This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းမ်ား အပိုင္း (၄)

၁၉၅၀ ကမၻာ႔ဖလားၿပိဳင္ပြဲ

ဒုတိယကမၻာစစ္အၿပီး အခက္အခဲေပါင္းမ်ားစြာရွိတဲ့ၾကားကေန ၿပိဳင္ပြဲကို ျပန္လည္ က်င္းပဖို႔ ႀကိဳးပမ္းရာမွာ အိမ္ရွင္ႏိုင္ငံ ေရြးခ်ယ္ဖို႔ေတာင္ ခက္ခဲခဲ့ပါတယ္။ တတိယအႀကိမ္ေျမာက္ ၿပိဳင္ပဲြအၿပီး (၁၂)ႏွစ္အၾကာမွ ျပန္လည္ က်င္းပတဲ့ ၿပိဳင္ပြဲကို ဘရာဇီးလ္ႏိုင္ငံမွာ က်င္းပဖို႔ ဖီဖာက ဆံုးျဖတ္ခဲ့ၿပီး စစ္ေဘးဒဏ္ အမ်ားဆံုးခံခဲ့ရတဲ့ ဥေရာပႏိုင္ငံအမ်ားစုကေတာ့ ၀င္ေရာက္ယွဥ္ၿပိဳင္လိုျခင္း မရွိခဲ့ပါဘူး။ အဂၤလန္အသင္း ကမၻာ႔ဖလားၿပိဳင္ပြဲကို ပထမဆံုးအႀကိမ္ ၀င္ေရာက္ ယွဥ္ၿပိဳင္ခဲ့တဲ့ ၿပိဳင္ပြဲျဖစ္ၿပီး ပထမဆံုးအႀကိမ္ ခ်န္ပီယံျဖစ္ၿပီး ေနာက္ထပ္က်င္းပတဲ့ ၿပိဳင္ပြဲေတြမွာ ၀င္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိတဲ့ ဥရုေဂြးအသင္းလည္း တစ္ေက်ာ႔ျပန္ ယွဥ္ၿပိဳင္ခဲ့တဲ့ ၿပိဳင္ပြဲျဖစ္ပါတယ္။ ေျခစစ္ပြဲေတြ ကစားၿပီး ေအာင္ျမင္လာတဲ့ အသင္းေပါင္း (၁၃)သင္းကို ပထမအႀကိမ္ ၿပိဳင္ပြဲတုန္းကလို (၄)သင္း (၁)အုပ္စု၊ (၃)သင္း (၃)အုပ္စုပံုစံနဲ႔ က်င္းပခဲ့ၿပီး အုပ္စုဗိုလ္ေနရာရ အသင္း (၄)သင္း အုပ္စုပတ္လည္ပံုစံနဲ႔ ေနာက္တစ္ဆင့္ကို ကစားေစခဲ့ပါတယ္။

Juan-Schiaffino-scores-Uruguays-first-goal-past-Brazilian-keeper-Barbosa

Juan-Schiaffino-scores-Uruguays-first-goal-past-Brazilian-keeper-Barbosa

အိမ္ရွင္ ဘရာဇီးလ္၊ စပိန္၊ ဆြီဒင္နဲ႔ ဥရုေဂြးအသင္းတို႔ ေနာက္တစ္ဆင့္ တက္ေရာက္ႏုိင္ခဲ့ၿပီး အမွတ္အမ်ားဆံုးအသင္းျဖစ္တဲ့ ဥရုေဂြးအသင္းက အိမ္ရွင္ဘရာဇီးလ္အသင္းကို ေက်ာ္ျဖတ္ၿပီး ဒုတိယအႀကိမ္ေျမာက္ ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ၁၉၅၀ ၿပိဳင္ပြဲ က်င္းပခ်ိန္နဲ႔ ကမၻာ႔ဖလားၿပိဳင္ပြဲကို စတင္က်င္းပဖို႔ ဦးေဆာင္ခဲ့တဲ့ ဖီဖာဥကၠဌ ဂ်ဴးရီးမက္ရဲ႕ ဥကၠဌသက္တမ္း (၂၅)ႏွစ္ျပည့္ခ်ိန္နဲ႔ တိုက္ဆိုင္ေနခဲ့လို႔ ဂ်ဴးရီးမက္ဖလားလို႔ အမည္ေျပာင္းလဲ က်င္းပဖုိ႔ ဖီဖာတာ၀န္ရွိသူေတြက သတ္မွတ္ခဲ့ပါတယ္။ က်င္းပၿပီးစီးခဲ့တဲ့ ၿပိဳင္ပြဲ (၄)ႀကိမ္မွာ ပရိသတ္အမ်ားဆံုး ၾကည့္ရႈခဲ့တဲ့ ၿပိဳင္ပြဲအျဖစ္ မွတ္တမ္း၀င္ခဲ့ၿပီး တစ္ပြဲပွ်မ္းမွ် (၄၇၀၀၀)ေက်ာ္ လာေရာက္ၾကည့္ရႈခဲ့ၾကပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းေတြကို ၿပိဳင္ပြဲက်င္းပခဲ့တဲ့ ႏွစ္အလိုက္ အပိုင္းျဖင့္ ေန႔စဥ္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။ အပိုင္း (၅)ကို ေနာက္ရက္မွာ ဆက္လက္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္ . . .

