This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ၿပိဳင္ဘက္အျဖစ္နဲ႔ ျပင္သစ္အသင္းကုိ ျပန္ရင္ဆုိင္ရေတာ့မယ့္ အြန္နရီ Henry

ႏုိင္ငံေရးေလာကမွာ စကားတစ္ခြန္းရွိပါတယ္။ အဲဒါကေတာ့ “အၿမဲတမ္း မိတ္ေဆြမရွိ၊ အၿမဲတမ္း ရန္သူမရွိ”ဆုိတာပါ။ ဒီစကားက အားကစားေလာကနဲ႔လည္း သက္ဆုိင္မႈရွိတယ္လုိ႔ ဆုိရမလားပဲ။ နည္းျပပဲျဖစ္ျဖစ္၊ ကစားသမားပဲျဖစ္ျဖစ္ ကုိယ္ေအာင္ျမင္မႈရခဲ့တဲ့အသင္းတစ္သင္းကုိ ၿပိဳင္ဘက္အျဖစ္ ျပန္ရင္ဆုိင္ရတဲ့ အျဖစ္အပ်က္ေတြက မနည္းမေနာပါ။ အခု ျပင္သစ္အသင္းရဲ႕ ဂႏၳ၀င္တိုက္စစ္မွဴး အြန္နရီ Henry လည္း အဲဒီအေနအထားနဲ႔ ရင္ဆုိင္ရေတာ့မွာျဖစ္ပါတယ္။ ျပင္သစ္အသင္းနဲ႔အတူ ၁၉၉၈ ကမၻာ႔ဖလား၊ ယူ႐ုိ-၂၀၀၀ ဖလားေတြ ရယူခဲ့ၿပီး ျပင္သစ္ပရိသတ္ေတြရဲ႕ အသည္းႏွလုံးျဖစ္ခဲ့သူ အြန္နရီဟာ အခု အဂၤါေန႔က်ရင္ သူ႔ရဲ႕မိခင္ႏုိင္ငံ အသင္းကုိ ၿပိဳင္ဘက္အျဖစ္ ျပန္ရင္ဆုိင္ရေတာ့မွာျဖစ္ပါတယ္။

Henry-and-His-Former-Team-Mates

Henry-and-His-Former-Team-Mates

ဘာျဖစ္လုိ႔လဲဆုိေတာ့ အြန္နရီဟာ လက္ရွိအခ်ိန္မွာ ဘယ္လ္ဂ်ီယံအသင္းနည္းျပမာတီနက္ဇ္ Martinez ရဲ႕ လက္ေထာက္အျဖစ္ ေဆာင္ရြက္ေနလုိ႔ပါပဲ။ အြန္နရီဟာ ၂၀၁၆ ခုႏွစ္ကတည္းက ဘယ္လ္ဂ်ီယံအသင္းလက္ေထာက္နည္းျပအျဖစ္ တာ၀န္ယူခဲ့ၿပီး နည္းျပေလာကကုိ ေျခစုံပစ္၀င္ဖုိ႔ ျပင္ဆင္ေနသူလည္းျဖစ္ပါတယ္။ ျပင္သစ္အသင္းအတြက္ ၁၉၉၇ ကေန ၂၀၁၀ ခုႏွစ္အထိ ကစားခဲ့တဲ့ အြန္နရီဟာ အခုဆုိရင္ သူ႔ႏုိင္ငံအသင္းကုိ ဘယ္လုိအႏုိင္ယူမလဲဆုိတာ မာတီနက္ဇ္ကုိ အႀကံေပးရေတာ့မွာပါ။ အဲဒီအတြက္ အြန္နရီတစ္ေယာက္ ဘယ္လုိခံစားေနရမလဲ။ ဘာပဲျဖစ္ျဖစ္ ပေရာ္ဖက္ရွင္နယ္ပီသသူတစ္ဦးဆုိတာ ခံစားခ်က္ေတြ ခဏေဘးဖယ္ၿပီး ကုိယ့္လက္ရွိေနရာမွာ ေအာင္ျမင္မႈရဖုိ႔ အဓိက အာ႐ုံစုိက္ရမွာျဖစ္ပါတယ္။ တကယ္လုိ႔ လာမယ့္ပဲြမွာသာ ဘယ္လ္ဂ်ီယံအႏုိင္ရခဲ့မယ္ဆုိရင္ အြန္နရီတစ္ေယာက္ ေအာင္ပဲြခံမွာလား၊ ၀မ္းနည္းေနမွာလားဆုိတာကေတာ့ . . . .

