[ZawGyi]

ဘာေၾကာင္႔ Pound ကို LB လို႔အတိုေကာက္ေရးၾကတာလဲ

ကမၻာေပၚမွာ အတိုင္းအတာေတြကို အတုိေကာက္စာလံုးနဲ႔ေရးေလ႔ရွိၾကပါတယ္။ ဥပမာ – Pint ကို PT ၊ Tablespoon ဆုိ TBSP ၊ Speed ကို MPH ရယ္လုိ႔ေရးၾကတာမ်ိဳးေတြပါ။

ဒီလိုဆိုေတာ႔ Pound ကိုေရာ ဘာအဓိပၸါယ္နဲ႔ LB လို႔ေရးၾကတာပါလဲ။ အေၾကာင္းရင္းတစ္ခုေတာ႔ရွိေနမွာ ေသခ်ာပါတယ္။

Libra-Sign

Libra-Sign

LB ဆုိတာလက္တင္ဘာသာစကား LIBRA ကေနဆင္းသက္လာတာျဖစ္ပါတယ္။ LIBRA ဆုိတာဟာ နကၡတ္ေဗဒင္ ၁၂လရာသီခြင္ထဲမွာ ညီမွ်ျခင္း (Balance ျဖစ္ျခင္း) ကိုကိုယ္စားျပဳတဲ႔ Sign တစ္ခုျဖစ္ပါတယ္။ ဒါေပမဲ႔သူရဲ႕ေနာက္ထပ္အဓိပၸါယ္တစ္ခုက အေလးခ်ိန္ကိုေဖာ္ျပတဲ႔ေရာမယူနစ္တစ္ခုျဖစ္ပါတယ္။ LIBRA ဟာ Pound Weight ဆိုတဲ႔အဓိပၸါယ္ပါပဲ။

balance sale

balance sale

ျဗိတိန္ေတြက ဒီစာလံုးကိုတုိက္ရိုက္ယူသံုးၾကျပီး သူတုိ႔ရဲ႕ေငြေၾကးစနစ္မွာပါ Pound ကိုအသံုးျပဳၾကပါတယ္။ ဘာေၾကာင္႔လဲဆုိိေတာ႔ ဟိုးလြန္ခဲ႔တဲ႔ႏွစ္ေပါင္းမ်ားစြာက ေငြေၾကးတန္ဖုိးတစ္ေပါင္ဟာ ေငြ(Silver) တစ္ေပါင္နဲ႔ညီမွ်တယ္လုိ႔သတ္မွတ္ခဲ႔ၾကလုိ႔ျဖစ္ပါတယ္။ Pound ကို LB လို႔ေရးၾကျခင္းဟာ သူ႔ရဲ႕မူလဇာတ္ျမစ္ LIBRA ကိုညႊန္းဆုိျပီးေရးၾကတာပဲျဖစ္ပါတယ္။ £ ဆုိတဲ႔ Pound Sign ဟာလည္း Libra ရဲ႕ L ကိုညႊန္းဆုိေရးသားတာပဲျဖစ္ပါတယ္။

one-pound

one-pound

ဒါဟာ ေအာင္စ(Ounce) ကို OZ လို႔အတုိေကာက္ေရးျခင္းနဲ႔လည္းသေဘာတရားတူပါတယ္။ ဒီအေလးခ်ိန္ေဖာ္ျပတဲ႔အတိုင္းအတာယူနစ္ဟာလည္းေရာမကေနဆင္းသက္လာတာျဖစ္ျပီး ေအဒီ ၁၁၀၀ ခန္႔က အီတလီလူမ်ိဳးေတြဟာ ONZA လို႔ေျပာင္းလဲသံုးစြဲခဲ႔ၾကတာေၾကာင္႔ ျဖစ္ပါတယ္။ ဒါေၾကာင္႔လည္း Ounce ကို OZ လို႔အတုိေကာက္ေရးၾကျခင္းျဖစ္ပါတယ္။

