[Zawgyi]

၂၀၁၇ ခုနွစ္အကယ္ဒမီအျပီး ေသာင္းေျပာင္းေထြလာ သတင္းအစံုအလင္မွာ

၂၀၁၇ ခုႏွစ္အတြက္ အကယ္ဒမီေပးပြဲၾကီးကေတာ့ ႏွစ္တိုင္းလိုပဲ အုတ္အုတ္က်တ္က်တ္ျပီးသြားျပန္ပါျပီ။ ဒီႏွစ္လည္း ပရိသတ္ခန္႔မွန္းတဲ့သူေတြ ရတာလည္းရွိ၊ မရတာလည္း ရွိ၊ ထိုက္တန္တယ္ မတန္ဘူး ေဝဖန္သံေတြကလည္း အရင္ႏွစ္ေတြအတုိင္း ေသာေသာညံလို႔ေပါ့။

ဒီထဲမွာမွ ၂၀၁၇ ခုႏွစ္အတြက္ သတိထားမိစရာေလးေတြ ဂယက္ထခဲ့တာေလးေတြကေတာ့..

မင္းသမီးေတြရဲ့ ဖက္ရွင္ေတြဟာ ေနာက္မွာ အျမီးရွည္ၾကီးဆက္ထားတာေတြမ်ားျပီး Super Women ေတြအလား ထင္မွားစရာေတြ ျဖစ္ခဲ့ပါတယ္။ ဟိုနာမည္ေလးလံုးနဲ႔ မင္းသမီးေလးဆိုရင္ ေနာက္က အျမီးကိုင္ဖို႔ ေကာင္မေလးေတြပါ ေခၚလာေတာ့ မဂၤလာသတို႔သမီးလား၊ အကယ္ဒမီပြဲတက္ဖက္ရွင္အလား အထင္မွားရတယ္လို႔ လူမႈကြန္ရက္မွာ ေျပာေနၾကပါတယ္။

ဒါ့အျပင္ မင္းသမီးေလးရဲ့ ကားတံခါးကို ဖြင့္ေပးေနတဲ့ ဦးဦးေမာ္ေတာ္ပီကယ္ၾကီးေတြရဲ့ ပံုရိပ္ကလည္း လူမႈကြန္ရက္ေပၚ ပ်ံ႕လြင့္လာခဲ့ျပီး ႏုိင္ငံ့ဝန္ထမ္းေတြအေနနဲ႔ လုပ္သင့္တယ္မလုပ္သင့္ဘူး ျငင္းခုန္္ၾကေပါ့။ ဒီၾကားထဲ အကယ္ဒမီရုပ္တုၾကီးကလည္း လဲျပိဳျပီး ပ်က္ဆီးသြားေသးတယ္။

အကယ္ဒမီဆုေပးပြဲကိုလည္း အခုမွ လူမႈကြန္ရက္ေပၚက ဟာသဗြီဒီယိုေတြ၊ သီခ်င္းဗီြဒီယိုေတြနဲ႔ ေပါက္ေနတဲ့သူေတြက ပြဲတက္ခြင့္ရျပီး အကယ္ဒမီခ်စ္စႏုိးဦးစတဲ့ ဝါရင့္သရုပ္ေဆာင္ေတြကို မဖိတ္လို႔ ပြဲတက္ခြင့္တန္းကို ဘယ္လို တုိင္းထြာသလဲလို႔ ေဝဖန္သူေတြလည္း ရွိျပန္ရဲ႕။

ခီေမာင္ႏွံ ပြဲတက္လာ၊ မတက္လာကိုလည္း အရမ္း စိတ္ဝင္စားၾကျပီး ပြဲတက္ေရာက္လာတဲ့အခါမွာေတာ့ ဘာလက္ဝတ္လက္စားမွ မဝတ္လာဘဲ ရိုးရိုးပြဲတက္လာတာကိုေတြ႔ရပါတယ္။ သူတို႔ကို အကယ္ဒမီခန္႔မွန္းခုိင္းတဲ့အခါမွာေတာ့ ေနဝင္အိပ္တန္းတက္၊ ထာဝရအေမနဲ႔ ညဇာတ္ကားေတြကို မွန္းေပးခဲ့ပါတယ္။

