This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းမ်ား အပိုင္း (၆)

၁၉၅၈ ကမၻာ႔ဖလားၿပိဳင္ပြဲ

၁၉၅၈ ကမၻာ႔ဖလားကေတာ့ ဘရာဇီးလ္ ဂႏၳ၀င္ ပီလီကို ေဘာလံုးဘုရင္လို႔ တင္စားေခၚေ၀ၚဖို႔ ျဖစ္လာခဲ့တဲ့ ၿပိဳင္ပြဲလည္း ျဖစ္ပါတယ္။ အိမ္ရွင္ႏိုင္ငံအျဖစ္ ေလွ်ာက္ထားခဲ့ၾကတဲ့ အာဂ်င္တီးနား၊ ခ်ီလီ၊ မကၠဆီကိုနဲ႔ ဆြီဒင္တို႔ထဲကေန ဆြီဒင္ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ ရရွိခဲ့ၿပီး ႏိုင္ငံတစ္၀ွမ္းမွာရွိတဲ့ ၿမိဳ႕ႀကီး (၁၂)ၿမိဳ႕မွာ ၿပိဳင္ပြဲကို က်င္းပခဲ့လို႔ ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ၿမိဳ႕အမ်ားဆံုးမွာ ကစားတဲ့ ၿပိဳင္ပြဲအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။ အာရွတိုက္နဲ႔ အာဖရိကတိုက္တို႔ ေျခစစ္ပြဲအဆင့္ကို ေပါင္းစပ္ကစားခဲ့ၿပီး အာရွတိုက္ ကိုယ္စားျပဳ အစၥေရးအသင္း တိုက္ရိုက္ေျခစစ္ပြဲေအာင္ျမင္ခဲ့ေပမယ့္ ၿပိဳင္ပြဲကို လာေရာက္ယွဥ္ၿပိဳင္ျခင္း မရွိခဲ့ပါဘူး။

Pele-Brazil-v-Sweden-1958

Pele-Brazil-v-Sweden-1958

ဆီမီးဖိုင္နယ္အဆင့္ကို လက္ရွိခ်န္ပီယံအေနာက္ဂ်ာမနီ၊ အိမ္ရွင္ဆြီဒင္၊ ဘရာဇီးလ္နဲ႔ ျပင္သစ္အသင္းတို႔ တက္ေရာက္ႏိုင္ခဲ့ၿပီး ဆြီဒင္က အေနာက္ဂ်ာမနီအသင္းကို (၃-၁)ဂိုး၊ ဘရာဇီးလ္က ျပင္သစ္ကို (၅-၂)ဂိုးေတြနဲ႔ အႏိုင္ရကာ ဗိုလ္လုပြဲအဆင့္ကို တက္ေရာက္ခြင့္ ရရွိခဲ့ၾကပါတယ္။ ဗိုလ္လုပြဲမွာေတာ့ ၿပိဳင္ပြဲတစ္ေလွ်ာက္ ေျခစြမ္းျပေနတဲ့ ပီလီရဲ႕ ဦးေဆာင္မႈနဲ႔အတူ ဘရာဇီးလ္အသင္းက အိမ္ရွင္ ဆြီဒင္အသင္းကို (၅-၂)ဂိုးနဲ႔ အႏိုင္ယူၿပီး ပထမဆံုးအႀကိမ္ ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းေတြကို ၿပိဳင္ပြဲက်င္းပခဲ့တဲ့ ႏွစ္အလိုက္ အပိုင္းျဖင့္ ေန႔စဥ္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။ အပိုင္း (၇)ကို ေနာက္ရက္မွာ ဆက္လက္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္ . . .

၁၉၅၈ ကမၻာ႔ဖလားၿပိဳင္ပြဲ အက်ဥ္းခ်ဳပ္

Host Country – Sweden
Dates – 8–29 June (22 days)
Teams – 16 (from 3 confederations)
Venue(s) – 12 (in 12 host cities)
Champions – Brazil (1st title)
Runners-Up – Sweden
Third Place – France
Fourth Place – West Germany
Matches Played – 35
Goals Scored – 126 (3.6 per match)
Attendance – 819,810 (23,423 per match)
Top Scorer(s) – Just Fontaine – France (13 goals)
Best Young Player – Pelé (Brazil)

REF:Wikipedia
Photo:FourFourTwo, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းများ အပိုင်း (၆)

၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲ

၁၉၅၈ ကမ္ဘာ့ဖလားကတော့ ဘရာဇီးလ် ဂန္ထဝင် ပီလီကို ဘောလုံးဘုရင်လို့ တင်စားခေါ်ဝေါ်ဖို့ ဖြစ်လာခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ အိမ်ရှင်နိုင်ငံအဖြစ် လျှောက်ထားခဲ့ကြတဲ့ အာဂျင်တီးနား၊ ချီလီ၊ မက္ကဆီကိုနဲ့ ဆွီဒင်တို့ထဲကနေ ဆွီဒင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ပြီး နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ မြို့ကြီး (၁၂)မြို့မှာ ပြိုင်ပွဲကို ကျင်းပခဲ့လို့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် မြို့အများဆုံးမှာ ကစားတဲ့ ပြိုင်ပွဲအဖြစ် စံချိန်တင်ခဲ့ပါတယ်။ အာရှတိုက်နဲ့ အာဖရိကတိုက်တို့ ခြေစစ်ပွဲအဆင့်ကို ပေါင်းစပ်ကစားခဲ့ပြီး အာရှတိုက် ကိုယ်စားပြု အစ္စရေးအသင်း တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပေမယ့် ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။

Pele-Brazil-v-Sweden-1958

Pele-Brazil-v-Sweden-1958

ဆီမီးဖိုင်နယ်အဆင့်ကို လက်ရှိချန်ပီယံအနောက်ဂျာမနီ၊ အိမ်ရှင်ဆွီဒင်၊ ဘရာဇီးလ်နဲ့ ပြင်သစ်အသင်းတို့ တက်ရောက်နိုင်ခဲ့ပြီး ဆွီဒင်က အနောက်ဂျာမနီအသင်းကို (၃-၁)ဂိုး၊ ဘရာဇီးလ်က ပြင်သစ်ကို (၅-၂)ဂိုးတွေနဲ့ အနိုင်ရကာ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်ခွင့် ရရှိခဲ့ကြပါတယ်။ ဗိုလ်လုပွဲမှာတော့ ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းပြနေတဲ့ ပီလီရဲ့ ဦးဆောင်မှုနဲ့အတူ ဘရာဇီးလ်အသင်းက အိမ်ရှင် ဆွီဒင်အသင်းကို (၅-၂)ဂိုးနဲ့ အနိုင်ယူပြီး ပထမဆုံးအကြိမ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတွေကို ပြိုင်ပွဲကျင်းပခဲ့တဲ့ နှစ်အလိုက် အပိုင်းဖြင့် နေ့စဉ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အပိုင်း (၇)ကို နောက်ရက်မှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် . . .

၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အကျဉ်းချုပ်

Host Country – Sweden
Dates – 8–29 June (22 days)
Teams – 16 (from 3 confederations)
Venue(s) – 12 (in 12 host cities)
Champions – Brazil (1st title)
Runners-Up – Sweden
Third Place – France
Fourth Place – West Germany
Matches Played – 35
Goals Scored – 126 (3.6 per match)
Attendance – 819,810 (23,423 per match)
Top Scorer(s) – Just Fontaine – France (13 goals)
Best Young Player – Pelé (Brazil)

REF:Wikipedia
Photo:FourFourTwo, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com