[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းမ်ား

၁၉၃၄ ကမၻာ႔ဖလားၿပိဳင္ပြဲ

ဒုတိယအႀကိမ္ ကမၻာ႔ဖလားၿပိဳင္ပြဲကိုေတာ့ အီတလီႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့ၿပီး ၿပိဳင္ပြဲဝင္ အသင္း (၃၂)သင္းအထိ တိုးျမွင့္ခဲ့တဲ့ ၿပိဳင္ပြဲလည္း ျဖစ္ပါတယ္။ (၃၂)သင္းအျဖစ္ ကစားခဲ့ေပမယ့္ လက္ရွိ က်င္းပေနတဲ့ ၿပိဳင္ပြဲပံုစံနဲ႔ ကစားေစတာမဟုတ္ဘဲ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ အသင္း (၃၂)သင္းကို ေျခစစ္ပြဲပံုစံနဲ႔ ကစားေစခဲ့တာျဖစ္ပါတယ္။ ေျခစစ္ပြဲေအာင္ျမင္လာခဲ့တဲ့ အသင္း (၁၆)သင္းကို ရံႈးထြက္အဆင့္ကေန စတင္ ကစားေစခဲ့တာ ျဖစ္ပါတယ္။ ေျခစစ္ပြဲကို စတင္ အသက္သြင္းခဲ့တဲ့ ၿပိဳင္ပြဲအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့တဲ့ ၿပိဳင္ပြဲလည္း ျဖစ္ပါတယ္။ အီတလီႏိုင္ငံရဲ႕ နာမည္ေက်ာ္ ဖက္ဆစ္အာဏာရွင္ မူဆိုလီနီ အုပ္ခ်ဳပ္ေနခ်ိန္မွာ အိမ္ရွင္အျဖစ္ လက္ခံက်င္းပဖို႔ ဖီဖာတာဝန္ရွိသူေတြက ခြင့္ျပဳခဲ့လို႔ ကန္႔ကြက္မႈေတြနဲ႔ ႀကံဳေတြ႔ခဲ့ရၿပီး ေဆြးေႏြးမႈေတြ အႀကိမ္ႀကိမ္ျပဳလုပ္ခဲ့ရပါတယ္။

1934-FIFA-World-Cup-Match

1934-FIFA-World-Cup-Match

ဒုတိယအႀကိမ္ ၿပိဳင္ပြဲမွာ ပထမအႀကိမ္ ကမၻာ႔ဖလား ခ်န္ပီယံျဖစ္ခဲ့တဲ့ ဥရုေဂြးအသင္း ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္း မရွိခဲ့ပါဘူး။ ပထမအႀကိမ္ၿပိဳင္ပြဲ က်င္းပျပဳလုပ္ခဲ့တုန္းက ဖီဖာက ဥရုေဂြးကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ေပးခဲ႔လို႔ ဥေရာပအသင္းႀကီးေတြက ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ျခင္း မရွိတာကို တန္ျပန္ဆႏၵျပတဲ့ အေနနဲ႔ ဥေရာပတိုက္မွာ က်င္းပျပဳလုပ္တဲ့ ဒုတိယအႀကိမ္ေျမာက္ ၿပိဳင္ပြဲကို ဝင္ေရာက္ မယွဥ္ၿပိဳင္ခဲ့တာ ျဖစ္ပါတယ္။ ေနာက္ဆံုး ဗိုလ္လုပြဲကို အိမ္ရွင္ အီတလီအသင္းနဲ႔ နာမည္ႀကီး ခ်က္ကိုဆလိုဗက္ကီးယားအသင္းတို႔ တက္ေရာက္ႏိုင္ခဲ့ၿပီး မိနစ္ (၉၀)အတြင္း (၁-၁)ဂိုးစီ သေရက်ေနခဲ့လို႔ အခ်ိန္ပို ဆက္လက္ကစားခဲ့ရၿပီး အခ်ိန္ပိုအႏိုင္ဂိုးနဲ႔ အိမ္ရွင္ အီတလီတို႔ ကမၻာ႔ဖလားခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ပထမဆံုး အခ်ိန္ပို ကစားရတဲ့ ဗိုလ္လုပြဲအျဖစ္လည္း မွတ္တမ္း ဝင္ခဲ့ပါတယ္။

