[Zawgyi]




အလင်းရောင်

အလင်းရောင်



ခါရာ

ခါရာ

အဆိုတော်သာဒီးလူ


သာဒီးလူ

သာဒီးလူ

သရုပ်ဆောင်ကျော်သူ




ဒါရိုက်တာအောင်မြတ်




သရုပ်ဆောင်ပြေတီဦး


ပြေတီဦး

ပြေတီဦး


ကြည်သာ (Akhayar)

www.akhayar.com

[Unicode]

အနုပညာရှင် အမျိုးသားတချို့ ရဲ့ နှစ်သစ်ကူးဆုတောင်းနဲ့ ခါသင်္ကြန်မှာဘာတွေလုပ်ကြမယ်ဆိုတာ

သရုပ်ဆောင်အလင်းရောင်

ကျွန်တော်က သင်္ကြန်မှာ ခရီးထွက်မှာပါ။ မြန်မာ့ရိုးရာသင်္ကြန်မှာ ပျော်ရွှင်ကြမယ့် သူတွေ အတွက် စည်းကမ်းရှိရှိနဲ့ အရမ်းကြီးသောက်စားမပျော်ပါးကြဘဲနဲ့ပျော်ပါးနိုင်ကြပါစေ။ အန္တာရယ်ဘေးကင်းရှင်းကြပါစေလို့ပြောပါရစေ။

အလင်းရောင်

အလင်းရောင်

မော်ဒယ်သရုပ်ဆောင်ခါရာ

ပရိသတ်ကြီး အခုကျရောက်တော့မယ့် နှစ်သစ်မှာ ကိုယ်ချစ်တဲ့မိသားစုတွေနဲ့ ကိုယ်ချစ်ခင်ရတဲ့ သူတွေနဲ့ ပျော်ရွှင်ပြီးတော့ ဘေးကင်းတဲ့ ပျော်ရွှင်မှုတွေကို အများကြီး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ခါရာ

ခါရာ

အဆိုတော်သာဒီးလူ

အားလုံးပဲ နှစ်သစ်မှာလူသစ်စိတ်သစ်နဲ့ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးပါတယ်။

သာဒီးလူ

သာဒီးလူ

သရုပ်ဆောင်ကျော်သူ

ဒီနှစ် နှစ်သစ်ကူးမဟာသင်္ကြန်ကာလမှာတော့
အန္တရာယ်လည်းကင်း၊ကုသိုလ်လည်းရ၊စိတ်လည်းချမ်းမြေ့၊
ကိုယ်စိတ်နှစ်ပါးကိုသန့်စင်ပြီး သောကကင်းဝေးငြိမ်းချမ်းစေမယ့်
ဘာသာရေးကိုနှစ်နှစ်ကာကာစူးစူးရှိုက်ရှိုက်ကျင့်ကြံ
အားထုတ်လိုက်အုံးမယ်ကွယ်။အားလုံးကျန်းမာချမ်းသာပါ စေလို့ဆုတောင်းပေးထားပါတယ်။

သရုပ်ဆောင်ဦးကျော်သူနဲ့ သူ့ရဲ့ချစ်ဇနီး

သရုပ်ဆောင်ဦးကျော်သူနဲ့ သူ့ရဲ့ချစ်ဇနီး

ဒါရိုက်တာအောင်မြတ်

သင်္ကြန်ဆိုရင် တစ်ယောက်ထဲကားနဲ့လျှောက်သွားရတာကြိုက်တယ်။ တစ်ယောက်ထဲသွားတယ်ဆိုတာကလေ ကျွန်တော်က သူငယ်ချင်းတွေကိုအရင်ဆုံးမေးလိုက်တယ် တစ်နှစ်လုံးကလည်း ပင်ပန်းထားတော့ သင်္ကြန်ဆိုရင် ကားလေးမောင်းပြီးတစ်ယောက်ထဲခရီးထွက်ရတာကို ကြိုက်ပါတယ်။ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် တစ်ယောက်ထဲပဲဖြစ်ဖြစ်ဒီနှစ်လည်း ခရီးထွက်ဖြစ်မယ်လို့ထင်ပါတယ်။

လူငယ်ဒါရိုက်တာအောင်မြတ်

လူငယ်ဒါရိုက်တာအောင်မြတ်

သရုပ်ဆောင်ပြေတီဦး

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေ ။ လိုအင်ဆန္ဒတွေပြည့်ကြပါစေလို့ နှစ်သစ်ဆုတောင်းပေးလိုက်ပါတယ်။

ပြေတီဦး

ပြေတီဦး

Photo Credit:Their Facebook

ကြည်သာ (Akhayar)

www.akhayar.com