This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းမ်ား အပိုင္း (၅)

၁၉၅၄ ကမၻာ႔ဖလားၿပိဳင္ပြဲ

ကမၻာ႔ေဘာလံုးအဖြဲ႔ခ်ဳပ္ (ဖီဖာ)ကို စတင္တည္ေထာင္တဲ့ ႏွစ္ (၅၀)ျပည့္နဲ႔ တိုက္ဆိုင္ေနတဲ့ ၁၉၅၄ ကမၻာ႔ဖလားၿပိဳင္ပြဲကို ဖီဖာရံုးခ်ဳပ္တည္ရွိရာ ဆြစ္ဇာလန္ႏိုင္ငံက လက္ခံက်င္းပခြင့္ ရရွိခဲ့ပါတယ္။ သမိုင္းတစ္ေလွ်ာက္ ရုပ္သံကေန ပထမဆံုးအႀကိမ္ ကမၻာတစ္၀ွမ္း ရိုက္ကူးထုတ္လႊင့္ခဲ့တဲ့ ၿပိဳင္ပြဲအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့တဲ့ ၿပိဳင္ပြဲလည္း ျဖစ္ပါတယ္။ ၁၉၅၀ ၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ ဥရုေဂြးအသင္းနဲ႔ ဒုတိယေနရာရခဲ့တဲ့ ဘရာဇီးလ္အသင္းတို႔ ေျခစစ္ပြဲ မကစားရဘဲ တိုက္ရိုက္ေျခစစ္ပြဲ ေအာင္ျမင္ၿပီး ၿပိဳင္ပြဲကို ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိခဲ့ပါတယ္။ ၿပိဳင္ပြဲရဲ႕ ထင္ရွားတဲ့ျဖစ္ရပ္ကေတာ့ ဟန္ေဂရီနဲ႔ ဘရာဇီးလ္အသင္းတို႔ ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲစဥ္ဟာ အၾကမ္းတမ္းဆံုး ပြဲစဥ္တစ္ပြဲျဖစ္ခဲ့ၿပီး “Battele of Berne” လို႔ အမည္တြင္ခဲ့ပါတယ္။

Battele-of-Berne-Match

Battele-of-Berne-Match

ဆီမီးဖိုင္နယ္အဆင့္ကို ဟန္ေဂရီ၊ ဥရုေဂြး၊ အေနာက္ဂ်ာမနီနဲ႔ ၾသစႀတီးယားတို႔ တက္ေရာက္ႏိုင္ခဲ့ၿပီး ဟန္ေဂရီက ဥရုေဂြးကို (၄-၂)ဂိုး၊ အေနာက္ဂ်ာမနီက ၾသစႀတီးယားကို (၆-၁)ဂိုးေတြနဲ႔ အႏိုင္ရကာ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ဗိုလ္လုပြဲမွာေတာ့ ဗိုလ္စြဲဖို႔ ေရပန္းစားေနတဲ့ ဟန္ေဂရီအသင္းကို အေနာက္ဂ်ာမနီအသင္းက (၃-၂)ဂိုးနဲ႔ အႏိုင္ရ ဗိုလ္စြဲခဲ့ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းေတြကို ၿပိဳင္ပြဲက်င္းပခဲ့တဲ့ ႏွစ္အလိုက္ အပိုင္းျဖင့္ ေန႔စဥ္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။ အပိုင္း (၆)ကို ေနာက္ရက္မွာ ဆက္လက္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္ . . .

၁၉၅၄ ကမၻာ႔ဖလားၿပိဳင္ပြဲ အက်ဥ္းခ်ဳပ္

Host Country – Switzerland
Dates – 16 June – 4 July (19 days)
Teams – 16 (from 4 confederations)
Venue(s) – 6 (in 6 host cities)
Champions – West Germany (1st title)
Runners Up – Hungary
Third Place – Austria
Fourth Place – Uruguay
Matches Played – 26
Goals Scored – 140 (5.38 per match)
Attendance – 768,607 (29,562 per match)
Top scorer(s) – Sándor Kocsis – Hungary (11 goals)

REF:Wikipedia
Photo:FIFA.com, Sportsnet
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းများ အပိုင်း (၅)

၁၉၅၄ ကမ္ဘာ့ဖလားပြိုင်ပွဲ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ကို စတင်တည်ထောင်တဲ့ နှစ် (၅၀)ပြည့်နဲ့ တိုက်ဆိုင်နေတဲ့ ၁၉၅၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဖီဖာရုံးချုပ်တည်ရှိရာ ဆွစ်ဇာလန်နိုင်ငံက လက်ခံကျင်းပခွင့် ရရှိခဲ့ပါတယ်။ သမိုင်းတစ်လျှောက် ရုပ်သံကနေ ပထမဆုံးအကြိမ် ကမ္ဘာတစ်ဝှမ်း ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ပြိုင်ပွဲအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ၁၉၅၀ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဥရုဂွေးအသင်းနဲ့ ဒုတိယနေရာရခဲ့တဲ့ ဘရာဇီးလ်အသင်းတို့ ခြေစစ်ပွဲ မကစားရဘဲ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ပြီး ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ ထင်ရှားတဲ့ဖြစ်ရပ်ကတော့ ဟန်ဂေရီနဲ့ ဘရာဇီးလ်အသင်းတို့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ဟာ အကြမ်းတမ်းဆုံး ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး “Battele of Berne” လို့ အမည်တွင်ခဲ့ပါတယ်။

Battele-of-Berne-Match

Battele-of-Berne-Match

ဆီမီးဖိုင်နယ်အဆင့်ကို ဟန်ဂေရီ၊ ဥရုဂွေး၊ အနောက်ဂျာမနီနဲ့ သြစတြီးယားတို့ တက်ရောက်နိုင်ခဲ့ပြီး ဟန်ဂေရီက ဥရုဂွေးကို (၄-၂)ဂိုး၊ အနောက်ဂျာမနီက သြစတြီးယားကို (၆-၁)ဂိုးတွေနဲ့ အနိုင်ရကာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဟန်ဂေရီအသင်းကို အနောက်ဂျာမနီအသင်းက (၃-၂)ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတွေကို ပြိုင်ပွဲကျင်းပခဲ့တဲ့ နှစ်အလိုက် အပိုင်းဖြင့် နေ့စဉ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အပိုင်း (၆)ကို နောက်ရက်မှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် . . .

၁၉၅၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အကျဉ်းချုပ်

Host Country – Switzerland
Dates – 16 June – 4 July (19 days)
Teams – 16 (from 4 confederations)
Venue(s) – 6 (in 6 host cities)
Champions – West Germany (1st title)
Runners Up – Hungary
Third Place – Austria
Fourth Place – Uruguay
Matches Played – 26
Goals Scored – 140 (5.38 per match)
Attendance – 768,607 (29,562 per match)
Top scorer(s) – Sándor Kocsis – Hungary (11 goals)

REF:Wikipedia
Photo:FIFA.com, Sportsnet
Aung Kyaw Wai (Akhayar)
www.akhayar.com