[Zawgyi]

ႏွစ္မကုန္ခင္ ဒီဇင္ဘာလမွာ ရာသီဖြားေလးေတြ ဒါေတြကိုေရွာင္ ဒါေတြကိုေဆာင္

၂၀၁၈ ကုန္ဖို႔ လတစ္လပဲ လုိပါေတာ့တယ္။ ႏွစ္စတုန္းကေတာ့ ခြန္အားေတြအျပည့္နဲ႔ Goals ေတြအမ်ားႀကီး ခ်မွတ္ခဲ့ေပမယ့္ ႏွစ္ကုန္ခါနီးေရာက္တဲ႔အခါ ဒါေတြလုပ္မိလား မလုပ္မိလား ျပန္စစ္ေဆးသင့္သလို ေနာက္ဆံုးလျဖစ္တဲ႔ ဒီဇင္ဘာလမွာလည္း တစ္ႏွစ္လံုးမွာ ခ်မွတ္ခဲ့တာေတြကို မိသေလာက္ေလးလုပ္ဖုိ႔ ႀကိဳးစားတတ္ၾကပါတယ္။ အဲဒီလို ႀကိဳးစားလုပ္တဲ႔အျပင္ ရာသီခြင္အလိုက္ ေရွာင့္သင့္ေဆာင္သင့္တာေလးေတြကို သိထားၿပီး ျဖတ္သန္းရင္ ေကာင္းမြန္တဲ့ႏွစ္တစ္ႏွစ္ကို ျဖတ္သန္းသြားရသလို ၿပီးျပည့္စံုသြားေစမွာပါ။ အဲ့ဒီေတာ့ ဘယ္ရာသီခြင္က ေနာက္ဆံုးလမွာ ဘာေတြေရွာင္ ဘာေတြေဆာင္ရမလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္။

(၁) Aries

ႏွစ္တစ္ႏွစ္ရဲ႕ ေနာက္ဆံုးဒီဇင္ဘာလဟာ ေအးျမျခင္းေတြနဲ႔အတူ အားအင္သစ္ေတြ၊ စြမ္းအားေတြနဲ႔ အျပဳသေဘာေတြကို ေဆာင္ယူလာပါတယ္။ ႏိုဝင္ဘာလမွာ ေခ်ာေခ်ာေမြ႔ေမြ႔ျဖတ္သန္းခဲ႔ရင္ ဒီဇင္ဘာလမွာေတာ့ ေပ်ာ္ရႊင္စရာဘဝႀကီးထဲကို လွည့္ကြက္ေတြေရာက္ရွိလာႏိုင္တာမို႔ Aries ေလးေတြက စိတ္ရွည္သည္းခံဖို႔နဲ႔ အေျခအေနကို မရႈပ္ေထြးသြားေအာင္ ထိန္းထားဖို႔လုိပါတယ္။ အကယ္၍ Single ျဖစ္ေနတယ္ဆုိရင္ေတာ့ စိတ္ဝင္စားဖြယ္ေကာင္းတာေတြ ျဖစ္လာႏိုင္ေျခရွိလို႔ အဲ့ဒီအတြက္လည္း စိတ္အရမ္းလႈပ္ရွားလြန္သြားတာမ်ဳိး မျဖစ္ဖို႔ ႀကိဳတင္ျပင္ဆင္ထားသင့္ပါတယ္။

(၂) Taurus

Taurus ေတြကေတာ့ ဒီဇင္ဘာလမွာ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး စိတ္ရႈပ္စရာေတြနဲ႔ ဆံုးျဖတ္ခ်က္ေတြေဝတာေတြ ျဖစ္လာႏိုင္လို႔ အတတ္ႏုိင္ဆံုး စိတ္မရႈပ္ရေစဖို႔ ျပႆနာေတြ မျဖစ္ေအာင္ ေရွာင္ရွားပါ။ လူေတြနဲ႔ ပတ္သက္ၿပီး စိတ္ခံစားခ်က္ကို အလြန္အက်ဴးမျဖစ္ဖို႔နဲ႔ လက္ေတြ႔က်က် စဥ္းစားတတ္ဖို႔လည္း ႀကိဳးစားသင့္ပါတယ္။ ဒါမွဆံုးျဖတ္ခ်က္ေတြခ်တဲ႔အခါမွာ အရမ္းမေတြေဝဘဲ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ခ်ႏိုင္မွာ ျဖစ္ပါတယ္။ မွားယြင္းတဲ႔ ဆံုးျဖတ္ခ်က္ေတြ မခ်မိေစဖို႔အတြက္ ဆံုးျဖတ္ခ်က္ခ်တဲ႔အခါမ်ဳိးမွာ လံုေလာက္တဲ႔အခ်ိန္ ယူသင့္ရင္လည္း ယူၿပီး ခ်ပါ။