ဒီႏွစ္မွာေတာ့ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ပြဲတက္ခဲ့ျပီး အဖြင့္အမွာစကားလည္း ေျပာၾကားေပးသြားပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ စကားမွာေတာ့ “ေျပာင္းလဲရမယ္။ ေျပာင္းတဲ့ေနရာမွာေတာ အဆင့္ရွိရွိေျပာင္းလဲရမယ္” ဆိုတဲ့ စကား၊ “ကိုယ့္ကိုယ္ကို တန္ဖိုးထားရမယ္၊ ကိုယ့္ပညာကို တန္ဖိုးထားရမယ္” ဆိုတဲ့ တန္ဖိုးရွိတဲ့ စကားေတြ ျမြက္ၾကားသြားျပီး ရုပ္ရွင္အစည္းအရံုးဥကၠဌ ဦးဇင္ဝုိင္းၾကီးအလွည့္မွာေတာ့ “ျပိဳင္တူတြန္းလွ်င္ ေရြ႕ႏုိင္ပါသည္” ဆိုတဲ႔  ကဗ်ာအခ်ေလးနဲ႔ အဆံုးသတ္သြားတာကို ေတြ႔ရပါတယ္။

ဒီႏွစ္မွာ တသက္တာအထူးဆု ေၾကညာခဲ့ျပီး မေၾကညာခင္ ဘဘ ဗုိလ္ကေလးတင့္ေအာင္ရဲ့ ဇာတ္ကားေတြ ၊ ေရွးေဟာင္းေႏွာင္းျဖစ္ေတြ ၊ ဇာတ္ဝင္ေတးေတြကို ဖြင့္ျပခဲ့တာေတာ့ အေတာ္သေဘာက်စရာေကာင္းခဲ့ပါတယ္။ ဘဘကိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ ဆုတက္ေရာက္ခ်ီးျမွင့္ေပးအပ္ခဲ့ပါတယ္။

ဒီႏွစ္မွာေတာ့  ရုပ္ရွင္အသံဆု၊ တည္းျဖတ္ဆု၊ ရုပ္ရွင္ဓာတ္ပံုဆု၊ ရုပ္ရွင္ေတးဂီတဆု၊ ဇာတ္ညႊန္းဆု၊ ဒါရိုက္တာဆု၊ အေကာင္းဆံုးရုပ္ရွင္ဇာတ္ကားဆု၊ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးဇာတ္ပို႔ဆု၊ အမ်ိဳးသား၊ အမ်ိဳးသမီးဇာတ္ေဆာင္ဆုေတြ ခ်ီးျမွင့္ခဲ့ၾကျပီး ျမင့္ျမတ္ နဲ႔ ပိုင္ျဖိဳးသုက ဇာတ္ပုိ႔ဆု၊ ေနတိုးနဲ႔ အိျႏၵာေက်ာ္ဇင္တုိ႔က ဇာတ္ေဆာင္ဆု အသီးသီးဆြတ္ခူးရရွိသြားခဲ့ပါတယ္။

ဒီႏွစ္အတြက္ ပရိသတ္အမ်ားစု ေမွ်ာ္လင့္ထားၾကတဲ့ ည ဇာတ္ကားကေတာ့ ဆန္ကာတင္စာရင္းေတာင္ မဝင္ခဲဲ့တဲ့အတြက္ အားလံုးက အံ့အားသင့္ႏွေျမာေနၾကပါတယ္။

ျမင့္ျမတ္ရသြားရင္ Live လႊင့္မယ္လို႔ ေၾကညာသံေၾကာင့္လည္း ျမင့္ျမတ္ဆုရအျပီးမွာ လူမႈကြန္ရက္တခြင္ Live ရွာသူ၊ Live ၾကည့္သူ ပရိသတ္ၾကီးမ်ားနဲ႔လည္း စည္ကားခဲ့ေၾကာင္းေတြ႔ရပါတယ္။

ေက်းဇူးတင္စကားေျပာၾကားရာမွာ ရုပ္ရွင္ေတးဂီတဆုရသြားတဲ့ ဆရာၾကီးကေတာ့ အရင္ႏွစ္ကလိုပဲ ရွည္လ်ားေပမ်ားေျပာၾကားသြားျပီး ျပန္ၾကားေရးဝန္ၾကီးကို နာမည္ေခၚျပီး ေျပာၾကားခဲ့တာေတြလည္း ေတြ႔ရပါတယ္။

ဒါရိုက္တာဆုရသြားတဲ့ ဆရာၾကီးကလည္း စင္ေပၚမွာ “ကၽြန္ေတာ္ရြာသားပါ” လို႔ ေျပာခဲ့လို႔ ဝက္ဝက္ကြဲေဝဖန္သံေတြကေတာ့ ခုထိ မျပီးႏုိင္မစီးႏုိင္ေအာင္ပါပဲ။ အဲဒါ့အျပီး ခီေမာင္ႏွံရဲ့ “မရသင့္တဲ့ကားေတြ ရသြားတာေလးေတြလည္း ရွိပါတယ္” လို႔ ဆိုတဲ့ အင္တာဗ်ဴးေၾကာင့္လည္း ဂယက္ေတြ ဆက္ထခဲ့ပါတယ္။