၁၉၅၀ ကမၻာ႔ဖလားၿပိဳင္ပြဲ အက်ဥ္းခ်ဳပ္

Host Country – Brazil
Dates – 24 June – 16 July (23 days)
Teams – 13 (from 3 confederations)
Venue(s) – 6 (in 6 host cities)
Champions – Uruguay (2nd title)
Runners – Brazil
Third Place – Sweden
Fourth Place – Spain
Matches Played – 22
Goals Scored – 88 (4 per match)
Attendance – 1,045,246 (47,511 per match)
Top scorer(s) – Ademir – Brazil (8 goals)

REF:Wikipedia
Photo:Mirror, La Celeste Blog
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းများ အပိုင်း (၄)

၁၉၅၀ ကမ္ဘာ့ဖလားပြိုင်ပွဲ

ဒုတိယကမ္ဘာစစ်အပြီး အခက်အခဲပေါင်းများစွာရှိတဲ့ကြားကနေ ပြိုင်ပွဲကို ပြန်လည် ကျင်းပဖို့ ကြိုးပမ်းရာမှာ အိမ်ရှင်နိုင်ငံ ရွေးချယ်ဖို့တောင် ခက်ခဲခဲ့ပါတယ်။ တတိယအကြိမ်မြောက် ပြိုင်ပွဲအပြီး (၁၂)နှစ်အကြာမှ ပြန်လည် ကျင်းပတဲ့ ပြိုင်ပွဲကို ဘရာဇီးလ်နိုင်ငံမှာ ကျင်းပဖို့ ဖီဖာက ဆုံးဖြတ်ခဲ့ပြီး စစ်ဘေးဒဏ် အများဆုံးခံခဲ့ရတဲ့ ဥရောပနိုင်ငံအများစုကတော့ ဝင်ရောက်ယှဉ်ပြိုင်လိုခြင်း မရှိခဲ့ပါဘူး။ အင်္ဂလန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဖြစ်ပြီး ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ပြီး နောက်ထပ်ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတဲ့ ဥရုဂွေးအသင်းလည်း တစ်ကျော့ပြန် ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ခြေစစ်ပွဲတွေ ကစားပြီး အောင်မြင်လာတဲ့ အသင်းပေါင်း (၁၃)သင်းကို ပထမအကြိမ် ပြိုင်ပွဲတုန်းကလို (၄)သင်း (၁)အုပ်စု၊ (၃)သင်း (၃)အုပ်စုပုံစံနဲ့ ကျင်းပခဲ့ပြီး အုပ်စုဗိုလ်နေရာရ အသင်း (၄)သင်း အုပ်စုပတ်လည်ပုံစံနဲ့ နောက်တစ်ဆင့်ကို ကစားစေခဲ့ပါတယ်။

Juan-Schiaffino-scores-Uruguays-first-goal-past-Brazilian-keeper-Barbosa

Juan-Schiaffino-scores-Uruguays-first-goal-past-Brazilian-keeper-Barbosa

အိမ်ရှင် ဘရာဇီးလ်၊ စပိန်၊ ဆွီဒင်နဲ့ ဥရုဂွေးအသင်းတို့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီး အမှတ်အများဆုံးအသင်းဖြစ်တဲ့ ဥရုဂွေးအသင်းက အိမ်ရှင်ဘရာဇီးလ်အသင်းကို ကျော်ဖြတ်ပြီး ဒုတိယအကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၁၉၅၀ ပြိုင်ပွဲ ကျင်းပချိန်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို စတင်ကျင်းပဖို့ ဦးဆောင်ခဲ့တဲ့ ဖီဖာဥက္ကဌ ဂျူးရီးမက်ရဲ့ ဥက္ကဌသက်တမ်း (၂၅)နှစ်ပြည့်ချိန်နဲ့ တိုက်ဆိုင်နေခဲ့လို့ ဂျူးရီးမက်ဖလားလို့ အမည်ပြောင်းလဲ ကျင်းပဖို့ ဖီဖာတာဝန်ရှိသူတွေက သတ်မှတ်ခဲ့ပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ပြိုင်ပွဲ (၄)ကြိမ်မှာ ပရိသတ်အများဆုံး ကြည့်ရှုခဲ့တဲ့ ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး တစ်ပွဲပျှမ်းမျှ (၄၇၀၀၀)ကျော် လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတွေကို ပြိုင်ပွဲကျင်းပခဲ့တဲ့ နှစ်အလိုက် အပိုင်းဖြင့် နေ့စဉ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အပိုင်း (၅)ကို နောက်ရက်မှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် . . .

၁၉၅၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အကျဉ်းချုပ်

Host Country – Brazil
Dates – 24 June – 16 July (23 days)
Teams – 13 (from 3 confederations)
Venue(s) – 6 (in 6 host cities)
Champions – Uruguay (2nd title)
Runners – Brazil
Third Place – Sweden
Fourth Place – Spain
Matches Played – 22
Goals Scored – 88 (4 per match)
Attendance – 1,045,246 (47,511 per match)
Top scorer(s) – Ademir – Brazil (8 goals)

REF:Wikipedia
Photo:Mirror, La Celeste Blog
Aung Kyaw Wai (Akhayar)
www.akhayar.com