[Zawgyi]

ရုပ္ရွင္ၾကည္႔ရင္း မ်က္ရည္ေတြ က်က်လာတတ္တာ ဘာေၾကာင့္လဲ

ငိုတယ္ဆိုတာ စိတ္လႈပ္ရွားတဲ႔အခါမ်ဳိးနဲ႔ ဝမ္းနည္းတဲ႔အခါမ်ဳိးမွာ ျဖစ္တတ္ၿပီး ရုပ္ရွင္ၾကည့္တဲ႔အခါမ်ဳိးမွာလည္း ကိုယ္ျဖစ္ေနတဲ႔ ခံစားခ်က္နဲ႔ ကိုက္ညီရင္ မ်က္ရည္ေပါက္ႀကီးငယ္က်လာၿပီး ရႈိက္ႀကီးတငင္ငိုမိတတ္ပါတယ္။ အဲဒီလို ရုပ္ရွင္ၾကည္႔ရင္ ဘာေၾကာင့္ ငိုမိတာလဲနဲ႔ ဒီလိုငိုမိျခင္းက ေကာင္းတာလား မေကာင္းတာလားဆိုၿပီး လူေတြက ေသေသခ်ာခ်ာ ကဲြကဲြျပားျပား သိပ္မသိကာ အေတြးေတြ မ်ားတတ္ၾကပါတယ္။

လူႀကီးေတြအေနနဲ႔ ငုိတာက ေခါင္းကိုက္ျခင္းကိုုျဖစ္ေစတဲ႔အတြက္ က်န္းမာေရး ထိခိုက္တယ္လို႔ထင္ၿပီး ဒရာမာကားေတြ အရမ္းၾကည္႔ၿပီး မငိုနဲ႔လုိ႔ ေျပာဆို တားျမစ္တာကို ၾကားဖူးၾကမွာပါ။ လူႀကီးေတြ ေျပာပါမ်ားေတာ့ တကယ္ပဲ ရုပ္ရွင္ၾကည္႔ၿပီး ငိုတာဟာ က်န္းမာေရးကို ထိခိုက္ေစလားဆုိၿပီး အေတြးေတြ မ်ားလာပါေတာ့တယ္။ ဒါေပမယ့္ သိပၸံပညာရွင္ေတြနဲ႔ စိတ္ပညာရွင္ေတြက ရုပ္ရွင္ၾကည့္ၿပီး ငိုတာဟာ က်န္းမာေရး ထိခိုက္မွာ မဟုတ္တဲ႔အတြက္ စိတ္ပူစရာမလိုဘူးလို႔ ေျပာၾကားလိုက္တဲ႔အတြက္ ငိုေၾကြးမိျခင္းနဲ႔ ပတ္သက္ၿပီး အေတြးမ်ားေနစရာ မလုိေတာ့ပါဘူး။

သုေတသနေတြအရ စိတ္ကူးယဥ္ဇာတ္ေကာင္ေတြနဲ႔အတူ လုိက္ပါစီးေမ်ာျခင္းက က်န္းမာေရးကို ထိခိုက္ေစတာမ်ဳိးမဟုတ္ဘဲ တစ္ခါတစ္ရံမွာ တစ္ဖက္တစ္လမ္းကေန လူကိုရင့္က်က္လာေအာင္ ကူညီေပးလိုက္တာမ်ဳိးေတာင္ ျဖစ္ေစႏို္င္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ရုပ္ရွင္ထဲက ဇာတ္ေကာင္ကို ဇာတ္ေကာင္လား အျပင္မွာ တကယ္ျဖစ္ေနတာလား မခဲြျခားႏိုင္ေတာ့ဘဲ ဇာတ္ေကာင္ရဲ႕ ဒုကၡေတြ၊ ေပ်ာ္ရႊင္မႈေတြနဲ႔ အခက္အခဲေတြကို ကိုယ္ခ်င္းစာၿပီး ဇာတ္ေကာင္နဲ႔ အတူ လုိက္ပါစီးေမ်ာကာ ငိုမိတဲ႔အတြက္ေၾကာင့္ ရင့္က်က္လာေအာင္ ကူညီေပးတယ္လို႔ ဆိုျခင္း ျဖစ္ပါတယ္။ စိတ္ပညာရွင္ေတြကေတာ့ အဲဒီလုိျဖစ္တာကို “one-directional” Relationship လို႔ ေခၚၾကပါတယ္။

