[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲ သမိုင္းေၾကာင္းမ်ား

၁၉၃၀ ကမၻာ႔ဖလားၿပိဳင္ပြဲ

ပထမဆံုးအႀကိမ္အျဖစ္ စတင္က်င္းပခဲ့တဲ့ ၁၉၃၀ ခုႏွစ္ ၿပိဳင္ပြဲ မတိုင္ခင္ အိုလံပစ္ၿပိဳင္ပြဲမွာ ထည့္သြင္းက်င္းပတဲ့ ေဘာလံုးၿပိဳင္ပြဲကလြဲလို႔ ႏိုင္ငံလက္ေရြးစင္အသင္းေတြအတြက္ သီးသန္႔ဆိုၿပီး က်င္းပတဲ့ ၿပိဳင္ပြဲမရွိခဲ့ပါဘူး။ ႏိုင္ငံလက္ေရြးစင္အသင္းေတြအတြက္ ၿပိဳင္ပြဲရွားပါးေနလို႔ အဲ့ဒီအခ်ိန္မွာ ဖီဖာဥကၠဌအျဖစ္ တာဝန္ယူေဆာင္ရြက္ေနတဲ့ ျပင္သစ္လူမ်ိဳး ဂ်ဴးရီးမက္က ဦးေဆာင္ၿပီး ပေရာ္ဖက္ရွင္နယ္ ကစားသမားေတြအတြက္ ဖီဖာကေန က်င္းပျပဳလုပ္တဲ့ ၿပိဳင္ပြဲတစ္ရပ္ကို က်င္းပဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ ပထမဆံုးအႀကိမ္ က်င္းပမယ့္ ၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ရဖို႔ အီတလီ၊ နယ္သာလန္၊ စပိန္၊ ဆြီဒင္နဲ႔ ဥရုေဂြးႏိုင္ငံေတြက ေလွ်ာက္ထားခဲ့ၿပီး စပိန္ႏိုင္ငံ၊ ဘာစီလိုနာၿမိဳ႕မွာ က်င္းပျပဳလုပ္ခဲ့တဲ့ အိမ္ရွင္ႏိုင္ငံ ေရြးခ်ယ္ပြဲမွာေတာ့ အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ကို ဥရုေဂြးႏိုင္ငံက ရရွိခဲ့ပါတယ္။ ဥရုေဂြးႏိုင္ငံ လြတ္လပ္ေရးရတဲ့ ႏွစ္ (၁၀ဝ)ျပည့္နဲ႔ တိုက္ဆိုင္ေနခဲ့လို႔ ဖီဖာက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ကို ေပးအပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီဆံုးျဖတ္ခ်က္ကို မေက်နပ္တဲ့အတြက္ ဥေရာပထိပ္သီး အသင္းႀကီးေတြျဖစ္တဲ့ ဂ်ာမနီ၊ အီတလီ၊ စပိန္၊ အဂၤလန္နဲ႔ နယ္သာလန္တို႔ ၿပိဳင္ပြဲကို ကန္႔ကြက္တဲ့အေနနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္း မရွိခဲ့ပါဘူး။

1930-FIFA-Word-Cup-Final

1930-FIFA-Word-Cup-Final

ပထမဆံုးအႀကိမ္ၿပိဳင္ပြဲကို အသင္းေပါင္း (၁၃)သင္း ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး (၄)သင္း (၁)အုပ္စု၊ (၃)သင္း (၃)အုပ္စုပံုစံနဲ႔ အုပ္စု (၄)စုခြဲကာ ကစားခဲ့ၿပီး အမွတ္အမ်ားဆံုးရရွိတဲ့ အသင္း (၄)သင္း ဆီမီးဖိုင္နယ္အဆင့္ကို ကစားခဲ့ရပါတယ္။ ေနာက္ဆံုးဗိုလ္လုပြဲအဆင့္ကိုေတာ့ ဥရုေဂြးအသင္းနဲ႔ အာဂ်င္တီးနားအသင္းတို႔ တက္ေရာက္ႏိုင္ခဲ့ၿပီး အိမ္ရွင္ ဥရုေဂြးအသင္းက (၄-၂)ဂိုးနဲ႔ အႏိုင္ရကာ ပထမဆံုး ကမၻာ႔ဖလား ခ်န္ပီယံအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ ၿပိဳင္ပြဲတစ္ေလွ်ာက္ ပြဲစဥ္ေပါင္း (၁၈)ပြဲ ယွဥ္ၿပိဳင္ကစားခဲ့ရၿပီး တစ္ပြဲလွ်င္ ပ်မ္းမွ် ပရိသတ္ (၃၂၀ဝ၀) ေက်ာ္ လာေရာက္အားေပးခဲ့လို႔ ကမၻာ႔ဖလားၿပိဳင္ပြဲဟာ ပထမဆံုးအႀကိမ္ စတင္က်င္းပကတည္းက ပရိသတ္ စိတ္ဝင္စားမႈကို ရရွိခဲ့တဲ့ ၿပိဳင္ပြဲတစ္ခု ျဖစ္ပါတယ္။

