This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းမ်ား အပိုင္း (၇)

၁၉၆၂ ကမၻာ႔ဖလားၿပိဳင္ပြဲ

(၂)ႀကိမ္ဆက္တိုက္ ဥေရာပတိုက္မွာ ၿပိဳင္ပြဲက်င္းပခဲ့လို႔ အခုတစ္ႀကိမ္မွာေတာ့ ေတာင္အေမရိကတိုက္မွာ ၿပိဳင္ပြဲေျပာင္းလဲ က်င္းပဖို႔ ဖီဖာတာ၀န္ရွိသူေတြ ဆံုးျဖတ္ခဲ့လို႔ အေနာက္ဂ်ာမနီရဲ႕ အိမ္ရွင္ေလွ်ာက္ထားမႈကို ျငင္းပယ္ကာ ခ်ီလီႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ရရွိခဲ့ပါတယ္။ ၿပိဳင္ပြဲမက်င္းပခင္ (၂)ႏွစ္အလိုမွာ လႈပ္ခတ္ခဲ့တဲ့ ၁၉၆၀ ခ်ီလီငလ်င္ေၾကာင့္ ႏိုင္ငံတစ္၀ွမ္း ပ်က္စီးဆံုးရံႈးမႈ အမ်ားအျပား ျဖစ္ေပၚခဲ့ပါတယ္။ ငလ်င္ဒဏ္သင့္ခဲ့ေပမယ့္ ခ်ီလီႏိုင္ငံက ကမၻာ႔ဖလားၿပိဳင္ပြဲအတြက္ လက္မေလ်ာ႔ခဲ့လို႔ ဖီဖာက အိမ္ရွင္မေျပာင္းလဲေတာ့ဘဲ ခ်ီလီႏိုင္ငံမွာပဲ က်င္းပျပဳလုပ္ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။

1962-FIFA-World-Cup-Champions-Brazil-celebrations

1962-FIFA-World-Cup-Champions-Brazil-celebrations

အုပ္စုတြင္း ပြဲစဥ္တစ္ပြဲျဖစ္တဲ့ အိမ္ရွင္ခ်ီလီအသင္းနဲ႔ အီတလီတို႔ ကစားခဲ့တဲ့ ပြဲစဥ္ဟာ ၾကမ္းတမ္းတဲ့ျဖစ္ရပ္ေတြနဲ႔ ရုပ္ဆိုးအက်ည္းတန္ခဲ့တဲ့ ပြဲစဥ္တစ္ပြဲျဖစ္ခဲ့ၿပီး ‘Battle of Santiago’ လို႔ အမည္တြင္ခဲ့ပါတယ္။ ဗိုလ္လုပြဲအဆင့္ကို လက္ရွိခ်န္ပီယံ ဘရာဇီးလ္အသင္းနဲ႔ ခ်က္ကိုဆလိုဗက္ကီးယားအသင္းတို႔ တက္ေရာက္ႏိုင္ခဲ့ၿပီး ဘရာဇီးလ္အသင္း (၃-၁)ဂိုးနဲ႔ အႏိုင္ရကာ ထပ္ဆင့္ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ခဲ့တဲ့ ဘရာဇီးလ္အသင္းကေတာ့ ၁၉၃၈ ၿပိဳင္ပြဲမွာ ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ခဲ့တဲ့ အီတလီအသင္းအၿပီး ဒုတိယေျမာက္ ခ်န္ပီယံကာကြယ္ႏိုင္တဲ့ အသင္းအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းေတြကို ၿပိဳင္ပြဲက်င္းပခဲ့တဲ့ ႏွစ္အလိုက္ အပိုင္းျဖင့္ ေန႔စဥ္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။ အပိုင္း (၈)ကို ေနာက္ရက္မွာ ဆက္လက္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္ . . .

