[ZawGyi]
Chindwin-College
Chindwin-College
www.akhayar.com
[Unicode]
တက္ကသိုလ်ဝင်တန်းမအောင်ပေမယ့် UK ဘွဲ့ရတစ်ယောက်ဖြစ်နိုင်ပါသေးတယ်
“ဆယ်တန်း ကျသွားတယ် ဘာလုပ်ရမှန်းကို မသိဘူး။ ကျွန်တော် ဘာဆက်လုပ်ရမလဲ”။ ဆယ်တန်းဆိုတဲ့ စာမေးပွဲက ဘဝရဲ့အဆုံးအဖြတ်တစ်ခုပဲလား။ ဆယ်တန်းမအောင်တာနဲ့ပဲ ဘဝမှာသုံးစားမရတဲ့ လူတစ်ယောက်ဖြစ်သွားပြီလား။ ဆယ်တန်းစာမေးပွဲဆိုတာ ဘဝရဲ့မှတ်တိုင် တစ်ခုပါပဲ။ ဒါပေမယ့် ဘဝကို အဆုံးအဖြတ်ပေးတဲ့ ပန်းတိုင်တစ်ခုတော့ မဟုတ်ပါဘူး။ အရင်တုန်းကဆိုရင် ဆယ်တန်းမအောင်တာနဲ့ ဘွဲ့ရတစ်ယောက်မဖြစ်နိုင်တော့ပါဘူးကွာဆိုပြီး အားငယ်တတ်ကြပါတယ်။ ဆယ်တန်းမအောင်ဘဲနဲ့ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့လက်မှတ်တစ်ခု ရနိုင်တယ်ဆိုရင် အံ့သြသွားမလား။ မယုံမရှိနဲ့ တကယ်။
ဘာကြောင့်လဲဆိုတော့ ချင်းတွင်းကောလိပ်လိုမျိုး နိုင်ငံတကာအဆင့်မီ UK တက္ကသိုလ်ကြီးတွေနဲ့ ချိတ်ဆက်ထားတဲ့ ပုဂ္ဂလိကကောလိပ်တွေမှာ ဆက်လက်ပညာသင်ကြားပြီး UK ပညာရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်လို့ပါပဲ။
Chindwin-College
Chindwin-College
မြန်မာနိုင်ငံရဲ့ပထမဆုံးသော HND College
HND ဆိုတာ Higher National Diploma ကိုရည်ညွှန်းတာပါ။ ချင်းတွင်းကောလိပ်ဟာ မြန်မာနိုင်ငံရဲ့ပထမဆုံးသော HND College ဖြစ်ပြီး ၂၀၀၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာနှစ်ပေါင်း ၃၀ ကျော်ကြာနာမည်ကောင်းနဲ့ရပ်တည်ခဲ့တဲ့စိုးစံဘော်ဒါကနေ အစပြုခဲ့တာမို့ ဆရာနဲ့ကျောင်းသား အချိုးညီမျှပြီးတော့ စနစ်ကျတဲ့ ပညာရေးအနှစ်သာရကို ကျောင်းသားတွေထံ ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ချင်းတွင်းကောလိပ်ဟာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အသိအမှတ်ပြုကောလိပ်တစ်ခုဖြစ်ပြီး UK Pearson BTEC Approved Center တစ်ခုလည်းဖြစ်ပါတယ်။
ဘယ်ဘာသာရပ်တွေရွေးချယ်တက်ရောက်နိုင်မလဲ
ချင်းတွင်းကောလိပ်မှာ Business and Management ၊ Civil Engineering ၊ Electrical and Electronic Engineering ၊Mechanical Engineering စတဲ့ Engineering ဘာသာရပ်တွေနဲ့ Hospitality Management ဘာသာရပ်တွေကို သင်ယူလေ့လာနိုင်ပါတယ်။
Higher National Diploma (HND)
Higher National Diploma (HND)
ချင်းတွင်းကောလိပ်မှာ တက်ရောက်သင်ယူနိုင်ဖို့ ဘာတွေလိုအပ်မလဲ
