[Zawgyi]

Victoria Secret ဒိတ္ဒိတ္ၾကဲေမာ္ဒယ္လ္ေတြရဲ႕ တစ္ႏွစ္ဝင္ေငြ ဘယ္ေလာက္ရွိသလဲ

ကမာၻေပၚရွိ ႏွစ္စဥ္က်င္းပေနတဲ႔ ဖက္ရွင္ရႈိးပဲြမ်ားစြာရွိတဲ႔အနက္ ပရိသတ္ၾကည္႔ရႈမႈႏႈန္းကို အခုခ်ိန္ထိ ထိန္းထားႏိုင္တဲ့ ဖက္ရွင္ရႈိးကို လက္ညိဳးထိုးျပပါဆိုရင္ Victoria’s Secret ဖက္ရွင္ရႈိးကိုျပရမွာပါ။Victoria’s Secret ဖက္ရွင္ရႈိးေတြ ဒီအခ်ိန္ထိ ေအာင္ျမင္မႈသရဖူေဆာင္ေနရျခင္းကလည္း တကယ္႔အလွအပေဂး နာမည္ႀကီး ဒိတ္ဒိတ္ၾကဲၾကဲေမာ္ဒယ္လ္ေတြမွအစ ေက်ာ္ၾကားလာတဲ႔ ေခတ္ေပၚအဆိုေတာ္ေတြပါမခ်န္ ထည္႔သြင္းျပီး ခမ္းခမ္းနားနားနဲ႔ စည္ကားသိုက္ၿမိဳက္စြာ က်င္းပေနႏိုင္ျခင္းေၾကာင္႔လည္း ျဖစ္ပါတယ္။ ဒီလို ႏွစ္ရွည္လမ်ားေအာင္ျမင္ေနေအာင္ စြမ္းေဆာင္ေပးတဲ႔ေနရာမွာ Runway ေမာ္ဒယ္ေတြရဲ႕ စြမ္းပကာကုိလည္း ေမ့ထားလို႔မရဘူးေနာ္။ ဒီေမာ္ဒယ္လ္ေတြရဲ႕ စြမ္းပကာက မေသးသလို သူတို႔ရရွိတဲ့ေငြေၾကးေတြကလည္း တကယ္ကို အ႔ံအားသင္႔ေစခဲ႔ပါတယ္။ Victoria’s Secret ကေပးတဲ႔ ေၾကးအျမင္႔ဆံုးေတြရရွိတဲ႔ Victoria’s Secret Model ေတြက ဘယ္သူေတြလဲဆိုတာ ၾကည္႔လိုက္ရေအာင္။