Oklahoma တကၠသိုလ္မွ ေလ့လာမႈေတြအရ ရွာေဖြေတြ႔ရွိတာကေတာ့ တီဗီထဲက ကာရုိက္တာ (သို႔) ရုပ္ရွင္ဇာတ္ေကာင္ေတြနဲ႔ လိုက္ပါစီးေမ်ာခံစားျခင္းက စိတ္ဓာတ္ အတက္အက်၊ အနိမ့္အျမင့္ ျဖစ္ေစၿပီး ဇာတ္ေကာငေ္ပၚမူတည္ၿပီး ခံစားခ်က္မ်ဴိးစံု လိုက္ပါခံစားရတဲ့အတြက္ စိတ္ဓာတ္တက္ၾကြလာျခင္း၊ ကိုယ့္ကုိယ္ကိုယ္ ယံုၾကည္မႈ ျမင့္တက္လာျခင္းနဲ႔ အထီးက်န္မႈေတြ ေလ်ာ့ပါးသက္သာလာျခင္း အစရွိတဲ႔ အက်ဳိးေက်းဇူးေကာင္းေတြလည္း ရရွိေစပါတယ္။

Watching Movie

Watching Movie

အဲဒီလုိ လုိက္ပါခံစားေနရင္းကေန ဇာတ္ေကာင္က အလွည့္အေျပာင္းျဖစ္သြားၿပီဆိုရင္ ၾကမ္းတမ္းမႈကို ရုတ္တရက္ ခံစားရတဲ့အတြက္ ေရွာ့ခ္ရသြားၿပီး စိတ္တုိတဲ႔ ခံစားမႈေတြ ျဖစ္ေပၚကာ တံုျပန္မႈေတြအေနနဲ႔ ႀကိတ္မႏိုင္ခဲမရျဖစ္ျခင္း၊ စိတ္အလြန္အမင္းတုိျခင္းေတြနဲ႔ ငိုေကၽြးျခင္းေတြပါ ျဖစ္ေပၚလာပါေတာ့တယ္။ ဒီလိုျဖစ္ေပၚျခင္းေတြက စိတ္ခံစားမႈကို ေဖာ္ျပတဲ႔ သမာရုိးက် အမူအရာေတြပဲျဖစ္လို႔ ငါဟုတ္ေကာ ဟုတ္ေသးရဲ႕လားလုိ႔ ေတြးေတာၿပီး စိုးရိမ္ေနစရာမလုိပါဘူး။

ရုပ္ရွင္ၾကည့္ရင္း ငိုသလိုမ်ဳိး တူညီတဲ႔ခံစားမႈကို ျဖစ္ေပၚေစတဲ႔ တျခားအျဖစ္အပ်က္ေလးေတြလည္း ရွိပါတယ္။ အဲဒါကေတာ့ ၿပိဳင္ပဲြတစ္ခု ဝင္ၿပိဳင္ၿပီး မထင္မွတ္ဘဲ အႏိုင္ရရွိတဲ႔အခါ ပီတိမ်က္ရည္က်တာမ်ဳိး၊ သားသမီး စာေမးပဲြေအာင္လို႔ ဝမ္းသာမ်က္ရည္က်တာမ်ဳိးေတြ ျဖစ္ပါတယ္။ ဒါေတြကလည္း စိတ္ခံစားခ်က္ကို မထိန္းႏိုင္ေတာ့လို႔ ပြင့္အန္လာတဲ့ အမူအရာေတြပဲ ျဖစ္ပါတယ္။

