ေလယာဥ္အမ်ားစုက ဘာလို႔ အျဖဴေရာင္ျဖစ္ေနၾကတာလဲ

[Zawgyi]

ေလယာဥ္အမ်ားစုက ဘာလို႔ အျဖဴေရာင္ျဖစ္ေနၾကတာလဲ

ဘာလို႔ ေလယာဥ္အမ်ားစုက အျဖဴေရာင္ျဖစ္ေနၾကတာလဲ၊ တကယ္ေတာ့ အျဖဴေရာင္ဟာ သူတို႔ရဲ့ မူလအေရာင္မဟုတ္ပါဘူးတဲ့။ ဒီလို အျဖဴေရာင္ျဖစ္ေနဖို႔အတြက္ ေလယာဥ္ကုမၸဏီေတြဟာ ေလယာဥ္တစ္စင္းကို ေဆး ၆၅ ဂါလန္ေလာက္သံုးျပီး သုတ္ၾကရတာျဖစ္ပါတယ္။ ကဲ! ဘာလို႔ ဒီလုိ သုတ္ၾကရပါသလဲ။

ေလယာဥ္ေတြကို အျဖဴေရာင္ ဒါမွမဟုတ္ အေရာင္ေဖ်ာ့ေဖ်ာ့သုတ္ရတဲ့ အဓိကရည္ရြယ္ခ်က္ကေတာ့ ေနေရာင္ကို အလင္းျပန္ေစဖို႔ပါ။ ျပီးေတာ့ ေနေရာင္ျခည္က လာတဲ့ အပူဓာတ္နဲ႔ Solar Radiation ေၾကာင့္ျဖစ္ႏုိင္ဖြယ္ရွိတဲ့ ပ်က္စီးမႈေတြကို နည္းေအာင္လို႔လည္း ျဖစ္ပါတယ္။ ဘာနဲ႔ အေျခခံအားျဖင့္တူလဲဆိုရင္ ကၽြန္ေတာ္တို႔ ေနေရာင္ထဲ ထြက္တဲ့အခါ Sunblock တို႔၊ Suncream တို႔ လိမ္းတာနဲ႔ အလားတူပါတယ္။

ဥပမာေျပာရရင္ ေနသာတဲ့ေန႔မွာ အမည္းေရာင္လို အေရာင္ရင့္ရင့္ဝတ္သြားမိရင္ အျဖဴေရာင္ဝတ္တဲ့ေန႔ထက္ ပိုျပီး ပူတာကို ခံစားရသလိုေပ့ါ။ ေလယာဥ္ကို အပူေလ်ာ့နည္းေအာင္ ျပဳလုပ္ထားတာဟာ ေလယာဥ္ကိုေအးျမေစဖို႔ ကုန္က်တဲ့ စရိတ္ကို ေလ်ာ့ခ်ႏုိင္တာနဲ႔အတူတူပါပဲ။ ဒါေပမယ့္ ဒီလိုအျဖဴသုတ္တာဟာ ေငြကုန္သက္သာေအာင္လုပ္တာ တစ္ခုတည္းရယ္မဟုတ္ပါဘူး။

ေနေရာင္ျခည္အလင္းကေန ကာကြယ္ဖို႔ အေရာင္ေဖ်ာ့ေဖ်ာ့ထားျပီး အလင္းျပန္ေအာင္ လုပ္ရတဲ့ အဓိကအစိတ္အပိုင္းေတြကို ပလတ္စတစ္ ဒါမွမဟုတ္ Composite Materials (Carbon fiber ၊ Fiberglass တို႔လို) ပစၥည္းေတြနဲ႔ လုပ္ထားပါတယ္။ ဒါေတြနဲ႔ ေလယာဥ္ဦးပိုင္းကုိလည္း တည္ေဆာက္ထားျပီး Radar ရွိတဲ့အတြက္ ေဖာက္ထြင္းျမင္လြယ္ေစဖို႔အတြက္လည္း အျဖဴေရာင္ကို သုတ္ရျခင္းျဖစ္ပါတယ္။

