[Zawgyi]

Game ေဆာ့ရင္း ႏွစ္စဥ္ေဒၚလာ ၂သန္းခြဲေက်ာ္ဝင္ေငြရလာတဲ့ အထက္တန္းေက်ာင္းထြက္လူငယ္ေလး

လူႀကီးမိဘေတြဆံုးမေနက်ျဖစ္တဲ့ Game ကစားတာက အခ်ိန္ကုန္ေစတာမ်ိဳး၊ က်န္းမာေရးထိခိုက္ေစတာမ်ိဳး၊ အလုပ္ေပၚအာရံုမစိုက္ႏိုင္ဘဲ လူမႈဆက္ဆံေရးေတြကအစ အဖက္ဖက္က ပ်က္ယြင္းေစႏိုင္ေၾကာင္း တားျမစ္ဆံုးမခဲ့တာေတြၾကားဖူးမွာပါ။ ဒါေပမယ့္ လူငယ္ေတြကို ပ်က္စီးေစႏိုင္တယ္ဆိုတဲ့ Game ကစားျခင္းဟာ ေတာင္ကိုရီးယားက ဒီလူငယ္ေလးအတြက္ကေတာ့ ရယ္စရာတစ္ခုျဖစ္သြားပါၿပီ။

လူေတာ္ေတာ္မ်ားမ်ားသိၾကတဲ့ ေတာင္ကိုရီးယားက အထက္တန္းေက်ာင္းထြက္လူငယ္ေလး Lee Sang-Hyeok ကေတာ့ ခုခ်ိန္မွာ Video Games ေတြ စြဲစြဲၿမဲၿမဲကစားျခင္းကေန ဝင္ေငြအမ်ားအျပားႂကြယ္ဝလာပါၿပီ။

Lee ရဲ႕ Game ကစားတာ ထူးခြ်န္မႈေၾကာင့္ ေတာင္ကိုရီးယားႏိုင္ငံဟာ Video Game ကစားမႈမွာ ၾသဇာအာဏာာအႀကီးဆံုးနဲ႔ နာမည္အႀကီးဆံုးႏိုင္ငံေနရာမွာ ရပ္တည္ခဲ့ပါတယ္။ ခုခ်ိန္မွာေတာ့ Lee ဟာ “League of Legends” Game ရဲ႕ ကမ႓ာ့အေကာင္းဆံုး Gamer အျဖစ္ရပ္တည္ေနၿပီး နာမည္အႀကီးဆံုးအားကစားသမားေတြနဲ႔ တန္းတူ ေက်ာ္ၾကားေအာင္ျမင္လာပါၿပီ။

၁၉၉၆ ေမလ ၇ရက္မွာ ေမြးဖြားခဲ့ၿပီး အသက္ ၂၂ ႏွစ္ရွိၿပီျဖစ္တဲ့ Lee ဟာ အထက္တန္းပညာေရးမွာ ဉာဏ္ရည္မလိုက္ႏိုင္ေပမယ့္လည္း အဲ့ဒီ Game ကစားျခင္းကေနေတာ့ ဆုေတြအမ်ားႀကီးရရွိခဲ့ၿပီး အမိႏိုင္ငံျဖစ္တဲ့ ေတာင္ကိုရီးယားရဲ႕ ဂုဏ္ေဆာင္ပုဂိၢဳလ္တစ္ဦးျဖစ္လာခဲ့ပါတယ္။ သူဟာ ESports ေတြကို Olympics ကပါ အသိအမွတ္ျပဳလာတဲ့ အားကစားတစ္မ်ိဳးျဖစ္ေအာင္ ႀကိဳးပမ္းေနသူလည္း ျဖစ္ပါတယ္။

Game ကစားျခင္းကို ကေလးဘဝမူလတန္းေက်ာင္းသားအရြယ္တည္းက စြဲလန္းခဲ့တဲ့ Lee ဟာ “League of Leagend” Game ကို စြဲစြဲၿမဲၿမဲေဆာ့ျဖစ္ရာမွ Online ရဲ႕ ထိပ္တန္း Gamer ျဖစ္လာၿပီး ေနာက္ပိုင္း သူငယ္ခ်င္းေတြနဲ႔ အုပ္စုဖြဲ႕ကာ Game ထဲကိုပဲ အာရံုစိုက္ခဲ့ပါတယ္။

