[Zawgyi]

Demetrious Johnson နဲ႔ Ben Askren တုိ႔ကုိ UFC နဲ႔ One FC တုိ႔ လဲလွယ္လုိက္ၿပီ

Ultimate Fighting Championship (UFC) ဟာ သူတုိ႔ရဲ႕ ဖလုိင္းဝိတ္ခ်န္ပီယံေဟာင္း Demetrious Johnson နဲ႔ One Championship (One FC) ရဲ႕ ဝယ္တာဝိတ္ခ်န္ပီယံ Ben Askren တုိ႔ကုိ အလဲအလွယ္လုပ္ခဲ့ေၾကာင္း ေၾကညာခဲ့ပါတယ္။ ၾကြက္ကေလးလုိ႔ ခ်စ္စႏုိးေခၚၾကတဲ့ Demetrious Johnson ဟာ UFC နဲ႔ စာခ်ဳပ္ဖ်က္သိမ္းၿပီး One Championship ကုိ သြားေရာက္ထုိးသတ္ရမွာျဖစ္သလုိ Ben Askren ကလည္း UFC ကုိ သြားေရာက္ယွဥ္ၿပိဳင္ရမွာပါ။

ကမၻာေက်ာ္ UFC အဖြဲ႕ အစည္းနဲ႔ အာရွတုိက္မွာ ေအာင္ျမင္ေနတဲ့ One Championship ၾကားမွာ ပထမဆုံးကစားသမားလဲလွယ္မႈလုိ႔ေတာင္ ဆုိႏုိင္ပါတယ္။ (၂၇) ပြဲႏုိင္ (၁) ပြဲသေရနဲ႔ (၃) ပြဲရႈံး ရလဒ္ပုိင္ဆုိင္ထားတဲ့ Demetrious Johnson ကုိ ဝိတ္တန္းအလုိက္ ဒုတိယအေကာင္းဆုံးကစားသမားျဖစ္ရုံမက ဖလုိင္းဝိတ္တန္းရဲ႕ အေကာင္းဆုံးအျဖစ္ USA Today Sports က သတ္မွတ္ထားပါတယ္။ (UFC ရဲ႕လုိက္ဝိတ္ခ်န္ပီယံ Khabib Nurmagomedov ဟာ ဝိတ္တန္းအလုိက္ တတိယအေကာင္းဆုံးကစားသမားပါ။)

One Championship ရဲ႕  ပင္တုိင္ကစားသမား Ben Askren ဟာ (၁၉) ပြဲထုိးသတ္ခဲ့ၿပီး (၁၈) ပဲြအႏုိင္ရခဲ့ပါတယ္။ (Luis Santos နဲ႔ ထုိးသတ္တဲ့ပြဲမွာ ပြဲပ်က္စာရင္းဝင္ခဲ့ၿပီး ရႈံးပြဲမရွိေသးတဲ့ လက္ေဝွ႔ေက်ာ္ျဖစ္ပါတယ္။) သူ႕အေနနဲ႔ အာရွအေျခစုိက္ One Championship မွာ ေအာင္ပြဲဆင္ေနၿပီး အစြယ္ခြ်န္လုိ႔  UFC မွာ နယ္ကြ်ံတဲ့သေဘာပါ။

၂ဝ၁၂ခုႏွစ္မွာ UFC ရဲ႕ ဖလုိင္းဝိတ္ခ်န္ပီယံဘြဲ႕ ကုိ ရရွိထားတဲ့ Demetrious Johnson ဟာ ခ်န္ပီယံကာကြယ္ပြဲအျဖစ္ (၁၁) ႀကိမ္နဲ႔ စံခ်ိန္တင္ထားသူျဖစ္ပါတယ္။ သူ႕ရဲ႕ ပြဲဦးထြက္ကုိေတာ့ မေၾကညာေသးေပမယ့္ One Championship ရဲ႕ ဖလုိင္းဝိတ္ခ်န္ပီယံ Geje Eustaquio အျပင္ တျခားဖလုိင္းဝိတ္ကစားသမားေတြကေတာ့ မ်က္ခုံးလႈပ္ေနၿပီထင္ပါတယ္။

One Championship မွာ ရႈံးပြဲမရွိစံခ်ိန္တင္ထားတဲ့ Ben Askren အေနနဲ႔ေရာ UFC မွာ အေျခအေနေကာင္းပါ့မလားဆုိတာ စိတ္ဝင္စားစရာပါ။ စကၤာပူအေျခစုိက္ One Championship အေနနဲ႔ ၂ဝ၁၈ခုႏွစ္အတြင္းမွာ UFC ရဲ႕ လုိက္ဝိတ္ခ်န္ပီယံေဟာင္း Eddie Alvarez နဲ႔  ဖလုိင္းဝိတ္ခ်န္ပီယံေဟာင္း Demetrious Johnson တုိ႔ကုိ စာခ်ဳပ္ထားၿပီလုိ႔ ဆုိရမွာပါ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