Adriana Lima

အသက္ ၃၆ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ႔ သူမက အသက္ ၁၃ ႏွစ္အရြယ္ကတည္းက Model အလုပ္ကုိ စတင္လုပ္ကိုင္ခဲ႔တာ ျဖစ္ပါတယ္။ သူမရဲ႕အသက္ ၁၆ ႏွစ္ျပည္႔ခါနီးအခ်ိန္မွာ Ford ကျပဳလုပ္တဲ႔ ေမာ္ဒယ္လ္ၿပိဳင္ပဲြကို ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး ဆုရရွိခဲ႔ကာ ေနာက္ပိိုင္းမွာ Elite Model Management နဲ႔ စာခ်ဳပ္ ခ်ဳပ္ဆုိကာ ေမာ္ဒယ္လ္ဘဝထဲကုိ ေရာက္ရွိခဲ႔သူ ျဖစ္ပါတယ္။ Victoria Secret နဲ႔အတူ သူမရဲ႕ပထမဦးဆံုးပဲြဦးထြက္ ဖက္ရွင္ရႈိးကို 1999 ခုနစ္မွ စတင္ေလွ်ာက္လွမ္းခဲ့ပါတယ္။ ေနာက္ပိုင္းမွာ သူမဟာ Angel တစ္ဦးအျဖစ္ နာမည္ႀကီးထင္ရွားလာခဲ႔ပါတယ္။ ၂၀၁၅ ခုနစ္မွာ Vogue ရဲ႕ မ်က္ႏွာသစ္ေမာ္ဒယ္လ္အျဖစ္ပါ နာမည္ေက်ာ္ၾကားလာတဲ႔အထိကို ေအာင္ျမင္မႈေတြ ဆင္႔ကဲ ဆင္႔ကဲ ရရွိလာပါေတာ့တယ္။ Adriana က စင္ျမင္႔ေပၚမွာတင္ လွပတဲ့အမ်ဳိးသမီးမ်ဳိးမဟုတ္ဘဲ လူေနမႈဘဝမွာလည္း မိဘမဲ႔ကေလးေက်ာင္းေတြမွာပါ အလွဴအတန္းေတြျပဳလုပ္ေလ့ရွိတဲ့ စိတ္ထားပါလွတဲ႔ ေမာ္ဒယ္လ္တစ္ေယာက္ဆုိရင္လည္း မမွားပါဘူး။ ဒီိလို လွပမႈအေပါင္း သရဖူေဆာင္းေနတဲ႔ ေမာ္ဒယ္လ္က Victoria Secret ေမာ္ဒယ္လ္ေတြအားလံုးထဲမွာ ေၾကးအျမင္႔ဆံုးရရွိေနတဲ႔ ေမာ္ဒယ္လ္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ၂၀၁၈ ခုနစ္ မတ္လက ေကာက္ထားတဲ႔စာရင္းအရ သူမရဲ႕တစ္ႏွ္စ္ဝင္ေငြက အေမရိကန္ေဒၚလာ ၃၅ သန္း ျဖစ္ပါတယ္။

Adriana Lima

Adriana Lima

Kendall Jenner

Instagram စတားတစ္ေယာက္အျဖစ္ နာမည္ေက်ာ္ၾကားတဲ့ Kendall Jenner က ေမာ္ဒယ္လ္ေလာကထဲကို ၁၄ ႏွစ္သမီးကတည္းက ေရာက္ရွိလာတာျဖစ္ပါတယ္။ Kendall က ေစ်းကြက္ထဲမွာရွိတဲ႔ Fashion Houses ေတာ္ေတာ္မ်ားနဲ႔ Teen Vogues’ Magazine ရဲ႕ Snapshot ေတြအတြက္ အသားေပးရုိက္ကူးေပးေနရတဲ့ ေမာ္ဒယ္လ္ျဖစ္သလို သူမနဲ႔ သက္တူရြယ္တူေတြၾကားမွာလည္း ေက်ာ္ၾကားမႈက မေသးလွသူျဖစ္ပါတယ္။ ေမာ္ဒယ္အရည္အေသြးျပည္႔ဝသလို စီးပြားေရးအကြက္ျမင္တတ္တဲ႔ သူမက ၂၀၁၄ ခုနစ္မွာ သူမရဲ႕ ၂၁ ႏွစ္အရြယ္ညီမနဲ႔ Kylie နဲ႔ေပါင္းၿပီး ဖိနပ္နဲ႔ လက္ကုိင္အိတ္တဲြြဖက္ေရာင္းခ်တဲ႔ဆိုင္ကို ဖြင္႔လွစ္ခဲ႔ပါတယ္။ Kendall က ေငြရွာေကာင္းသူတစ္ေယာက္ျဖစ္သလို အလွဴအတန္းလုပ္ရတာကုိ ခံုမင္သူလည္းျဖစ္ပါတယ္။ သူမရွာလို႔ရတဲ့ဝင္ေငြအခ်ဳိ႕ထဲက တစ္စိတ္တစ္ပိုင္းကို US ရွိ ကေလးေဆးရုံမွာ လွဴဒါန္းေလ႔ရွိပါတယ္။ ဒီလိုလွဴဒါန္းေလ႔ရွိတဲ႔ သူမရဲ႕တစ္ႏွ္စ္ဝင္ေငြက အေမရိကန္ေဒၚလာ ၁၀ သန္း ျဖစ္ၿပီး Victoria Secret ေမာ္ဒယ္ေတြထဲမွာ Adriana Lima ၿပီးရင္ သူမက ဒုတိယေၾကးအျမင္႔ဆံုးရထားတဲ႔ ေမာ္ဒယ္လ္ျဖစ္ပါတယ္။