(၃) Gemini

Gemini ေတြအေနနဲ႔က ေနာက္ဆံုးလျဖစ္တဲ႔ ဒီဇင္ဘာလမွာ ခ်စ္ရတဲ့သူေတြ၊ မိဘေတြနဲ႔ ပြင့္ပြင့္လင္းလင္း ေျပာဆိုေဆြးေႏြးၾကည့္ဖို႔ အခ်ိန္ယူၾကည့္သင့္ပါတယ္။ ႏွစ္တစ္ႏွစ္ကို ကိုယ္အခ်စ္ရဆံုးသူေတြနဲ႔ ပြင့္ပြင့္လင္းလင္းမရွိဘဲ အဖုအထစ္ေတြနဲ႔ ကုန္ဆံုးတာက မေကာင္းပါဘူး။ လုပ္ေဖာ္ကိုင္ဘက္ေတြနဲ႔ေရာ ခ်စ္ရတဲ႔သူေတြနဲ႔ေရာ အဖုထစ္ေတြရွိေနခဲ႔ရင္ ႏွစ္မကုန္ခင္ အၿပီးအခ်ိန္ယူၿပီး ေျဖရွင္းလိုက္ပါ။ ေနာက္ႏွစ္သစ္ကုိ မသယ္ေဆာင္သြားပါနဲ႔ေနာ္။

(၄) Cancer

Single ျဖစ္လို႔ ကိုယ္နဲ႔ လုိက္ဖက္မယ့္ ဘဝအေဖာ္ကို ရွာေဖြလာခဲ႔တဲ႔သူဆိုရင္ေတာ့ ႏွစ္ကုန္ခါနီးမွာ ကုိယ္ရဲ႕နံရုိးပိုင္ရွင္ကို ေတြ႔ႏုိင္ေခ်ရွိလို႔ ေတြ႔လာရင္ အဆင္ေျပေခ်ာေမြ႔မႈရွိေအာင္၊ အလဲြလဲြအမွားမွားမျဖစ္ေအာင္ ျပင္ဆင္သင့္တာေလးေတြ ျပင္ဆင္ထားပါ။ ကိုယ္ခ်စ္ရတဲ႔ ဘဝအေဖာ္ကို ေတြ႔ထားၿပီးသားသူေတြဆိုရင္လည္း ဒီဇင္ဘာလမွာ ဆြတ္ပ်ံၾကည္ႏူးဖြယ္ေကာင္းတဲ႔ အခ်စ္ေရးနဲ႔ မဆံုးႏိုင္တဲ႔ အခ်စ္ေတြကို ရရွိပုိင္ဆိုင္ႏိုင္ဖို႔ အခြင့္အလမ္းေတြမ်ားပါတယ္။ ဒါေၾကာင့္မို႔ အဲဒီအခ်စ္ေတြကို လက္မလြတ္ရေစဖို႔ ေသခ်ာေပါက္ဆုပ္ကုိင္ႏိုင္ေအာင္ ႀကိဳးစားပါ။

(၅) Leo

ဒီရာသီဖြားေတြက ႏွစ္တစ္ႏွစ္ရဲ႕ ေနာက္ဆံုးလမွာ ကိုယ့္ကိုယ္ကိုယ္ရုိးသားဖို႔နဲ႔ ဆက္ဆံေရးေတြမွာ ဘာေတြလိုအပ္လဲဆိုတာကို သိရွိေအာင္ ႀကိဳးစားဖို႔ လုိအပ္ပါတယ္။ အခ်စ္ေရး၊ေပါင္းသင္ဆက္ဆံေရးေတြ အဆင္ေျပဖို႔အတြက္ စိတ္ကိုသန္မာေအာင္ ႀကိဳတင္ျပင္ဆင္ထားသင့္ပါတယ္။ စိတ္ဓာတ္ခိုင္မာဖို႔နဲ႔ Emotion ေတြကို ထိန္းခ်ဳပ္ႏိုင္္ဖို႔ ႀကိဳးစားျပင္ဆင္သင့္ပါတယ္။