ေခတ္မီေလယာဥ္ပ်ံေတြရဲ့ ထိန္းခ်ဳပ္ခန္းမ်က္ႏွာျပင္ေတြဟာလည္း Composite Materials နဲ႔ ျပဳလုပ္ထားတဲ့အတြက္ ပံုမွန္အားျဖင့္ အျဖဴေရာင္ ဒါမွမဟုတ္ မီးခိုးေရာင္ေဖ်ာ့ေဖ်ာ့သုတ္လိမ္းထားတတ္ၾကပါတယ္။ ဒီလိုေျပာလို႔ ေလယာဥ္ကို တျခားအေရာင္ေတြ မသုတ္ရဘူးလို႔လည္း မဟုတ္ပါဘူး။ အနီေရာင္စတဲ့ အေရာင္ေတြ သုတ္မယ္ဆုိရင္ေတာ့ အခ်ိန္တစ္ခုၾကာျပီးေနာက္မွာ ေနေရာင္နဲ႔ ရာသီဥတုဒဏ္ေၾကာင့္ အေရာင္ျပယ္လြင့္တာမ်ိဳး ျဖစ္ႏုိင္ပါတယ္။

တစ္ခ်ိဳ႕ေလေၾကာင္းလိုင္းေတြကေတာ့ ဘာေဆးမွ မသုတ္တာေတြလည္း ရွိပါတယ္။ အေမရိကန္ေလေၾကာင္းလိုင္းဟာဆိုရင္ သူတို႔ရဲ့ ေလယာဥ္ေတြကို ဘာေဆးမွ မသုတ္ဘဲ သတၳဳ အေရာင္အတုိင္းထားခဲ့ၾကတဲ့အတြက္ ေနေရာင္ကို ကာကြယ္မႈမရွိဘဲ အခ်ိန္ၾကာလာတဲ့အခါ သတၳဳအေရာင္ေမွးမွိန္လာျခင္းကိုၾကံဳရပါတယ္။ ဒါေၾကာင့္ သတၳဳေတြ ျပန္လည္ေတာက္ေျပာင္ေစဖို႔ အခ်ိန္ကုန္၊ ေငြကုန္ခံျပီး ခဏခဏ အေရာင္တင္ေပးရေတာ့တာပါပဲ။

ဒါေၾကာင့္ပဲ အခုေခတ္ေလေၾကာင္းလုိင္းေတြဟာ ေလယာဥ္အမ်ားစုကို အေရာင္ေဖ်ာ့ေဖ်ာ့သုတ္ထားခဲ့ၾကတာ ျဖစ္ပါတယ္။

Why planes are white

Here's why most planes are white.

Dikirim oleh Business Insider pada 5 Oktober 2017

www.akhayar.com

Ref : Business Insider

[Unicode]

လေယာဉ်အများစုက ဘာလို့ အဖြူရောင်ဖြစ်နေကြတာလဲ

ဘာလို့ လေယာဉ်အများစုက အဖြူရောင်ဖြစ်နေကြတာလဲ၊ တကယ်တော့ အဖြူရောင်ဟာ သူတို့ရဲ့ မူလအရောင်မဟုတ်ပါဘူးတဲ့။ ဒီလို အဖြူရောင်ဖြစ်နေဖို့အတွက် လေယာဉ်ကုမ္ပဏီတွေဟာ လေယာဉ်တစ်စင်းကို ဆေး ၆၅ ဂါလန်လောက်သုံးပြီး သုတ်ကြရတာဖြစ်ပါတယ်။ ကဲ! ဘာလို့ ဒီလို သုတ်ကြရပါသလဲ။

လေယာဉ်တွေကို အဖြူရောင် ဒါမှမဟုတ် အရောင်ဖျော့ဖျော့သုတ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ နေရောင်ကို အလင်းပြန်စေဖို့ပါ။ ပြီးတော့ နေရောင်ခြည်က လာတဲ့ အပူဓာတ်နဲ့ Solar Radiation ကြောင့်ဖြစ်နိုင်ဖွယ်ရှိတဲ့ ပျက်စီးမှုတွေကို နည်းအောင်လို့လည်း ဖြစ်ပါတယ်။ ဘာနဲ့ အခြေခံအားဖြင့်တူလဲဆိုရင် ကျွန်တော်တို့ နေရောင်ထဲ ထွက်တဲ့အခါ Sunblock တို့၊ Suncream တို့ လိမ်းတာနဲ့ အလားတူပါတယ်။