Kendall Jenner

Kendall Jenner

Gigi Hadid

Jelena Noura Hadid (သို႔) Gigi လို႔ အမည္တြင္တဲ့ သူမက အဝတ္အစားလိုင္း Baby Guess ကုမၸဏီအတြက္ ကေလးေမာ္ဒယ္လ္လုပ္ေပးရာကေန ဖက္ရွင္ေလွ်ာက္လမ္းေပၚကုိ ေရာက္ရွိလာခဲ႔သူ ျဖစ္ပါတယ္။ သူမက သူမရဲ႕ Career ကို အရမ္းအေလးအနက္ထားၿပီး Career ကုိ အက်ဳိးရွိေစမယ္႔ ေလ့လာမႈေတြကိုလည္း စဥ္ဆက္မျပတ္္လုပ္ေလ့ရွိသူ ျဖစ္ပါတယ္။ Gigi က ကင္မရာေရွ႕မွာ သဘာဝက်က်ျဖစ္ေအာင္ ေနတတ္ျခင္းေၾကာင္႔ ဖက္ရွင္နယ္ပယ္ရွိ ႏိုင္ငံတကာအဆင္႔သတ္မွတ္တဲ့ ေမာ္ဒယ္လ္အေယာက္ ၅၀ စာရင္းထဲမွာ ပါဝင္လာခဲ့ပါတယ္။ ၂၁ ႏွစ္အရြယ္ေရာက္တဲ႔အခါမွာ Victoria Secret အတြက္ ဒုတိယပံုရိပ္ျဖစ္လာကာ Victoria ရႈိးေလွ်ာက္ေနစဥ္မွာ Wing ရရွိလာၿပီး Victoria Secret ေမာ္ဒယ္လ္ေတြၾကားထဲမွာ ထိပ္တန္းေမာ္ဒယ္လ္ ျဖစ္လာပါေတာ့တယ္။ Spring Summer Campaign မွာ သူညီမ Bella နဲ႔ အတူတကြေလွ်ာက္လွမ္းခဲ႔တဲ႔ ဒီေမာ္ဒယ္လ္ရဲ႕ တစ္ႏွ္စ္ဝင္ေငြက အေမရိကန္ေဒၚလာ ၉ သန္း ရွိတယ္လုိ႔ သိရပါတယ္။ Victoria Secret ေမာ္ဒယ္လ္ေတြထဲမွာ တတိယေၾကးအျမင္႔ဆံုး ရရွိေနတဲ့ ေမာ္ဒယ္္လ္တစ္ေယာက္လို႔ ေျပာရင္လည္း ရပါတယ္။

