[Zawgyi]

အြန္နရီ Henry အတြက္ လိုအပ္ေနတဲ႔ ႏိုင္ပြဲ

အြန္နရီ Henry ဆိုတာ ေဘာလံုးပရိသတ္ေတြ အားလံုးၾကိဳက္ႏွစ္သက္တဲ႔ ကစားသမားတစ္ဦး။ ဒီလိုလူမ်ိဳးက နည္းျပေလာကထဲကို ၀င္လာေတာ႔ အားလံုးက ၀မ္းပန္းတသာၾကိဳဆိုၾကတယ္။ ဘယ္လ္ဂ်ီယံအသင္းရဲ႕ လက္ေထာက္နည္းျပဘ၀မွာ သူကလည္း ေအာင္ျမင္ခဲ႔ေတာ႔ သူ႔လမ္းသူေဖာက္လို႔ ရျပီလို႔ ထင္မွတ္ခဲ႔ပံုပါပဲ။ မိုနာကို ကလည္း ရလဒ္ဆိုးေန အြန္နရီ ကလည္း အသင္းရဲ႕ကစားသမားေဟာင္းျဖစ္ေနျပီး ဒီႏွစ္ခုေပါင္းစပ္လိုက္တဲ႔ အခ်ိန္မွာေတာ႔ အားလံုးက အေကာင္းဘက္ကိုေမွ်ာ္လင္႔ခဲ႔ၾကတယ္။

Henry-Belgium-assistant-coach

Henry-Belgium-assistant-coach

ဒီလိုနဲ႔ တစ္ပြဲျပီး တစ္ပြဲျဖစ္လာတဲ႔ အခါ အြန္နရီ အတြက္ ေပ်ာ္ရႊင္စရာေတြထက္ ဖိအားေတြကပိုမ်ားလာခဲ႔တယ္။ အြန္နရီ ကို သူကိုယ္တိုင္ နည္းျပခ်ဳပ္အျဖစ္ တာ၀န္ယူဖို႔ အခ်ိန္မက်ေသးဘူးလားဆိုတဲ႔ အေတြးေတြလည္း ၀င္လာခဲ႔ေတာ႔တယ္။ တခ်ိဳ႕ကလည္း အြန္နရီ ဟာ ဂယ္ရီနဗီးလ္ Gary Neville လိုျဖစ္ေနျပီလို႔ ေ၀ဖန္ေနၾကတယ္။ ေ၀ဖန္သံေတြကိုလည္း အျပစ္တင္လို႔မရပါဘူး။ ဘာလို႔လည္းဆိုေတာ႔ အြန္နရီ ဟာ မိုနာကိုအသင္းကို (၅)ပြဲကိုင္တြယ္အျပီးမွာ ႏိုင္ပြဲလံုး၀မရေသးဘဲ (၂)ပြဲသေရ ၊ (၃)ပြဲရံႈးရလဒ္ရရိွထားလို႔ပါပဲ။ ႏိုင္ပြဲရာခိုင္နႈန္းနဲ႔တြက္မယ္ဆိုရင္ေတာ႔ (၀.၀၀)ရာခိုင္ႏႈန္း။

Henry

Henry

အြန္နရီတင္မဟုတ္ဘဲ မိုနာကိုအသင္းဟာလည္း ကပ္ဆိုက္ေနသလားပဲ။ လီဂူးအမွတ္ေပးဇယားမွာ တန္းဆင္းဇုန္ထဲေရာက္ေနျပီး အဆင္႔(၁၉)မွာရိွေနသလို ျပိဳင္ပြဲစံုေနာက္ဆံုး(၁၅)ပြဲဆက္လည္း ႏိုင္ပြဲေပ်ာက္ဆံုးေနတယ္။ အခုတစ္ပတ္မွာလည္း PSG အသင္းနဲ႔ ကစားရမွာျဖစ္လို႔ ဆက္ျပီးကံဆိုးဖို႔ကေတာ႔မ်ားေနပါတယ္။ အြန္နရီ ဒီပြဲမွာေရာ ဘာလုပ္ျပဦးမလဲ။ အြန္နရီ နဲ႔ မိုနာကိုအတြက္ ႏိုင္ပြဲတစ္ပြဲလိုအပ္ေနတယ္။

