[Zawgyi]

ဖရန္႔ဖတ္အသင္းကုိ မေလးမစားလုပ္ခဲ့တာမဟုတ္ဘူးလုိ႔ ေဟးနက္စ္ Heynckes ရွင္းလင္း

ဘုိင္ယန္ျမဴးနစ္အသင္းရဲ႕ ဂ်ာမန္၀ါရင့္နည္းျပႀကီး ဂ်က္ေဟးနက္စ္ Jupp Heynckes က ဂ်ာမန္ဖလားဗုိလ္လုပဲြအၿပီး ကြင္းထဲကေန ခ်က္ခ်င္းထြက္ခြာခဲ့တာက ခ်န္ပီယံ ဖရန္႔ဖတ္အသင္းကုိ မေလးမစားလုပ္တာ မဟုတ္ဘူးလုိ႔ ရွင္းလင္းေျပာဆုိခဲ့ပါတယ္။ ဘုိင္ယန္ျမဴးနစ္အသင္းဟာ ဂ်ာမန္ဖလားဗုိလ္လုပဲြမွာ ဖရန္႔ဖတ္ နဲ႔ ဆုံေတြ႕ခဲ့တာေၾကာင့္ ဗုိလ္စဲြဖုိ႔ ေရပန္းစားခဲ့ေပမယ့္ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ (၁-၃)ဂုိးနဲ႔ အေရးနိမ့္ခဲ့တယ္။ ဖရန္႔ဖတ္အသင္းအတြက္ ရာဘစ္ Rabic (၂ဂုိး)၊ ဂါစီႏုိဗစ္ Gacinovic တုိ႔က ဂုိးေတြ သြင္းယူခဲ့ၿပီး ဘုိင္ယန္ျမဴးနစ္အသင္းအတြက္ လီ၀န္ေဒါစကီးက Lewandowski က ႏွစ္သိမ့္ေခ်ပဂိုးသြင္းယူခဲ့ ပါတယ္။

ဖရန္႔ဖတ္အသင္းအေနနဲ႔ ၁၉၈၈ ေနာက္ပုိင္း ပထမဆုံးအႀကိမ္ ဂ်ာမန္ဖလားကုိ ျပန္လည္ဆြတ္ခူးခဲ့တာျဖစ္ၿပီး ဘုိင္ယန္ျမဴးနစ္အသင္းကေတာ့ ဒီရာသီမွာ ဘြန္ဒစ္လီဂါ၊ ဂ်ာမန္စူပါဖလားႏွစ္ခုနဲ႔သာ ေက်နပ္ခဲ့ရတယ္။ အဲဒီပဲြအၿပီးမွာ ဘုိင္ယန္ျမဴးနစ္ကစားသမားအမ်ားစုဟာ ဖရန္႔ဖတ္အသင္း ဆုဖလားနဲ႔ ေအာင္ပြဲခံတဲ့အခ်ိန္အထိ မေစာင့္ဘဲ ကြင္းထဲကေန ခ်က္ခ်င္းထြက္ခြာခဲ့တာေၾကာင့္ ၿပိဳင္ဘက္အသင္းရဲ႕ ေအာင္ပဲြကုိ မေလးမစား ျပဳလုပ္ခဲ့တယ္ဆုိၿပီး ေ၀ဖန္ခံေနရတာပါ။

Heynckes-classifies-Bayerns-Frankfurt-snub-as-a-misunderstanding

Heynckes-classifies-Bayerns-Frankfurt-snub-as-a-misunderstanding

ဒါေၾကာင့္ ေဟးနက္စ္က”အမွန္အတိုင္းေျပာရရင္ ဖရန္႔ဖတ္အသင္း ဆုဖလားကုိင္ေျမႇာက္တဲ့အခ်ိန္အထိ ကြင္းထဲမွာေနေပးဖုိ႔ တာ၀န္ရွိသူေတြက ကၽြန္ေတာ္တို႔ကုိ အသိေပး ေျပာဆုိလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ခဲ့တာပါ။ အခုျဖစ္ရပ္က ရည္ရြယ္ခ်က္ရွိရွိ လုပ္ေဆာင္ခဲ့တာမဟုတ္ပါဘူး။ မဟုတ္ရင္ ကြင္းထဲမွာပဲ ဆက္ေနဖုိ႔ အသင္းသားေတြကုိ ကၽြန္ေတာ္ေျပာမွာေပါ့။ တခ်ိဳ႕ကစားသမားေတြနဲ႔ အားကစားဒါ႐ုိက္တာတို႔ကေတာ့ ဖရန္႔ဖတ္အသင္း ေအာင္ပဲြခံတဲ့အထိ ကြင္းထဲမွာ ဆက္ရွိခဲ့ၾကပါတယ္။ ဒါဟာ နားလည္မႈလဲြသြားတာျဖစ္ပါတယ္”လုိ႔ ဆုိခဲ့တယ္။

ဒ့ါအျပင္ ဘုိင္ယန္ျမဴးနစ္ကစားသမား ေသာမတ္စ္မူလာက Thomas Muller က “ဖရန္႔ဖတ္အသင္းဟာ ကၽြန္ေတာ္တို႔ကုိ လက္ခုပ္တီးႀကိဳဆုိ( Guard of Honour)ခဲ့ၾကတာေၾကာင့္ ကၽြန္ေတာ္တို႔ကလည္း သူတို႔ကုိ အဲဒီလုိျပန္လုပ္ေပးရမလားဆုိၿပီး တာ၀န္ရွိသူကုိ ေမးျမန္းခဲ့ၾကပါတယ္။ ဒါေပမဲ့ သူမက မလုိဘူး၊ တျခားပုံစံတစ္ခုနဲ႔ ဖရန္႔ဖတ္အသင္းကုိ ျပန္ဂုဏ္ျပဳၾကမယ္လုိ႔ ေျပာခဲ့တာေၾကာင့္ ကၽြန္ေတာ္တို႔ ကြင္းထဲက ထြက္ခဲ့ၾကတာပါ။ ဒါဟာ ၿပိဳင္ဘက္အသင္းကုိ မေလးစားလုိ႔ မဟုတ္ပါဘူး”လုိ႔ တုံ႔ျပန္ခဲ့ပါတယ္။

