[Zawgyi]












Yoe Lu (Akhayar)

www.akhayar.com

[Unicode]

ရင်သွေးငယ်သမီးလေးကို လွယ်ထားရပြီဖြစ်တဲ့ အဆိုတော် မင်းသမီး Hilary Duff

ပြီးခဲ့တဲ့ သောကြာနေ့က Hilary Duff နဲ့ သူ့ရဲ့ ရည်းစားဖြစ်တဲ့ Matthew Koma တို့ဟာ သူတို့နှစ်ယောက်ရဲ့ ပထမဦးဆုံးရင်သွေးသမီးလေးကို Hilary Duff ကိုယ်ဝန်လွယ်ထားရတယ်ဆိုတဲ့ အကြောင်း Instagram မှာ တင်ထားပါတယ်။

ပုံထဲမှာတော့ Koma က Hilary ကို အနမ်းပေးနေပြီး Hilary ကတော့ ကိုယ်ဝန်ဆောင်သည်တွေ ဝတ်လေ့ရှိတဲ့ ဂါဝန်ရှည်နဲ့ ပူနေတဲ့ ဗိုက်လေးကို ကြွားထားပါတယ်။ Hilary နဲ့ Koma ဟာ ပြတ်လိုက်ဆက်လိုက် ဖြစ်နေကြတာ ဖြစ်ပြီး နောက်ဆုံးအကြိမ်ပြန်ပေါင်းထုပ်ခဲ့တာကတော့ မနှစ်က ဒီဇင်ဘာက ဖြစ်ပါတယ်။

Hilary Duff and Matthew Koma

Hilary Duff and Matthew Koma

အသက် (၃၀) ရှိပြီဖြစ်တဲ့ Hilary Duff ဟာ ၂၀၁၆ ခုနှစ်က ကြေးစားဟော်ကီကစားသမားဟောင်း Comrie နဲ့ ကွာရှင်းခဲ့သူ ဖြစ်ပြီး

Hilary Duff and Mike Comrie

Hilary Duff and Mike Comrie

Carly Rae Jepsen and Matthew Koma

Carly Rae Jepsen and Matthew Koma

Koma ကတော့ Call Me Maybe သီချင်းရဲ့ အဆိုတော် Carly Rae Jepsen ရဲ့ရည်းစားဟောင်းဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com