{ZawGyi Version}

အသားတကာထဲမွာ အခ်ိဳျမိန္ဆံုး၊ အႏူးညံ႔ဆံုး ဆိုတာနဲ႔ လူတိုင္း နွစ္သက္တဲ့ စားျပီးရင္းစားခ်င္တဲ့ ဂဏန္းပဲျဖစ္မယ္ထင္တယ္ေနာ္။ မဆလာခ်က္ေလးပဲ စားမလား။ ခ်ဥ္စပ္ေလးပဲစားမလား။ ႀကက္ဥေလးနဲ့ဆိမ့္ဆိမ့္ေလး ခ်က္စားမလား။ ေပါင္းျပီးပဲ သဘာဝအတိုင္းစားမလား။ ဘယ္လိုစားစား အရသာရွိေနတာကိုေတာ့ ျငင္းမရဘူး ဆိုေတာ့ကာ ပင္လယ္စာဆို အေသရရ၊ အရွင္ရရႀကိဳက္တဲ့သူေတြ၊ ဂဏန္းဆိုတာနဲ႕ ဘာလာလာေဒါင္းမယ္ဆိုတဲ့ သူေတြအတြက္ စားတာေလးလည္း စားႏိုင္ေအာင္၊ ခႏၶာကိုယ္အတြက္ အေထာက္အကူျပဳႏိုင္တာေလးေတြ သိရေအာင္ ဂဏန္းရဲ႕ က်န္းမာေရး ေကာင္းက်ိဳးေလးေတြ ေဖာ္ျပေပးလိုက္ျပီေနာ္။

အရိုးအဆစ္ က်န္းမာေစတယ္။
ကယ္လ္ဆီယမ္နဲ႔ ေဖာ့စေဖာရစ္ဓါတ္ေတြဟာ အရိုးအဆစ္ က်န္းမာေစဖို႔ အဓိကက်တဲ့ ဓါတ္ေတြျဖစ္ပါတယ္။ ဂဏန္းထဲမွာ ေဖာ့စေဖာရစ္ဓါတ္ေတြ ႀကြယ္ဝစြာပါဝင္ေနလို႔ အရိုးအတြက္ အားျဖစ္ေစပါတယ္။ အသက္ႀကီးလာတာနဲ႔ အမွ် အရိုးပြေရာဂါ အႏၲရာယ္ျဖစ္ပြားႏိုင္ေခ် မ်ားတဲ့အတြက္ (အထူးသျဖင့္ အမ်ိဳးသမီးမ်ား) ဘဝတသက္တာ သြက္လက္တက္ႀကြစာ ျဖတ္သန္းလိုရင္ေတာ့ ဂဏန္းဟာ မစားမျဖစ္ အစားအစာထဲပါဝင္ပါတယ္တဲ့။

ခႏၶာကိုယ္တြင္း လုပ္ေဆာင္ခ်က္ကို တိုးျမွင့္ေပးတယ္။
သူ႕ထဲမွာ copper၊ vitaminB2၊ omega3 fatty acid ေတြ ႀကြယ္ဝစြာပါဝင္ေနတဲ့ အတြက္ ဦးေႏွာက္အာရံုေႀကာကို ေကာင္းမြန္ေစျပီး ခႏၶာကိုယ္တြင္း ကိုယ္ခံအားကို သိသိသာသာ ျမွင့္တင္ေပးပါတယ္တဲ့။

ႏွလံုးကို ကာကြယ္ေပးတယ္။
ဂဏန္းအသားထဲမွာ တျခား ဆိုးက်ိဳးျဖစ္ေစတဲ့ အဆီဓါတ္ေတြနဲ႔ မတူပဲ ေကာင္းက်ိဳးျပဳတဲ့ omega3 အဆီအက္ဆစ္ဓါတ္ေတြ အမ်ားအျပားပါဝင္ေနတဲ့ အတြက္ ကိုလက္စထေရာပမာဏကို ေလွ်ာ့ခ်ေပးျပီး ခႏၶာကိုယ္ေရာင္ရမ္းျခင္းေတြကိုလဲ ကာကြယ္ေပးပါတယ္။ ေသြးဖိအားမ်ားတာေတြကို ေလွ်ာ့ခ်ေပးျပီး ႏွလံုးႀကြက္သားတင္းမာမႈေတြကိုလဲ ေလွ်ာ့ခ်ေစတဲ့အတြက္ ႏွလံုးနဲ႔ ပတ္သက္တဲ့ ေရာဂါေတြလဲ သက္သာေစပါတယ္။

ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစတယ္။
ဂဏန္းထဲမွာ ပါဝင္ေနတဲ့ ေကာ့ပါးဓါတ္ဟာ ခႏၶာကိုယ္ ကိုယ္တြင္းအဂၤါေတြအတြက္ လုပ္ငန္းစဥ္ေတာ္ေတာ္မ်ားမ်ားကို အေထာက္အပံ့ ျဖစ္ေစျပီး ေသြးနီဥဆဲလ္ေလးေတြကိုပါ တိုးပြားေစလို႔ ေသြးလည္ပတ္မႈအားကို ေကာင္းမြန္ေစျပီး ခႏၶာကိုယ္တစ္ခုလံုးသို႔ ေအာက္စီဂ်င္ဓါတ္ပါေသာ ေသြးမ်ားအလံုအေလာက္ရရွိႏိုင္ပါတယ္။ ဒါ့ေႀကာင့္ ေရာဂါအနာတရ ထိခိုက္မႈေတြေႀကာင့္ျဖစ္ျဖစ္၊ ဖ်ားနာမႈေတြပဲ ျဖစ္ျဖစ္ ခုခံအားပိုေကာင္းမြန္လာျပီး အနာျမန္ျမန္က်က္လြယ္ ကုသလြယ္ႏိုင္ပါတယ္။

တစ္ခု သတိထားရမွာက ဂဏန္းဟာ ေကာင္းက်ိဳး အမ်ားအျပားရွိေပမယ့္လည္း ဆိုဒီယမ္နဲ႔ ကိုလက္စထေရာပမာဏျမင့္မားတဲ့ အတြက္ ႏွလံုးေသြးေႀကာနဲ႔ ပတ္သက္တဲ့ ေရာဂါရွိသူေတြအတြက္ ဂဏန္းကို ေန႔စဥ္စားေသာက္မႈပံုစံထဲ ထည့္မိရင္ ေကာင္းက်ိဳးထက္ဆိုးက်ိဳးပဲ မ်ားႏိုင္တာမို႔ ဘယ္ေလာက္ႀကိဳက္ႀကိဳက္အလြန္ကြ်ံေန႔စဥ္စားသံုးမႈကိုေတာ့ မေထာက္ခံပါဘူးတဲ့။

ဒီေလာက္ဆို ကိုယ့္က်န္းမာေရးအတြက္ ကိုယ့္အႀကိဳက္အစားအစာေတြကို ဘယ္လိုခ်ိန္ဆျပီး စားသံုးရမယ္ဆိုတာ သိႏိုင္ျပီမို႔ အလြန္အကြ်ံမစားပဲ သတိေလးနဲ႔ ဆင္ျခင္စားႏိုင္ဖို႔
က်န္းမာေရး ဗဟုသုတအျဖစ္ ဂဏန္းရဲ႕ ေကာင္းက်ိဳးအျပင္ သတိျပဳစရာေလးေတြကိုပါ ေဖာ္ျပေပးလိုက္တယ္ေနာ္။

heinekenFoodieEI?

{Unicode Version}
အသားတကာထဲမှာ အချိုမြိန်ဆုံး၊ အနူးညံ့ဆုံး ဆိုတာနဲ့ လူတိုင်း နှစ်သက်တဲ့ စားပြီးရင်းစားချင်တဲ့ ဂဏန်းပဲဖြစ်မယ်ထင်တယ်နော်။ မဆလာချက်လေးပဲ စားမလား။ ချဉ်စပ်လေးပဲစားမလား။ ကြက်ဥလေးနဲ့ဆိမ့်ဆိမ့်လေး ချက်စားမလား။ ပေါင်းပြီးပဲ သဘာဝအတိုင်းစားမလား။ ဘယ်လိုစားစား အရသာရှိနေတာကိုတော့ ငြင်းမရဘူး ဆိုတော့ကာ ပင်လယ်စာဆို အသေရရ၊ အရှင်ရရကြိုက်တဲ့သူတွေ၊ ဂဏန်းဆိုတာနဲ့ ဘာလာလာဒေါင်းမယ်ဆိုတဲ့ သူတွေအတွက် စားတာလေးလည်း စားနိုင်အောင်၊ ခန္ဓာကိုယ်အတွက် အထောက်အကူပြုနိုင်တာလေးတွေ သိရအောင် ဂဏန်းရဲ့ ကျန်းမာရေး ကောင်းကျိုးလေးတွေ ဖော်ပြပေးလိုက်ပြီနော်။