REF:Goal.com
Photo: Goal.com,Football Ghana.com
Naing Linn(Akhayar)
www.akhayar.com

 

[Unicode]

ဖရန့်ဖတ်အသင်းကို မလေးမစားလုပ်ခဲ့တာမဟုတ်ဘူးလို့ ဟေးနက်စ် Heynckes ရှင်းလင်း

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမန်ဝါရင့်နည်းပြကြီး ဂျက်ဟေးနက်စ် Jupp Heynckes က ဂျာမန်ဖလားဗိုလ်လုပွဲအပြီး ကွင်းထဲကနေ ချက်ချင်းထွက်ခွာခဲ့တာက ချန်ပီယံ ဖရန့်ဖတ်အသင်းကို မလေးမစားလုပ်တာ မဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်ဖလားဗိုလ်လုပွဲမှာ ဖရန့်ဖတ် နဲ့ ဆုံတွေ့ခဲ့တာကြောင့် ဗိုလ်စွဲဖို့ ရေပန်းစားခဲ့ပေမယ့် အံ့အားသင့်စရာကောင်းလောက်အောင် (၁-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့တယ်။ ဖရန့်ဖတ်အသင်းအတွက် ရာဘစ် Rabic (၂ဂိုး)၊ ဂါစီနိုဗစ် Gacinovic တို့က ဂိုးတွေ သွင်းယူခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် လီဝန်ဒေါစကီးက Lewandowski က နှစ်သိမ့်ချေပဂိုးသွင်းယူခဲ့ ပါတယ်။

ဖရန့်ဖတ်အသင်းအနေနဲ့ ၁၉၈၈ နောက်ပိုင်း ပထမဆုံးအကြိမ် ဂျာမန်ဖလားကို ပြန်လည်ဆွတ်ခူးခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ ဒီရာသီမှာ ဘွန်ဒစ်လီဂါ၊ ဂျာမန်စူပါဖလားနှစ်ခုနဲ့သာ ကျေနပ်ခဲ့ရတယ်။ အဲဒီပွဲအပြီးမှာ ဘိုင်ယန်မြူးနစ်ကစားသမားအများစုဟာ ဖရန့်ဖတ်အသင်း ဆုဖလားနဲ့ အောင်ပွဲခံတဲ့အချိန်အထိ မစောင့်ဘဲ ကွင်းထဲကနေ ချက်ချင်းထွက်ခွာခဲ့တာကြောင့် ပြိုင်ဘက်အသင်းရဲ့ အောင်ပွဲကို မလေးမစား ပြုလုပ်ခဲ့တယ်ဆိုပြီး ဝေဖန်ခံနေရတာပါ။

Heynckes-classifies-Bayerns-Frankfurt-snub-as-a-misunderstanding

Heynckes-classifies-Bayerns-Frankfurt-snub-as-a-misunderstanding

ဒါကြောင့် ဟေးနက်စ်က”အမှန်အတိုင်းပြောရရင် ဖရန့်ဖတ်အသင်း ဆုဖလားကိုင်မြှောက်တဲ့အချိန်အထိ ကွင်းထဲမှာနေပေးဖို့ တာဝန်ရှိသူတွေက ကျွန်တော်တို့ကို အသိပေး ပြောဆိုလိမ့်မယ်လို့ မျှော်လင့်ခဲ့တာပါ။ အခုဖြစ်ရပ်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာမဟုတ်ပါဘူး။ မဟုတ်ရင် ကွင်းထဲမှာပဲ ဆက်နေဖို့ အသင်းသားတွေကို ကျွန်တော်ပြောမှာပေါ့။ တချို့ကစားသမားတွေနဲ့ အားကစားဒါရိုက်တာတို့ကတော့ ဖရန့်ဖတ်အသင်း အောင်ပွဲခံတဲ့အထိ ကွင်းထဲမှာ ဆက်ရှိခဲ့ကြပါတယ်။ ဒါဟာ နားလည်မှုလွဲသွားတာဖြစ်ပါတယ်”လို့ ဆိုခဲ့တယ်။

ဒ့ါအပြင် ဘိုင်ယန်မြူးနစ်ကစားသမား သောမတ်စ်မူလာက Thomas Muller က “ဖရန့်ဖတ်အသင်းဟာ ကျွန်တော်တို့ကို လက်ခုပ်တီးကြိုဆို( Guard of Honour)ခဲ့ကြတာကြောင့် ကျွန်တော်တို့ကလည်း သူတို့ကို အဲဒီလိုပြန်လုပ်ပေးရမလားဆိုပြီး တာဝန်ရှိသူကို မေးမြန်းခဲ့ကြပါတယ်။ ဒါပေမဲ့ သူမက မလိုဘူး၊ တခြားပုံစံတစ်ခုနဲ့ ဖရန့်ဖတ်အသင်းကို ပြန်ဂုဏ်ပြုကြမယ်လို့ ပြောခဲ့တာကြောင့် ကျွန်တော်တို့ ကွင်းထဲက ထွက်ခဲ့ကြတာပါ။ ဒါဟာ ပြိုင်ဘက်အသင်းကို မလေးစားလို့ မဟုတ်ပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။

 REF:Goal.com
Photo: Goal.com,Football Ghana.com
Naing Linn(Akhayar)
www.akhayar.com