Demetrious Johnson နဲ့ Ben Askren တို့ကို UFC နဲ့ One FC တို့ လဲလှယ်လိုက်ပြီ

Ultimate Fighting Championship (UFC) ဟာ သူတို့ရဲ့ ဖလိုင်းဝိတ်ချန်ပီယံဟောင်း Demetrious Johnson နဲ့ One Championship (One FC) ရဲ့ ဝယ်တာဝိတ်ချန်ပီယံ Ben Askren တို့ကို အလဲအလှယ်လုပ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ကြွက်ကလေးလို့ ချစ်စနိုးခေါ်ကြတဲ့ Demetrious Johnson ဟာ UFC နဲ့ စာချုပ်ဖျက်သိမ်းပြီး One Championship ကို သွားရောက်ထိုးသတ်ရမှာဖြစ်သလို Ben Askren ကလည်း UFC ကို သွားရောက်ယှဉ်ပြိုင်ရမှာပါ။

ကမ္ဘာကျော် UFC အဖွဲ့ အစည်းနဲ့ အာရှတိုက်မှာ အောင်မြင်နေတဲ့ One Championship ကြားမှာ ပထမဆုံးကစားသမားလဲလှယ်မှုလို့တောင် ဆိုနိုင်ပါတယ်။ (၂၇) ပွဲနိုင် (၁) ပွဲသရေနဲ့ (၃) ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားတဲ့ Demetrious Johnson ကို ဝိတ်တန်းအလိုက် ဒုတိယအကောင်းဆုံးကစားသမားဖြစ်ရုံမက ဖလိုင်းဝိတ်တန်းရဲ့ အကောင်းဆုံးအဖြစ် USA Today Sports က သတ်မှတ်ထားပါတယ်။ (UFC ရဲ့လိုက်ဝိတ်ချန်ပီယံ Khabib Nurmagomedov ဟာ ဝိတ်တန်းအလိုက် တတိယအကောင်းဆုံးကစားသမားပါ။)

One Championship ရဲ့  ပင်တိုင်ကစားသမား Ben Askren ဟာ (၁၉) ပွဲထိုးသတ်ခဲ့ပြီး (၁၈) ပွဲအနိုင်ရခဲ့ပါတယ်။ (Luis Santos နဲ့ ထိုးသတ်တဲ့ပွဲမှာ ပွဲပျက်စာရင်းဝင်ခဲ့ပြီး ရှုံးပွဲမရှိသေးတဲ့ လက်ဝှေ့ကျော်ဖြစ်ပါတယ်။) သူ့အနေနဲ့ အာရှအခြေစိုက် One Championship မှာ အောင်ပွဲဆင်နေပြီး အစွယ်ချွန်လို့  UFC မှာ နယ်ကျွံတဲ့သဘောပါ။

၂ဝ၁၂ခုနှစ်မှာ UFC ရဲ့ ဖလိုင်းဝိတ်ချန်ပီယံဘွဲ့ ကို ရရှိထားတဲ့ Demetrious Johnson ဟာ ချန်ပီယံကာကွယ်ပွဲအဖြစ် (၁၁) ကြိမ်နဲ့ စံချိန်တင်ထားသူဖြစ်ပါတယ်။ သူ့ရဲ့ ပွဲဦးထွက်ကိုတော့ မကြေညာသေးပေမယ့် One Championship ရဲ့ ဖလိုင်းဝိတ်ချန်ပီယံ Geje Eustaquio အပြင် တခြားဖလိုင်းဝိတ်ကစားသမားတွေကတော့ မျက်ခုံးလှုပ်နေပြီထင်ပါတယ်။

One Championship မှာ ရှုံးပွဲမရှိစံချိန်တင်ထားတဲ့ Ben Askren အနေနဲ့ရော UFC မှာ အခြေအနေကောင်းပါ့မလားဆိုတာ စိတ်ဝင်စားစရာပါ။ စင်္ကာပူအခြေစိုက် One Championship အနေနဲ့ ၂ဝ၁၈ခုနှစ်အတွင်းမှာ UFC ရဲ့ လိုက်ဝိတ်ချန်ပီယံဟောင်း Eddie Alvarez နဲ့  ဖလိုင်းဝိတ်ချန်ပီယံဟောင်း Demetrious Johnson တို့ကို စာချုပ်ထားပြီလို့ ဆိုရမှာပါ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com