This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းမ်ား အပိုင္း (၉)

၁၉၇၀ ကမၻာ႔ဖလားၿပိဳင္ပြဲ

ေတာင္အေမရိကတိုက္နဲ႔ ဥေရာပတိုက္ျပင္ပမွာ ပထမဆံုးအႀကိမ္ က်င္းပျပဳလုပ္တဲ့ ၿပိဳင္ပြဲအျဖစ္ မွတ္တမ္းတင္ခဲ့တဲ့ ၿပိဳင္ပြဲျဖစ္ပါတယ္။ အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ကို ေျမာက္အေမရိကတိုက္မွာရွိတဲ့ မကၠဆီကိုႏိုင္ငံက ရရွိခဲ့ၿပီး ကမၻာ႔ဖလား သမိုင္းတစ္ေလွ်ာက္ ၿပိဳင္ပြဲစည္းမ်ဥ္းေျမာက္မ်ားစြာကို ေျပာင္းလဲက်င္းပခဲ့တဲ့ ၿပိဳင္ပြဲလည္း ျဖစ္ခဲ့တယ္။ လက္ရွိခ်န္ပီယံ အဂၤလန္အသင္းကေတာ့ ေျခစစ္ပြဲေအာင္ျမင္ခဲ့ျခင္းမရွိလို႔ ၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။ လူစားလဲစနစ္ကို စတင္က်င္းသံုးခဲ့ၿပီး တစ္သင္းကို ကစားသမား (၂)ေယာက္ လူစားလဲခြင့္ရရွိခဲ့ပါတယ္။ အ၀ါကတ္၊ အနီကတ္စနစ္ကို စတင္က်င့္သံုးခဲ့တဲ့ ၿပိဳင္ပြဲျဖစ္ေပမယ့္ ကတ္ျပသခံရတဲ့ ကစားသမားတစ္ေယာက္မွ မရွိတဲ့ ၿပိဳင္ပြဲလည္း ျဖစ္ပါတယ္။

အျဖဴ၊ အမည္းရုပ္သံ ထုတ္လႊင့္မႈကေန ကာလာစနစ္နဲ႔ ရုပ္သံထုတ္လႊင့္ ျပသခဲ့တဲ့ ၿပိဳင္ပြဲလည္း ျဖစ္ပါတယ္။ ဘရာဇီးလ္တိုက္စစ္မွဴး ပီလီနဲ႔ အေနာက္ဂ်ာမနီတိုက္စစ္မွဴး အူဆီလာတို႔ ၿပိဳင္ပြဲ (၄)ႀကိမ္ဆက္ ဂိုးသြင္းယူႏိုင္တဲ့ ကစားသမားေတြအျဖစ္ မွတ္တမ္းေကာင္း ရရွိခဲ့တဲ့ ၿပိဳင္ပြဲလည္း ျဖစ္ပါတယ္။ ေနာက္ဆံုးဗိုလ္လုပြဲမွာ ဘရာဇီးလ္အသင္းက အီတလီအသင္းကို (၄-၁)ဂိုးနဲ႔ အႏိုင္ယူကာ တတိယေျမာက္ ခ်န္ပီယံဆုကုိ ဆြတ္ခူးႏိုင္ခဲ့ၿပီး ဂ်ဴးရီးမက္ဆုဖလားကို အပိုင္ရရွိခဲ့တဲ့ အသင္းအျဖစ္ မွတ္တမ္း၀င္ခဲ့သလို ဂႏၳ၀င္ တိုက္စစ္မွဴး ပီလီမွာလည္း ခ်န္ပီယံဆုကို (၃)ႀကိမ္ ရရွိတဲ့ ပထမဆံုး ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ တစ္ပြဲ ပွ်မ္းမွ် ပရိသတ္ (၅၀၀၀၀)ေက်ာ္ လာေရာက္ၾကည့္ရႈခဲ့ၿပီး ၁၉၅၀ ဘရာဇီးလ္ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္ကာ ပရိသတ္အမ်ားဆံုး လာေရာက္ၾကည့္ရႈတဲ့ ၿပိဳင္ပြဲအျဖစ္ မွတ္တမ္းတင္ခဲ့ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းေတြကို ၿပိဳင္ပြဲက်င္းပခဲ့တဲ့ ႏွစ္အလိုက္ အပိုင္းျဖင့္ ေန႔စဥ္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။ အပိုင္း (၁၀)ကို ေနာက္ရက္မွာ ဆက္လက္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္ . . .

