[Zawgyi]

အမ်ိဳးသမီးတစ္ေယာက္ရဲ ႔စိတ္ခြန္အားနဲ႔ ဘဝေပါင္းမ်ားစြာကိုလမ္းျပနိုင္ခဲ့တဲ့Hichki(2018)

အမ်ိဳးသမီးေတြအတြက္ စိတ္ခြန္အားေပးတဲ့ ဇာတ္ကားျဖစ္သလို ေမြးရာပါပင္ကိုယ္ခ်ိဳ႕တဲ့ မႈရွိေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ ႔ ဘဝကို အရံႈးမေပးဘဲ ရင္ဆိုင္ရဲတဲ့ သတၱိကိုေဖာ္ျပတဲ့ အိႏိၵယဇာတ္ကားပဲျဖစ္ပါတယ္။ ဇာတ္ကားနာမည္ကေတာ့ Hichki(2018) ပဲျဖစ္ပါတယ္။

အိႏိၵယနိုင္ငံ ရဲ ႔ နာမည္ႀကီးေဘာလီးဝုဒ္ မင္းသမီးတစ္လက္ျဖစ္တဲ့ Rani Mukerji ရဲ ႔ ပီျပင္တဲ့ သရုပ္ေဆာင္မႈေတြကိုေတြ႔ရမယ့္ အျပင္ ေမြးရာပါတက္တဲ့ေရာဂါရွိသူတစ္ဦးအေနနဲ႔ ဇာတ္လမ္းတေလ်ာက္လံုးမွာ ပီျပင္စြာသရုပ္ေဆာင္နိုင္မႈ ဟာ သူမရဲ ႔ အနုပညာအေပၚအရည္အခ်င္းဘယ္ေလာက္ရွိတယ္ဆိုတာကို ျပသနိုင္ခဲ့တဲ့ ဇာတ္ကားတစ္ခုျဖစ္ပါတယ္။ ဒီဇာတ္ကားကို ဒါရိုက္တာ Sidharth P Malhotra က ရိုက္ကူးပံုေဖာ္ထားတာျဖစ္ပါတယ္။ အိႏိၵယနိုင္ငံမွာ ၂၀၁၈ ခုနွစ္ မတ္လ ၂၃ ရက္ေန႔မွာျပသခဲ့တာျဖစ္တဲ့ အတြက္ ထြက္ထားတာေတာင္ လပိုင္းေလာက္ပဲရွိပါေသးတယ္။

ဒီဇာတ္ကားရဲ ႔ အဓိကဇာတ္ေကာင္ကေတာ့ မင္းသမီး Rani Mukerji ပါ။ သူမဟာ ဒီဇာတ္ကားမွာ ဆရာမတစ္ဦးအေနနဲ႔ သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ ငယ္စဥ္ကတည္း ကေမြးရာပါ တက္တက္တဲ့ေရာဂါရွိတဲ့ သူတစ္ဦးအေနနဲ႔ ဘယ္လိုမ်ားဆရာမလုပ္မလဲဆိုတာကိုေတာ့ ပရိသတ္ႀကီးလည္း အံ႔အားသင့္ေလာက္ပါတယ္။ သူမဟာ ပညာတတ္တစ္ေယာက္ျဖစ္ခဲ့ေပမယ့္ အျခားဘယ္အလုပ္ကိုမွ မလုပ္ခ်င္ဘဲ သူကိုယ္တိုင္လုပ္ခ်င္တဲ့ တစ္ခုတည္းေသာအလုပ္ကလည္း ဆရာမအလုပ္ပဲျဖစ္ပါတယ္။ ဒီအလုပ္ကိုလုပ္ခ်င္လို႔ ေလွ်ာက္တဲ့ ေနရာတိုင္းေက်ာင္းတိုင္းကလည္း သူမရဲ ႔ ေရာဂါအေျခအေနေၾကာင့္ အင္တာဗ်ဴးလုပ္ၿပီးတိုင္းမွာ အလုပ္ခန္႔ဖို႔အတြက္အခက္အခဲ ျဖစ္ေစတယ္ ဆိုတာကေတာ့ ေလာကမွာျဖစ္ေလ့ျဖစ္ထရွိတတ္မယ့္ အရာတစ္ခုပါ။ ဒါေတြကို သူမကဘယ္လို ဇြဲေကာင္းေကာင္းနဲ႔ေက်ာ္ျဖတ္မလဲ ဆိုတာကစိတ္ဝင္စားစရာပါ။

