ခႏၶာကိုယ္ရဲ႕ေျပာင္းလဲလာမႈေတြကို ေတြ႔ျမင္ရတဲ႔အခ်ိန္တိုင္းမွာ ေပါ႔ေပါ႔ဆဆမေနသင္႔ပါဘူး။ တစ္ခါတေလမွာေတာ႔ မသိမသာေျပာင္းလဲလာမႈေလးေတြဟာ ေရာဂါေဝဒနာၾကီးေတြရဲ႕ နိမိတ္ျပလကၡဏာျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင္႔လည္း ေစာေစာသိ ေစာေစာျပဳျပင္ကုသႏိုင္ဖို႔ ကိုယ္႔လက္ေတြကေနတဆင္႔သိႏိုင္တဲ႔ ကိုယ္႔ရဲ႕က်န္းမာေရးအေျခအေနေတြကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

ျဖဴေရာ္ေနေသာ လက္မ်ား

လက္သည္းေလးေတြ က်န္းက်န္းမာမာနဲ႔ ပန္းေရာင္သန္းမေနဘဲ ျဖဴေရာ္ေနရင္ ၊ လက္ဖဝါးေတြက ေပ်ာ႔ေနျပီး ေသြးမရွိသလိုျဖစ္ေနရင္ သတိထားသင္႔ပါျပီ။ ဒါဟာ ေသြးနီဥနည္းေနတဲ႔ လကၡဏာျဖစ္ပါတယ္။ ေသြးအားနည္းေနတတ္တာမ်ိဳးပါ။ ရာသီလာခ်ိန္ေသြးမ်ားမ်ားဆင္းရင္လည္းျဖစ္တတ္ပါတယ္။ ရိုးတြင္းျခင္ဆီနဲ႔ ေက်ာက္ကပ္မွာလည္း ျပႆနာရွိေနႏိုင္တာမို႔ ဆရာဝန္နဲ႔ေသခ်ာစစ္ေဆးၾကည္႔သင္႔ပါတယ္။

 လက္ဖဝါးကေခၽြးေတြထြက္ျပီး တုန္ေနရင္

တခ်ိဳ႕ေတြဟာ လက္ဖဝါးေနရာမွာ ေခၽြးေတြထြက္လြန္းျပီး လက္တုန္ေနတတ္ပါတယ္။ ကိုယ္႔အေနနဲ႔ လက္တုန္ခါမႈဟုတ္ မဟုတ္ စမ္းသပ္ၾကည္႔ခ်င္ရင္ စားပြဲေပၚမွာ လက္ကိုေမွာက္ခံုထားျပီး အေပၚက စာရြက္ေလးတင္ၾကည္႔ပါ။ စာရြက္ေလး တဖ်ပ္ဖ်ပ္လႈပ္ေနတာေတြ႔ရပါလိမ္႔မယ္။

ဒီလိုျဖစ္ေနရင္ သင္႔မွာ သိြဳင္းရိြဳက္ျပႆနာရွိေနႏိုင္ပါတယ္။ သိြဳင္းရိြဳက္ဂလင္းကေန သိြဳင္းရိြဳက္ေဟာ္မုန္းေတြကို ပိုမိုထုတ္လုပ္တာေၾကာင္႔ ခႏၶာကိုယ္ရဲ႕လုပ္ေဆာင္ခ်က္ေတြကိုျမန္ဆန္ေစျပီး ခႏၶာကိုယ္ရဲ႕အပူခ်ိန္ကိုလည္း တက္ေစပါတယ္။ လည္ပင္းၾကီးေရာဂါလိုမ်ိဴး ရွိႏိုင္တဲ႔အျပင္ ခႏၶာကိုယ္ရဲ႕ခုခံႏိုင္စြမ္းအားက်ဆင္းတာမ်ိဳးျဖစ္တတ္တာေၾကာင္႔ ဆရာဝန္နဲ႔ စစ္ေဆးကုသသင္႔ပါတယ္။