Brazil-Vs-Italy-1970-WC-Final-match

Brazil-Vs-Italy-1970-WC-Final-match

၁၉၇၀ ကမၻာ႔ဖလားၿပိဳင္ပြဲ မွတ္တမ္းအက်ဥ္း

Host Country – Mexico
Dates – 31 May – 21 June 1970 (22 days)
Teams – 16 (from 5 confederations)
Venue(s) – 5 (in 5 host cities)
Champions – Brazil (3rd title)
Runners-Up – Italy
Third Place – West Germany
Fourth Place – Uruguay
Matches Played – 32
Goals Scored – 95 (2.97 per match)
Attendance – 1,604,065 (50,127 per match)
Top Scorer(s) – West Germany Gerd Müller (10 goals)
Best Young Player – Teófilo Cubillas (Peru)
Fair Play Award – Peru

REF:Wikipedia
Photo:Getty Images, forza27
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းများ အပိုင်း (၉)

၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲ

တောင်အမေရိကတိုက်နဲ့ ဥရောပတိုက်ပြင်ပမှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲအဖြစ် မှတ်တမ်းတင်ခဲ့တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို မြောက်အမေရိကတိုက်မှာရှိတဲ့ မက္ကဆီကိုနိုင်ငံက ရရှိခဲ့ပြီး ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပြိုင်ပွဲစည်းမျဉ်းမြောက်များစွာကို ပြောင်းလဲကျင်းပခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ခဲ့တယ်။ လက်ရှိချန်ပီယံ အင်္ဂလန်အသင်းကတော့ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိလို့ ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ လူစားလဲစနစ်ကို စတင်ကျင်းသုံးခဲ့ပြီး တစ်သင်းကို ကစားသမား (၂)ယောက် လူစားလဲခွင့်ရရှိခဲ့ပါတယ်။ အဝါကတ်၊ အနီကတ်စနစ်ကို စတင်ကျင့်သုံးခဲ့တဲ့ ပြိုင်ပွဲဖြစ်ပေမယ့် ကတ်ပြသခံရတဲ့ ကစားသမားတစ်ယောက်မှ မရှိတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

အဖြူ၊ အမည်းရုပ်သံ ထုတ်လွှင့်မှုကနေ ကာလာစနစ်နဲ့ ရုပ်သံထုတ်လွှင့် ပြသခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူး ပီလီနဲ့ အနောက်ဂျာမနီတိုက်စစ်မှူး အူဆီလာတို့ ပြိုင်ပွဲ (၄)ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမားတွေအဖြစ် မှတ်တမ်းကောင်း ရရှိခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲမှာ ဘရာဇီးလ်အသင်းက အီတလီအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ယူကာ တတိယမြောက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဂျူးရီးမက်ဆုဖလားကို အပိုင်ရရှိခဲ့တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သလို ဂန္ထဝင် တိုက်စစ်မှူး ပီလီမှာလည်း ချန်ပီယံဆုကို (၃)ကြိမ် ရရှိတဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ တစ်ပွဲ ပျှမ်းမျှ ပရိသတ် (၅၀၀၀၀)ကျော် လာရောက်ကြည့်ရှုခဲ့ပြီး ၁၉၅၀ ဘရာဇီးလ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ စံချိန်ကို ကျော်ဖြတ်ကာ ပရိသတ်အများဆုံး လာရောက်ကြည့်ရှုတဲ့ ပြိုင်ပွဲအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတွေကို ပြိုင်ပွဲကျင်းပခဲ့တဲ့ နှစ်အလိုက် အပိုင်းဖြင့် နေ့စဉ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁၀)ကို နောက်ရက်မှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် . . .

Brazil-Vs-Italy-1970-WC-Final-match

Brazil-Vs-Italy-1970-WC-Final-match

၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲ မှတ်တမ်းအကျဉ်း

Host Country – Mexico
Dates – 31 May – 21 June 1970 (22 days)
Teams – 16 (from 5 confederations)
Venue(s) – 5 (in 5 host cities)
Champions – Brazil (3rd title)
Runners-Up – Italy
Third Place – West Germany
Fourth Place – Uruguay
Matches Played – 32
Goals Scored – 95 (2.97 per match)
Attendance – 1,604,065 (50,127 per match)
Top Scorer(s) – West Germany Gerd Müller (10 goals)
Best Young Player – Teófilo Cubillas (Peru)
Fair Play Award – Peru

REF:Wikipedia
Photo:Getty Images, forza27
Aung Kyaw Wai (Akhayar)
www.akhayar.com