Ounce

Ounce

လက္မ- Inch ဆုိတဲ႔အတိုင္းအတာဟာလည္းေရွးအဂၤလိပ္စာလံုး Uncia ထိုမွတဆင္႔ Ynce စတဲ႔စကားလံုးေတြကေနေျပာင္းလဲဆင္းသက္လာခဲ႔တာျဖစ္ပါတယ္။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

ဘာကြောင့် Pound ကို LB လို့အတိုကောက်ရေးကြတာလဲ

ကမ္ဘာပေါ်မှာ အတိုင်းအတာတွေကို အတိုကောက်စာလုံးနဲ့ရေးလေ့ရှိကြပါတယ်။ ဥပမာ – Pint ကို PT ၊ Tablespoon ဆို TBSP ၊ Speed ကို MPH ရယ်လို့ရေးကြတာမျိုးတွေပါ။

ဒီလိုဆိုတော့ Pound ကိုရော ဘာအဓိပ္ပါယ်နဲ့ LB လို့ရေးကြတာပါလဲ။ အကြောင်းရင်းတစ်ခုတော့ရှိနေမှာ သေချာပါတယ်။

Libra-Sign

Libra-Sign

LB ဆိုတာလက်တင်ဘာသာစကား LIBRA ကနေဆင်းသက်လာတာဖြစ်ပါတယ်။ LIBRA ဆိုတာဟာ နက္ခတ်ဗေဒင် ၁၂လရာသီခွင်ထဲမှာ ညီမျှခြင်း (Balance ဖြစ်ခြင်း) ကိုကိုယ်စားပြုတဲ့ Sign တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့သူရဲ့နောက်ထပ်အဓိပ္ပါယ်တစ်ခုက အလေးချိန်ကိုဖော်ပြတဲ့ရောမယူနစ်တစ်ခုဖြစ်ပါတယ်။ LIBRA ဟာ Pound Weight ဆိုတဲ့အဓိပ္ပါယ်ပါပဲ။

balance sale

balance sale

ဗြိတိန်တွေက ဒီစာလုံးကိုတိုက်ရိုက်ယူသုံးကြပြီး သူတို့ရဲ့ငွေကြေးစနစ်မှာပါ Pound ကိုအသုံးပြုကြပါတယ်။ ဘာကြောင့်လဲဆိိုတော့ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ငွေကြေးတန်ဖိုးတစ်ပေါင်ဟာ ငွေ(Silver) တစ်ပေါင်နဲ့ညီမျှတယ်လို့သတ်မှတ်ခဲ့ကြလို့ဖြစ်ပါတယ်။ Pound ကို LB လို့ရေးကြခြင်းဟာ သူ့ရဲ့မူလဇာတ်မြစ် LIBRA ကိုညွှန်းဆိုပြီးရေးကြတာပဲဖြစ်ပါတယ်။ £ ဆိုတဲ့ Pound Sign ဟာလည်း Libra ရဲ့ L ကိုညွှန်းဆိုရေးသားတာပဲဖြစ်ပါတယ်။

one-pound

one-pound

ဒါဟာ အောင်စ(Ounce) ကို OZ လို့အတိုကောက်ရေးခြင်းနဲ့လည်းသဘောတရားတူပါတယ်။ ဒီအလေးချိန်ဖော်ပြတဲ့အတိုင်းအတာယူနစ်ဟာလည်းရောမကနေဆင်းသက်လာတာဖြစ်ပြီး အေဒီ ၁၁၀၀ ခန့်က အီတလီလူမျိုးတွေဟာ ONZA လို့ပြောင်းလဲသုံးစွဲခဲ့ကြတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်း Ounce ကို OZ လို့အတိုကောက်ရေးကြခြင်းဖြစ်ပါတယ်။

Ounce

Ounce

လက်မ- Inch ဆိုတဲ့အတိုင်းအတာဟာလည်းရှေးအင်္ဂလိပ်စာလုံး Uncia ထိုမှတဆင့် Ynce စတဲ့စကားလုံးတွေကနေပြောင်းလဲဆင်းသက်လာခဲ့တာဖြစ်ပါတယ်။

ဂျူဂျူး(Akhayar)

www.akhayar.com