ရုပ္ရွင္ၾကည္႔ရင္း ဘာေၾကာင့္ငိုမိတာလဲနဲ႔ ငိုေၾကြးမိျခင္းဟာ မေကာင္းတာ မဟုတ္ဘူးဆိုတာ ေသခ်ာသိသြားၿပီဆိုေတာ့ ရုပ္ရွင္ၾကည့္ရင္းနဲ႔ ခံစားခ်က္ေတြ ပြင့္ထြက္ၿပီး အားရပါးရငိုကာ စိတ္ေပါ့ပါးေအာင္ ျပဳလုပ္ပါ။ တစ္ေယာက္ထဲၾကည္႔တဲ့အခါမ်ဳိးမွာ အားရပါးရငိုေၾကြးျခင္းက ကိစၥမရွိေပမယ့္ သူငယ္ခ်င္း၊မိတ္ေဆြအေပါင္းအသင္းနဲ႔ ၾကည့္ရင္ေတာ့ သူတို႔ကို မလန္႔သြားေစဖို႔ ရုပ္ရွင္ၾကည့္ရင္ ကိုယ္မွာ ငိုတတ္တဲ႔ အက်င့္ရွိတယ္ဆိုတာကို ႀကိဳတင္ေျပာျပထားသင့္ပါတယ္။ ေနာက္ထပ္သတိထားရမယ့္ အခ်က္တစ္ခုက ရုပ္ရွင္ၾကည္႔တဲ႔အခါမ်ဳိးမွာ ကိုယ္ကုိ စိတ္အရမ္းမြန္းက်ပ္မႈ ျဖစ္ေစတဲ႔ ကားမ်ဳိးကိုလည္း ေရြးခ်ယ္မၾကည့္မိဖို႔ တတ္ႏိုင္သမွ် သတိထား ေရွာင္ရွားသင့္ပါတယ္။ ရုပ္ရွင္ၾကည္႔တယ္ဆိုတာ အမ်ားအားျဖင့္ စိတ္လက္အပန္းေျဖမႈကို ရည္ရြယ္တာမို႔လုိ႔ စိတ္လက္အပန္းေျဖႏိုင္မယ့္ ကားမ်ဳိးကိုၾကည္႔ကာ ဘဝႀကီးကို ျဖတ္သန္းႏိုင္မယ့္ ခြန္အားသစ္ေတြကို ရုပ္ရွင္ထဲကေန ရွာေဖြႏိုင္ၾကပါေစ။

H.H(Akhayar)

www.akhayar.com

[Unicode]

ရုပ်ရှင်ကြည့်ရင်း မျက်ရည်တွေ ကျကျလာတတ်တာ ဘာကြောင့်လဲ

ငိုတယ်ဆိုတာ စိတ်လှုပ်ရှားတဲ့အခါမျိုးနဲ့ ဝမ်းနည်းတဲ့အခါမျိုးမှာ ဖြစ်တတ်ပြီး ရုပ်ရှင်ကြည့်တဲ့အခါမျိုးမှာလည်း ကိုယ်ဖြစ်နေတဲ့ ခံစားချက်နဲ့ ကိုက်ညီရင် မျက်ရည်ပေါက်ကြီးငယ်ကျလာပြီး ရှိုက်ကြီးတငင်ငိုမိတတ်ပါတယ်။ အဲဒီလို ရုပ်ရှင်ကြည့်ရင် ဘာကြောင့် ငိုမိတာလဲနဲ့ ဒီလိုငိုမိခြင်းက ကောင်းတာလား မကောင်းတာလားဆိုပြီး လူတွေက သေသေချာချာ ကွဲကွဲပြားပြား သိပ်မသိကာ အတွေးတွေ များတတ်ကြပါတယ်။

