[Zawgyi]






သီချင်းတွေရေးတဲ့အခါ






ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

စိတ်ကူးထဲကကောင်မလေးပုံစံကို ပြောပြလိုက်တဲ့ ဟိန်းမင်းသူ

မော်ဒယ်သရုပ်ဆောင်လည်း လုပ်သလိုသီချင်းတွေလည်း ဆိုတဲ့ ဟိန်းမင်းသူနဲ့တွေ့ဆုံစဉ် သူ့စိတ်ဝင်စားတဲ့ အကြောင်းလေးတချို့ကို အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

ဟိန်းမင်းသူရဲ့စိတ်ကူးထဲကကောင်မလေးပုံစံ

စိတ်ကူးထဲကောင်မလေးပုံစံက ရိုးရိုးရှင်းရှင်းလေး နဲ့ အေးအေးဆေးဆေးလေးနေတာကို ကျွန်တော်သဘောကျတယ်။ အေးအေးဆေးဆေးနဲ့ဖာသိဖာသာနေတတ်တာလေးကို သဘောကျတယ်ပေါ့နော်။

ဆုံးဖြတ်ချက်လည်း ပြတ်သားတယ် တည်တည်ကြည်ကြည်ရှိတယ် အဲ့လိုမိန်းကလေးမျိုးကိုသဘောကျပါတယ်လို့ပြောပါတယ်။ အခုလတ်တလောမှာတော့ ချစ်သူမရှိသေးပါဘူး အနုပညာအလုပ်တွေကိုပဲအဓိကထားလုပ်ဆောင်နေပါတယ်လို့လည်း သိရပါတယ်။

သီချင်းတွေရေးတဲ့အခါ

သီချင်းတွေရေးတဲ့ အခါမှာ အကြောင်းအရာဆန်းဆန်းလေးတွေနဲ့ဆက်စပ်ပြီးတော့ ရေးဖြစ်ပါတယ်။ ဟိုတလောကဆိုရင် ဝကစ်ကစ် ကောင်မလေးတွေအကြောင်းကိုတွေးပြီးတော့ ဝလုံးလေးဆိုတဲ့ သီချင်းကိုရေးဖြစ်ခဲ့ပါတယ်။

သူများနဲ့မတူတဲ့အကြောင်းအရာလေးတွေကိုတော့ ကျွန်တော်စဉ်းစားပြီး တော့ရေးဖြစ်ပါတယ်။ အခုတလောတော့ R&B Music တွေကိုသဘောကျနေပါတယ်လို့လည်းပြောပြခဲ့ပါသေးတယ်။

ရိုက်ဖို့အားသန်တဲ့ ဇာတ်ကောင်ဇရိုက်

ကျွန်တော်ရိုက်ချင်တာကတော့ အက်ရှင်ဇာတ်ကားတွေရိုက်ချင်တယ်။ ပရိသတ်မထင်ထားတဲ့ ကာရိုက်တာမျိုးတွေကိုရိုက်ချင်ပါတယ်။ ပရိသတ်ကကြည့်လိုက်လို့လူသတ်မယ့် သူမျိုးမဟုတ်ဘူးနောက်တော့မှလူသတ်သမားဖြစ်နေတယ်ပေါ့အဲ့လိုကာရိုက်တာမျိုးကို ရိုက်ချင်ပါတယ်လို့ ဟိန်းမင်းသူကပြောပါတယ်။

ကိုယ့်အတွက်အပြောင်းအလဲဖြစ်နိုင်မယ့် ကာရိုက်တာမျိုးကိုသရုပ်ဆောင်ချင်တာပါလို့လည်းသိရပါတယ်။ အချစ်ကားတွေရိုက်ရတာထက်စာရင် ဒီလိုဇာတ်ကားမျိုးတွေကိုသူကိုယ်တိုင်ပိုရိုက်ချင်ပါတယ်လို့လည်း ပြောပြခဲ့ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Hein Min Thu Facebook

www.akhayar.com