဲ့ ၿပိဳင္ပြဲျဖစ္ၿပီး ေဖ်ာ္ေျဖမႈ ေပးႏိုင္တဲ့ ေဘာလံုးကစားဟန္ကို ကမၻာ႔ေဘာလံုးပရိသတ္ေတြရဲ႕ ရင္ထဲအထိ အေရာက္ပို႔ႏိုင္ခဲ့တဲ့ ၿပိဳင္ပြဲလည္း ျဖစ္ပါတယ္။ နယ္သာလန္ ဂႏၳ၀င္ ယိုဟန္ခရိုက္ဖ္ကို ပရိသတ္ေတြ စတင္သိရွိခဲ့တဲ့ ၿပိဳင္ပြဲလည္းျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲမွာ ခ်ီလီကစားသမား ကားလို႔စ္ကတ္ဇာလီ အနီကတ္ျပသခံခဲ့ရၿပီး ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ပထမဆံုးအနီကတ္ ျပခံရတဲ့ ကစားသမားလည္း ျဖစ္ခဲ့ပါတယ္။ ဗိုလ္လုပြဲမွာေတာ့ အိမ္ရွင္အေနာက္ဂ်ာမနီအသင္းက နယ္သာလန္အသင္းကို (၂-၁)ဂိုးနဲ႔ အႏိုင္ယူကာ ဒုတိယအႀကိမ္ေျမာက္ ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းေတြကို ၿပိဳင္ပြဲက်င္းပခဲ့တဲ့ ႏွစ္အလိုက္ အပိုင္းျဖင့္ ေန႔စဥ္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။ အပိုင္း (၁၁)ကို ေနာက္ရက္မွာ ဆက္လက္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္ . . .

Carlos-Caszely-red-card

Carlos-Caszely-red-card

၁၉၇၄ ကမၻာ႔ဖလားၿပိဳင္ပြဲ မွတ္တမ္းအက်ဥ္း

Host Country – West Germany
Dates – 13 June – 7 July (25 days)
Teams – 16 (from 5 confederations)
Venue(s) – 9 (in 9 host cities)
Champions – West Germany (2nd title)
Runners-Up – Netherlands
Third Place – Poland
Fourth Place – Brazil
Matches played – 38
Goals Scored – 97 (2.55 per match)
Attendance – 1,865,762 (49,099 per match)
Top Scorer(s) – Grzegorz Lato – Poland (7 goals)
Best Young Player – Władysław Żmuda (Poland)

REF:Wikipedia
Photo:FIFA.com, SI.com, Pinterest
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းများ အပိုင်း (၁၀)

၁၉၇၄ ကမ္ဘာ့ဖလားပြိုင်ပွဲ

(၃)ကြိမ် ချန်ပီယံဖြစ်ခဲ့တဲ့ ဘရာဇီးလ်အသင်းကို ဂျူးမက်ရီဆုဖလားကို အပိုင်ပေးအပ်ခဲ့ပြီး အီတလီ ပန်းပုဆရာ ဆယ်လ်ဘီယိုဂတ်ဇာနီရဲ့ ဖလားအသစ်နဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲလို့ နာမည်ပြောင်းလဲ ကျင်းပခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ခဲ့ပြီး အနောက်ဂျာမနီအသင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲပုံစံအသစ်နဲ့ ပြောင်းလဲကျင်းပခဲ့ပြီး အုပ်စုအဆင့်ကို ပထမအဆင့်နဲ့ ဒုတိယအဆင့်ဆိုပြီး (၂)ဆင့် ယှဉ်ပြိုင်ခဲ့ကြရပါတယ်။ ခြေစစ်ပွဲအောင် အသင်း (၁၆)သင်းကို (၄)သင်း (၄)အုပ်စုခွဲကာ ပထမအဆင့်အဖြစ် ကစားခဲ့ကြရပါတယ်။ အုပ်စုတစ်စုချင်းစီက အုပ်စုပထမနဲ့ ဒုတိယနေရာ ရယူနိုင်ခဲ့တဲ့ အသင်း (၈)သင်းကို (၄)သင်း (၂)အုပ်စုခွဲကာ ဒုတိယအဆင့်အဖြစ် ဆက်လက် ကစားခဲ့ရပါတယ်။

Franz-Beckenbauer-Vs-Johan-Cruyff

Franz-Beckenbauer-Vs-Johan-Cruyff

နယ်သာလန်အသင်းရဲ့ ကမ္ဘာကျော် ‘Total Football’ ကစားဟန်ကို စတင်မိတ်ဆက်နိုင်ခဲ့တဲ့ ပြိုင်ပွဲဖြစ်ပြီး ဖျော်ဖြေမှု ပေးနိုင်တဲ့ ဘောလုံးကစားဟန်ကို ကမ္ဘာ့ဘောလုံးပရိသတ်တွေရဲ့ ရင်ထဲအထိ အရောက်ပို့နိုင်ခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ နယ်သာလန် ဂန္ထဝင် ယိုဟန်ခရိုက်ဖ်ကို ပရိသတ်တွေ စတင်သိရှိခဲ့တဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ချီလီကစားသမား ကားလို့စ်ကတ်ဇာလီ အနီကတ်ပြသခံခဲ့ရပြီး ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံးအနီကတ် ပြခံရတဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ အိမ်ရှင်အနောက်ဂျာမနီအသင်းက နယ်သာလန်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ယူကာ ဒုတိယအကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတွေကို ပြိုင်ပွဲကျင်းပခဲ့တဲ့ နှစ်အလိုက် အပိုင်းဖြင့် နေ့စဉ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁၁)ကို နောက်ရက်မှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် . . .

Carlos-Caszely-red-card

Carlos-Caszely-red-card

၁၉၇၄ ကမ္ဘာ့ဖလားပြိုင်ပွဲ မှတ်တမ်းအကျဉ်း

Host Country – West Germany
Dates – 13 June – 7 July (25 days)
Teams – 16 (from 5 confederations)
Venue(s) – 9 (in 9 host cities)
Champions – West Germany (2nd title)
Runners-Up – Netherlands
Third Place – Poland
Fourth Place – Brazil
Matches played – 38
Goals Scored – 97 (2.55 per match)
Attendance – 1,865,762 (49,099 per match)
Top Scorer(s) – Grzegorz Lato – Poland (7 goals)
Best Young Player – Władysław Żmuda (Poland)

REF:Wikipedia
Photo:FIFA.com, SI.com, Pinterest
Aung Kyaw Wai (Akhayar)
www.akhayar.com