(၆) Virgo

Virgo ရာသီဖြားေတြကေတာ့ ခ်စ္စဖြယ္ေကာင္းတဲ႔လျဖစ္တဲ႔ ဒီဇင္ဘာလမွာ ေကာင္းမြန္ျခင္းေတြ ရရွိပိုင္ဆိုင္ဖို႔ အလားအလာပိုမ်ားပါတယ္။ ဒီဇင္ဘာလမွာ ကိုယ့္ကိုယ္ကိုယ္ အေကာင္းပိုျမင္လာႏိုင္ၿပီး ကိုယ္ဘာျဖစ္ခ်င္တယ္ဆိုတာကို ရွာေဖြေတြ႔ရွိလာႏိုင္ပါတယ္။ အဲ႔ဒီရွာေဖြေတြရွိမႈေတြကို အသံုးခ်ၿပီး ေကာင္းေကာင္းေအာင္ျမင္ျဖစ္ထြန္းေအာင္ ႀကိဳးစားလုပ္ေဆာင္သင့္ပါတယ္။ Relationship ေတြ ရွိတဲ႔သူေတြအေနနဲ႔လည္း အနာဂတ္မွာ ေနာက္ထပ္အဆင့္ေတြတက္လာႏိုင္ေျခရွိလို႔ ႀကိဳတင္ျပင္ဆင္သင့္တာေတြ ျပင္ဆင္ထားသင့္ပါတယ္။

(၇) Libra

Libra ေတြအေနနဲ႔ေတာ့ ေရွ႕လေတြမွာတုန္းက တက္လုိက္က်လိုက္ျဖစ္ေနတဲ႔ ဘဝအေျခအေနကို ဒီဇင္ဘာလကို လြတ္ေျမာက္ေအာင္ ကယ္တင္ေပးမယ့္ လျဖစ္ပါတယ္။ ေကာင္းမြန္ထူးျခားတဲ႔ လူတစ္ဦးနဲ႔ ေတြ႔ဆံုၿပီး တန္ဖိုးရွိတဲ႔အခ်ိန္ေတြ ကုန္ဆံုးဖို႔ ျဖစ္လာႏိုင္ေျခရွိတဲ့အတြက္ အခ်ိန္ကို သီးျခားေလးရေအာင္ ဖယ္ထားၿပီး ကုန္ဆံုးၾကည့္သင့္ပါတယ္။ ဘာေၾကာင့္လဲဆိုတာ ဒီရာသီဖြားဟာ ေပ်ာ္ရႊင္စရာေတြကို ဒီလမွာ ကုန္ဆံုးဖို႔ အခြင့္အေရးရရွိမွာမို႔လို႔ ေပ်ာ္ရႊင္ဖို႔ အခ်ိန္က်န္ေအာင္ ႀကိဳတင္စီမံကိန္းခ်ကာ ဖယ္ထားလိုက္ပါ။

(၈) Scorpio

ဒီရာသီဖြားေတြကေတာ့ ဒီဇင္ဘာလမွာ Relationship ေတြ လ်စ္လ်ဴရႈခံရႏိုင္ေျခရွိၿပီး မျပတ္မသားေတြ ျဖစ္လာႏိုင္ေခ်ရွိပါတယ္။ အဲဒီလို လ်စ္လ်ဴရႈခံလာရာကေန စိတ္ပ်က္စရာေတြျဖစ္လာၿပီး ျပႆနာေတြျဖစ္လာကာ ၿခိမ္းေျခာက္ခံလာရႏိုင္ေျခေတြလည္း ရွိလာႏိုင္ပါတယ္။ မေကာင္းတာေတြျဖစ္လာရင္ ဒါေတြကို ႏွစ္မကုန္ခင္မွာ ထားခဲ့ႏိုင္ေအာင္ႀကိဳးစားသင့္ၿပီး ေပ်ာ္ရႊင္မႈေတြကို တတ္ႏိုင္သမွ် ရွာေဖြသင့္ပါတယ္။ Single ေတြအေနနဲ႔လည္း RS အသစ္မရွာဘဲ သူငယ္ခ်င္းေတြနဲ႔သာ ေပ်ာ္ေပ်ာ္ပါးပါး အခ်ိန္ကုန္ဆံုးၾကည့္သင့္ပါတယ္။ ႏွစ္ရွည္လမ်ား အထူးတလည္ Crush ေနတဲ့သူေတြ ဘာေတြရွိရင္ေတာ့ ႀကိဳးစားၾကည့္သင့္ပါတယ္။

