[Zawgyi]

အခ်စ္ေတြတိုးသထက္တိုးလာေစမယ့္နည္းလမ္းေလးေတြ

လူတစ္ေယာက္နဲ႔ တစ္ေယာက္ေပါင္းစပ္ဖို႔ဆိုတာ ထင္သေလာက္ မလြယ္လွပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ေမတၱာမွ်ဖို႔ဆိုတာလည္း ခက္ခဲလွပါတယ္။ ရင္ထဲမွာ ရွိေနတဲ့ အခ်စ္ေတြ ေမြးဖြားလာဖို႔၊ ေမြးဖြားလာတဲ့ အခ်စ္ေတြပိုပိုျပီး ရွင္သန္ၾကီးထြားလာဖို႔ ဒီအခ်က္ေတြနဲ႔ ၾကိဳးစားၾကည့္ၾကည့္ပါ။

၁။ ထုတ္ေဖာ္ေျပာျပလိုက္ပါ။

ကိုယ့္ရင္ထဲမွာရွိေနတာေတြကို သူသိေအာင္ ဖြင့္ေျပာလိုက္ပါ။ ကိုယ့္ေမတၱာေတြကို သူသိေအာင္ ထုတ္ျပလိုက္ပါ။ ရင္ထဲမွာ သိမ္းထားေနသမွ်ေတာ့ အခ်စ္ေတြေမြးဖြားလာမွာ မဟုတ္ပါဘူး။ ၾကီးလည္း ၾကီးထြားလာမွာ မဟုတ္ပါဘူး။ ကမာၻေပၚမွာ အခ်စ္ေတြ ေမြးဖြားလာတာ ေကာင္းျခင္းတစ္ရပ္ပါ။

၂။ ေလးစားသမႈထားပါ။

တစ္ေယာက္အေပၚ တစ္ေယာက္ ေလးစားမႈရွိပါ။ ေလးစားမႈနဲ႔ ဆက္ဆံတဲ့သူတစ္ေယာက္ကို ဘယ္သူမဆို တန္ဖိုးထားၾကပါတယ္။ သူ႔အေပၚမွ မဟုတ္ပါဘူး။ သူ႔အလုပ္၊ မိသားစု၊ အခ်ိန္နဲ႔ သူငယ္ခ်င္းအားလံုးအေပၚမွာပါ ေလးစားမႈထားေပးပါ။ ကိုယ္ထားတဲ့ ေလးစားမႈကို အသိအမွတ္ျပဳျပီး ကိုယ့္ကို ျပန္ခ်စ္လာနိုင္ပါတယ္။ ပိုျပီးလည္း အခ်စ္ေတြတိုးနိုင္ပါတယ္။

၃။ အေလ်ာ့ေပးတတ္ပါေစ။

တစ္ေယာက္နဲ႔ တစ္ေယာက္ အေလ်ာ့ေပးတတ္ၾကပါေစ။ သူမၾကိဳက္တာကို အတင္း မလုပ္မိပါေစနဲ႔။ ကိုယ္မၾကိဳက္တာ သူမၾကိဳက္တာေတြေရွာင္ေပးပါ။ ကိစၥအဝဝကို မွ်မွ်တတ နဲ႔ သူျဖစ္တာလည္း ျဖစ္ေအာင္ ဖန္တီးပါ။ ကိုယ္ၾကိဳက္တာကိုလည္း ျဖစ္ေအာင္ဖန္တီးရင္ ႏွစ္ေယာက္အတူတူေရွ႕ဆက္ပါ။

၄။ အားေပးပါ။

သူ႔အခ်စ္ရသည္ျဖစ္ေစ၊ မရသည္ျဖစ္ေစ ေဘးနားမွာ မားမားမတ္မတ္နဲ႔ အားေပးပါ။ လူသားေတြဆိုတာ စက္ရုပ္မဟုတ္ပါဘူး။ စိတ္ညစ္တဲ့အခါ အားေပးပါ။ အခက္အခဲေတြျဖစ္တဲ့အခါ လမ္းျပေပးပါ။ ေျဖရွင္းေပးလိုက္ပါ။ အဲဒီလို လုပ္ေပးျခင္းအားျဖင့္ သူ႔ရဲ႕ယံုၾကည္မႈလည္း ရျပီးသားျဖစ္ေစပါတယ္။