Photo: SEKDRIVE , Big World News , EliteMpire Media
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အွန်နရီ Henry အတွက် လိုအပ်နေတဲ့ နိုင်ပွဲ

အွန်နရီ Henry ဆိုတာ ဘောလုံးပရိသတ်တွေ အားလုံးကြိုက်နှစ်သက်တဲ့ ကစားသမားတစ်ဦး။ ဒီလိုလူမျိုးက နည်းပြလောကထဲကို ဝင်လာတော့ အားလုံးက ဝမ်းပန်းတသာကြိုဆိုကြတယ်။ ဘယ်လ်ဂျီယံအသင်းရဲ့ လက်ထောက်နည်းပြဘဝမှာ သူကလည်း အောင်မြင်ခဲ့တော့ သူ့လမ်းသူဖောက်လို့ ရပြီလို့ ထင်မှတ်ခဲ့ပုံပါပဲ။ မိုနာကို ကလည်း ရလဒ်ဆိုးနေ အွန်နရီ ကလည်း အသင်းရဲ့ကစားသမားဟောင်းဖြစ်နေပြီး ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့ အချိန်မှာတော့ အားလုံးက အကောင်းဘက်ကိုမျှော်လင့်ခဲ့ကြတယ်။

Henry-Belgium-assistant-coach

Henry-Belgium-assistant-coach

ဒီလိုနဲ့ တစ်ပွဲပြီး တစ်ပွဲဖြစ်လာတဲ့ အခါ အွန်နရီ အတွက် ပျော်ရွှင်စရာတွေထက် ဖိအားတွေကပိုများလာခဲ့တယ်။ အွန်နရီ ကို သူကိုယ်တိုင် နည်းပြချုပ်အဖြစ် တာဝန်ယူဖို့ အချိန်မကျသေးဘူးလားဆိုတဲ့ အတွေးတွေလည်း ဝင်လာခဲ့တော့တယ်။ တချို့ကလည်း အွန်နရီ ဟာ ဂယ်ရီနဗီးလ် Gary Neville လိုဖြစ်နေပြီလို့ ဝေဖန်နေကြတယ်။ ဝေဖန်သံတွေကိုလည်း အပြစ်တင်လို့မရပါဘူး။ ဘာလို့လည်းဆိုတော့ အွန်နရီ ဟာ မိုနာကိုအသင်းကို (၅)ပွဲကိုင်တွယ်အပြီးမှာ နိုင်ပွဲလုံးဝမရသေးဘဲ (၂)ပွဲသရေ ၊ (၃)ပွဲရှုံးရလဒ်ရရှိထားလို့ပါပဲ။ နိုင်ပွဲရာခိုင်နှုန်းနဲ့တွက်မယ်ဆိုရင်တော့ (ဝ.၀၀)ရာခိုင်နှုန်း။

Henry

Henry

အွန်နရီတင်မဟုတ်ဘဲ မိုနာကိုအသင်းဟာလည်း ကပ်ဆိုက်နေသလားပဲ။ လီဂူးအမှတ်ပေးဇယားမှာ တန်းဆင်းဇုန်ထဲရောက်နေပြီး အဆင့်(၁၉)မှာရှိနေသလို ပြိုင်ပွဲစုံနောက်ဆုံး(၁၅)ပွဲဆက်လည်း နိုင်ပွဲပျောက်ဆုံးနေတယ်။ အခုတစ်ပတ်မှာလည်း PSG အသင်းနဲ့ ကစားရမှာဖြစ်လို့ ဆက်ပြီးကံဆိုးဖို့ကတော့များနေပါတယ်။ အွန်နရီ ဒီပွဲမှာရော ဘာလုပ်ပြဦးမလဲ။ အွန်နရီ နဲ့ မိုနာကိုအတွက် နိုင်ပွဲတစ်ပွဲလိုအပ်နေတယ်။

Photo: SEKDRIVE , Big World News , EliteMpire Media
Ko Kyue(Akhayar)
www.akhayar.com