အရိုးအဆစ် ကျန်းမာစေတယ်။
ကယ်လ်ဆီယမ်နဲ့ ဖော့စဖောရစ်ဓါတ်တွေဟာ အရိုးအဆစ် ကျန်းမာစေဖို့ အဓိကကျတဲ့ ဓါတ်တွေဖြစ်ပါတယ်။ ဂဏန်းထဲမှာ ဖော့စဖောရစ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်နေလို့ အရိုးအတွက် အားဖြစ်စေပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ အရိုးပွရောဂါ အန္တရာယ်ဖြစ်ပွားနိုင်ချေ များတဲ့အတွက် (အထူးသဖြင့် အမျိုးသမီးများ) ဘဝတသက်တာ သွက်လက်တက်ကြွစာ ဖြတ်သန်းလိုရင်တော့ ဂဏန်းဟာ မစားမဖြစ် အစားအစာထဲပါဝင်ပါတယ်တဲ့။

ခန္ဓာကိုယ်တွင်း လုပ်ဆောင်ချက်ကို တိုးမြှင့်ပေးတယ်။
သူ့ထဲမှာ copper၊ vitaminB2၊ omega3 fatty acid တွေ ကြွယ်ဝစွာပါဝင်နေတဲ့ အတွက် ဦးနှောက်အာရုံကြောကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်း ကိုယ်ခံအားကို သိသိသာသာ မြှင့်တင်ပေးပါတယ်တဲ့။

နှလုံးကို ကာကွယ်ပေးတယ်။
ဂဏန်းအသားထဲမှာ တခြား ဆိုးကျိုးဖြစ်စေတဲ့ အဆီဓါတ်တွေနဲ့ မတူပဲ ကောင်းကျိုးပြုတဲ့ omega3 အဆီအက်ဆစ်ဓါတ်တွေ အများအပြားပါဝင်နေတဲ့ အတွက် ကိုလက်စထရောပမာဏကို လျှော့ချပေးပြီး ခန္ဓာကိုယ်ရောင်ရမ်းခြင်းတွေကိုလဲ ကာကွယ်ပေးပါတယ်။ သွေးဖိအားများတာတွေကို လျှော့ချပေးပြီး နှလုံးကြွက်သားတင်းမာမှုတွေကိုလဲ လျှော့ချစေတဲ့အတွက် နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေလဲ သက်သာစေပါတယ်။

သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။
ဂဏန်းထဲမှာ ပါဝင်နေတဲ့ ကော့ပါးဓါတ်ဟာ ခန္ဓာကိုယ် ကိုယ်တွင်းအင်္ဂါတွေအတွက် လုပ်ငန်းစဉ်တော်တော်များများကို အထောက်အပံ့ ဖြစ်စေပြီး သွေးနီဥဆဲလ်လေးတွေကိုပါ တိုးပွားစေလို့ သွေးလည်ပတ်မှုအားကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ အောက်စီဂျင်ဓါတ်ပါသော သွေးများအလုံအလောက်ရရှိနိုင်ပါတယ်။ ဒါ့ကြောင့် ရောဂါအနာတရ ထိခိုက်မှုတွေကြောင့်ဖြစ်ဖြစ်၊ ဖျားနာမှုတွေပဲ ဖြစ်ဖြစ် ခုခံအားပိုကောင်းမွန်လာပြီး အနာမြန်မြန်ကျက်လွယ် ကုသလွယ်နိုင်ပါတယ်။

တစ်ခု သတိထားရမှာက ဂဏန်းဟာ ကောင်းကျိုး အများအပြားရှိပေမယ့်လည်း ဆိုဒီယမ်နဲ့ ကိုလက်စထရောပမာဏမြင့်မားတဲ့ အတွက် နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါရှိသူတွေအတွက် ဂဏန်းကို နေ့စဉ်စားသောက်မှုပုံစံထဲ ထည့်မိရင် ကောင်းကျိုးထက်ဆိုးကျိုးပဲ များနိုင်တာမို့ ဘယ်လောက်ကြိုက်ကြိုက်အလွန်ကျွံနေ့စဉ်စားသုံးမှုကိုတော့ မထောက်ခံပါဘူးတဲ့။

ဒီလောက်ဆို ကိုယ့်ကျန်းမာရေးအတွက် ကိုယ့်အကြိုက်အစားအစာတွေကို ဘယ်လိုချိန်ဆပြီး စားသုံးရမယ်ဆိုတာ သိနိုင်ပြီမို့ အလွန်အကျွံမစားပဲ သတိလေးနဲ့ ဆင်ခြင်စားနိုင်ဖို့
ကျန်းမာရေး ဗဟုသုတအဖြစ် ဂဏန်းရဲ့ ကောင်းကျိုးအပြင် သတိပြုစရာလေးတွေကိုပါ ဖော်ပြပေးလိုက်တယ်နော်။

FoodieEI