Gigi Hadid

Gigi Hadid

Liu Wen

Liu Wen က Victoria Secret မွာ ပထမဆံုး ရႈိးေလွ်ာက္ခြင္႔ရတဲ႔ အာရွေမာ္ဒယ္လ္တစ္ေယာက္ျဖစ္တဲ႔အျပင္ Forbes မဂၢဇင္းမွာပါ ပထမဦးဆံုး ေဖာ္ျပျခင္းခံရတဲ႔ အာရွေမာ္ဒယ္လ္တစ္ေယာက္လည္း ျဖစ္ပါတယ္။ တရုတ္ဖက္ရွင္ Icon ျဖစ္လာမယ္႔ Liu Wen က ေမာ္ဒယ္လ္ဘဝကို အခ်ိန္ပိုင္းအလုပ္တစ္ခုအေနနဲ႔ ၂၀၀၅ ခုနစ္မွာ စတင္လုပ္ကိုင္ကာ ေနာက္ပိုင္းမွာ Vogue ကဲ႔သို႔ေသာ္ ကုမၸဏီႀကီးမွာ အခ်ိန္ျပည္႔လုပ္ကိုင္ခြင္႔ရရွိလာရာမွ ေမာ္ဒယ္လ္အလုပ္က သူမအတြက္ Career ျဖစ္လာပါေတာ့တယ္။ ေနာက္ပိုင္းမွာ ပထမဦးဆံုး အာရွမ်က္ႏွာသစ္ေမာ္ဒယ္လ္အျဖစ္ ဂုဏ္ျပဳခံရၿပီး Forbes မဂၢဇင္းမွာ အာရွေမာ္ဒယ္လ္ေလာကရွိ ေၾကးအျမင္႔ဆံုး ေမာ္ဒယ္လ္တစ္ေယာက္အျဖစ္ စာရင္းဝင္တဲ႔အထိကို ေအာင္ျမင္ထင္ရွားေက်ာ္ၾကားလာပါေတာ့တယ္။ ဒီလို ေအာင္ျမင္မႈေတြ တေပြ႔တပိုက္ရလာတဲ႔ အာရွေမာ္ဒယ္လ္ရဲ႕ ၾကြယ္ဝမႈကလည္း မေသးပါဘူး။တစ္ႏွ္စ္ဝင္ေငြတင္  အေမရိကန္ေဒၚလာ ၇ သန္းျဖစ္ၿပီး Victoria Secret ရွိ ေၾကးအျမင္႔ဆံုးရရွိတဲ႔ ေမာ္ဒယ္လ္ေတြထဲမွာ စတုတၱေနရာမွာ ရပ္တည္ေနသူ ျဖစ္ပါတယ္။

Liu Wen

Liu Wen

Candice Swaneopel

Candice Swaneopel က ေတာင္အာဖရိကသူေလးျဖစ္ၿပီး ေမာ္ဒယ္လ္အျဖစ္ ၁၅ ႏွစ္သမီးကတည္းက စတင္လုပ္ကုိင္ခဲ့သူ ျဖစ္ပါတယ္။ ႏိုင္ငံတကာရွိ Vogue Magazine ေတြရဲ႕ မ်က္ႏွာဖံုးေမာ္ဒယ္လ္အျဖစ္နဲ႔လည္း နာမည္ေက်ာ္ၾကားသူျဖစ္ပါတယ္။ Fashion Icon လို႔တင္စားလို႔ရတဲ႔ Tom Ford ကုမၸဏီႀကီးေတြနဲ႔ အျခားေသာနာမည္ႀကီး Brand ေတာ္ေတာ္မ်ားမ်ားမွာလည္း အလုပ္လုပ္ခဲ႔ဖူးသူျဖစ္လို႔ ရႈိးေလွ်ာက္တဲ႔ ပညာစြမ္းရည္ကေတာ့ မေသးလွသူျဖစ္ပါတယ္။ ဒီလို ပညာရည္ျပည္႔ဝတဲ႔သူမက အသက္ ၂၈ ႏွစ္အရြယ္မွာေတာ့ Fendi ၊ Chanel ၊ Tommy Hilfiger ၊ Dolce and Gabbana ၊ Michael Kors နဲ႔ Donna Karan တို႔လို နာမည္ႀကီး Brand ေတာ္ေတာ္မ်ားမ်ားအတြက္ Show ေလွ်ာက္လွမ္းခြင္႔ရသူေလး ျဖစ္လာပါတယ္။ ၂၀၀၇ ခုနစ္မွာ Victoria Secret ရဲ႕ Swim Suit ဖက္ရွင္အတြက္ ေမာ္ဒယ္လ္အျဖစ္ ေလွ်ာက္လွမ္းေပးခဲ႔ရာမွ ၂၀၁၀ မွာေတာ့ Kardashian Swim Suit line မွာပါ Angel Model ျဖစ္လာတဲ႔အထိကို ေအာင္ျမင္မႈေတြ လွ်မ္းလွ်မ္းေတာက္လာခဲ႔ပါတယ္။ ဒါအျပင္သူမက HIV အတြက္ Campaign တစ္ခုျဖစ္တဲ႔ Mother2Mother မွာလည္း တက္ၾကြစြာ ပါဝင္လႈပ္ရွားခဲ့သူ ျဖစ္ပါတယ္။ ေမာ္ဒယ္အျဖစ္နဲ႔သာ ေအာင္ျမင္မႈရရုံတင္မကဘဲ လူမႈေရးလုပ္ငန္းေတြမွာပါ တက္ၾကြစြာပါဝင္လႈပ္ရွားသူေလးရဲ႕ Victoria Secret ကရရွိတဲ႔ တစ္ႏွစ္ဝင္ေငြကလည္း အေမရိကန္ေဒၚလာ ၇ သန္း ျဖစ္ပါတယ္။