(၉) Sagittarius

Sagittarius ေတြအတြက္ေတာ့ ဒီဇင္ဘာလဟာ အားအင္ေတြ ရရွိေစတဲ့ လျဖစ္သလို အေကာင္းျမင္စိတ္ေတြလည္း အလြန္အက်ဴးျဖစ္ေပၚလာေစတဲ႔ လလည္း ျဖစ္ပါတယ္။ ေပ်ာ္ဖို႔ အခ်ိန္ေကာင္းေတြလည္း ရရွိပိုင္ဆုိင္မယ့္လလည္းျဖစ္လို႔ အလြန္အက်ဴး မေပ်ာ္မိဖို႔ကိုေတာ့ ထိန္းသင့္ပါတယ္။ ကိုယ္ပိုင္အခ်ိန္ေလးေတြ ဖန္တီးၿပီး ေနာက္ႏွစ္မွာ လုပ္ခ်င္တဲ႔အရာေလးေတြကို ႀကိဳတင္ရွာေဖြထားကာ ေအာင္ျမင္ႏိုင္ေျခ ရွိမရွိ ဆန္းစစ္ၾကည့္သင့္ပါတယ္။ လုပ္ခ်င္တာေတြ၊ အနာဂတ္ရည္မွန္းခ်က္ေတြ ေအာင္ေအာင္ျမင္ျမင္ျဖစ္ဖို႔အတြက္ ကိုယ့္ကိုယ္ကိုယ္ မလိမ္ဘဲ ေသခ်ာေလးအေျဖရွာကာ ေအာင္ျမင္ႏိုင္ေခ်ရွိမရွိကို ကၽြမ္းက်င္သူေတြနဲ႔လည္း ေဆြးေႏြးၾကည့္သင့္ပါတယ္။ အမွတ္တရေတြကိုလည္း သိမ္းဆည္းခြင့္ရမွာျဖစ္လို႔ အမွတ္တရေတြကို သိမ္းဆည္းဖို႔လည္း ျပင္ဆင္ထားသင့္ပါတယ္။

(၁၀) Capricorn

Capricorn ေတြအတြက္ေတာ့ ဒီဇင္ဘာလဟာ အေကာင္းေတြ၊ခ်စ္ျခင္းေတြနဲ႔ ေပ်ာ္ရႊင္မႈေတြကုိ သယ္ေဆာင္လာေပးမယ့္လ ျဖစ္ပါတယ္။ လူသစ္ေတြနဲ႔ ေတြ႔ဆံုႏိုင္ၿပီး ခရီးေတြလည္း ထြက္ႏိုင္ကာ ပါတီေတြလည္း က်င္းပခြင့္ ရမွာျဖစ္ပါတယ္။ လူအသစ္ေတြဆီကေန အခ်ိတ္အဆက္ေတြ ရေအာင္ဖမ္းဆုပ္ၿပီး ေအာင္ျမင္မႈေတြကို ႏွစ္သစ္ကို ယူေဆာင္သြားႏိုင္ေအာင္ ႀကိဳးစားသင့္ပါတယ္။

(၁၁) Aquarius

ဒီရာသီဖြားေတြကေတာ့ ဒီဇင္ဘာလအစမွာ ေပါင္းသင္ဆက္ဆံေရးေတြ ေကာင္းမြန္တိုးတက္လာၿပီး ေပ်ာ္ပဲြရႊင္ပဲြေတြနဲ႔ ေတြ႔ၾကံဳခြင့္ ရရွိမွာျဖစ္ပါတယ္။ ေပ်ာ္ပဲြရႊင္ပဲြေတြမွာ အလြန္အၾကဴးမေပ်ာ္မိေအာင္ ထိန္းခ်ဳပ္သင့္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဒီဇင္ဘာလရဲ႕အလယ္မွာေတာ့ စိုးရိမ္ပူပန္မႈေတြဝင္ေရာက္လာႏိုင္လို႔ လအစမွာ အလြန္အမင္း မေပ်ာ္ရႊင္ထားသင့္ပါဘူး။ ကိုယ္နဲ႔ အျမင္မတူတဲ့သူေတြရဲ႕ တိုက္ခိုက္တာကို ခံရႏိုင္ေခ်ရွိလို႔ အျမင္မတူတာကို အတင္းအက်ပ္ႀကီး အျငင္းအခံုမလုပ္ဘဲ မသိခ်င္ေယာင္ တတ္ႏုိင္သမွ် ေဆာင္ကာ ေရွာင္ရွားသင့္ပါတယ္။