၂၀၁၃ မွာေတာ့ အထက္တန္းေက်ာင္းကေန ထြက္လိုက္ၿပီး Professional Gamer အျဖစ္ ရပ္တည္ခဲ့ပါတယ္။ တရားဝင္သတင္းထုတ္ျပန္ခ်က္ေတြအရ Lee “Faker” Sang-hyeok လို႔ လူသိမ်ားတဲ့ Lee ဟာ သူ႕ရဲ႕ Sponsor Company ျဖစ္တဲ့ SK Telecom အမည္ရ Wireless Operator တစ္ခုဆီကေန ႏွစ္စဥ္ ကိုရီးယားဝမ္ ၃ ဘီလီယံ (အေမရိကန္ေဒၚလာ ၂.၆ သန္း) ကို ကိုယ္ပိုင္ဝင္ေငြအျဖစ္ရရွိေနၿပီျဖစ္ပါတယ္။ သူ Game ကစားျခင္းကေနရတဲ့ အသားတင္ဆုေၾကးကတင္ အေမရိကန္ေဒၚလာ ၁၁၆၉၇၁၃.၃၅ ဝင္ေငြ ရရွိခဲ့ပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံဟာ Video Game ကစားျခင္းမွာ နာမည္ေက်ာ္ၾကားၿပီး Gamer အမ်ားစုအေျခစိုက္ရာ ႏိုင္ငံလည္းျဖစ္ပါတယ္။ ဒီလို Gamer ေတြ အဓိကအေျခစိုက္လာရျခင္းအေၾကာင္းက အလြန္ျမန္ႏႈန္းျမင့္တဲ့ “Ultra Fast Broadband” ေတြနဲ႔ အရည္အေသြးျမင့္ Computer ေတြ ခ်ိတ္ဆက္တပ္ဆင္ေပးထားတဲ့ Internet Cafes အမ်ားအျပား တည္ရွိေနတာေၾကာင့္ျဖစ္ပါတယ္။

မူလတန္းအရြယ္ေက်ာင္းသားကေလးငယ္အမ်ားစုကို ေျဖခိုင္းခဲ့တဲ့ စစ္တမ္းတစ္ရပ္မွာဆို ကေလးအမ်ားစုၾကားထဲမွာ အထင္ရွားဆံုးနဲ႔ ဝင္ေငြအေကာင္းဆံုးဆိုတဲ့ အလုပ္အကိုင္ေနရာမွာ ESports ကစားသမားေတြဟာ သိပၸံပညာရွင္ေတြထက္ေတာင္ ထိပ္ဆံုးေနရာမွာ ေရြးခ်ယ္ခံေနရပါတယ္။

လူေတာ္ေတာ္မ်ားမ်ားကေတာ့ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ESports Game စြဲစြဲလန္းလန္းကစားၾကပံုကို ဂ်ာမနီႏိုင္ငံရဲ႕ ေဘာလံုးကို႐ူး႐ူးသြပ္သြပ္ ခ်စ္ၾကပံုနဲ႔ ႏိႈင္းယွဥ္ေလ့ရွိပါတယ္။ ေတာင္ကိုရီးယား ESports အဖြဲ႔ရဲ႕ အေထြေထြအတြင္းေရးမႈးခ်ဳပ္ Kim Cheol-Hag ကေတာ့ “ဒီႏိုင္ငံဟာ ESports Gamer ေတြကိုပါ အားကစားသမားတစ္ဦးအျဖစ္ တရားဝင္ဂုဏ္ျပဳတဲ့ႏိုင္ငံျဖစ္ၿပီး College အားကစားၿပိဳင္ပြဲေတြမွာပါ ESports ၿပိဳင္ပြဲေတြ တရားဝင္ထည့္သြင္းကစားလာၾကတာျဖစ္ပါတယ္။” လို႔ ဆိုခဲ့ပါတယ္။

