ပါရမီစိန်ဂေဟာနားမှာရှိတဲ့ ပန်းရောင်လေးတွေအပြည့် Hello Kitty လေးတွေနဲ့အလှဆင်ထားတဲ့ ချစ်သူစုံတွဲတွေ Date လို့ကောင်းမယ့်ဆိုင်လေး။ နာမည်လေးကို က Hello Kitty Cafe တဲ့…။

စားစရာသောက်စရာလေးတွေတော့သိပ်ပြီးထူးခြားတာမျိုးတွေမရှိပေမဲ့ အေးအေးဆေးဆေး မုန့်လေးစား၊ ကော်ဖီလေးသောက်ချင်တဲ့သူတွေအတွက် အဆင်ပြေတဲ့ နေရာလေးဆိုလည်း မမှားပါဘူး။ ရုပ်ရှင်လေးကြည့်ပြီး အပြန်မုန့်ဝင်စားချင်တဲ့သူတွေရော ဈေးလေးပတ်ပြီး အပြန်တစ်ထောက်နားချင်တဲ့သူတွေ အတွက်ပါ အိုကေစေမယ့်ဆိုင်လေး။

ဒီဆိုင်က Bakery ကို အဓိကထားရောင်းတာမို့ Cake နဲ့ Bread တော့ အစုံတင်ထားတာတွေ့ရတယ်။ Coffee နဲ့ Drinks တွေလည်းစုံပါတယ်။ ကိုယ်စားခဲ့တဲ့ မုန့်လေးက Mala Chicken Burger လေးကမာလာကြက်သားပြားလေးနဲ့ ဘာဂါလေးလိုလုပ်ထားတာ ပေါင်မုန့်သားလေးလည်း အိပြီးစားကောင်းပါတယ်။ ဒီဆိုင်က Menu လေးတွေကလည်းဈေးသက်သာတယ်။ ၁,၀၀၀ကျပ် ဝန်းကျင်လောက်ပဲရှိတော့ ပြတ်တုန်းလပ်တုန်း ၂၃ မှာသွားထိုင်ရင်တောင် လုံးဝအိုကေမှာ စိုပြေ။

ဒီဆိုင်မှာအကြိုက်ဆုံးက ချောကလက်မိုးတိမ် တဲ့(Menu နာမည်က ကဗျာဆန်ချက်)။ Chocolate Milk Shake ကိုမှ Whipped Cream လေးရယ် Choco Chip လေးတွေဖြူးထားတော့ အရမ်းကြိုက်တာပေါ့။ Chocolate Milk Shake ရဲ့ ချိုချိုခါးခါးအရသာကိုမှ Whipped Cream အိအိလေးနဲ့ရော အရသာကတော့ ကိုယ့်အတွက် တကယ်ကိုမိုက်နေတာ။

Decoration လေးကတော့ လုံးဝ Cute Type မျိုးလေးဖြစ်အောင် ပြင်ဆင်ထားတယ်။ တစ်ဆိုင်လုံး Hello Kitty ပုံလေးတွေ၊ ပန်းရောင်နံရံကပ်စက္ကူလေးတွေ၊ ပန်းရောင်ခန်းစီးလိုက်ကာလေးတွေနဲ့ ပန်းရောင်စားပွဲခင်းလေးတွေက တစ်ဆိုင်လုံးကို ပန်းရောင်ကမ္ဘာလေးဖြစ်အောင် ဖန်တီးထားပေးတယ်။

ဝန်ထမ်းလေးတွေရဲ့ Service ပိုင်းလေးကလည်း အဆင်ပြေတယ်။ ချိုသာတဲ့အပြုံးလေးတွေနဲ့ ဝန်ဆောင်မှုပေးတော့ တကယ်ကိုစိတ်ချမ်းသာရပါတယ်။ Wifi လေးကလည်း Free ဆိုတော့ ဘာလို့သေးလဲကွယ်တို့ရယ်။ ဒီဆိုင်မှာပြောစရာလေးတစ်ခု Menu လေးတွေနည်းတာပဲ။ ရွေးစရာလေးတွေ နည်းနေတော့ စားသုံးသူတွေ အဆင်မပြေဖြစ်နိုင်လောက်တယ်။ သီချင်းအေးအေးလေးတွေ ဖွင့်ပေးထားရင် ထိုင်လို့ပိုကောင်းမယ်ထင်ပါတယ်။ ဒီဆိုင်လေးရဲ့လိပ်စာလေးကတော့ လှိုင်မြို့ နယ်၊ ပါရမီလမ်း၊  ပါရမီစိန်ဂေဟာ အနီးမှာရှိတဲ့ Family Music Land ဘေးမှာပါ ။

King Pin ( Akhayar )

www.akhayar.com