Candice Swanepoel

Candice Swanepoel

အခုေဖာ္ျပခဲ႔တဲ့ ဒိတ္ဒိတ္ၾကဲငါးေယာက္ကေတာ့ ၂၀၁၈ ခုနစ္မတ္လမွာ ထုတ္ျပန္ထားတဲ႔ Victoria Secret ကေပးတဲ႔ေၾကးအမ်ားဆံုးရရွိထားတဲ့ ေမာ္ဒယ္လ္ေလးေတြ ျဖစ္ပါတယ္။ ေနာက္ႏွစ္ေတြမွာေရာ ဘယ္သူေတြက ေၾကးအျမင္႔ဆံုးေနရာမွာ ဆက္ရွိေနမလဲဆိုတာကိုေတာ့ ဆက္လက္ေစာင္႔ၾကည္႔ရဦးမွာပဲ ျဖစ္ပါတယ္။

H.H(အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Victoria Secret ဒိတ်ဒိတ်ကြဲမော်ဒယ်လ်တွေရဲ့ တစ်နှစ်ဝင်ငွေ ဘယ်လောက်ရှိသလဲ

ကမ္ဘာပေါ်ရှိ နှစ်စဉ်ကျင်းပနေတဲ့ ဖက်ရှင်ရှိုးပွဲများစွာရှိတဲ့အနက် ပရိသတ်ကြည့်ရှုမှုနှုန်းကို အခုချိန်ထိ ထိန်းထားနိုင်တဲ့ ဖက်ရှင်ရှိုးကို လက်ညိုးထိုးပြပါဆိုရင် Victoria’s Secret ဖက်ရှင်ရှိုးကိုပြရမှာပါ။Victoria’s Secret ဖက်ရှင်ရှိုးတွေ ဒီအချိန်ထိ အောင်မြင်မှုသရဖူဆောင်နေရခြင်းကလည်း တကယ့်အလှအပဂေး နာမည်ကြီး ဒိတ်ဒိတ်ကြဲကြဲမော်ဒယ်လ်တွေမှအစ ကျော်ကြားလာတဲ့ ခေတ်ပေါ်အဆိုတော်တွေပါမချန် ထည့်သွင်းပြီး ခမ်းခမ်းနားနားနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနေနိုင်ခြင်းကြောင့်လည်း ဖြစ်ပါတယ်။ ဒီလို နှစ်ရှည်လများအောင်မြင်နေအောင် စွမ်းဆောင်ပေးတဲ့နေရာမှာ Runway မော်ဒယ်တွေရဲ့ စွမ်းပကာကိုလည်း မေ့ထားလို့မရဘူးနော်။ ဒီမော်ဒယ်လ်တွေရဲ့ စွမ်းပကာက မသေးသလို သူတို့ရရှိတဲ့ငွေကြေးတွေကလည်း တကယ်ကို အံ့အားသင့်စေခဲ့ပါတယ်။ Victoria’s Secret ကပေးတဲ့ ကြေးအမြင့်ဆုံးတွေရရှိတဲ့ Victoria’s Secret Model တွေက ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ရအောင်။