လက္ဖဝါးေတြေျခာက္ေသြ႔ၾကမ္းတမ္းလြန္းေနရင္

လက္ဖဝါးေတြက အျခားခႏၶာကိုယ္အစိတ္အပို္င္းေတြထက္ ေျခာက္ေသြ႔ၾကမ္းတမ္းေနျပီး  လက္ေခ်ာင္းေလးေတြက ထံုေနမယ္ဆိုရင္ ေဟာ္မုန္းၾကီးထြားမႈျပႆနာေၾကာင္႔ျဖစ္ပါတယ္။ ငယ္ရြယ္စဥ္က အရိုးနဲ႔ကိုယ္ခႏၶာဖြ႔ံျဖိဳးဖို႔တာဝန္ယူခဲ႔တဲ႔ေဟာ္မုန္းေတြဟာ အသက္အရြယ္ၾကီးလာစဥ္မွာေတာ႔ ခႏၶာကိုယ္ပံုပန္းသ႑ာန္နဲ႔ ဇီဝကမၼျဖစ္စဥ္အတြက္ အေထာက္အပ႔ံေပးပါတယ္။ ဒါေပမဲ႔ ဒီေဟာ္မုန္းေတြမ်ားျပားလာတဲ႔အခါမွာေတာ႔ မ်က္ႏွာနဲ႔လက္ေတြဟာ အရြယ္အစားၾကီးမားလာျပီး ထံုလာပါတယ္။ ဒီျဖစ္စဥ္မ်ိဳးဟာ အသက္ ၃၀ နဲ႔ ၅၀ ၾကားအမ်ိဳးသမီးေတြမွာ အျဖစ္မ်ားပါတယ္။ ၾကီးထြားေဟာ္မုန္းထြက္ရွိမႈလြန္ကၽြံလာရင္ ဦးေႏွာက္အက်ိတ္ေရာင္ေရာဂါအထိ ျဖစ္လာႏိုင္ပါတယ္။

လက္သည္းခြံေအာက္ဘက္ေနရာ ေဖာင္းေနရင္

Nail Clubbing လို႔သိၾကတဲ႔ လက္သည္းေအာက္ေျခဘက္မွာရွိတဲ႔ေနရာေဖာင္းေနျပီး လက္သည္းခြံရွိတဲ႔ လက္ေခ်ာင္းထိပ္ေနရာ ေအာက္ဘက္ကိုေကြးက်ေနမယ္ဆိုရင္ ၊ ဘယ္လက္နဲ႔ ညာလက္ရဲ႕ လက္သည္းခြံႏွစ္ခုထိၾကည္႔တဲ႔အခါ ၾကားထဲမွာ အၾကားအလပ္မရွိေတာ႔ဘဲ ပိတ္ေနခဲ႔ရင္ သင္႔မွာ ႏွလံုး ၊ အဆုတ္နဲ႔ဆိုင္တဲ႔ေရာဂါရွိေနပါျပီ။  ႏွလံုးေသြးေၾကာနဲ႔ဆိုင္တဲ႔ေရာဂါ ၊ အဆုတ္ေရာဂါ ၊ ကင္ဆာနဲ႔ နာတာရွည္ေရာဂါေဝဒနာေတြ ျဖစ္ႏိုင္ေျခဟုတ္ မဟုတ္ေသေသခ်ာခ်ာ စစ္ေဆးသင္႔ျပီျဖစ္ပါတယ္။

ဒီေလ႔လာသံုးသပ္ခ်က္ေတြဟာ ေယဘုယ်က်တဲ႔ေလ႔လာသံုးသပ္ခ်က္ေတြမို႔ တခ်ိဳ႕အရာေတြကုိယ္နဲ႔တိုက္ဆိုင္ေနခဲ႔ရင္ အရမ္းၾကီးထိတ္လန္႔သြားစရာမလိုပါဘူး။ ဆရာဝန္နဲ႔စနစ္တက် စစ္ေဆးစမ္းသပ္ျပီး ျပဳစုကုသပါလို႔ ေျပာခ်င္ပါတယ္။

Ref# Women’s Weekly

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

Unicode

ခန္ဓာကိုယ်ရဲ့ပြောင်းလဲလာမှုတွေကို တွေ့မြင်ရတဲ့အချိန်တိုင်းမှာ ပေါ့ပေါ့ဆဆမနေသင့်ပါဘူး။ တစ်ခါတလေမှာတော့ မသိမသာပြောင်းလဲလာမှုလေးတွေဟာ ရောဂါဝေဒနာကြီးတွေရဲ့ နိမိတ်ပြလက္ခဏာဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လည်း စောစောသိ စောစောပြုပြင်ကုသနိုင်ဖို့ ကိုယ့်လက်တွေကနေတဆင့်သိနိုင်တဲ့ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
ဖြူရော်နေသော လက်များ

လက်သည်းလေးတွေ ကျန်းကျန်းမာမာနဲ့ ပန်းရောင်သန်းမနေဘဲ ဖြူရော်နေရင် ၊ လက်ဖဝါးတွေက ပျော့နေပြီး သွေးမရှိသလိုဖြစ်နေရင် သတိထားသင့်ပါပြီ။ ဒါဟာ သွေးနီဥနည်းနေတဲ့ လက္ခဏာဖြစ်ပါတယ်။ သွေးအားနည်းနေတတ်တာမျိုးပါ။ ရာသီလာချိန်သွေးများများဆင်းရင်လည်းဖြစ်တတ်ပါတယ်။ ရိုးတွင်းခြင်ဆီနဲ့ ကျောက်ကပ်မှာလည်း ပြဿနာရှိနေနိုင်တာမို့ ဆရာဝန်နဲ့သေချာစစ်ဆေးကြည့်သင့်ပါတယ်။