အထက္တန္းေက်ာင္းပညာေရးမွာ မထူးခြ်န္ခဲ့ေပမယ့္လည္း မီလ်ံနာတစ္ေယာက္အျဖစ္ ကိုယ့္ထူးကိုယ္ခြ်န္ၿပီး ေအာင္ျမင္ခဲ့တဲ့ လူငယ္ေလး Lee Sang Hyeok ကေတာ့ Game ကစားျခင္းဟာ လူငယ္ဘဝကိုပ်က္စီးေစတယ္ဆိုတဲ့ လူႀကီးေတြရဲ႕ ယူဆခ်က္အျမင္ေတြကို ဆြံ႔အေစခဲ့တဲ့ အခ်မ္းသာဆံုး Gamer တစ္ေယာက္ျဖစ္လာခဲ့ပါတယ္။

EiEiKhineMinn (Akhayar)

[Unicode]

Game ဆော့ရင်း နှစ်စဉ်ဒေါ်လာ ၂သန်းခွဲကျော်ဝင်ငွေရလာတဲ့ အထက်တန်းကျောင်းထွက်လူငယ်လေး

လူကြီးမိဘတွေဆုံးမနေကျဖြစ်တဲ့ Game ကစားတာက အချိန်ကုန်စေတာမျိုး၊ ကျန်းမာရေးထိခိုက်စေတာမျိုး၊ အလုပ်ပေါ်အာရုံမစိုက်နိုင်ဘဲ လူမှုဆက်ဆံရေးတွေကအစ အဖက်ဖက်က ပျက်ယွင်းစေနိုင်ကြောင်း တားမြစ်ဆုံးမခဲ့တာတွေကြားဖူးမှာပါ။ ဒါပေမယ့် လူငယ်တွေကို ပျက်စီးစေနိုင်တယ်ဆိုတဲ့ Game ကစားခြင်းဟာ တောင်ကိုရီးယားက ဒီလူငယ်လေးအတွက်ကတော့ ရယ်စရာတစ်ခုဖြစ်သွားပါပြီ။

လူတော်တော်များများသိကြတဲ့ တောင်ကိုရီးယားက အထက်တန်းကျောင်းထွက်လူငယ်လေး Lee San-Hyeok ကတော့ ခုချိန်မှာ Video Games တွေ စွဲစွဲမြဲမြဲကစားခြင်းကနေ ဝင်ငွေအများအပြားကြွယ်ဝလာပါပြီ။

Lee ရဲ့ Game ကစားတာ ထူးချွန်မှုကြောင့် တောင်ကိုရီးယားနိုင်ငံဟာ Video Game ကစားမှုမှာ သြဇာအာဏာာအကြီးဆုံးနဲ့ နာမည်အကြီးဆုံးနိုင်ငံနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ခုချိန်မှာတော့ Lee ဟာ “League of Legends” Game ရဲ့ ကမ္ဘာ့အကောင်းဆုံး Gamer အဖြစ်ရပ်တည်နေပြီး နာမည်အကြီးဆုံးအားကစားသမားတွေနဲ့ တန်းတူ ကျော်ကြားအောင်မြင်လာပါပြီ။

၁၉၉၆ မေလ ၇ရက်မှာ မွေးဖွားခဲ့ပြီး အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ Lee ဟာ အထက်တန်းပညာရေးမှာ ဉာဏ်ရည်မလိုက်နိုင်ပေမယ့်လည်း အဲ့ဒီ Game ကစားခြင်းကနေတော့ ဆုတွေအများကြီးရရှိခဲ့ပြီး အမိနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားရဲ့ ဂုဏ်ဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ပါတယ်။ သူဟာ ESports တွေကို Olympics ကပါ အသိအမှတ်ပြုလာတဲ့ အားကစားတစ်မျိုးဖြစ်အောင် ကြိုးပမ်းနေသူလည်း ဖြစ်ပါတယ်။

Game ကစားခြင်းကို ကလေးဘဝမူလတန်းကျောင်းသားအရွယ်တည်းက စွဲလန်းခဲ့တဲ့ Lee ဟာ “League of Leagend” Game ကို စွဲစွဲမြဲမြဲဆော့ဖြစ်ရာမှ Online ရဲ့ ထိပ်တန်း Gamer ဖြစ်လာပြီး နောက်ပိုင်း သူငယ်ချင်းတွေနဲ့ အုပ်စုဖွဲ့ကာ Game ထဲကိုပဲ အာရုံစိုက်ခဲ့ပါတယ်။