Adriana Lima

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူမက အသက် ၁၃ နှစ်အရွယ်ကတည်းက Model အလုပ်ကို စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့အသက် ၁၆ နှစ်ပြည့်ခါနီးအချိန်မှာ Ford ကပြုလုပ်တဲ့ မော်ဒယ်လ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရရှိခဲ့ကာ နောက်ပိုင်းမှာ Elite Model Management နဲ့ စာချုပ် ချုပ်ဆိုကာ မော်ဒယ်လ်ဘဝထဲကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ Victoria Secret နဲ့အတူ သူမရဲ့ပထမဦးဆုံးပွဲဦးထွက် ဖက်ရှင်ရှိုးကို 1999 ခုနစ်မှ စတင်လျှောက်လှမ်းခဲ့ပါတယ်။ နောက်ပိုင်းမှာ သူမဟာ Angel တစ်ဦးအဖြစ် နာမည်ကြီးထင်ရှားလာခဲ့ပါတယ်။ ၂၀၁၅ ခုနစ်မှာ Vogue ရဲ့ မျက်နှာသစ်မော်ဒယ်လ်အဖြစ်ပါ နာမည်ကျော်ကြားလာတဲ့အထိကို အောင်မြင်မှုတွေ ဆင့်ကဲ ဆင့်ကဲ ရရှိလာပါတော့တယ်။ Adriana က စင်မြင့်ပေါ်မှာတင် လှပတဲ့အမျိုးသမီးမျိုးမဟုတ်ဘဲ လူနေမှုဘဝမှာလည်း မိဘမဲ့ကလေးကျောင်းတွေမှာပါ အလှူအတန်းတွေပြုလုပ်လေ့ရှိတဲ့ စိတ်ထားပါလှတဲ့ မော်ဒယ်လ်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဒီလို လှပမှုအပေါင်း သရဖူဆောင်းနေတဲ့ မော်ဒယ်လ်က Victoria Secret မော်ဒယ်လ်တွေအားလုံးထဲမှာ ကြေးအမြင့်ဆုံးရရှိနေတဲ့ မော်ဒယ်လ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနစ် မတ်လက ကောက်ထားတဲ့စာရင်းအရ သူမရဲ့တစ်နှ်စ်ဝင်ငွေက အမေရိကန်ဒေါ်လာ ၃၅ သန်း ဖြစ်ပါတယ်။

Adriana Lima

Adriana Lima

Kendall Jenner

Instagram စတားတစ်ယောက်အဖြစ် နာမည်ကျော်ကြားတဲ့ Kendall Jenner က မော်ဒယ်လ်လောကထဲကို ၁၄ နှစ်သမီးကတည်းက ရောက်ရှိလာတာဖြစ်ပါတယ်။ Kendall က ဈေးကွက်ထဲမှာရှိတဲ့ Fashion Houses တော်တော်များနဲ့ Teen Vogues’ Magazine ရဲ့ Snapshot တွေအတွက် အသားပေးရိုက်ကူးပေးနေရတဲ့ မော်ဒယ်လ်ဖြစ်သလို သူမနဲ့ သက်တူရွယ်တူတွေကြားမှာလည်း ကျော်ကြားမှုက မသေးလှသူဖြစ်ပါတယ်။ မော်ဒယ်အရည်အသွေးပြည့်ဝသလို စီးပွားရေးအကွက်မြင်တတ်တဲ့ သူမက ၂၀၁၄ ခုနစ်မှာ သူမရဲ့ ၂၁ နှစ်အရွယ်ညီမနဲ့ Kylie နဲ့ပေါင်းပြီး ဖိနပ်နဲ့ လက်ကိုင်အိတ်တွဲွဖက်ရောင်းချတဲ့ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ Kendall က ငွေရှာကောင်းသူတစ်ယောက်ဖြစ်သလို အလှူအတန်းလုပ်ရတာကို ခုံမင်သူလည်းဖြစ်ပါတယ်။ သူမရှာလို့ရတဲ့ဝင်ငွေအချို့ထဲက တစ်စိတ်တစ်ပိုင်းကို US ရှိ ကလေးဆေးရုံမှာ လှူဒါန်းလေ့ရှိပါတယ်။ ဒီလိုလှူဒါန်းလေ့ရှိတဲ့ သူမရဲ့တစ်နှ်စ်ဝင်ငွေက အမေရိကန်ဒေါ်လာ ၁၀ သန်း ဖြစ်ပြီး Victoria Secret မော်ဒယ်တွေထဲမှာ Adriana Lima ပြီးရင် သူမက ဒုတိယကြေးအမြင့်ဆုံးရထားတဲ့ မော်ဒယ်လ်ဖြစ်ပါတယ်။