 လက်ဖဝါးကချွေးတွေထွက်ပြီး တုန်နေရင်

တချို့တွေဟာ လက်ဖဝါးနေရာမှာ ချွေးတွေထွက်လွန်းပြီး လက်တုန်နေတတ်ပါတယ်။ ကိုယ့်အနေနဲ့ လက်တုန်ခါမှုဟုတ် မဟုတ် စမ်းသပ်ကြည့်ချင်ရင် စားပွဲပေါ်မှာ လက်ကိုမှောက်ခုံထားပြီး အပေါ်က စာရွက်လေးတင်ကြည့်ပါ။ စာရွက်လေး တဖျပ်ဖျပ်လှုပ်နေတာတွေ့ရပါလိမ့်မယ်။

ဒီလိုဖြစ်နေရင် သင့်မှာ သွိုင်းရွိုက်ပြဿနာရှိနေနိုင်ပါတယ်။ သွိုင်းရွိုက်ဂလင်းကနေ သွိုင်းရွိုက်ဟော်မုန်းတွေကို ပိုမိုထုတ်လုပ်တာကြောင့် ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေကိုမြန်ဆန်စေပြီး ခန္ဓာကိုယ်ရဲ့အပူချိန်ကိုလည်း တက်စေပါတယ်။ လည်ပင်းကြီးရောဂါလိုမျိူး ရှိနိုင်တဲ့အပြင် ခန္ဓာကိုယ်ရဲ့ခုခံနိုင်စွမ်းအားကျဆင်းတာမျိုးဖြစ်တတ်တာကြောင့် ဆရာဝန်နဲ့ စစ်ဆေးကုသသင့်ပါတယ်။

လက်ဖဝါးတွေခြောက်သွေ့ကြမ်းတမ်းလွန်းနေရင်

လက်ဖဝါးတွေက အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ခြောက်သွေ့ကြမ်းတမ်းနေပြီး  လက်ချောင်းလေးတွေက ထုံနေမယ်ဆိုရင် ဟော်မုန်းကြီးထွားမှုပြဿနာကြောင့်ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်က အရိုးနဲ့ကိုယ်ခန္ဓာဖွံ့ဖြိုးဖို့တာဝန်ယူခဲ့တဲ့ဟော်မုန်းတွေဟာ အသက်အရွယ်ကြီးလာစဉ်မှာတော့ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်နဲ့ ဇီဝကမ္မဖြစ်စဉ်အတွက် အထောက်အပံ့ပေးပါတယ်။ ဒါပေမဲ့ ဒီဟော်မုန်းတွေများပြားလာတဲ့အခါမှာတော့ မျက်နှာနဲ့လက်တွေဟာ အရွယ်အစားကြီးမားလာပြီး ထုံလာပါတယ်။ ဒီဖြစ်စဉ်မျိုးဟာ အသက် ၃၀ နဲ့ ၅၀ ကြားအမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ကြီးထွားဟော်မုန်းထွက်ရှိမှုလွန်ကျွံလာရင် ဦးနှောက်အကျိတ်ရောင်ရောဂါအထိ ဖြစ်လာနိုင်ပါတယ်။

လက်သည်းခွံအောက်ဘက်နေရာ ဖောင်းနေရင်

Nail Clubbing လို့သိကြတဲ့ လက်သည်းအောက်ခြေဘက်မှာရှိတဲ့နေရာဖောင်းနေပြီး လက်သည်းခွံရှိတဲ့ လက်ချောင်းထိပ်နေရာ အောက်ဘက်ကိုကွေးကျနေမယ်ဆိုရင် ၊ ဘယ်လက်နဲ့ ညာလက်ရဲ့ လက်သည်းခွံနှစ်ခုထိကြည့်တဲ့အခါ ကြားထဲမှာ အကြားအလပ်မရှိတော့ဘဲ ပိတ်နေခဲ့ရင် သင့်မှာ နှလုံး ၊ အဆုတ်နဲ့ဆိုင်တဲ့ရောဂါရှိနေပါပြီ။  နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါ ၊ အဆုတ်ရောဂါ ၊ ကင်ဆာနဲ့ နာတာရှည်ရောဂါဝေဒနာတွေ ဖြစ်နိုင်ခြေဟုတ် မဟုတ်သေသေချာချာ စစ်ဆေးသင့်ပြီဖြစ်ပါတယ်။

ဒီလေ့လာသုံးသပ်ချက်တွေဟာ ယေဘုယျကျတဲ့လေ့လာသုံးသပ်ချက်တွေမို့ တချို့အရာတွေကိုယ်နဲ့တိုက်ဆိုင်နေခဲ့ရင် အရမ်းကြီးထိတ်လန့်သွားစရာမလိုပါဘူး။ ဆရာဝန်နဲ့စနစ်တကျ စစ်ဆေးစမ်းသပ်ပြီး ပြုစုကုသပါလို့ ပြောချင်ပါတယ်။

Ref# Women’s Weekly

ဂျူဂျူး(အခရာ)

www.akhayar.com