This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းမ်ား အပိုင္း (၈)

၁၉၆၆ ကမၻာ႔ဖလားၿပိဳင္ပြဲ

အဂၤလန္အသင္းက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ရရွိခဲ့တဲ့ အခုတစ္ႀကိမ္ၿပိဳင္ပြဲမွာေတာ့ ၿပိဳင္ပြဲမတိုင္ခင္ (၃)လေလာက္ အလိုမွာ ျပသထားတဲ့ ဂ်ဴးရီးမက္ဆုဖလား ေပ်ာက္ဆံုးမႈေၾကာင့္ ထင္ရွားတဲ့ ၿပိဳင္ပြဲတစ္ခုျဖစ္ခဲ့ပါတယ္။ ဖလားေပ်ာက္ဆံုးခဲ့လို႔ ပံုစံတူ ဖလားတစ္လံုးကို အလ်င္အျမန္ျပဳလုပ္ၿပီးခ်ိန္မွ “ပစ္ကယ္” အမည္ရတဲ့ ေခြးေလးေၾကာင့္ ဆုဖလားကို ျပန္ရွာေတြ႔ခဲ့လို႔ ကေမာက္ကမ ျဖစ္ရပ္ေတြနဲ႔ နာမည္ေက်ာ္ခဲ့တဲ့ ၿပိဳင္ပြဲလည္း ျဖစ္ပါတယ္။ က်င္းပခဲ့တဲ့ ၿပိဳင္ပြဲတစ္ေလွ်ာက္ ေျခစစ္ပြဲကို အသင္းအေရအတြက္အမ်ားဆံုးအျဖစ္ အသင္းေပါင္း (၇၀)ေက်ာ္ ၀င္ေရာက္ ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ေျမာက္ကိုရီးယားအသင္း ေျခစစ္ပြဲေအာင္ျမင္ခဲ့လို႔ အာရွတိုက္ကိုယ္စားျပဳ အသင္းေတြထဲမွာ ေျခစစ္ပြဲေအာင္ျမင္ၿပီး ပထမဆံုးအႀကိမ္ ကမၻာ႔ဖလားၿပိဳင္ပြဲကို ၀င္ေရာက္ယွဥ္ၿပိဳင္တဲ့ ႏိုင္ငံအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

David-Corbett-with-his-dog-Pickles

David-Corbett-with-his-dog-Pickles

ၿပိဳင္ပြဲတစ္ေလွ်ာက္ ျပသခဲ့တဲ့ ေျခစြမ္းေတြေၾကာင့္ ေပၚတူဂီ ဂႏၳ၀င္တိုက္စစ္မွဴး အူဆီဘီယို နာမည္ေက်ာ္ခဲ့တဲ့ ၿပိဳင္ပြဲလည္း ျဖစ္ခဲ့ပါတယ္။ ဗိုလ္လုပြဲကို အိမ္ရွင္အဂၤလန္နဲ႔ အေနာက္ဂ်ာမနီအသင္းတို႔ တက္ေရာက္ခဲ့ကာ မိနစ္ (၉၀)အတြင္း (၂-၂)ဂိုးစီ သေရက်ေနခဲ့လို႔ အခ်ိန္ပို ဆက္လက္ကစားခဲ့ရၿပီး အခ်ိန္ပို အေရာက္မွာ အဂၤလန္အသင္းရဲ႕ တိုက္စစ္မွဴး ေဂ်ာ႔ဖ္ဟတ္စ္ရဲ႕ ဂိုးစည္းမေက်ာ္ခဲ့တဲ့ တေစၦဂိုး အပါအ၀င္ (၄-၂)ဂိုးနဲ႔ အဂၤလန္အသင္းက အႏိုင္ရၿပီး ပထမဆံုးအႀကိမ္ ကမၻာ႔ဖလား ခ်န္ပီယံဆုကို ရရွိခဲ့ပါတယ္။ ဗိုလ္လုပြဲမွာ အဂၤလန္အသင္းအတြက္ (၃)ဂုိး သြင္းယူေပးခဲ့တဲ့ တိုက္စစ္မွဴး ေဂ်ာ႔ဖ္ဟတ္စ္ကေတာ့ ကမၻာ႔ဖလားသမိုင္းရဲ႕ ဗိုလ္လုပြဲတစ္ေလွ်ာက္ Hat-Trick သြင္းယူခဲ့တဲ့ ပထမဆံုးကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းေတြကို ၿပိဳင္ပြဲက်င္းပခဲ့တဲ့ ႏွစ္အလိုက္ အပိုင္းျဖင့္ ေန႔စဥ္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။ အပိုင္း (၉)ကို ေနာက္ရက္မွာ ဆက္လက္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္ . . .