(၁၂) Pisces

Pisces ေတြအတြက္ေတာ့ လာမယ့္ဒီဇင္ဘာလမွာ အသစ္သစ္ေတြနဲ႔ စတင္ခြင့္ ရမွာျဖစ္ပါတယ္။ ကိုယ္စိတ္ခြန္အားေတြ တက္ၾကြလာေအာင္ ကိုယ္တိုင္လုပ္ေဆာင္လာႏိုင္ၿပီး အခြင့္အလမ္းသစ္ေတြလည္း ရရွိပိုင္ဆိုင္လာႏိုင္ပါတယ္။ အခက္အခဲေတြကိုလည္း ေနာက္ႏွစ္ကုိ မသယ္သြားဘဲ ေျဖရွင္းခြင့္ရရွိေအာင္ လမ္းစေတြ ေပၚေပါက္လာႏိုင္တဲ့အတြက္ ေနာက္ႏွစ္ကို မသယ္သြားႏိုင္ေအာင္ ႀကိဳးစားေျဖရွင္းသင့္ပါတယ္။ ကိုယ္ရဲ႕ခ်စ္သူနဲ႔လည္း စိတ္လြတ္ကိုယ္လြတ္ စကားေတြေျပာကာ ရင္ႏွီးမႈပိုတိုးေအာင္ ဖန္တီးၾကည့္သင့္ပါတယ္။

ႏွစ္တစ္ႏွစ္ရဲ႕ ေနာက္ဆံုးလျဖစ္တဲ့ ခ်မ္းေအးတဲ့ ဒီဇင္ဘာလမွာ ဒါေလးေတြ ထပ္ေပါင္းထည့္ၿပီး ေရွာင္သင့္တာေရွာင္ ေဆာင္သင့္တာေဆာင္ၿပီး ျပင္ဆင္ထားလုိက္ရင္ ၿပီးျပည့္စံုတဲ့ ႏွစ္တစ္ႏွစ္အျဖစ္ ျဖတ္သနး္ႏိုင္မွာ အေသအခ်ာပါပဲေနာ္။

H.H(Akhayar)

www.akhayar.com

[Unicode]

နှစ်မကုန်ခင် ဒီဇင်ဘာလမှာ ရာသီဖွားလေးတွေ ဒါတွေကိုရှောင် ဒါတွေကိုဆောင်

၂၀၁၈ ကုန်ဖို့ လတစ်လပဲ လိုပါတော့တယ်။ နှစ်စတုန်းကတော့ ခွန်အားတွေအပြည့်နဲ့ Goals တွေအများကြီး ချမှတ်ခဲ့ပေမယ့် နှစ်ကုန်ခါနီးရောက်တဲ့အခါ ဒါတွေလုပ်မိလား မလုပ်မိလား ပြန်စစ်ဆေးသင့်သလို နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလမှာလည်း တစ်နှစ်လုံးမှာ ချမှတ်ခဲ့တာတွေကို မိသလောက်လေးလုပ်ဖို့ ကြိုးစားတတ်ကြပါတယ်။ အဲဒီလို ကြိုးစားလုပ်တဲ့အပြင် ရာသီခွင်အလိုက် ရှောင့်သင့်ဆောင်သင့်တာလေးတွေကို သိထားပြီး ဖြတ်သန်းရင် ကောင်းမွန်တဲ့နှစ်တစ်နှစ်ကို ဖြတ်သန်းသွားရသလို ပြီးပြည့်စုံသွားစေမှာပါ။ အဲ့ဒီတော့ ဘယ်ရာသီခွင်က နောက်ဆုံးလမှာ ဘာတွေရှောင် ဘာတွေဆောင်ရမလဲဆိုတာ ကြည့်လိုက်ကြရအောင်။

(၁) Aries

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးဒီဇင်ဘာလဟာ အေးမြခြင်းတွေနဲ့အတူ အားအင်သစ်တွေ၊ စွမ်းအားတွေနဲ့ အပြုသဘောတွေကို ဆောင်ယူလာပါတယ်။ နိုဝင်ဘာလမှာ ချောချောမွေ့မွေ့ဖြတ်သန်းခဲ့ရင် ဒီဇင်ဘာလမှာတော့ ပျော်ရွှင်စရာဘဝကြီးထဲကို လှည့်ကွက်တွေရောက်ရှိလာနိုင်တာမို့ Aries လေးတွေက စိတ်ရှည်သည်းခံဖို့နဲ့ အခြေအနေကို မရှုပ်ထွေးသွားအောင် ထိန်းထားဖို့လိုပါတယ်။ အကယ်၍ Single ဖြစ်နေတယ်ဆိုရင်တော့ စိတ်ဝင်စားဖွယ်ကောင်းတာတွေ ဖြစ်လာနိုင်ခြေရှိလို့ အဲ့ဒီအတွက်လည်း စိတ်အရမ်းလှုပ်ရှားလွန်သွားတာမျိုး မဖြစ်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