၁၉၃၄ ကမၻာ႔ဖလားၿပိဳင္ပြဲ အက်ဥ္းခ်ဳပ္

Host Country – Italy
Dates – 27 May – 10 June (15 days)
Teams – 16 (from 4 confederations)
Venue(s) – 8 (in 8 host cities)
Champions – Italy (1st title)
Runners-Up – Czechoslovakia
Third Place – Germany
Fourth Place – Austria
Matches Played – 17
Goals Scored – 70 (4.12 per match)
Attendance – 363,000 (21,353 per match)
Top scorer(s) – Oldřich Nejedlý-Czechoslovakia (5 goals)

REF:Wikipedia
Photo:Pinterest, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းများ

၁၉၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ

ဒုတိယအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ အီတလီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် အသင်း (၃၂)သင်းအထိ တိုးမြှင့်ခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ (၃၂)သင်းအဖြစ် ကစားခဲ့ပေမယ့် လက်ရှိ ကျင်းပနေတဲ့ ပြိုင်ပွဲပုံစံနဲ့ ကစားစေတာမဟုတ်ဘဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အသင်း (၃၂)သင်းကို ခြေစစ်ပွဲပုံစံနဲ့ ကစားစေခဲ့တာဖြစ်ပါတယ်။ ခြေစစ်ပွဲအောင်မြင်လာခဲ့တဲ့ အသင်း (၁၆)သင်းကို ရှုံးထွက်အဆင့်ကနေ စတင် ကစားစေခဲ့တာ ဖြစ်ပါတယ်။ ခြေစစ်ပွဲကို စတင် အသက်သွင်းခဲ့တဲ့ ပြိုင်ပွဲအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ အီတလီနိုင်ငံရဲ့ နာမည်ကျော် ဖက်ဆစ်အာဏာရှင် မူဆိုလီနီ အုပ်ချုပ်နေချိန်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ဖီဖာတာဝန်ရှိသူတွေက ခွင့်ပြုခဲ့လို့ ကန့်ကွက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ဆွေးနွေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရပါတယ်။

1934-FIFA-World-Cup-Match

1934-FIFA-World-Cup-Match

ဒုတိယအကြိမ် ပြိုင်ပွဲမှာ ပထမအကြိမ် ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ ဥရုဂွေးအသင်း ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။ ပထမအကြိမ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့တုန်းက ဖီဖာက ဥရုဂွေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပေးခဲ့လို့ ဥရောပအသင်းကြီးတွေက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိတာကို တန်ပြန်ဆန္ဒပြတဲ့ အနေနဲ့ ဥရောပတိုက်မှာ ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် ပြိုင်ပွဲကို ဝင်ရောက် မယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ဗိုလ်လုပွဲကို အိမ်ရှင် အီတလီအသင်းနဲ့ နာမည်ကြီး ချက်ကိုဆလိုဗက်ကီးယားအသင်းတို့ တက်ရောက်နိုင်ခဲ့ပြီး မိနစ် (၉၀)အတွင်း (၁-၁)ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပို ဆက်လက်ကစားခဲ့ရပြီး အချိန်ပိုအနိုင်ဂိုးနဲ့ အိမ်ရှင် အီတလီတို့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံး အချိန်ပို ကစားရတဲ့ ဗိုလ်လုပွဲအဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။

၁၉၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အကျဉ်းချုပ်

Host Country – Italy
Dates – 27 May – 10 June (15 days)
Teams – 16 (from 4 confederations)
Venue(s) – 8 (in 8 host cities)
Champions – Italy (1st title)
Runners-Up – Czechoslovakia
Third Place – Germany
Fourth Place – Austria
Matches Played – 17
Goals Scored – 70 (4.12 per match)
Attendance – 363,000 (21,353 per match)
Top scorer(s) – Oldřich Nejedlý-Czechoslovakia (5 goals)

REF:Wikipedia
Photo:Pinterest, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com