ဒီႏွစ္အတြက္သတိထားမိတာကေတာ့ အကယ္ဒမီညစာစားပြဲဆုိတာကို သိပ္မေတြ႔ရဘဲ တစ္ပြဲစ ႏွစ္ပြဲစ သတင္းသဲ့သဲ့သာ ၾကားရပါေၾကာင္း။

ရိုးလူ (အခရာ)

www.akhayar.com

Photo Credit : Christina Kyi’s Facebook Account and Htoo Paing Zaw Oo’s Facebook
[Unicode]

၂၀၁၇ ခုနှစ်အကယ်ဒမီအပြီး သောင်းပြောင်းထွေလာ သတင်းအစုံအလင်မှာ

၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီပေးပွဲကြီးကတော့ နှစ်တိုင်းလိုပဲ အုတ်အုတ်ကျတ်ကျတ်ပြီးသွားပြန်ပါပြီ။ ဒီနှစ်လည်း ပရိသတ်ခန့်မှန်းတဲ့သူတွေ ရတာလည်းရှိ၊ မရတာလည်း ရှိ၊ ထိုက်တန်တယ် မတန်ဘူး ဝေဖန်သံတွေကလည်း အရင်နှစ်တွေအတိုင်း သောသောညံလို့ပေါ့။

ဒီထဲမှာမှ ၂၀၁၇ ခုနှစ်အတွက် သတိထားမိစရာလေးတွေ ဂယက်ထခဲ့တာလေးတွေကတော့..

မင်းသမီးတွေရဲ့ ဖက်ရှင်တွေဟာ နောက်မှာ အမြီးရှည်ကြီးဆက်ထားတာတွေများပြီး Super Women တွေအလား ထင်မှားစရာတွေ ဖြစ်ခဲ့ပါတယ်။ ဟိုနာမည်လေးလုံးနဲ့ မင်းသမီးလေးဆိုရင် နောက်က အမြီးကိုင်ဖို့ ကောင်မလေးတွေပါ ခေါ်လာတော့ မင်္ဂလာသတို့သမီးလား၊ အကယ်ဒမီပွဲတက်ဖက်ရှင်အလား အထင်မှားရတယ်လို့ လူမှုကွန်ရက်မှာ ပြောနေကြပါတယ်။

ဒါ့အပြင် မင်းသမီးလေးရဲ့ ကားတံခါးကို ဖွင့်ပေးနေတဲ့ ဦးဦးမော်တော်ပီကယ်ကြီးတွေရဲ့ ပုံရိပ်ကလည်း လူမှုကွန်ရက်ပေါ် ပျံ့လွင့်လာခဲ့ပြီး နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ လုပ်သင့်တယ်မလုပ်သင့်ဘူး ငြင်းခုန်ကြပေါ့။ ဒီကြားထဲ အကယ်ဒမီရုပ်တုကြီးကလည်း လဲပြိုပြီး ပျက်ဆီးသွားသေးတယ်။

အကယ်ဒမီဆုပေးပွဲကိုလည်း အခုမှ လူမှုကွန်ရက်ပေါ်က ဟာသဗွီဒီယိုတွေ၊ သီချင်းဗွီဒီယိုတွေနဲ့ ပေါက်နေတဲ့သူတွေက ပွဲတက်ခွင့်ရပြီး အကယ်ဒမီချစ်စနိုးဦးစတဲ့ ဝါရင့်သရုပ်ဆောင်တွေကို မဖိတ်လို့ ပွဲတက်ခွင့်တန်းကို ဘယ်လို တိုင်းထွာသလဲလို့ ဝေဖန်သူတွေလည်း ရှိပြန်ရဲ့။

ခီမောင်နှံ ပွဲတက်လာ၊ မတက်လာကိုလည်း အရမ်း စိတ်ဝင်စားကြပြီး ပွဲတက်ရောက်လာတဲ့အခါမှာတော့ ဘာလက်ဝတ်လက်စားမှ မဝတ်လာဘဲ ရိုးရိုးပွဲတက်လာတာကိုတွေ့ရပါတယ်။ သူတို့ကို အကယ်ဒမီခန့်မှန်းခိုင်းတဲ့အခါမှာတော့ နေဝင်အိပ်တန်းတက်၊ ထာဝရအမေနဲ့ ညဇာတ်ကားတွေကို မှန်းပေးခဲ့ပါတယ်။