၁၉၃၀ ကမၻာ႔ဖလားၿပိဳင္ပြဲ အက်ဥ္းခ်ဳပ္ 

Host country:Uruguay
Dates:13–30 July (18 days)
Teams:13 (from 3 confederations)
Venue(s):3 (in 1 host city)
Champions:Uruguay (1st title)
Runners-Up:Argentina
Third Place:United States
Fourth Place:Yugoslavia
Matches Played:18
Goals Scored:70 (3.89 per match)
Attendance:590,549 (32,808 per match)
Top Scorer(s):Argentina Guillermo Stábile – Argentina (8 goals)

REF:Wikipedia
Photo:FIFA World Cups.Net, TheScore
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းများ

၁၉၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ

ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပခဲ့တဲ့ ၁၉၃၀ ခုနှစ် ပြိုင်ပွဲ မတိုင်ခင် အိုလံပစ်ပြိုင်ပွဲမှာ ထည့်သွင်းကျင်းပတဲ့ ဘောလုံးပြိုင်ပွဲကလွဲလို့ နိုင်ငံလက်ရွေးစင်အသင်းတွေအတွက် သီးသန့်ဆိုပြီး ကျင်းပတဲ့ ပြိုင်ပွဲမရှိခဲ့ပါဘူး။ နိုင်ငံလက်ရွေးစင်အသင်းတွေအတွက် ပြိုင်ပွဲရှားပါးနေလို့ အဲ့ဒီအချိန်မှာ ဖီဖာဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ပြင်သစ်လူမျိုး ဂျူးရီးမက်က ဦးဆောင်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားတွေအတွက် ဖီဖာကနေ ကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲတစ်ရပ်ကို ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပထမဆုံးအကြိမ် ကျင်းပမယ့် ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်နဲ့ ဥရုဂွေးနိုင်ငံတွေက လျှောက်ထားခဲ့ပြီး စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အိမ်ရှင်နိုင်ငံ ရွေးချယ်ပွဲမှာတော့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ဥရုဂွေးနိုင်ငံက ရရှိခဲ့ပါတယ်။ ဥရုဂွေးနိုင်ငံ လွတ်လပ်ရေးရတဲ့ နှစ် (၁၀ဝ)ပြည့်နဲ့ တိုက်ဆိုင်နေခဲ့လို့ ဖီဖာက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို မကျေနပ်တဲ့အတွက် ဥရောပထိပ်သီး အသင်းကြီးတွေဖြစ်တဲ့ ဂျာမနီ၊ အီတလီ၊ စပိန်၊ အင်္ဂလန်နဲ့ နယ်သာလန်တို့ ပြိုင်ပွဲကို ကန့်ကွက်တဲ့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။

1930-FIFA-Word-Cup-Final

1930-FIFA-Word-Cup-Final

ပထမဆုံးအကြိမ်ပြိုင်ပွဲကို အသင်းပေါင်း (၁၃)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး (၄)သင်း (၁)အုပ်စု၊ (၃)သင်း (၃)အုပ်စုပုံစံနဲ့ အုပ်စု (၄)စုခွဲကာ ကစားခဲ့ပြီး အမှတ်အများဆုံးရရှိတဲ့ အသင်း (၄)သင်း ဆီမီးဖိုင်နယ်အဆင့်ကို ကစားခဲ့ရပါတယ်။ နောက်ဆုံးဗိုလ်လုပွဲအဆင့်ကိုတော့ ဥရုဂွေးအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ တက်ရောက်နိုင်ခဲ့ပြီး အိမ်ရှင် ဥရုဂွေးအသင်းက (၄-၂)ဂိုးနဲ့ အနိုင်ရကာ ပထမဆုံး ကမ္ဘာ့ဖလား ချန်ပီယံအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက် ပွဲစဉ်ပေါင်း (၁၈)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရပြီး တစ်ပွဲလျှင် ပျမ်းမျှ ပရိသတ် (၃၂၀ဝဝ) ကျော် လာရောက်အားပေးခဲ့လို့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပထမဆုံးအကြိမ် စတင်ကျင်းပကတည်းက ပရိသတ် စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။

၁၉၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အကျဉ်းချုပ်

Host Country:Uruguay
Dates:13–30 July (18 days)
Teams:13 (from 3 confederations)
Venue(s):3 (in 1 host city)
Champions:Uruguay (1st title)
Runners-Up:Argentina
Third Place:United States
Fourth Place:Yugoslavia
Matches Played:18
Goals Scored:70 (3.89 per match)
Attendance:590,549 (32,808 per match)
Top Scorer(s):Argentina Guillermo Stábile – Argentina (8 goals)

REF:Wikipedia
Photo:FIFA World Cups.Net, TheScore
Aung Kyaw Wai (Akhayar)
www.akhayar.com