



ရိုးလူ (အခရာ)

www.akhayar.com

Ref : Business Insider

Unicode

Game of Thrones ဟာ HBO သမိုင်းမှာ အအောင်မြင်ဆုံး TV Show တစ်ခုဖြစ်ပြီးတဲ့နောက်မှာတော့ ဇာတ်လမ်းထဲမှာပါတဲ့ သရုပ်ဆောင်တွေဟာလည်း ဝင်ငွေကောင်းလိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။ပါဝင်တဲ့ သူတွေ အတိအကျဘယ်လောက်ရလဲဆိုရင်တော့…

TV Show တွေမှာ ပါတဲ့ အထင်ကရကြယ်ပွင့်တွေရဲ့ လစာစစ်တမ်းကို ၂၀၁၇ မှာ ကောက်ယူခဲ့ရာမှာ GOT ထဲက Emilia ClarkeNikolaj Coster-WaldauPeter DinklageKit HaringtonLena Headey တို့ဟာ Episode တစ်ခုကို ဒေါ်လာ ၅ သိန်းလောက် ရကြတယ်လို့ သိရပါတယ်။

ဒါဟာ Episode တစ်ခုအတွက်ပဲ ရှိပါသေးတယ်။ Episode ၁၃ ခုပါတဲ့ Season တစ်ခုအတွက်ဆိုရင် ဒေါ်လာ ၆ သန်းကျော် ဝင်ငွေရရှိကြမှာပါ။ ဒီဝင်ငွေအရဆိုရင် House of Cards Series မှာ Episode တစ်ခုစာအတွက် Kevin Spacey ရတဲ့ ပမာဏနဲ့ တူတူလောက်ဖြစ်ပြီး Homeland Series မှာ Claire Dane ရခဲ့တဲ့ ပမာဏထက် နည်းနည်းလေး ပိုများပါသေးတယ်။

ဒီလိုဝင်ငွေတွက်ချက်ရာမှာ ဒီကားရဲ့ Producer အဖြစ်နဲ့ ပါဝင်ခဲ့မယ်ဆိုရင် ပါဝင်မှုအတွက် အမြတ်ငွေရဲ့ အစုရှယ်ယာကိုလည်း အပိုခံစားခွင့်ရှိတာတွေကိုလည်း ထည့်တွက်ထားပါတယ်။ ဒါပေမယ့် Game of Thrones မှာ ပါတဲ့ ဘယ်သရုပ်ဆောင်ကမှ Producers အဖြစ် စာရင်းမဝင်ခဲ့ပါဘူး။ Spacey နဲ့ Danes ကတော့ သူတို့ ပါဝင်တဲ့ TV Shows တွေမှာ Producers အဖြစ်ပါ လုပ်ဆောင်ခဲ့သူတွေပါ။