REF:Marca
Photo:Twitter,Skysports
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပြိုင်ဘက်အဖြစ်နဲ့ ပြင်သစ်အသင်းကို ပြန်ရင်ဆိုင်ရတော့မယ့် အွန်နရီ Henry

နိုင်ငံရေးလောကမှာ စကားတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ “အမြဲတမ်း မိတ်ဆွေမရှိ၊ အမြဲတမ်း ရန်သူမရှိ”ဆိုတာပါ။ ဒီစကားက အားကစားလောကနဲ့လည်း သက်ဆိုင်မှုရှိတယ်လို့ ဆိုရမလားပဲ။ နည်းပြပဲဖြစ်ဖြစ်၊ ကစားသမားပဲဖြစ်ဖြစ် ကိုယ်အောင်မြင်မှုရခဲ့တဲ့အသင်းတစ်သင်းကို ပြိုင်ဘက်အဖြစ် ပြန်ရင်ဆိုင်ရတဲ့ အဖြစ်အပျက်တွေက မနည်းမနောပါ။ အခု ပြင်သစ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး အွန်နရီ Henry လည်း အဲဒီအနေအထားနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ပြင်သစ်အသင်းနဲ့အတူ ၁၉၉၈ ကမ္ဘာ့ဖလား၊ ယူရို-၂၀၀၀ ဖလားတွေ ရယူခဲ့ပြီး ပြင်သစ်ပရိသတ်တွေရဲ့ အသည်းနှလုံးဖြစ်ခဲ့သူ အွန်နရီဟာ အခု အင်္ဂါနေ့ကျရင် သူ့ရဲ့မိခင်နိုင်ငံ အသင်းကို ပြိုင်ဘက်အဖြစ် ပြန်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

Henry-and-His-Former-Team-Mates

Henry-and-His-Former-Team-Mates

ဘာဖြစ်လို့လဲဆိုတော့ အွန်နရီဟာ လက်ရှိအချိန်မှာ ဘယ်လ်ဂျီယံအသင်းနည်းပြမာတီနက်ဇ် Martinez ရဲ့ လက်ထောက်အဖြစ် ဆောင်ရွက်နေလို့ပါပဲ။ အွန်နရီဟာ ၂၀၁၆ ခုနှစ်ကတည်းက ဘယ်လ်ဂျီယံအသင်းလက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး နည်းပြလောကကို ခြေစုံပစ်ဝင်ဖို့ ပြင်ဆင်နေသူလည်းဖြစ်ပါတယ်။ ပြင်သစ်အသင်းအတွက် ၁၉၉၇ ကနေ ၂၀၁၀ ခုနှစ်အထိ ကစားခဲ့တဲ့ အွန်နရီဟာ အခုဆိုရင် သူ့နိုင်ငံအသင်းကို ဘယ်လိုအနိုင်ယူမလဲဆိုတာ မာတီနက်ဇ်ကို အကြံပေးရတော့မှာပါ။ အဲဒီအတွက် အွန်နရီတစ်ယောက် ဘယ်လိုခံစားနေရမလဲ။ ဘာပဲဖြစ်ဖြစ် ပရော်ဖက်ရှင်နယ်ပီသသူတစ်ဦးဆိုတာ ခံစားချက်တွေ ခဏဘေးဖယ်ပြီး ကိုယ့်လက်ရှိနေရာမှာ အောင်မြင်မှုရဖို့ အဓိက အာရုံစိုက်ရမှာဖြစ်ပါတယ်။ တကယ်လို့ လာမယ့်ပွဲမှာသာ ဘယ်လ်ဂျီယံအနိုင်ရခဲ့မယ်ဆိုရင် အွန်နရီတစ်ယောက် အောင်ပွဲခံမှာလား၊ ဝမ်းနည်းနေမှာလားဆိုတာကတော့ . . . .

REF:Marca
Photo:Twitter,Skysports
Naing Linn(Akhayar)
www.akhayar.com