(၂) Taurus

Taurus တွေကတော့ ဒီဇင်ဘာလမှာ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ရှုပ်စရာတွေနဲ့ ဆုံးဖြတ်ချက်တွေဝေတာတွေ ဖြစ်လာနိုင်လို့ အတတ်နိုင်ဆုံး စိတ်မရှုပ်ရစေဖို့ ပြဿနာတွေ မဖြစ်အောင် ရှောင်ရှားပါ။ လူတွေနဲ့ ပတ်သက်ပြီး စိတ်ခံစားချက်ကို အလွန်အကျူးမဖြစ်ဖို့နဲ့ လက်တွေ့ကျကျ စဉ်းစားတတ်ဖို့လည်း ကြိုးစားသင့်ပါတယ်။ ဒါမှဆုံးဖြတ်ချက်တွေချတဲ့အခါမှာ အရမ်းမတွေဝေဘဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်မှာ ဖြစ်ပါတယ်။ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ မချမိစေဖို့အတွက် ဆုံးဖြတ်ချက်ချတဲ့အခါမျိုးမှာ လုံလောက်တဲ့အချိန် ယူသင့်ရင်လည်း ယူပြီး ချပါ။

(၃) Gemini

Gemini တွေအနေနဲ့က နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလမှာ ချစ်ရတဲ့သူတွေ၊ မိဘတွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးကြည့်ဖို့ အချိန်ယူကြည့်သင့်ပါတယ်။ နှစ်တစ်နှစ်ကို ကိုယ်အချစ်ရဆုံးသူတွေနဲ့ ပွင့်ပွင့်လင်းလင်းမရှိဘဲ အဖုအထစ်တွေနဲ့ ကုန်ဆုံးတာက မကောင်းပါဘူး။ လုပ်ဖော်ကိုင်ဘက်တွေနဲ့ရော ချစ်ရတဲ့သူတွေနဲ့ရော  အဖုထစ်တွေရှိနေခဲ့ရင် နှစ်မကုန်ခင် အပြီးအချိန်ယူပြီး ဖြေရှင်းလိုက်ပါ။ နောက်နှစ်သစ်ကို မသယ်ဆောင်သွားပါနဲ့နော်။

(၄) Cancer

Single ဖြစ်လို့ ကိုယ်နဲ့ လိုက်ဖက်မယ့် ဘဝအဖော်ကို ရှာဖွေလာခဲ့တဲ့သူဆိုရင်တော့ နှစ်ကုန်ခါနီးမှာ ကိုယ်ရဲ့နံရိုးပိုင်ရှင်ကို တွေ့နိုင်ချေရှိလို့ တွေ့လာရင် အဆင်ပြေချောမွေ့မှုရှိအောင်၊ အလွဲလွဲအမှားမှားမဖြစ်အောင် ပြင်ဆင်သင့်တာလေးတွေ ပြင်ဆင်ထားပါ။ ကိုယ်ချစ်ရတဲ့ ဘဝအဖော်ကို တွေ့ထားပြီးသားသူတွေဆိုရင်လည်း ဒီဇင်ဘာလမှာ ဆွတ်ပျံကြည်နူးဖွယ်ကောင်းတဲ့ အချစ်ရေးနဲ့ မဆုံးနိုင်တဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်နိုင်ဖို့ အခွင့်အလမ်းတွေများပါတယ်။ ဒါကြောင့်မို့ အဲဒီအချစ်တွေကို လက်မလွတ်ရစေဖို့ သေချာပေါက်ဆုပ်ကိုင်နိုင်အောင် ကြိုးစားပါ။

(၅) Leo

ဒီရာသီဖွားတွေက နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလမှာ ကိုယ့်ကိုယ်ကိုယ်ရိုးသားဖို့နဲ့ ဆက်ဆံရေးတွေမှာ ဘာတွေလိုအပ်လဲဆိုတာကို သိရှိအောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ အချစ်ရေး၊ပေါင်းသင်ဆက်ဆံရေးတွေ အဆင်ပြေဖို့အတွက် စိတ်ကိုသန်မာအောင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ စိတ်ဓာတ်ခိုင်မာဖို့နဲ့ Emotion တွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားပြင်ဆင်သင့်ပါတယ်။