၂၀၁၃ မှာတော့ အထက်တန်းကျောင်းကနေ ထွက်လိုက်ပြီး Professional Gamer အဖြစ် ရပ်တည်ခဲ့ပါတယ်။ တရားဝင်သတင်းထုတ်ပြန်ချက်တွေအရ Lee “Faker” Sang-hyeok လို့ လူသိများတဲ့ Lee ဟာ သူ့ရဲ့ Sponsor Company ဖြစ်တဲ့ SK Telecom အမည်ရ Wireless Operator တစ်ခုဆီကနေ နှစ်စဉ် ကိုရီးယားဝမ် ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၆ သန်း) ကို ကိုယ်ပိုင်ဝင်ငွေအဖြစ်ရရှိနေပြီဖြစ်ပါတယ်။ သူ Game ကစားခြင်းကနေရတဲ့ အသားတင်ဆုကြေးကတင် အမေရိကန်ဒေါ်လာ ၁၁၆၉၇၁၃.၃၅ ဝင်ငွေ ရရှိခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ Video Game ကစားခြင်းမှာ နာမည်ကျော်ကြားပြီး Gamer အများစုအခြေစိုက်ရာ နိုင်ငံလည်းဖြစ်ပါတယ်။ ဒီလို Gamer တွေ အဓိကအခြေစိုက်လာရခြင်းအကြောင်းက အလွန်မြန်နှုန်းမြင့်တဲ့ “Ultra Fast Broadband” တွေနဲ့ အရည်အသွေးမြင့် Computer တွေ ချိတ်ဆက်တပ်ဆင်ပေးထားတဲ့ Internet Cafes အများအပြား တည်ရှိနေတာကြောင့်ဖြစ်ပါတယ်။

မူလတန်းအရွယ်ကျောင်းသားကလေးငယ်အများစုကို ဖြေခိုင်းခဲ့တဲ့ စစ်တမ်းတစ်ရပ်မှာဆို ကလေးအများစုကြားထဲမှာ အထင်ရှားဆုံးနဲ့ ဝင်ငွေအကောင်းဆုံးဆိုတဲ့ အလုပ်အကိုင်နေရာမှာ ESports ကစားသမားတွေဟာ သိပ္ပံပညာရှင်တွေထက်တောင် ထိပ်ဆုံးနေရာမှာ ရွေးချယ်ခံနေရပါတယ်။

လူတော်တော်များများကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ESports Game စွဲစွဲလန်းလန်းကစားကြပုံကို ဂျာမနီနိုင်ငံရဲ့ ဘောလုံးကိုရူးရူးသွပ်သွပ် ချစ်ကြပုံနဲ့ နှိုင်းယှဉ်လေ့ရှိပါတယ်။ တောင်ကိုရီးယား ESports အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှုးချုပ် Kim Cheol-Hag ကတော့ “ဒီနိုင်ငံဟာ ESports Gamer တွေကိုပါ အားကစားသမားတစ်ဦးအဖြစ် တရားဝင်ဂုဏ်ပြုတဲ့နိုင်ငံဖြစ်ပြီး College အားကစားပြိုင်ပွဲတွေမှာပါ ESports ပြိုင်ပွဲတွေ တရားဝင်ထည့်သွင်းကစားလာကြတာဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

အထက်တန်းကျောင်းပညာရေးမှာ မထူးချွန်ခဲ့ပေမယ့်လည်း မီလျံနာတစ်ယောက်အဖြစ် ကိုယ့်ထူးကိုယ်ချွန်ပြီး အောင်မြင်ခဲ့တဲ့ လူငယ်လေး Lee Sang Hyeok ကတော့ Game ကစားခြင်းဟာ လူငယ်ဘဝကိုပျက်စီးစေတယ်ဆိုတဲ့ လူကြီးတွေရဲ့ ယူဆချက်အမြင်တွေကို ဆွံ့အစေခဲ့တဲ့ အချမ်းသာဆုံး Gamer တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

EiEiKhineMinn (Akhayar)