Kendall Jenner

Kendall Jenner

Gigi Hadid

Jelena Noura Hadid (သို့) Gigi လို့ အမည်တွင်တဲ့ သူမက အဝတ်အစားလိုင်း Baby Guess ကုမ္ပဏီအတွက် ကလေးမော်ဒယ်လ်လုပ်ပေးရာကနေ ဖက်ရှင်လျှောက်လမ်းပေါ်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ သူမက သူမရဲ့ Career ကို အရမ်းအလေးအနက်ထားပြီး Career ကို အကျိုးရှိစေမယ့် လေ့လာမှုတွေကိုလည်း စဉ်ဆက်မပြတ်လုပ်လေ့ရှိသူ ဖြစ်ပါတယ်။ Gigi က ကင်မရာရှေ့မှာ သဘာဝကျကျဖြစ်အောင် နေတတ်ခြင်းကြောင့် ဖက်ရှင်နယ်ပယ်ရှိ နိုင်ငံတကာအဆင့်သတ်မှတ်တဲ့ မော်ဒယ်လ်အယောက် ၅၀ စာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ ၂၁ နှစ်အရွယ်ရောက်တဲ့အခါမှာ Victoria Secret အတွက် ဒုတိယပုံရိပ်ဖြစ်လာကာ Victoria ရှိုးလျှောက်နေစဉ်မှာ Wing ရရှိလာပြီး Victoria Secret မော်ဒယ်လ်တွေကြားထဲမှာ ထိပ်တန်းမော်ဒယ်လ် ဖြစ်လာပါတော့တယ်။ Spring Summer Campaign မှာ သူညီမ Bella နဲ့ အတူတကွလျှောက်လှမ်းခဲ့တဲ့ ဒီမော်ဒယ်လ်ရဲ့ တစ်နှ်စ်ဝင်ငွေက အမေရိကန်ဒေါ်လာ ၉ သန်း ရှိတယ်လို့ သိရပါတယ်။ Victoria Secret မော်ဒယ်လ်တွေထဲမှာ တတိယကြေးအမြင့်ဆုံး ရရှိနေတဲ့ မော်ဒယ်လ်တစ်ယောက်လို့ ပြောရင်လည်း ရပါတယ်။

Gigi Hadid

Gigi Hadid

Liu Wen

Liu Wen က Victoria Secret မှာ ပထမဆုံး ရှိုးလျှောက်ခွင့်ရတဲ့ အာရှမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့အပြင် Forbes မဂ္ဂဇင်းမှာပါ ပထမဦးဆုံး ဖော်ပြခြင်းခံရတဲ့ အာရှမော်ဒယ်လ်တစ်ယောက်လည်း ဖြစ်ပါတယ်။ တရုတ်ဖက်ရှင် Icon ဖြစ်လာမယ့် Liu Wen က မော်ဒယ်လ်ဘဝကို အချိန်ပိုင်းအလုပ်တစ်ခုအနေနဲ့ ၂၀၀၅ ခုနစ်မှာ စတင်လုပ်ကိုင်ကာ နောက်ပိုင်းမှာ Vogue ကဲ့သို့သော် ကုမ္ပဏီကြီးမှာ အချိန်ပြည့်လုပ်ကိုင်ခွင့်ရရှိလာရာမှ မော်ဒယ်လ်အလုပ်က သူမအတွက် Career ဖြစ်လာပါတော့တယ်။ နောက်ပိုင်းမှာ ပထမဦးဆုံး အာရှမျက်နှာသစ်မော်ဒယ်လ်အဖြစ် ဂုဏ်ပြုခံရပြီး Forbes မဂ္ဂဇင်းမှာ အာရှမော်ဒယ်လ်လောကရှိ ကြေးအမြင့်ဆုံး မော်ဒယ်လ်တစ်ယောက်အဖြစ် စာရင်းဝင်တဲ့အထိကို အောင်မြင်ထင်ရှားကျော်ကြားလာပါတော့တယ်။ ဒီလို အောင်မြင်မှုတွေ တပွေ့တပိုက်ရလာတဲ့ အာရှမော်ဒယ်လ်ရဲ့ ကြွယ်ဝမှုကလည်း မသေးပါဘူး။တစ်နှ်စ်ဝင်ငွေတင်  အမေရိကန်ဒေါ်လာ ၇ သန်းဖြစ်ပြီး Victoria Secret ရှိ ကြေးအမြင့်ဆုံးရရှိတဲ့ မော်ဒယ်လ်တွေထဲမှာ စတုတ္တနေရာမှာ ရပ်တည်နေသူ ဖြစ်ပါတယ်။