၁၉၆၆ ကမၻာ႔ဖလားၿပိဳင္ပြဲ မွတ္တမ္းအက်ဥ္း

Host Country – England
Dates – 11–30 July (20 days)
Teams – 16 (from 4 confederations)
Venue(s) – 8 (in 7 host cities)
Champions – England (1st title)
Runners Up – West Germany
Third Place – Portugal
Fourth Place – Soviet Union
Matches Played – 32
Goals Scored – 89 (2.78 per match)
Attendance – 1,563,135 (48,848 per match)
Top Scorer(s) – Eusébio – Portugal (9 goals)
Best young player – Franz Beckenbauer (West Germany)

REF:Wikipedia
Photo:Independent, Reddit.com, Whale Oil
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းများ အပိုင်း (၈)

၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲ

အင်္ဂလန်အသင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့တဲ့ အခုတစ်ကြိမ်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲမတိုင်ခင် (၃)လလောက် အလိုမှာ ပြသထားတဲ့ ဂျူးရီးမက်ဆုဖလား ပျောက်ဆုံးမှုကြောင့် ထင်ရှားတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ ဖလားပျောက်ဆုံးခဲ့လို့ ပုံစံတူ ဖလားတစ်လုံးကို အလျင်အမြန်ပြုလုပ်ပြီးချိန်မှ “ပစ်ကယ်” အမည်ရတဲ့ ခွေးလေးကြောင့် ဆုဖလားကို ပြန်ရှာတွေ့ခဲ့လို့ ကမောက်ကမ ဖြစ်ရပ်တွေနဲ့ နာမည်ကျော်ခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ကျင်းပခဲ့တဲ့ ပြိုင်ပွဲတစ်လျှောက် ခြေစစ်ပွဲကို အသင်းအရေအတွက်အများဆုံးအဖြစ် အသင်းပေါင်း (၇၀)ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး မြောက်ကိုရီးယားအသင်း ခြေစစ်ပွဲအောင်မြင်ခဲ့လို့ အာရှတိုက်ကိုယ်စားပြု အသင်းတွေထဲမှာ ခြေစစ်ပွဲအောင်မြင်ပြီး ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Ghost-Goal

Ghost-Goal

ပြိုင်ပွဲတစ်လျှောက် ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ပေါ်တူဂီ ဂန္ထဝင်တိုက်စစ်မှူး အူဆီဘီယို နာမည်ကျော်ခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဗိုလ်လုပွဲကို အိမ်ရှင်အင်္ဂလန်နဲ့ အနောက်ဂျာမနီအသင်းတို့ တက်ရောက်ခဲ့ကာ မိနစ် (၉၀)အတွင်း (၂-၂)ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပို ဆက်လက်ကစားခဲ့ရပြီး အချိန်ပို အရောက်မှာ အင်္ဂလန်အသင်းရဲ့ တိုက်စစ်မှူး ဂျော့ဖ်ဟတ်စ်ရဲ့ ဂိုးစည်းမကျော်ခဲ့တဲ့ တစ္ဆေဂိုး အပါအဝင် (၄-၂)ဂိုးနဲ့ အင်္ဂလန်အသင်းက အနိုင်ရပြီး ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းအတွက် (၃)ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဂျော့ဖ်ဟတ်စ်ကတော့ ကမ္ဘာ့ဖလားသမိုင်းရဲ့ ဗိုလ်လုပွဲတစ်လျှောက် Hat-Trick သွင်းယူခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတွေကို ပြိုင်ပွဲကျင်းပခဲ့တဲ့ နှစ်အလိုက် အပိုင်းဖြင့် နေ့စဉ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အပိုင်း (၉)ကို နောက်ရက်မှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် . . .

၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မှတ်တမ်းအကျဉ်း

Host Country – England
Dates – 11–30 July (20 days)
Teams – 16 (from 4 confederations)
Venue(s) – 8 (in 7 host cities)
Champions – England (1st title)
Runners Up – West Germany
Third Place – Portugal
Fourth Place – Soviet Union
Matches Played – 32
Goals Scored – 89 (2.78 per match)
Attendance – 1,563,135 (48,848 per match)
Top Scorer(s) – Eusébio – Portugal (9 goals)
Best young player – Franz Beckenbauer (West Germany)

REF:Wikipedia
Photo:Independent, Reddit.com, Whale Oil
Aung Kyaw Wai (Akhayar)
www.akhayar.com