Asus ဟာ တိုင်ပေမှာ ပြုလုပ်ခဲ့တဲ့ Computex 2017 Press Conference မှာ နည်းပညာအသစ်တွေနဲ့ လက်ပ်တော့ အသစ်တွေကို ထုတ်လုပ်ခဲ့ပါတယူ်။ ဒါကြောင့် Asus ထုတ်လုပ်ခဲ့တဲ့ လက်ပ်တော့တွေအကြောင်းကို ကြည့်ကြည့်လိုက်ရအောင်။

ZenBook Flip S

Flip S ကိုတော့ Asus က “ကမ္ဘာ့အပါးလွှာဆုံး ပြောင်းလဲနိုင်တဲ့ လက်ပ်တော့” အဖြစ် ရည်ညွှန်းခဲ့ပါတယ်။ ၁၀.၂မီလီမီတာ အထူရှိပြီး Asus ရဲ့ ပြောကြားချက်အရ MacBook ထက် ၂၀ရာခိုင်နှုန်းပိုမိုပါးလွှာတယ်လို့ ဆိုပါတယ်။ အလေးချိန်ကလည်း ၁.၁ကီလို (၂.၄၂ ပေါင်) သာလေးတာပါ။ Core i7 Processor ကို အသုံးပြုထားတဲ့ Asus Zenbook Flip S ဟာ ဘက်ထရီသက်တမ်းအနေနဲ့လည်း ၁၁.၅နာရီခံကြောင်းလည်း သိရပါတယ်။ USB-C ပေါက်တစ်ခုပဲ ပါဝင်ပြီး ၃၆၀° လှည့်နိုင်တဲ့ ၁၃.၃လက်မ 4K မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ ZenBook Flip S ကို ဒေါ်လာ ၁၁၀၀ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

ZenBook Pro

ZenBook Pro အသစ်ကတော့ တော်တော် တောင့်တောင့်တင်းတင်းရှိပါတယ်။ Nvidia GTX 1050Ti GPU, ၁၅.၆လက်မ 4K မျက်နှာပြင်နဲ့ H-Series Core i7 CPU ကို ထည့်သွင်းထားပါတယ်။ Asus ရဲ့ ပြောကြားချက်အရ ဒေါ်လာ ၁၃၀၀တန် ZenBook Pro မှာ ၁၄နာရီကြာခံတဲ့ ဘက်ထရီသက်တမ်းတစ်ရပ် ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

ZenBook 3 Deluxe

Asus ကတော့ ပြီးခဲ့တဲ့ နှစ်ကထွက်ခဲ့တဲ့ ZenBook 3 ဟာ “ကမ္ဘာ့အိနြေ္ဒအကြီးဆုံး လက်ပ်တော့” လို့ သမုတ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဒီ Tagline ကို ZenBook 3 Deluxe က ဆက်ခဲ့ပါတယ်။ ZenBook 3 ထက်ကြီးပြီးတော့ Asus ရဲ့ ကမ္ဘာ့အပါးလွှာဆုံး ၁၂.၉မီလီသာ ထူတဲ့ ၁၄လက်မအရွယ်မျက်နှာပြင် ကို ထည့်သွင်းထားပါတယ်။ Thunderbolt ၃ပေါက်၊ Core i7 Processor နဲ့ 1080p မျက်နှာပြင်တွေပါဝင်ပြီး ဈေးနှုန်း ဒေါ်လာ ၁၂၀၀ ရှိပါတယ်။

 

VivoBook S

VivoBook S ဆိုတဲ့နာမည်ကိုတော့ စိမ်းနေကြမှာပါ။ ဒီလက်ပ်တော့ကတော့ MacBook Pro လိုမျိုး ၁၇.၉မီလီ အထူရှိပြီး Aluminium Case, Core i7 Processor နဲ့ Nvidia GTX 940MX GPU တွေပါဝင်တဲ့ ဒေါ်လာ ၅၀၀တန် လက်ပ်တော့ပဲ ဖြစ်ပါတယ်။ ၁၅လက်မအကျယ်ရှိတဲ့ မျက်နှာပြင်ကတော့ ပုံမှန်အရွယ်အစားပဲဖြစ်ပေမယ့် ပါဝင်တဲ့လုပ်ဆောင်ချက်တွေနဲ့ဆိုရင်တော့ မဆိုးဘူးလို့ ပြောရမှာပါ။

VivoBook Pro

VivoBook Pro ဟာ Asus ရဲ့ အလယ်အလတ်တန်းစား အမျိုးအစား လက်ပ်တော့ပါ။ ၁၅.၆လက်မ၊ 4K မျက်နှာပြင်၊ Core i7 Processor နဲ့ GTX 1050 GPU တွေ ပါဝင်ပါတယ်။ လာမယ့်နွေမှာ ဒေါ်လာ ၈၀၀နဲ့ ရောင်းချသွားမှာပါ။

Joker (Akhayar)

REf: The Verge, TNW