ဥပမာပြောရရင် နေသာတဲ့နေ့မှာ အမည်းရောင်လို အရောင်ရင့်ရင့်ဝတ်သွားမိရင် အဖြူရောင်ဝတ်တဲ့နေ့ထက် ပိုပြီး ပူတာကို ခံစားရသလိုပေ့ါ။ လေယာဉ်ကို အပူလျော့နည်းအောင် ပြုလုပ်ထားတာဟာ လေယာဉ်ကိုအေးမြစေဖို့ ကုန်ကျတဲ့ စရိတ်ကို လျော့ချနိုင်တာနဲ့အတူတူပါပဲ။ ဒါပေမယ့် ဒီလိုအဖြူသုတ်တာဟာ ငွေကုန်သက်သာအောင်လုပ်တာ တစ်ခုတည်းရယ်မဟုတ်ပါဘူး။

နေရောင်ခြည်အလင်းကနေ ကာကွယ်ဖို့ အရောင်ဖျော့ဖျော့ထားပြီး အလင်းပြန်အောင် လုပ်ရတဲ့ အဓိကအစိတ်အပိုင်းတွေကို ပလတ်စတစ် ဒါမှမဟုတ် Composite Materials (Carbon fiber ၊ Fiberglass တို့လို) ပစ္စည်းတွေနဲ့ လုပ်ထားပါတယ်။ ဒါတွေနဲ့ လေယာဉ်ဦးပိုင်းကိုလည်း တည်ဆောက်ထားပြီး Radar ရှိတဲ့အတွက် ဖောက်ထွင်းမြင်လွယ်စေဖို့အတွက်လည်း အဖြူရောင်ကို သုတ်ရခြင်းဖြစ်ပါတယ်။

ခေတ်မီလေယာဉ်ပျံတွေရဲ့ ထိန်းချုပ်ခန်းမျက်နှာပြင်တွေဟာလည်း Composite Materials နဲ့ ပြုလုပ်ထားတဲ့အတွက် ပုံမှန်အားဖြင့် အဖြူရောင် ဒါမှမဟုတ် မီးခိုးရောင်ဖျော့ဖျော့သုတ်လိမ်းထားတတ်ကြပါတယ်။ ဒီလိုပြောလို့ လေယာဉ်ကို တခြားအရောင်တွေ မသုတ်ရဘူးလို့လည်း မဟုတ်ပါဘူး။ အနီရောင်စတဲ့ အရောင်တွေ သုတ်မယ်ဆိုရင်တော့ အချိန်တစ်ခုကြာပြီးနောက်မှာ နေရောင်နဲ့ ရာသီဥတုဒဏ်ကြောင့် အရောင်ပြယ်လွင့်တာမျိုး ဖြစ်နိုင်ပါတယ်။

တစ်ချို့လေကြောင်းလိုင်းတွေကတော့ ဘာဆေးမှ မသုတ်တာတွေလည်း ရှိပါတယ်။ အမေရိကန်လေကြောင်းလိုင်းဟာဆိုရင် သူတို့ရဲ့ လေယာဉ်တွေကို ဘာဆေးမှ မသုတ်ဘဲ သတ္ထု အရောင်အတိုင်းထားခဲ့ကြတဲ့အတွက် နေရောင်ကို ကာကွယ်မှုမရှိဘဲ အချိန်ကြာလာတဲ့အခါ သတ္ထုအရောင်မှေးမှိန်လာခြင်းကိုကြုံရပါတယ်။ ဒါကြောင့် သတ္ထုတွေ ပြန်လည်တောက်ပြောင်စေဖို့ အချိန်ကုန်၊ ငွေကုန်ခံပြီး ခဏခဏ အရောင်တင်ပေးရတော့တာပါပဲ။

ဒါကြောင့်ပဲ အခုခေတ်လေကြောင်းလိုင်းတွေဟာ လေယာဉ်အများစုကို အရောင်ဖျော့ဖျော့သုတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။