[Zawgyi]

ဟီဂြါအင္ Higuain အတြက္ ေဆြးေႏြးမႈေတြ စတင္ျပဳလုပ္ေတာ့မယ့္ ေအစီမီလန္

အာဂ်င္တီးနားတိုက္စစ္မွဴး ဟီဂြါအင္ Higuain ကို ေခၚယူဖို႔ ေအစီမီလန္အသင္းက ဂ်ဴဗင္တပ္္စ္အသင္းနဲ႔ ေဆြးေႏြးမႈေတြ စတင္ျပဳလုပ္ေတာ့မွာ ျဖစ္ပါတယ္။ ဟီဂြါအင္ Higuain ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး ဂ်ဴဗင္တပ္စ္အသင္းက နာရီပိုင္းအတြင္း တရားဝင္ သတင္းထုတ္ျပန္သြားမွာျဖစ္ေၾကာင္း သတင္းေတြထြက္ေပၚခဲ့ၿပီး မိနစ္ပိုင္းအၾကာမွာပဲ ေအစီမီလန္အသင္းက ကစားသမားကို ေခၚယူဖို႔ ႀကိဳးပမ္းလာခဲ့တာပါ။ ဟီဂြါအင္ Higuain ရဲ႕ ေအးဂ်င့္ျဖစ္တဲ့ အကိုျဖစ္သူက ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနခဲ့ၿပီး ကစားသမားရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး အတိအက်ကို သိရေတာ့မွာျဖစ္ပါတယ္။ ဒီေန႔မနက္မွာ ျပဳလုပ္တဲ့ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ အသင္းေဖာ္ေတြျဖစ္တဲ့ ကြာဒရာဒို Cuadrado ၊ ေဒါက္ဂလပ္စ္ေကာ္စတာ Douglas Costa နဲ႔ ကစားသမားသစ္ စီေရာ္နယ္လ္ဒို C.Ronaldo တို႔နဲ႔ ပါဝင္ေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္က အသင္းက ထြက္ခြာဖို႔ ဆႏၵရွိေနခဲ့ပါတယ္။

Gonzalo-Higuain

Gonzalo-Higuain

ဟီဂြါအင္ Higuain ကို ေအစီမီလန္အသင္းအျပင္ ခ်ယ္လ္ဆီးအသင္းကပါ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနၿပီး အသင္းမွာ ဆက္ရွိဖို႔ အနာဂတ္မတည္မၿငိမ္ျဖစ္လာခဲ့ပါတယ္။ အီတလီမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္မွာေတာ့ ဟီဂြါအင္ Higuain ကို ဂ်ဴဗင္တပ္စ္အသင္းကလည္း ေရာင္းခ်ဖို႔ ဆႏၵရွိေနခဲ့ၿပီး ေပါင္သန္း (၆၀)ခန္႔ ရရွိပါက ေရာင္းခ်သြားဖို႔ ရွိေနခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းက ခ်ယ္လ္ဆီးအသင္းထက္ ေအစီမီလန္ကို ေရာင္းခ်ဖို႔ ဆႏၵရွိေနခဲ့ၿပီး ေနာက္ခံလူေဟာင္း ဘိုႏူခ်ီ Bonucci ကို ျပန္လည္ေခၚယူဖို႔ ဟီဂြါအင္ Higuain နဲ႔ အလဲအထပ္ ျပဳလုပ္သြားဖို႔ ေမွ်ာ္လင့္ေနခဲ့တာျဖစ္ပါတယ္။

REF:Football Italia
Photo:ESPN, The Denver Post
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဟီဂွါအင် Higuain အတွက် ဆွေးနွေးမှုတွေ စတင်ပြုလုပ်တော့မယ့် အေစီမီလန်

အာဂျင်တီးနားတိုက်စစ်မှူး ဟီဂွါအင် Higuain ကို ခေါ်ယူဖို့ အေစီမီလန်အသင်းက ဂျူဗင်တပ်စ်အသင်းနဲ့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဟီဂွါအင် Higuain ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဂျူဗင်တပ်စ်အသင်းက နာရီပိုင်းအတွင်း တရားဝင် သတင်းထုတ်ပြန်သွားမှာဖြစ်ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပြီး မိနစ်ပိုင်းအကြာမှာပဲ အေစီမီလန်အသင်းက ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာပါ။ ဟီဂွါအင် Higuain ရဲ့ အေးဂျင့်ဖြစ်တဲ့ အကိုဖြစ်သူက ဂျူဗင်တပ်စ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့ပြီး ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အတိအကျကို သိရတော့မှာဖြစ်ပါတယ်။ ဒီနေ့မနက်မှာ ပြုလုပ်တဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ အသင်းဖော်တွေဖြစ်တဲ့ ကွာဒရာဒို Cuadrado ၊ ဒေါက်ဂလပ်စ်ကော်စတာ Douglas Costa နဲ့ ကစားသမားသစ် စီရော်နယ်လ်ဒို C.Ronaldo တို့နဲ့ ပါဝင်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က အသင်းက ထွက်ခွာဖို့ ဆန္ဒရှိနေခဲ့ပါတယ်။

Gonzalo-Higuain

Gonzalo-Higuain

ဟီဂွါအင် Higuain ကို အေစီမီလန်အသင်းအပြင် ချယ်လ်ဆီးအသင်းကပါ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး အသင်းမှာ ဆက်ရှိဖို့ အနာဂတ်မတည်မငြိမ်ဖြစ်လာခဲ့ပါတယ်။ အီတလီမီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့ ဟီဂွါအင် Higuain ကို ဂျူဗင်တပ်စ်အသင်းကလည်း ရောင်းချဖို့ ဆန္ဒရှိနေခဲ့ပြီး ပေါင်သန်း (၆၀)ခန့် ရရှိပါက ရောင်းချသွားဖို့ ရှိနေခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းက ချယ်လ်ဆီးအသင်းထက် အေစီမီလန်ကို ရောင်းချဖို့ ဆန္ဒရှိနေခဲ့ပြီး နောက်ခံလူဟောင်း ဘိုနူချီ Bonucci ကို ပြန်လည်ခေါ်ယူဖို့ ဟီဂွါအင် Higuain နဲ့ အလဲအထပ် ပြုလုပ်သွားဖို့ မျှော်လင့်နေခဲ့တာဖြစ်ပါတယ်။

REF:Football Italia
Photo:ESPN, The Denver Post
Aung Kyaw Wai (Akhayar)
www.akhayar.com