Forbes မဂ္ဂဇင်းဟာ သူရဲ့ နှစ်စဉ် ထုတ်ပြန်နေကျ ဖြစ်တဲ့ ကမ္ဘာ့အချမ်းသာဆုံး Hip-Hop Stars စာရင်းကို ထုတ်ပြန်လိုက်ပါပြီ ခင်ဗျ။ ဒီတစ်ခါတော့ Top 5 စာရင်းမှာ Rapper အသစ်တစ်ယောက်ဝင်ရောက်လာခဲ့ပါပြီ။

ပုံမှန်အနေနဲ့ဆို Birdman, Diddy , Dr. Dre, Jay Z နဲ့ 50 Cent ဖြစ်တတ်ပေမယ့် 50 Cent ကတော့ သူ့ရဲ့ 100$ Vitamin Water ထုတ်လုပ်မှုမှာ ပိုက်ဆံတွေ အများကြီး သုံးလိုက်တဲ့ အပြင် ပြီးခဲ့တဲ့ နွေရာသီက ဒေဝါလီခံရန် စာရင်းသွင်းပြင်ဆင်ခဲ့မှုကြောင့်လည်း သူ့ရဲ့ အချမ်းသာဆုံးနေရာကနေ လျှောကျခဲ့ရပါတယ်။

သူ့ရဲ့ Top 5 နေရာကိုတော့ အင်တာနက်မှာ လူကြိုက်အများဆုံး Rapper ဖြစ်တဲ့ Drake က ဝင်ရောက်လာခဲ့ပါတယ်။ Top 5 တွေရဲ့ ငွေကြေးပိုင်ဆိုင်မှုကတော့ –

  1. Diddy – $750 million
  2. Dr. Dre – $710 million
  3. Jay Z – $610 million
  4. Birdman – $110 million
  5. Drake – $60 million

 

You May Also Like : “Dropbox ရဲ့ CEO ဖြစ်သူ ဘီလျံနာ Drew Houston ၏ ဝှက်ဖဲ သုံးချပ်

 

5. Drake – အသားတင် ပိုင်ဆိုင်မှု $60 million

Drake ဟာ သူ့ရဲ့ သီချင်းတွေ ၊ Music Tour တွေနဲ့ Nike, Sprite နဲ့ Apple က ရတဲ့ စပွန်ဆာဝင်ငွေတွေနဲ့ ကမ္ဘာ့အချမ်းသာဆုံး Hip Hop Star ၅ယောက်ထဲကို ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့ပါတယ်။

4. Birdman – အသားတင်ပိုင်ဆိုင်မှ $110 million

ဒီ Cash Money ရဲ့ ဗိုလ်ချုပ် Birdman ဟာ ကသောင်းကနင်းဖြစ်မှုတွေကြောင့် သူ့ရဲ့ ကြွယ်ဝမှုတွေထဲက $30 million လောက် လျော့ကျသွားပေမယ့်လည်း အချမ်းသာဆုံး Rapper နေရာကိုတော့ သိမ်းပိုက်ထားဆဲပါ။

3. Jay Z – အသားတင်ပိုင်ဆိုင်မှု $610 million

သူ့ရဲ့  “Tidal” Music Streaming Service ဟာ စစချင်းတုန်းကတော့ အခက်အခဲတွေ အများကြီးတွေ့ရပြီး 3M paid subscribers သာရှိပေမယ့် အခုခါမှာတော့ သုံးစွဲသူတွေ တဟုန်ထိုးတိုးတက်လာခဲ့ပါပြီ။

2. Dre – အသားတင်ပိုင်ဆိုင်မှု $710 million

Beats by Dr.Dre နားကျပ်တွေရဲ့ ရောင်းရငွေ၊ မနှစ်က သူ့ရဲ့ Biography ရုပ်ရှင်ဖြစ်တဲ့ Straight Outta Compton က ရရှိတဲ့ ငွေ နဲ့ Southern CA Real Estate မှာ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုတွေဟာ တိုးပွားလာခဲ့ပါတယ်။

1. Diddy – အသားတင်ပိုင်ဆိုင်မှု $750 million

သူ့ရဲ့ 2015 Mixtape ဖြစ်တဲ့ MMM (Money Making Mitch) နဲ့ Ciroc Vodka, Revolt , Sean John Clothing နဲ့ Aquahydrate တို့က ရတဲ့ ဝင်ငွေနဲ့ သူဟာ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားဆဲ ဖြစ်ပါတယ်။

 

ရိုးလူ (အခရာ)

www.akhayar.com

Ref : www.forbes.com