၅။ လြတ္လပ္ခြင့္ေပးပါ။

လူတစ္ေယာက္ကို ခ်စ္မိတဲ့အခါ ပိုင္ဆိုင္ခ်င္လာၾကတယ္။ အတၱေတြမ်ားလာၾကတယ္။ ခ်ဳပ္ခ်ယ္ခ်င္လာၾကတယ္။ ခ်စ္သူမျဖစ္ေသးလည္း ဒီအခ်က္ေလးေတြက သူ႔အလိုလို ျဖစ္ေပၚလာတတ္ပါတယ္။ အဲဒီလို ခံစားခ်က္ေတြျဖစ္လာခဲ့ရင္ အတတ္နိုင္ဆံုး ေလ်ာ့ပစ္ပါ။ သူ႔ကို လြတ္လပ္ခြင့္ေပးပါ။ ပိုင္ဆိုင္ေနရမွ အခ်စ္မဟုတ္သလို၊ ခ်ဳပ္ခ်ယ္တိုင္းလည္း သူကိုယ့္ကို ခ်စ္မွာ မဟုတ္ပါဘူး။

၆။ တီတီတာတာေနၾကည့္ပါ။

ခ်စ္တယ္ဆိုတာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ခ်စ္ၾကတာ အေကာင္းဆံုးပါပဲ။ တစ္ေယာက္နဲ႔ တစ္ေယာက္စလိုက္ေနာက္လိုက္နဲ႔ တီတီတာတာစကားေလးေတြေျပာပါ။ ရင္ထဲက ကိန္းေအာင္းေနတဲ့အခ်စ္ေတြ ပြင့္ထြက္လာနိုင္သလို၊ သံေယာဇဥ္တြယ္လာေအာင္လည္း လုပ္ေပးနိုင္ပါေသးတယ္။ အမွတ္တရလည္း ဖန္တီးေပးပါေသးတယ္။

မင်္ဂလာလက်ဖွဲ့

မင်္ဂလာလက်ဖွဲ့

ဒီေလာက္ဆိုရင္ ရင္ထဲမွာ အခ်စ္ေတြကို ဘယ္လိုေပါက္ဖြားလာေအာင္လုပ္ရမယ္၊ ဘယ္လိုမ်ိဳးဆပြားတိုးသထက္ တိုးလာေအာင္ လုပ္ရမယ္ဆိုတာ သိေလာက္ျပီထင္ပါတယ္။ အခ်စ္ေတြနဲ႔ ကမာၻၾကီးကို အလွဆင္နိုင္ပါေစလို႔ ဆုေတာင္းလိုက္ရပါတယ္။

Redrose (အခရာ)

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အချစ်တွေတိုးသထက်တိုးလာစေမယ့်နည်းလမ်းလေးတွေ

လူတစ်ယောက်နဲ့ တစ်ယောက်ပေါင်းစပ်ဖို့ဆိုတာ ထင်သလောက် မလွယ်လှပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်မေတ္တာမျှဖို့ဆိုတာလည်း ခက်ခဲလှပါတယ်။ ရင်ထဲမှာ ရှိနေတဲ့ အချစ်တွေ မွေးဖွားလာဖို့၊ မွေးဖွားလာတဲ့ အချစ်တွေပိုပိုပြီး ရှင်သန်ကြီးထွားလာဖို့ ဒီအချက်တွေနဲ့ ကြိုးစားကြည့်ကြည့်ပါ။

၁။ ထုတ်ဖော်ပြောပြလိုက်ပါ။

ကိုယ့်ရင်ထဲမှာရှိနေတာတွေကို သူသိအောင် ဖွင့်ပြောလိုက်ပါ။ ကိုယ့်မေတ္တာတွေကို သူသိအောင် ထုတ်ပြလိုက်ပါ။ ရင်ထဲမှာ သိမ်းထားနေသမျှတော့ အချစ်တွေမွေးဖွားလာမှာ မဟုတ်ပါဘူး။ ကြီးလည်း ကြီးထွားလာမှာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ အချစ်တွေ မွေးဖွားလာတာ ကောင်းခြင်းတစ်ရပ်ပါ။