Battle-of-Santiago-Match

Battle-of-Santiago-Match

Host Country – Chile
Dates – 30 May – 17 June (19 days)
Teams – 16 (from 3 confederations)
Venue(s) – 4 (in 4 host cities)
Champions – Brazil (2nd title)
Runners-Up – Czechoslovakia
Third Place – Chile
Fourth Place – Yugoslavia
Matches Played – 32
Goals Scored – 89 (2.78 per match)
Attendance – 893,172 (27,912 per match)
Top Scorer(s) – 6 players (4 goals each)
Best Young Player – Flórián Albert (Hungary)

REF:Wikipedia
Photot:FIFA World Football Museum, Football Memories
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းများ အပိုင်း (၇)

၁၉၆၂ ကမ္ဘာ့ဖလားပြိုင်ပွဲ

(၂)ကြိမ်ဆက်တိုက် ဥရောပတိုက်မှာ ပြိုင်ပွဲကျင်းပခဲ့လို့ အခုတစ်ကြိမ်မှာတော့ တောင်အမေရိကတိုက်မှာ ပြိုင်ပွဲပြောင်းလဲ ကျင်းပဖို့ ဖီဖာတာဝန်ရှိသူတွေ ဆုံးဖြတ်ခဲ့လို့ အနောက်ဂျာမနီရဲ့ အိမ်ရှင်လျှောက်ထားမှုကို ငြင်းပယ်ကာ ချီလီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့ပါတယ်။ ပြိုင်ပွဲမကျင်းပခင် (၂)နှစ်အလိုမှာ လှုပ်ခတ်ခဲ့တဲ့ ၁၉၆၀ ချီလီငလျင်ကြောင့် နိုင်ငံတစ်ဝှမ်း ပျက်စီးဆုံးရှုံးမှု အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ ငလျင်ဒဏ်သင့်ခဲ့ပေမယ့် ချီလီနိုင်ငံက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မလျော့ခဲ့လို့ ဖီဖာက အိမ်ရှင်မပြောင်းလဲတော့ဘဲ ချီလီနိုင်ငံမှာပဲ ကျင်းပပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

1962-FIFA-World-Cup-Champions-Brazil-celebrations

1962-FIFA-World-Cup-Champions-Brazil-celebrations

အုပ်စုတွင်း ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အိမ်ရှင်ချီလီအသင်းနဲ့ အီတလီတို့ ကစားခဲ့တဲ့ ပွဲစဉ်ဟာ ကြမ်းတမ်းတဲ့ဖြစ်ရပ်တွေနဲ့ ရုပ်ဆိုးအကျည်းတန်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး ‘Battle of Santiago’ လို့ အမည်တွင်ခဲ့ပါတယ်။ ဗိုလ်လုပွဲအဆင့်ကို လက်ရှိချန်ပီယံ ဘရာဇီးလ်အသင်းနဲ့ ချက်ကိုဆလိုဗက်ကီးယားအသင်းတို့ တက်ရောက်နိုင်ခဲ့ပြီး ဘရာဇီးလ်အသင်း (၃-၁)ဂိုးနဲ့ အနိုင်ရကာ ထပ်ဆင့် ချန်ပီယံဖြစ်ခဲ့ပါတယ်။ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တဲ့ ဘရာဇီးလ်အသင်းကတော့ ၁၉၃၈ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တဲ့ အီတလီအသင်းအပြီး ဒုတိယမြောက် ချန်ပီယံကာကွယ်နိုင်တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတွေကို ပြိုင်ပွဲကျင်းပခဲ့တဲ့ နှစ်အလိုက် အပိုင်းဖြင့် နေ့စဉ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အပိုင်း (၈)ကို နောက်ရက်မှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် . . .

Battle-of-Santiago-Match

Battle-of-Santiago-Match

Host Country – Chile
Dates – 30 May – 17 June (19 days)
Teams – 16 (from 3 confederations)
Venue(s) – 4 (in 4 host cities)
Champions – Brazil (2nd title)
Runners-Up – Czechoslovakia
Third Place – Chile
Fourth Place – Yugoslavia
Matches Played – 32
Goals Scored – 89 (2.78 per match)
Attendance – 893,172 (27,912 per match)
Top Scorer(s) – 6 players (4 goals each)
Best Young Player – Flórián Albert (Hungary)

REF:Wikipedia
Photot:FIFA World Football Museum, Football Memories
Aung Kyaw Wai (Akhayar)
www.akhayar.com