Liu Wen

Liu Wen

Candice Swaneopel

Candice Swaneopel က တောင်အာဖရိကသူလေးဖြစ်ပြီး မော်ဒယ်လ်အဖြစ် ၁၅ နှစ်သမီးကတည်းက စတင်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ နိုင်ငံတကာရှိ Vogue Magazine တွေရဲ့ မျက်နှာဖုံးမော်ဒယ်လ်အဖြစ်နဲ့လည်း နာမည်ကျော်ကြားသူဖြစ်ပါတယ်။ Fashion Icon လို့တင်စားလို့ရတဲ့ Tom Ford ကုမ္ပဏီကြီးတွေနဲ့ အခြားသောနာမည်ကြီး Brand တော်တော်များများမှာလည်း အလုပ်လုပ်ခဲ့ဖူးသူဖြစ်လို့ ရှိုးလျှောက်တဲ့ ပညာစွမ်းရည်ကတော့ မသေးလှသူဖြစ်ပါတယ်။ ဒီလို ပညာရည်ပြည့်ဝတဲ့သူမက အသက် ၂၈ နှစ်အရွယ်မှာတော့ Fendi ၊ Chanel ၊ Tommy Hilfiger ၊ Dolce and Gabbana ၊ Michael Kors နဲ့ Donna Karan တို့လို နာမည်ကြီး Brand တော်တော်များများအတွက် Show လျှောက်လှမ်းခွင့်ရသူလေး ဖြစ်လာပါတယ်။ ၂၀၀၇ ခုနစ်မှာ Victoria Secret ရဲ့ Swim Suit ဖက်ရှင်အတွက် မော်ဒယ်လ်အဖြစ် လျှောက်လှမ်းပေးခဲ့ရာမှ ၂၀၁၀ မှာတော့ Kardashian Swim Suit line မှာပါ Angel Model ဖြစ်လာတဲ့အထိကို အောင်မြင်မှုတွေ လျှမ်းလျှမ်းတောက်လာခဲ့ပါတယ်။ ဒါအပြင်သူမက HIV အတွက် Campaign တစ်ခုဖြစ်တဲ့ Mother2Mother မှာလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။ မော်ဒယ်အဖြစ်နဲ့သာ အောင်မြင်မှုရရုံတင်မကဘဲ လူမှုရေးလုပ်ငန်းတွေမှာပါ တက်ကြွစွာပါဝင်လှုပ်ရှားသူလေးရဲ့ Victoria Secret ကရရှိတဲ့ တစ်နှစ်ဝင်ငွေကလည်း အမေရိကန်ဒေါ်လာ ၇ သန်း ဖြစ်ပါတယ်။

Candice Swanepoel

Candice Swanepoel

အခုဖော်ပြခဲ့တဲ့ ဒိတ်ဒိတ်ကြဲငါးယောက်ကတော့ ၂၀၁၈ ခုနစ်မတ်လမှာ ထုတ်ပြန်ထားတဲ့ Victoria Secret ကပေးတဲ့ကြေးအများဆုံးရရှိထားတဲ့ မော်ဒယ်လ်လေးတွေ ဖြစ်ပါတယ်။ နောက်နှစ်တွေမှာရော ဘယ်သူတွေက ကြေးအမြင့်ဆုံးနေရာမှာ ဆက်ရှိနေမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

H.H(အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။