{ZawGyi Version}
ဒူးရင်းသီးထဲမှာ ပိုတက်စီယမ်ဓါတ် ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးကြွက်သားအဖွဲ့အစည်းကို ဖိအားလျော့စေပြီး နှလုံးရောဂါနဲ့ လေသင်တုန်းဖြတ်ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ သွေးကြောတွေထဲ ဖိအားတွေလျော့သွားတဲ့အခါ အောက်စီဂျင်ပါတဲ့သွေးတွေ ပိုမိုစီးဆင်းစေပြီး ဦးနှောက်ရဲ့မှတ်ဥာဏ်အားကို ပိုမိုကောင်းမွန်စေပါတယ်။
ဒူးရင်းသီးဟာ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနိစ့်နဲ့ ကော့ပါးဓါတ်တွေရဲ့ အခြေခံအရင်းမြစ်ဖြစ်တဲ့အတွက် အရိုးကိုသန်မာစေခြင်း၊ အရွယ်အိုမင်းလာတဲ့အချိန် အရိုးပွခြင်းရောဂါတွေကိုပါ ကာကွယ်နိုင်ပါတယ်။
FoodieEI-akhayar?
{Unicode Version}
မန်မာတွေ တော်တော်များများအတွက်ဆို အရသာအရှိဆုံး အကြိုက်ဆုံးအသီးဆို ဒူးရင်းသီးကို ပြေးမြင်ကြမှာ အမှန်ပဲနော်။ ကိုယ်တွေအတွက်တော့ မွှေးဆိမ့်ချိုအီပြီး အရသာရှိလှတဲ့ ဒူးရင်းသီးဟာ တခြားနိုင်ငံတွေ တော်တော်များများ အထူးသဖြင့် အနောက်တိုင်းသားတွေ အတွက်တော့ တော်တော်အနံ့အရသာ စိတ်ဒုက္ခပေးတဲ့ အသီးမျိုးဖြစ်နေပြန်ရော။ ဒူးရင်းသီးက ဆိုးကျိုးအနည်းငယ်ရှိပေမယ့် ကောင်းကျိုးတွေလည်း များတာမို့ ဒီနေ့တော့ akhayar ပရိသတ်ကြီး အတွက် ဒူးရင်းသီးနဲ့ သူ့ရဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ဖော်ပြလိုက်ပြီနော်။
ဒူးရင်းသီးဟာ အသားများပြီး အမျှင်ဓါတ်ပါဝင်မှုများတဲ့အတွက် အူသိမ်အူမကြီးလမ်းကြောင်းလှုပ်ရှားမှု ပိုလွယ်ကူစေပြီး အစာတွေကို မြန်မြန်ချဖျက်စေနိုင်ပါတယ်။ အမျှင်ဓါတ်တွေကြွယ်ဝတဲ့အတွက် ဝမ်းချုပ်ခြင်း၊ လေပွ ဝမ်းဖောဝမ်းရောင်ခြင်းနဲ့ ရင်ပူခြင်း၊ ကြွက်တတ်ခြင်း၊ အစာမကြေခြင်းတို့ကိုပါ လျှော့ချပေးပါတယ်။
ဒူးရင်းသီးထဲမှာ ပိုတက်စီယမ်ဓါတ် ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးကြွက်သားအဖွဲ့အည်းကို ဖိအားလျော့စေပြီး နှလုံးရောဂါနဲ့ လေသင်တုန်းဖြတ်ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ သွေးကြောတွေထဲ ဖိအားတွေလျော့သွားတဲ့အခါ အောက်စီဂျင်ပါတဲ့သွေးတွေ ပိုမိုစီးဆင်းစေပြီး ဦးနှောက်ရဲ့မှတ်ဉာဏ်အားကို ပိုမိုကောင်းမွန်စေပါတယ်။
ဒူးရင်းသီးထဲဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှု၊ ဝက်ခြံ၊ အမည်းစက်၊ တင်းတိပ်၊ ဆံပင်ကျွတ်ခြင်း၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါကို ကာကွယ်စေနိုင်ပါသတဲ့။ ဒူးရင်းသီးလေး ပုံမှန်စားရုံနဲ့ ရှိရင်းစွဲအသက်ထက် ငယ်တယ် ထင်ရနိုင်ပါတယ်တဲ့။
ဒူးရင်းသီးဟာ နှစ်ကိုယ်ကြားချစ်ကြည်နူးချိန်နဲ့ မျိုးပွားရာမှာလည်း အလွန်အထောက်အကူပြုပါသေးတယ်။ သုတေသနပြုချက်တွေအရ ဒူးရင်းသီးဟာ လိင်ဆက်ဆံစိတ်ကို တိုးမြှင့်စေပြီး စွမ်းအောင်ရည်ကိုပါကောင်းမွန်စေပါသတဲ့။ အမျိုးသားရော အမျိုးသမီးပါ သန္ဓေအောင်မှုနှုန်း မြင့်မားစေတဲ့အတွက် သဘာဝကရတဲ့ ကာမအားတိုးဆေးလို့တောင် အဆိုရှိကြပါသတဲ့။
ဒူးရင်းသီးမှာ အာဟာရဓါတ်တွေစုံလင်တဲ့ အပြင် ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်လို့ သွေးနီဥတွေပိုတိုးပွားစေပြီး သွေးအားနည်းရောဂါကို လျှော့ချပေးပါတယ်။
ဒူးရင်းသီးဟာ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနိစ့်နဲ့ ကော့ပါးဓါတ်တွေရဲ့ အခြေခံအရင်းမြစ်ဖြစ်တဲ့အတွက် အရိုးကိုသန်မာစေခြင်း၊ အရွယ်ရောက်တဲ့အခါ အရိုးပွခြင်းရောဂါတွေကိုပါ ကာကွယ်နိုင်ပါတယ်။
ဒူးရင်းသီးမှာပါဝင်တဲ့ ဗီတာမင်၊ အာဟာရနဲ့ သက်စောင့်ဓါတ်တွေဟာ ကင်ဆာဆဲလ်တွေကိုတိုက်ဖျက်ဖို့ ကိုယ်ခံအားအဖွဲ့အစည်းကို ပိုမြှင့်တင်ပေးတဲ့အတွက် ကင်ဆာရောဂါကိုပါ ကာကွယ်နိုင်ပါသေးတယ်။
ဒီလောက်ဆို ကျန်းမာရေးအရရော ကိုယ့်စားချင်စိတ်လေးအရပါ ဒူးရင်းသီးစားဖို့ အကြောင်းပြချက်ကောင်းကောင်းလေးတွေ ရပြီမို့ အိမ်ကလူကြီးမိဘတွေကိုလဲ လက်တို့ပြီး ကျန်းမာရေးနဲ့ ညီညွတ်ရုံလောက် သင့်တင့်မျှတရုံလေး စားလို့ရပြီနော်။
FoodieEI-akhayar?
HGID_KV_Ads_Square