(၆) Virgo

Virgo ရာသီဖွားတွေကတော့ ချစ်စဖွယ်ကောင်းတဲ့လဖြစ်တဲ့ ဒီဇင်ဘာလမှာ ကောင်းမွန်ခြင်းတွေ ရရှိပိုင်ဆိုင်ဖို့ အလားအလာပိုများပါတယ်။ ဒီဇင်ဘာလမှာ ကိုယ့်ကိုယ်ကိုယ် အကောင်းပိုမြင်လာနိုင်ပြီး ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာကို ရှာဖွေတွေ့ရှိလာနိုင်ပါတယ်။ အဲ့ဒီရှာဖွေတွေရှိမှုတွေကို အသုံးချပြီး ကောင်းကောင်းအောင်မြင်ဖြစ်ထွန်းအောင် ကြိုးစားလုပ်ဆောင်သင့်ပါတယ်။ Relationship တွေ ရှိတဲ့သူတွေအနေနဲ့လည်း အနာဂတ်မှာ နောက်ထပ်အဆင့်တွေတက်လာနိုင်ခြေရှိလို့ ကြိုတင်ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားသင့်ပါတယ်။

(၇) Libra

Libra တွေအနေနဲ့တော့ ရှေ့လတွေမှာတုန်းက တက်လိုက်ကျလိုက်ဖြစ်နေတဲ့ ဘဝအခြေအနေကို ဒီဇင်ဘာလကို လွတ်မြောက်အောင် ကယ်တင်ပေးမယ့် လဖြစ်ပါတယ်။ ကောင်းမွန်ထူးခြားတဲ့ လူတစ်ဦးနဲ့ တွေ့ဆုံပြီး တန်ဖိုးရှိတဲ့အချိန်တွေ ကုန်ဆုံးဖို့ ဖြစ်လာနိုင်ခြေရှိတဲ့အတွက် အချိန်ကို သီးခြားလေးရအောင် ဖယ်ထားပြီး ကုန်ဆုံးကြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတာ ဒီရာသီဖွားဟာ ပျော်ရွှင်စရာတွေကို ဒီလမှာ ကုန်ဆုံးဖို့ အခွင့်အရေးရရှိမှာမို့လို့ ပျော်ရွှင်ဖို့ အချိန်ကျန်အောင် ကြိုတင်စီမံကိန်းချကာ ဖယ်ထားလိုက်ပါ။

(၈) Scorpio

ဒီရာသီဖွားတွေကတော့ ဒီဇင်ဘာလမှာ Relationship တွေ လျစ်လျူရှုခံရနိုင်ခြေရှိပြီး မပြတ်မသားတွေ ဖြစ်လာနိုင်ချေရှိပါတယ်။ အဲဒီလို လျစ်လျူရှုခံလာရာကနေ စိတ်ပျက်စရာတွေဖြစ်လာပြီး ပြဿနာတွေဖြစ်လာကာ ခြိမ်းခြောက်ခံလာရနိုင်ခြေတွေလည်း ရှိလာနိုင်ပါတယ်။ မကောင်းတာတွေဖြစ်လာရင် ဒါတွေကို နှစ်မကုန်ခင်မှာ ထားခဲ့နိုင်အောင်ကြိုးစားသင့်ပြီး ပျော်ရွှင်မှုတွေကို တတ်နိုင်သမျှ ရှာဖွေသင့်ပါတယ်။ Single တွေအနေနဲ့လည်း RS အသစ်မရှာဘဲ သူငယ်ချင်းတွေနဲ့သာ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးကြည့်သင့်ပါတယ်။ နှစ်ရှည်လများ အထူးတလည် Crush နေတဲ့သူတွေ ဘာတွေရှိရင်တော့ ကြိုးစားကြည့်သင့်ပါတယ်။

(၉) Sagittarius

Sagittarius တွေအတွက်တော့ ဒီဇင်ဘာလဟာ အားအင်တွေ ရရှိစေတဲ့ လဖြစ်သလို အကောင်းမြင်စိတ်တွေလည်း အလွန်အကျူးဖြစ်ပေါ်လာစေတဲ့ လလည်း ဖြစ်ပါတယ်။ ပျော်ဖို့ အချိန်ကောင်းတွေလည်း ရရှိပိုင်ဆိုင်မယ့်လလည်းဖြစ်လို့ အလွန်အကျူး မပျော်မိဖို့ကိုတော့ ထိန်းသင့်ပါတယ်။ ကိုယ်ပိုင်အချိန်လေးတွေ ဖန်တီးပြီး နောက်နှစ်မှာ လုပ်ချင်တဲ့အရာလေးတွေကို ကြိုတင်ရှာဖွေထားကာ အောင်မြင်နိုင်ခြေ ရှိမရှိ ဆန်းစစ်ကြည့်သင့်ပါတယ်။ လုပ်ချင်တာတွေ၊ အနာဂတ်ရည်မှန်းချက်တွေ အောင်အောင်မြင်မြင်ဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် မလိမ်ဘဲ သေချာလေးအဖြေရှာကာ အောင်မြင်နိုင်ချေရှိမရှိကို ကျွမ်းကျင်သူတွေနဲ့လည်း ဆွေးနွေးကြည့်သင့်ပါတယ်။ အမှတ်တရတွေကိုလည်း သိမ်းဆည်းခွင့်ရမှာဖြစ်လို့ အမှတ်တရတွေကို သိမ်းဆည်းဖို့လည်း ပြင်ဆင်ထားသင့်ပါတယ်။