အေၾကာင္းသင့္လို႔ အလုပ္တစ္ခုမွာ ဆရာမျဖစ္ခဲ့ေတာ့လည္း ကေလးေတြကို စာဘယ္လိုသင္မလဲ ? သူမစာသင္တဲ့ ကေလးေတြကေရာ သူမကိုနားလည္နိုင္ၾကပါ့မလား ဆိုတာေတြကေတာ့ ဒီဇာတ္ကားအတြက္ ဇာတ္ရွိန္ျမင့္ေစမယ့္ အခန္းေတြပဲျဖစ္ပါတယ္။

ဒီဇာတ္ကားေလးကို ၾကည့္ၿပီးေတာ့ အမ်ိဳးသမီးတစ္ေယာက္ရဲ ႔ ေရြးခ်ယ္မႈ ဆိုတာ အဲ့အမ်ိဳးသမီးတစ္ေယာက္နဲ႔ပဲအဓိကသက္ဆိုင္ေၾကာင္း ကိုယ္ကိုယ္တိုင္ေရြးခ်ယ္လိုက္တဲ့ အရာရဲ ႔ေကာင္းက်ိဳး၊ ဆိုးက်ိဳး ေတြကလည္း ကိုယ့္ရဲ ႔ေရြးခ်ယ္မႈ စိတ္ပိုင္းျဖတ္နုိင္မႈ ေတြနဲ႔သာ သက္ဆိုင္ေၾကာင္းကို သက္ေသျပတဲ့ ဇာတ္ကားတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ မိန္းကေလးေတြ ေရြးခ်ယ္မႈမွန္ကန္ၿပီး ကိုယ့္ဘဝရဲ ႔ ပန္းတိုင္ကို ကိုယ္ပိုင္စိတ္ခြန္းအားေတြနဲ႔ရွာေဖြ ျဖတ္သန္းနိုင္ၾကပါေစ လို႔ဆႏၵျပဳရင္း စိတ္ခြန္းအားေတြျဖစ္ေစဖို႔ Hichki(2018) ဆိုတဲ့ဇာတ္ကားေလးကို အခုပဲၾကည့္လိုက္ၾကပါစို႔ ။

ၾကည္သာ (Akhayar)

Photo Credit: The Indian Express

www.akhayar.com
[Unicode]

အမျိုးသမီးတစ်ယောက်ရဲ့စိတ်ခွန်အားနဲ့ ဘဝပေါင်းများစွာကိုလမ်းပြနိုင်ခဲ့တဲ့Hichki(2018)

အမျိုးသမီးတွေအတွက် စိတ်ခွန်အားပေးတဲ့ ဇာတ်ကားဖြစ်သလို မွေးရာပါပင်ကိုယ်ချို့တဲ့ မှုရှိနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို အရှုံးမပေးဘဲ ရင်ဆိုင်ရဲတဲ့ သတ္တိကိုဖော်ပြတဲ့ အိန္ဒိယဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Hichki(2018) ပဲဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ရဲ့ နာမည်ကြီးဘောလီးဝုဒ် မင်းသမီးတစ်လက်ဖြစ်တဲ့ Rani Mukerji ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကိုတွေ့ရမယ့် အပြင် မွေးရာပါတက်တဲ့ရောဂါရှိသူတစ်ဦးအနေနဲ့ ဇာတ်လမ်းတလျောက်လုံးမှာ ပီပြင်စွာသရုပ်ဆောင်နိုင်မှု ဟာ သူမရဲ့ အနုပညာအပေါ်အရည်အချင်းဘယ်လောက်ရှိတယ်ဆိုတာကို ပြသနိုင်ခဲ့တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ Sidharth P Malhotra က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာပြသခဲ့တာဖြစ်တဲ့ အတွက် ထွက်ထားတာတောင် လပိုင်းလောက်ပဲရှိပါသေးတယ်။

ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ မင်းသမီး Rani Mukerji ပါ။ သူမဟာ ဒီဇာတ်ကားမှာ ဆရာမတစ်ဦးအနေနဲ့ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ငယ်စဉ်ကတည်း ကမွေးရာပါ တက်တက်တဲ့ရောဂါရှိတဲ့ သူတစ်ဦးအနေနဲ့ ဘယ်လိုများဆရာမလုပ်မလဲဆိုတာကိုတော့ ပရိသတ်ကြီးလည်း အံ့အားသင့်လောက်ပါတယ်။ သူမဟာ ပညာတတ်တစ်ယောက်ဖြစ်ခဲ့ပေမယ့် အခြားဘယ်အလုပ်ကိုမှ မလုပ်ချင်ဘဲ သူကိုယ်တိုင်လုပ်ချင်တဲ့ တစ်ခုတည်းသောအလုပ်ကလည်း ဆရာမအလုပ်ပဲဖြစ်ပါတယ်။ ဒီအလုပ်ကိုလုပ်ချင်လို့ လျှောက်တဲ့ နေရာတိုင်းကျောင်းတိုင်းကလည်း သူမရဲ့ ရောဂါအခြေအနေကြောင့် အင်တာဗျူးလုပ်ပြီးတိုင်းမှာ အလုပ်ခန့်ဖို့အတွက်အခက်အခဲ ဖြစ်စေတယ် ဆိုတာကတော့ လောကမှာဖြစ်လေ့ဖြစ်ထရှိတတ်မယ့် အရာတစ်ခုပါ။ ဒါတွေကို သူမကဘယ်လို ဇွဲကောင်းကောင်းနဲ့ကျော်ဖြတ်မလဲ ဆိုတာကစိတ်ဝင်စားစရာပါ။

အကြောင်းသင့်လို့ အလုပ်တစ်ခုမှာ ဆရာမဖြစ်ခဲ့တော့လည်း ကလေးတွေကို စာဘယ်လိုသင်မလဲ ? သူမစာသင်တဲ့ ကလေးတွေကရော သူမကိုနားလည်နိုင်ကြပါ့မလား ဆိုတာတွေကတော့ ဒီဇာတ်ကားအတွက် ဇာတ်ရှိန်မြင့်စေမယ့် အခန်းတွေပဲဖြစ်ပါတယ်။

ဒီဇာတ်ကားလေးကို ကြည့်ပြီးတော့ အမျိုးသမီးတစ်ယောက်ရဲ့ ရွေးချယ်မှု ဆိုတာ အဲ့အမျိုးသမီးတစ်ယောက်နဲ့ပဲအဓိကသက်ဆိုင်ကြောင်း ကိုယ်ကိုယ်တိုင်ရွေးချယ်လိုက်တဲ့ အရာရဲ့ကောင်းကျိုး၊ ဆိုးကျိုး တွေကလည်း ကိုယ့်ရဲ့ရွေးချယ်မှု စိတ်ပိုင်းဖြတ်နိုင်မှု တွေနဲ့သာ သက်ဆိုင်ကြောင်းကို သက်သေပြတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေ ရွေးချယ်မှုမှန်ကန်ပြီး ကိုယ့်ဘဝရဲ့ ပန်းတိုင်ကို ကိုယ်ပိုင်စိတ်ခွန်းအားတွေနဲ့ရှာဖွေ ဖြတ်သန်းနိုင်ကြပါစေ လို့ဆန္ဒပြုရင်း စိတ်ခွန်းအားတွေဖြစ်စေဖို့ Hichki(2018) ဆိုတဲ့ဇာတ်ကားလေးကို အခုပဲကြည့်လိုက်ကြပါစို့ ။

ကြည်သာ (Akhayar)

Photo Credit: The Indian Express

www.akhayar.com