This Football update is proudly sponsored by Telenor Myanmar.

[Zawgyi]










Real Madrid

Copa del Rey: 1992–93
UEFA Super Cup: 2002
Al Rayyan
Individual


REF:Goal.com
Naing Linn(Akhayar)
www.akhayar.com

အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

လိုပယ်တက်ဂီ Lopetegui ထုတ်ပယ်ခံရတဲ့အတွက် ဝမ်းနည်းပူဆွေးနေချိန် မရဘူးလို့ သတိပေးခဲ့တဲ့ နည်းပြသစ် ဟီယာရို Hierro

စပိန်အသင်းနည်းပြသစ် ဖာနန်ဒိုဟီယာရို Fernando Hierro က နည်းပြရာထူးက လိုပယ်တက်ဂီ Lopetegui ရုတ်တရက်ထုတ်ပယ်ခံခဲ့ရတဲ့အတွက် ဝမ်းနည်းပူဆွေးဖို့အချိန်မရဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ဖို့ စပိန်ကစားသမားတွေကို သတိပေးပြောဆိုလိုက်ပါတယ်။ လိုပယ်တက်ဂီဟာ ရီးယဲလ်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှုရခဲ့ပြီး နာရီပိုင်းအကြာမှာပဲ စပိန်ဘောလုံးအဖွဲ့ချုပ်က သူ့ကို လက်ရွေးစင်အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ နာမည်ကျော် နောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ ဟီယာရိုကို စပိန်အသင်းနည်းပြသစ်အဖြစ် ချက်ချင်း ခန့်အပ်ခဲ့တာဖြစ်ပြီး စပိန်အသင်းဟာ မနက်ဖြန်(သောကြာနေ့)မှာ ပေါ်တူဂီနဲ့ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲကစားရမှာဖြစ်တာကြောင့် ဟီယာရိုအတွက် ပြင်ဆင်ချိန် သိပ်မရတော့ပါဘူး။ ဟီယာရိုက”ကစားသမားတွေ အကုန်လုံးက စိတ်လှုပ်ရှားနေကြပြီး ဒီလို စိန်ခေါ်မှုမျိုးကို လိုချင်နေကြတာပါ။ ဒါဟာ အားလုံးအတွက် စိန်ခေါ်မှုဖြစ်ပြီး ကျွန်တော်တို့ ဝမ်းနည်းပူဆွေးနေဖို့ အချိန်မရပါဘူး။ ကျွန်တော်တို့အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် တိုက်ပွဲဝင်ဖို့ ရုရှားမြေကို လာခဲ့တာဖြစ်ပြီး ဗိုလ်စွဲနိုင်ဖို့လည်း အခွင့်အရေးရှိတာကြောင့် အဲဒီအတွက် ရာနှုန်းပြည့်အာရုံစိုက်သွားရမှာပါ”လို့ ဆိုခဲ့တယ်။

Fernando-Hierro-and-Spain-Football-Federation-President

Fernando-Hierro-and-Spain-Football-Federation-President

အသက်(၅၀)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရီးယဲလ်ဂန္ထဝင်နောက်ခံလူ ဟီယာရိုဟာ ကစားသမားဘဝတစ်လျှောက် ဗယ်လာဒိုလစ်၊ ရီးယဲလ်၊ အယ်လ်ရိုင်ယန်၊ ဘော်လ်တန် စတဲ့ အသင်းတွေမှာ ကစားခဲ့ဖူးပြီး ရီးယဲလ်အသင်းနဲ့အတူ လာလီဂါ၊ ချန်ပီယံလိဂ်အပါအဝင် ဆုဖလားပေါင်းများစွာ ရယူနိုင်ခဲ့သူပါ။ စပိန်လက်ရွေးစင်အသင်းအတွက် ၁၉၈၉ ကနေ ၂၀၀၂ ခုနှစ်အထိ ကစားခဲ့ပြီး (၈၉)ပွဲကစား (၂၉)ဂိုးသွင်းယူခဲ့တယ်။ ၂၀၁၄ခုနှစ်မှာ နည်းပြဘ၀ ပထမဆုံးခြေလှမ်းအဖြစ် ရီးယဲလ်အသင်းနည်းပြ အန်ဆယ်လော့တီ Ancelotti ရဲ့ လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့သလို အိုဗီယေဒိုအသင်းကိုလည်း ၂၀၁၆-၁၇ တစ်ရာသီ ကိုင်တွယ်ခဲ့သူလည်းဖြစ်ပါတယ်။

Fernando-Hierro-with-The-Champions-League

Fernando-Hierro-with-The-Champions-League

ဟီယာရိုရဲ့ ကစားသမားဘဝ အောင်မြင်မှုနဲ့ တစ်ဦးချင်းအကောင်းဆုံးဆုများ

Real Madrid

La Liga: 1989–90, 1994–95, 1996–97, 2000–01, 2002–03
Copa del Rey: 1992–93
Supercopa de España: 1990, 1993, 1997, 2001
UEFA Champions League: 1997–98, 1999–2000, 2001–02
Intercontinental Cup: 1998, 2002
UEFA Super Cup: 2002
Al Rayyan
Emir of Qatar Cup: 2003–04
Individual
FIFA XI: 1996, 1997, 1998[36]
UEFA Club Best Defender: 1997–98
ESM Team of the Year: 1996–97, 1997–98

FIFA World Cup All-Star Team: 2002

REF:Goal.com
Photo:Twitter,ritmo parana
Naing Linn(Akhayar)
www.akhayar.com