၂၀၁၆ ခုနှစ်တုန်းက အမေရိကန်သမ္မတအဖြစ်ဝင်အရွေးခံဖို့ ကြိုးစားခဲ့တဲ့ Hilary Clinton က နိုင်ငံရေးလောကကနေ Social Network လိုင်းထဲကို ဝင်ရောက်ချင်နေတဲ့ပုံပါပဲ။

Hillary Clinton

ပြီးခဲ့တဲ့သောကြာနေ့တုန်းက Hilary ဟာ Harvard မှာ လူမှုပတ်ဝန်းကျင်မှာ ပြောင်းလဲမှုရှိလာအောင် ဆောင်ရွက်နိုင်ခဲ့တဲ့သူတွေကို ချီးမြှင့်တဲ့ Radcliffe Medal ကို တက်ရောက်ရယူခဲ့ပါတယ်။ အဆိုပါ Event မှာ Attorney General Maura Healey က Hilary ကို တကယ်လို့ ကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်ခွင့်ရမယ်ဆိုရင် ဘယ်ကုမ္ပဏီကို ရွေးမလဲဆိုပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။

အဆိုပါ မေးခွန်းကို Hilary က နှောင့်နှေးခြင်းမရှိပဲ Facebook လို့ ဖြေကြားခဲ့တာပါ။

Hilary က Facebook ကို ရွေးချယ်ရတာက Facebook ဟာ လက်ရှိအချိန်မှာ အကြီးမားဆုံး သတင်း Platform တစ်ခုဖြစ်နေပြီးတော့ လူအများစုက သတင်းတွေကို မှန်ကန်သည်ဖြစ်စေ၊ မှားယွင်းသည်ဖြစ်စေ Facebook ကပဲ ရရှိနေတာကြောင့်ဖြစ်တယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။

Hilary Clinton

Facebook ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့လပိုင်းကမှ ၂၀၁၆ တုန်းက Donald Trump ရဲ့ ရွေးကောက်ပွဲဆိုင်ရာ ကြော်ငြာတွေကို ကိုင်တွယ်ပေးခဲ့တဲ့ Cambridge Analytica ကုမ္ပဏီက Facebook အသုံးပြုသူ ၈၇ သန်းကျော်ရဲ့ Data တွေကို အလွဲသုံးစားပြုလုပ်ခဲ့တဲ့အတွက် နာမည်ဆိုးနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ Hilary ကလည်း Facebook ရဲ့ CEO ဖြစ်ချင်တယ်လို့ ပြောလိုက်တာက Facebook ဟာ နိုင်ငံရေးသမားတွေအတွက် အသုံးချစရာတစ်ခုအဖြစ် သတ်မှတ်ခံနေရသလားဆိုတာကတော့ စဉ်းစားစရာပါ။

Ref : CNET

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]