လူကြီးတွေအနေနဲ့ ငိုတာက ခေါင်းကိုက်ခြင်းကိုဖြစ်စေတဲ့အတွက် ကျန်းမာရေး ထိခိုက်တယ်လို့ထင်ပြီး ဒရာမာကားတွေ အရမ်းကြည့်ပြီး မငိုနဲ့လို့ ပြောဆို တားမြစ်တာကို ကြားဖူးကြမှာပါ။ လူကြီးတွေ ပြောပါများတော့ တကယ်ပဲ ရုပ်ရှင်ကြည့်ပြီး ငိုတာဟာ ကျန်းမာရေးကို ထိခိုက်စေလားဆိုပြီး အတွေးတွေ များလာပါတော့တယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေနဲ့ စိတ်ပညာရှင်တွေက ရုပ်ရှင်ကြည့်ပြီး ငိုတာဟာ ကျန်းမာရေး ထိခိုက်မှာ မဟုတ်တဲ့အတွက် စိတ်ပူစရာမလိုဘူးလို့ ပြောကြားလိုက်တဲ့အတွက် ငိုကြွေးမိခြင်းနဲ့ ပတ်သက်ပြီး အတွေးများနေစရာ မလိုတော့ပါဘူး။

သုတေသနတွေအရ စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့အတူ လိုက်ပါစီးမျောခြင်းက ကျန်းမာရေးကို ထိခိုက်စေတာမျိုးမဟုတ်ဘဲ တစ်ခါတစ်ရံမှာ တစ်ဖက်တစ်လမ်းကနေ လူကိုရင့်ကျက်လာအောင် ကူညီပေးလိုက်တာမျိုးတောင် ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုပ်ရှင်ထဲက ဇာတ်ကောင်ကို ဇာတ်ကောင်လား အပြင်မှာ တကယ်ဖြစ်နေတာလား မခွဲခြားနိုင်တော့ဘဲ ဇာတ်ကောင်ရဲ့ ဒုက္ခတွေ၊ ပျော်ရွှင်မှုတွေနဲ့ အခက်အခဲတွေကို ကိုယ်ချင်းစာပြီး ဇာတ်ကောင်နဲ့ အတူ လိုက်ပါစီးမျောကာ ငိုမိတဲ့အတွက်ကြောင့် ရင့်ကျက်လာအောင် ကူညီပေးတယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။ စိတ်ပညာရှင်တွေကတော့ အဲဒီလိုဖြစ်တာကို “one-directional” Relationship လို့ ခေါ်ကြပါတယ်။

Oklahoma တက္ကသိုလ်မှ လေ့လာမှုတွေအရ ရှာဖွေတွေ့ရှိတာကတော့ တီဗီထဲက ကာရိုက်တာ (သို့) ရုပ်ရှင်ဇာတ်ကောင်တွေနဲ့ လိုက်ပါစီးမျောခံစားခြင်းက စိတ်ဓာတ် အတက်အကျ၊ အနိမ့်အမြင့် ဖြစ်စေပြီး ဇာတ်ကောငေ်ပါ်မူတည်ပြီး ခံစားချက်မျိူးစုံ လိုက်ပါခံစားရတဲ့အတွက် စိတ်ဓာတ်တက်ကြွလာခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်တက်လာခြင်းနဲ့ အထီးကျန်မှုတွေ လျော့ပါးသက်သာလာခြင်း အစရှိတဲ့ အကျိုးကျေးဇူးကောင်းတွေလည်း ရရှိစေပါတယ်။