၂။ လေးစားသမှုထားပါ။

တစ်ယောက်အပေါ် တစ်ယောက် လေးစားမှုရှိပါ။ လေးစားမှုနဲ့ ဆက်ဆံတဲ့သူတစ်ယောက်ကို ဘယ်သူမဆို တန်ဖိုးထားကြပါတယ်။ သူ့အပေါ်မှ မဟုတ်ပါဘူး။ သူ့အလုပ်၊ မိသားစု၊ အချိန်နဲ့ သူငယ်ချင်းအားလုံးအပေါ်မှာပါ လေးစားမှုထားပေးပါ။ ကိုယ်ထားတဲ့ လေးစားမှုကို အသိအမှတ်ပြုပြီး ကိုယ့်ကို ပြန်ချစ်လာနိုင်ပါတယ်။ ပိုပြီးလည်း အချစ်တွေတိုးနိုင်ပါတယ်။

၃။ အလျော့ပေးတတ်ပါစေ။

တစ်ယောက်နဲ့ တစ်ယောက် အလျော့ပေးတတ်ကြပါစေ။ သူမကြိုက်တာကို အတင်း မလုပ်မိပါစေနဲ့။ ကိုယ်မကြိုက်တာ သူမကြိုက်တာတွေရှောင်ပေးပါ။ ကိစ္စအဝဝကို မျှမျှတတ နဲ့ သူဖြစ်တာလည်း ဖြစ်အောင် ဖန်တီးပါ။ ကိုယ်ကြိုက်တာကိုလည်း ဖြစ်အောင်ဖန်တီးရင် နှစ်ယောက်အတူတူရှေ့ဆက်ပါ။

၄။ အားပေးပါ။

သူ့အချစ်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဘေးနားမှာ မားမားမတ်မတ်နဲ့ အားပေးပါ။ လူသားတွေဆိုတာ စက်ရုပ်မဟုတ်ပါဘူး။ စိတ်ညစ်တဲ့အခါ အားပေးပါ။ အခက်အခဲတွေဖြစ်တဲ့အခါ လမ်းပြပေးပါ။ ဖြေရှင်းပေးလိုက်ပါ။ အဲဒီလို လုပ်ပေးခြင်းအားဖြင့် သူ့ရဲ့ယုံကြည်မှုလည်း ရပြီးသားဖြစ်စေပါတယ်။

၅။ လွတ်လပ်ခွင့်ပေးပါ။

လူတစ်ယောက်ကို ချစ်မိတဲ့အခါ ပိုင်ဆိုင်ချင်လာကြတယ်။ အတ္တတွေများလာကြတယ်။ ချုပ်ချယ်ချင်လာကြတယ်။ ချစ်သူမဖြစ်သေးလည်း ဒီအချက်လေးတွေက သူ့အလိုလို ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီလို ခံစားချက်တွေဖြစ်လာခဲ့ရင် အတတ်နိုင်ဆုံး လျော့ပစ်ပါ။ သူ့ကို လွတ်လပ်ခွင့်ပေးပါ။ ပိုင်ဆိုင်နေရမှ အချစ်မဟုတ်သလို၊ ချုပ်ချယ်တိုင်းလည်း သူကိုယ့်ကို ချစ်မှာ မဟုတ်ပါဘူး။

၆။ တီတီတာတာနေကြည့်ပါ။

ချစ်တယ်ဆိုတာ ပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်ကြတာ အကောင်းဆုံးပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်စလိုက်နောက်လိုက်နဲ့ တီတီတာတာစကားလေးတွေပြောပါ။ ရင်ထဲက ကိန်းအောင်းနေတဲ့အချစ်တွေ ပွင့်ထွက်လာနိုင်သလို၊ သံယောဇဉ်တွယ်လာအောင်လည်း လုပ်ပေးနိုင်ပါသေးတယ်။ အမှတ်တရလည်း ဖန်တီးပေးပါသေးတယ်။

မင်္ဂလာလက်ဖွဲ့

မင်္ဂလာလက်ဖွဲ့

ဒီလောက်ဆိုရင် ရင်ထဲမှာ အချစ်တွေကို ဘယ်လိုပေါက်ဖွားလာအောင်လုပ်ရမယ်၊ ဘယ်လိုမျိုးဆပွားတိုးသထက် တိုးလာအောင် လုပ်ရမယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။ အချစ်တွေနဲ့ ကမ္ဘာကြီးကို အလှဆင်နိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

Redrose (အခရာ)

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။