(၁၀) Capricorn

Capricorn တွေအတွက်တော့ ဒီဇင်ဘာလဟာ အကောင်းတွေ၊ချစ်ခြင်းတွေနဲ့ ပျော်ရွှင်မှုတွေကို သယ်ဆောင်လာပေးမယ့်လ ဖြစ်ပါတယ်။ လူသစ်တွေနဲ့ တွေ့ဆုံနိုင်ပြီး ခရီးတွေလည်း ထွက်နိုင်ကာ ပါတီတွေလည်း ကျင်းပခွင့် ရမှာဖြစ်ပါတယ်။ လူအသစ်တွေဆီကနေ အချိတ်အဆက်တွေ ရအောင်ဖမ်းဆုပ်ပြီး အောင်မြင်မှုတွေကို နှစ်သစ်ကို ယူဆောင်သွားနိုင်အောင် ကြိုးစားသင့်ပါတယ်။

(၁၁) Aquarius

ဒီရာသီဖွားတွေကတော့ ဒီဇင်ဘာလအစမှာ ပေါင်းသင်ဆက်ဆံရေးတွေ ကောင်းမွန်တိုးတက်လာပြီး ပျော်ပွဲရွှင်ပွဲတွေနဲ့ တွေ့ကြုံခွင့် ရရှိမှာဖြစ်ပါတယ်။ ပျော်ပွဲရွှင်ပွဲတွေမှာ အလွန်အကြူးမပျော်မိအောင် ထိန်းချုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဇင်ဘာလရဲ့အလယ်မှာတော့ စိုးရိမ်ပူပန်မှုတွေဝင်ရောက်လာနိုင်လို့ လအစမှာ အလွန်အမင်း မပျော်ရွှင်ထားသင့်ပါဘူး။ ကိုယ်နဲ့ အမြင်မတူတဲ့သူတွေရဲ့ တိုက်ခိုက်တာကို ခံရနိုင်ချေရှိလို့ အမြင်မတူတာကို အတင်းအကျပ်ကြီး အငြင်းအခုံမလုပ်ဘဲ မသိချင်ယောင် တတ်နိုင်သမျှ ဆောင်ကာ ရှောင်ရှားသင့်ပါတယ်။

(၁၂) Pisces

Pisces တွေအတွက်တော့ လာမယ့်ဒီဇင်ဘာလမှာ အသစ်သစ်တွေနဲ့ စတင်ခွင့် ရမှာဖြစ်ပါတယ်။ ကိုယ်စိတ်ခွန်အားတွေ တက်ကြွလာအောင် ကိုယ်တိုင်လုပ်ဆောင်လာနိုင်ပြီး အခွင့်အလမ်းသစ်တွေလည်း ရရှိပိုင်ဆိုင်လာနိုင်ပါတယ်။ အခက်အခဲတွေကိုလည်း နောက်နှစ်ကို မသယ်သွားဘဲ ဖြေရှင်းခွင့်ရရှိအောင် လမ်းစတွေ ပေါ်ပေါက်လာနိုင်တဲ့အတွက် နောက်နှစ်ကို မသယ်သွားနိုင်အောင် ကြိုးစားဖြေရှင်းသင့်ပါတယ်။ ကိုယ်ရဲ့ချစ်သူနဲ့လည်း စိတ်လွတ်ကိုယ်လွတ် စကားတွေပြောကာ ရင်နှီးမှုပိုတိုးအောင် ဖန်တီးကြည့်သင့်ပါတယ်။

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ချမ်းအေးတဲ့ ဒီဇင်ဘာလမှာ ဒါလေးတွေ ထပ်ပေါင်းထည့်ပြီး ရှောင်သင့်တာရှောင် ဆောင်သင့်တာဆောင်ပြီး ပြင်ဆင်ထားလိုက်ရင် ပြီးပြည့်စုံတဲ့ နှစ်တစ်နှစ်အဖြစ် ဖြတ်သန်းနိုင်မှာ အသေအချာပါပဲနော်။

H.H(Akhayar)

www.akhayar.com