အမှတ်စာရင်းမလို၊ ဝင်ခွင့်မလိုဘဲ ဆယ်တန်းတစ်ကြိမ်ဖြေဆိုဖူးသူ မည်သူမဆိုတက်ရောက်နိုင်ပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်ထားတယ်ဆိုရင်တော့ Level 3 Foundation ကို ၆ လ တက်ရောက်ရမှာဖြစ်ပြီး တက္ကသိုလ်ဝင်တန်း မအောင်မြင်ခဲ့ဘူးဆိုရင်တော့ ၉ လ အရင်ဆုံးတက်ရောက်ရမှာဖြစ်ပါတယ်။ ဒီလို တက်ရောက်ပြီးပြီဆိုရင် HND Level 4 & Level 5 ကို ဆက်လက်တက်ရောက်နိုင်ပါတယ်။ HND Level-5 ပြီးသွားတဲ့အခါမှာလည်း UK အကောင်းဆုံးတက္ကသိုလ် Top 25 စာရင်းဝင် University of Portsmouth မှ နိုင်ငံတကာအသိအမှတ်ပြု Final Year Degree Programmes များကို နိုင်ငံရပ်ခြားသွားစရာမလိုဘဲ ပြည်တွင်းမှာပဲဘွဲ့ရတဲ့အထိ ချင်းတွင်းကောလိပ်မှာပဲ ဆက်လက်တက်ရောက်နိုင်မှာဖြစ်ပါတယ်။ (Terms & Conditions apply)
University of Portsmouth
University of Portsmouth
ချင်းတွင်းကောလိပ်နဲ့ ချိတ်ဆက်ထားတဲ့ အဆိုပါ University of Portsmouth ဟာဆိုရင် ၆ လအတွင်းအလုပ်အကိုင်ရရှိနိုင်မှု ၇၂ ရာခိုင်နှုန်း ရရှိထားတဲ့အစဉ်အလာကြီးမားတဲ့ UK ထိပ်တန်းစာရင်းဝင်တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါတယ်။ The Guardian University Guide 2019 Ranking အရ UK ရဲ့ထိပ်တန်း တက္ကသိုလ်စာရင်းမှာ အဆင့် ၂၅ သတ်မှတ်ခံထားရတဲ့ တက္ကသိုလ်တစ်ခုဖြစ်တာမို့ ကျောင်းပြီးတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်းလည်း ပိုမိုများပြားစေပါတယ်။
ဒါကြောင့် အခုအချိန်မှာ ပြောင်းလဲတိုးတက်လာတဲ့ ဒီလိုကမ္ဘာ့အဆင့်မီပညာရေးလမ်းကြောင်းတွေက မြန်မာနိုင်ငံမှာရှိနေပြီမို့ တက္ကသိုလ်ဝင်တန်းအောင်စာရင်းမှာ ကိုယ့်အမည်မပါခဲ့လည်း စိတ်ဓာတ်ကျရင်း တွေဝေနေစရာမလိုတော့ပါဘူး။ UK ထိပ်တန်းတက္ကသိုလ် ၂၅ ခုထဲကတစ်ခုဖြစ်တဲ့ University of Portsmouth နဲ့ ချိတ်ဆက်ထားတဲ့ ချင်းတွင်းကောလိပ်နဲ့လက်တွဲပြီး ကိုယ့်ရည်မှန်းချက်ပညာရေးပန်းတိုင်ကို အဆုံးထိတိုင် ဆက်လက်လျှောက်လှမ်းနိုင်နေပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
ချင်းတွင်းကောလိပ် – ရန်ကုန်(သိမ်ဖြူ)
လိပ်စာ – အမှတ်(၇၅) ၊ သိမ်ဖြူလမ်း(အောက်ဘလောက်) ၊ ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်။
ဖုန်း – 01-297673,298137, ‎09-953005959
ချင်းတွင်းကောလိပ် – ရန်ကုန်(ဆင်မလိုက်)
လိပ်စာ – ပထမထပ်၊ Sinmalite Business Tower ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းနဲ့ ဟံသာဝတီလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
ဖုန်း – 09-954005959, ‎01-502508
ချင်းတွင်းကောလိပ် – မန္တလေး
လိပ်စာ – ၇၇ x ၇၈လမ်း နဲ့ ၃၁ x ၃၂ လမ်းထောင့်၊ Sebai Building ၊ Greatwall Condo Complex ၊ မန္တလေး။
ဖုန်း – 02-2844179, ‎02-72179
ချင်းတွင်းကောလိပ် – တောင်ကြီး
လိပ်စာ- အမှတ်(၅၇/၁၆) ၊ မြတ်ရတနာလမ်း၊ရေအေးကွင်းရပ်ကွက်၊ တောင်ကြီး။
ဖုန်း – ‎09-784038995,‎ 09-784038996
www.akhayar.com