Watching Movie

Watching Movie

အဲဒီလို လိုက်ပါခံစားနေရင်းကနေ ဇာတ်ကောင်က အလှည့်အပြောင်းဖြစ်သွားပြီဆိုရင် ကြမ်းတမ်းမှုကို ရုတ်တရက် ခံစားရတဲ့အတွက် ရှော့ခ်ရသွားပြီး စိတ်တိုတဲ့ ခံစားမှုတွေ ဖြစ်ပေါ်ကာ တုံပြန်မှုတွေအနေနဲ့ ကြိတ်မနိုင်ခဲမရဖြစ်ခြင်း၊ စိတ်အလွန်အမင်းတိုခြင်းတွေနဲ့ ငိုကျွေးခြင်းတွေပါ ဖြစ်ပေါ်လာပါတော့တယ်။ ဒီလိုဖြစ်ပေါ်ခြင်းတွေက စိတ်ခံစားမှုကို ဖော်ပြတဲ့ သမာရိုးကျ အမူအရာတွေပဲဖြစ်လို့ ငါဟုတ်ကော ဟုတ်သေးရဲ့လားလို့ တွေးတောပြီး စိုးရိမ်နေစရာမလိုပါဘူး။

ရုပ်ရှင်ကြည့်ရင်း ငိုသလိုမျိုး တူညီတဲ့ခံစားမှုကို ဖြစ်ပေါ်စေတဲ့ တခြားအဖြစ်အပျက်လေးတွေလည်း ရှိပါတယ်။ အဲဒါကတော့ ပြိုင်ပွဲတစ်ခု ဝင်ပြိုင်ပြီး မထင်မှတ်ဘဲ အနိုင်ရရှိတဲ့အခါ ပီတိမျက်ရည်ကျတာမျိုး၊ သားသမီး စာမေးပွဲအောင်လို့ ဝမ်းသာမျက်ရည်ကျတာမျိုးတွေ ဖြစ်ပါတယ်။ ဒါတွေကလည်း စိတ်ခံစားချက်ကို မထိန်းနိုင်တော့လို့ ပွင့်အန်လာတဲ့ အမူအရာတွေပဲ ဖြစ်ပါတယ်။

ရုပ်ရှင်ကြည့်ရင်း ဘာကြောင့်ငိုမိတာလဲနဲ့ ငိုကြွေးမိခြင်းဟာ မကောင်းတာ မဟုတ်ဘူးဆိုတာ သေချာသိသွားပြီဆိုတော့ ရုပ်ရှင်ကြည့်ရင်းနဲ့ ခံစားချက်တွေ ပွင့်ထွက်ပြီး အားရပါးရငိုကာ စိတ်ပေါ့ပါးအောင် ပြုလုပ်ပါ။ တစ်ယောက်ထဲကြည့်တဲ့အခါမျိုးမှာ အားရပါးရငိုကြွေးခြင်းက ကိစ္စမရှိပေမယ့် သူငယ်ချင်း၊မိတ်ဆွေအပေါင်းအသင်းနဲ့ ကြည့်ရင်တော့ သူတို့ကို မလန့်သွားစေဖို့ ရုပ်ရှင်ကြည့်ရင် ကိုယ်မှာ ငိုတတ်တဲ့ အကျင့်ရှိတယ်ဆိုတာကို ကြိုတင်ပြောပြထားသင့်ပါတယ်။ နောက်ထပ်သတိထားရမယ့် အချက်တစ်ခုက ရုပ်ရှင်ကြည့်တဲ့အခါမျိုးမှာ ကိုယ်ကို စိတ်အရမ်းမွန်းကျပ်မှု ဖြစ်စေတဲ့ ကားမျိုးကိုလည်း ရွေးချယ်မကြည့်မိဖို့ တတ်နိုင်သမျှ သတိထား ရှောင်ရှားသင့်ပါတယ်။ ရုပ်ရှင်ကြည့်တယ်ဆိုတာ အများအားဖြင့် စိတ်လက်အပန်းဖြေမှုကို ရည်ရွယ်တာမို့လို့ စိတ်လက်အပန်းဖြေနိုင်မယ့် ကားမျိုးကိုကြည့်ကာ ဘဝကြီးကို ဖြတ်သန်းနိုင်မယ့် ခွန်အားသစ်တွေကို ရုပ်ရှင်ထဲကနေ ရှာဖွေနိုင်ကြပါစေ။

H.H(Akhayar)

www.akhayar.com