ဒီနှစ်မှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပွဲတက်ခဲ့ပြီး အဖွင့်အမှာစကားလည်း ပြောကြားပေးသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားမှာတော့ “ပြောင်းလဲရမယ်။ ပြောင်းတဲ့နေရာမှာတော အဆင့်ရှိရှိပြောင်းလဲရမယ်” ဆိုတဲ့ စကား၊ “ကိုယ့်ကိုယ်ကို တန်ဖိုးထားရမယ်၊ ကိုယ့်ပညာကို တန်ဖိုးထားရမယ်” ဆိုတဲ့ တန်ဖိုးရှိတဲ့ စကားတွေ မြွက်ကြားသွားပြီး ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းကြီးအလှည့်မှာတော့ “ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” ဆိုတဲ့  ကဗျာအချလေးနဲ့ အဆုံးသတ်သွားတာကို တွေ့ရပါတယ်။

ဒီနှစ်မှာ တသက်တာအထူးဆု ကြေညာခဲ့ပြီး မကြေညာခင် ဘဘ ဗိုလ်ကလေးတင့်အောင်ရဲ့ ဇာတ်ကားတွေ ၊ ရှေးဟောင်းနှောင်းဖြစ်တွေ ၊ ဇာတ်ဝင်တေးတွေကို ဖွင့်ပြခဲ့တာတော့ အတော်သဘောကျစရာကောင်းခဲ့ပါတယ်။ ဘဘကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆုတက်ရောက်ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

ဒီနှစ်မှာတော့  ရုပ်ရှင်အသံဆု၊ တည်းဖြတ်ဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ရုပ်ရှင်တေးဂီတဆု၊ ဇာတ်ညွှန်းဆု၊ ဒါရိုက်တာဆု၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု၊ အမျိုးသားနဲ့ အမျိုးသမီးဇာတ်ပို့ဆု၊ အမျိုးသား၊ အမျိုးသမီးဇာတ်ဆောင်ဆုတွေ ချီးမြှင့်ခဲ့ကြပြီး မြင့်မြတ် နဲ့ ပိုင်ဖြိုးသုက ဇာတ်ပို့ဆု၊ နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့က ဇာတ်ဆောင်ဆု အသီးသီးဆွတ်ခူးရရှိသွားခဲ့ပါတယ်။

ဒီနှစ်အတွက် ပရိသတ်အများစု မျှော်လင့်ထားကြတဲ့ ည ဇာတ်ကားကတော့ ဆန်ကာတင်စာရင်းတောင် မဝင်ခဲ့တဲ့အတွက် အားလုံးက အံ့အားသင့်နှမြောနေကြပါတယ်။

မြင့်မြတ်ရသွားရင် Live လွှင့်မယ်လို့ ကြေညာသံကြောင့်လည်း မြင့်မြတ်ဆုရအပြီးမှာ လူမှုကွန်ရက်တခွင် Live ရှာသူ၊ Live ကြည့်သူ ပရိသတ်ကြီးများနဲ့လည်း စည်ကားခဲ့ကြောင်းတွေ့ရပါတယ်။

ကျေးဇူးတင်စကားပြောကြားရာမှာ ရုပ်ရှင်တေးဂီတဆုရသွားတဲ့ ဆရာကြီးကတော့ အရင်နှစ်ကလိုပဲ ရှည်လျားပေများပြောကြားသွားပြီး ပြန်ကြားရေးဝန်ကြီးကို နာမည်ခေါ်ပြီး ပြောကြားခဲ့တာတွေလည်း တွေ့ရပါတယ်။

ဒါရိုက်တာဆုရသွားတဲ့ ဆရာကြီးကလည်း စင်ပေါ်မှာ “ကျွန်တော်ရွာသားပါ” လို့ ပြောခဲ့လို့ ဝက်ဝက်ကွဲဝေဖန်သံတွေကတော့ ခုထိ မပြီးနိုင်မစီးနိုင်အောင်ပါပဲ။ အဲဒါ့အပြီး ခီမောင်နှံရဲ့ “မရသင့်တဲ့ကားတွေ ရသွားတာလေးတွေလည်း ရှိပါတယ်” လို့ ဆိုတဲ့ အင်တာဗျူးကြောင့်လည်း ဂယက်တွေ ဆက်ထခဲ့ပါတယ်။

ဒီနှစ်အတွက်သတိထားမိတာကတော့ အကယ်ဒမီညစာစားပွဲဆိုတာကို သိပ်မတွေ့ရဘဲ တစ်ပွဲစ နှစ်ပွဲစ သတင်းသဲ့သဲ့သာ ကြားရပါကြောင်း။

ရိုးလူ (အခရာ)

www.akhayar.com